← Chapters

ကိုယ်ပိုင် ပိုင်နက်အား ဖျက်ဆီးခြင်း

Vol. 102 Ch. 1421

ကိုယ်ပိုင် ပိုင်နက်အား ဖျက်ဆီးခြင်း

Vol. 102 Ch. 1421

သူတို့ဘုရင် ထိုသို့ဖြစ်သွားသည်ကို မြင်သောအခါ မြေခွေးနက်များသည် အချင်းချင်းကြည့်လိုက်ကြသည်။

“ငါတို့ ဘုရင်နဲ့ လူသားတို့ကို တကယ်ပဲ စာချုပ်တည်ထောင်ခိုင်းလိုက် တော့မှာလား”

“ဒါဆို ငါတို့ကဘာလုပ်နိုင်မှာလဲ ဘုရင်က သစ္စာဆိုပြီးပြီလေ”

“သစ္စာကျမ်းကို ဆန့်ကျင်ရင် အသူရာငရဲကိုသွားရလိမ့်မယ်”

“အခုမှ အဲဒါတွေ‌ပြောနေလို့ ဘာအသုံးဝင်မှာလဲ၊ ဘုရင်ကြီးက ယဉ်ပါး နေပြီလေ”

“ဒါပေမဲ့ ဘုရင်ကြီးက လူသားနဲ့စာချုပ်ချုပ်လိုက်ရင် ငါတို့ကဘာလုပ်နိုင် မှာလဲ”

“ဒါဆိုလည်း ဘုရင်အသစ်ရွေးကြတာပေါ့”

“မဟုတ်ရင် သူတို့နောက်ကိုလိုက်ရမှာလား”

“အဲဒါကို ဘုရင်ကြီးနိုးလာရင် ပြောကြတာပေါ့ ဟူး…”

ရှီမာယူယူသည် ထိန်းကျောင်းပြီးနောက် အားလုံးကိုကြည့်လိုက်ရာ တီးတိုးပြောနေကြသည်ကို တွေ့လိုက်ရသည်။

“လီအာ လာပြီး စာချုပ်တည်ထောင်လိုက်”

ရှီမန်လီသည် လျှောက်လာပြီး မန္တန်နက်၏ နဖူးပေါ်လက်တင်ကာ စာချုပ်တည်ထောင်တော့သည်။

အတန်ကြာပြီးနောက် စာချုပ်အမှတ်အသားပေါ်လာပြီး လူသားနှင့် သားရဲကိုရစ်ပတ်ကာ နှစ်ခုခွဲသွားပြီး သူတို့ခန္ဓာကိုယ်များထဲသို့ ဝင်သွားလေ သည်။

စာချုပ်သည် အောင်မြင်သွားလေပြီ။

အားလုံးမပြောခင်တွင် အဆင့်တက်သောအလင်းတန်းသည် သူတို့ကို ထပ်မံရစ်ပတ်လေသည်။ ရှီမန်လီ၏ စွမ်းအားကို အလုံးလေးစုပ်ယူသွား သောကြောင့် သူမသည် အနည်းငယ်သာ အဆင့်တက်လေသည်။

သို့သော် မန္တန်နက်သည် ပိုအဆင့်တက်ပြီး အထွတ်အထိတ်အဆင့်မှ အံ့ဖွယ်စံတင်သားရဲဖြစ်သွားလေသည်။

အဆင့်တက်သည့် အလင်းတန်းပျောက်ကွယ်ပြီးနောက်တွင် ငေးငိုင်စွာ ဖြင့် မတ်တတ်ထလာသည်။

“ငါ ငါ တကယ်ပဲ အံ့ဖွယ်စံတင်သားရဲဖြစ်လာတာလား”

“ငါ့ရဲ့ စာချုပ်နည်းလမ်းက စာချုပ်တည်ထောင်ပြီးတာနဲ့ အဆင့်တက်စေ တယ်၊ မင်းက အဲနေရာမှာတင် တန့်နေတာကြာပြီမလား စာချုပ်ကြောင့်သာ မဟုတ်ရင် ဘယ်တော့အဆင့်တက်မလဲဆိုတာ မသိနိုင်ဘူး” ရှီမာယူယူသည် သူ အဆင့်တက်သည်ကို ကြည့်လိုက်သည်။

“တကယ်ပဲ အဆင့်တက်သွားတာလား” မန္တန်နက်သည် ရှီမာယူယူကို ပြန်အာရုံစိုက်လိုက်ပြီး အခုထိနားမလည်သေးပေ။

“ကိုယ့်ဘာသာ စမ်းကြည့်ပါ” ရှီမာယူယူ ပြောလိုက်သည်။

မန္တန်နက်သည် ဝိညာဉ်စွမ်းအင်စုစည်းပြီး အဝေးရှိတောင်ထိပ်သို့ပစ် လိုက်ရာ ပေါက်ကွဲမှုဖြစ်သွားပြီး တောင်ထိပ်သည် မြေပြင်ပေါ်သို့ ပဲ့ကျလာ သည်။

“တကယ်ပဲ အဆင့်တက်လာတာပဲ”

“ဘုရင်က စံတင်အံ့ဖွယ်သားရဲဖြစ်သွားပြီ”

“ကောင်းလိုက်တာ”

“ဒါပေမဲ့… ဘုရင်က နေရာမှားတိုက်ခိုက်မိပြီနဲ့တူတယ်…”

“အား…”

“အား…”

“ဘုရင် ကျွန်တော်တို့ ပိုင်နက်ကိုတိုက်ခိုက်မိတာပဲ”

“…..”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဒီမြေခွေးက ခေါင်းရှုပ်နေသေးတဲ့ ပုံပဲ။

တကယ်တော့ မန္တန်နက်သည် ခေါင်းမရှုပ်ပေ။ နှစ်ပေါင်းများစွာ ထိုအဆင့် တွင်ရပ်နေပြီး အဆင့်မတက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အဆင့်တက်ရန် နောက် နှစ်ပေါင်းများစွာလိုဦးမည်ဟု ထင်ထားခဲ့သည်။ စာချုပ်တည်ထောင်လိုက်သည် နှင့် နှစ်ပေါင်းများစွာလုပ်ဆောင်ရမည်ကို ချိုးဖောက်နိုင်မည်ဟု ထင်မထားခဲ့ ပေ။

ရုတ်တရက် အံ့ဩလွန်းသဖြင့် တခြားအရာများကို မစဉ်းစားနိုင်တော့ ပေ။

ပြီးနောက် ကြီးမားသောအံ့ဩမှုဖြစ်ရာ အားလုံးသည် တူညီစွာပင် တုံ့ပြန် ကြလေသည်။

“ဘုရင်ကြီး ကျွန်တော်တို့ တောင်ထိပ်မရှိတော့ဘူး” တစ်ယောက် သတိ ပေးလေသည်။

“ဒါဆိုလည်း ဒီအတိုင်းထားလိုက်တော့ပေါ့” မန္တန်နက်သည် ပိုသန်မာလာ သည်ကို ပျော်ရွှင်သောအကြောင့် တောင်ထိပ်ကို ဂရုမစိုက်နိုင်တော့ပေ။

“ဒါပေမဲ့ ကျွန်တော်တို့ ဘယ်မှာနေရမှာလဲ”

“ဘယ်မှာနေရဦးမှာလဲ၊ မင်းတို့ ထိပ်တန်းတောင်ကြားမှာ နေရမှာ မလွဲမသွေပဲ၊ ငါက ထိပ်တန်းတောင်ကြားအဖွဲ့ဝင်ဖြစ်နေပြီ မင်းတို့လည်း အလိုလို ထိပ်တန်းတောင်ကြားအဖွဲ့ဝင်ဖြစ်သွားပြီ” မန္တန်နက်သည် ထိုမြေခွေး နက်၏ ခေါင်းကိုရိုက်ပြီး အော်လေသည်။

“ဒါပေမဲ့ မျိုးနွယ်အကြီးအကဲတွေ…”

“သူတို့က ငါလုပ်တာကို သဘောတူမှာပဲ မြေခွေးနက်မျိုးနွယ်က အသည်းကွဲတောင်ကြားမှာ နေလာတာကြာပြီ လူတော်တော်များများ ငါတို့ အကြောင်းကိုမေ့နေကြပြီ အခု ငါတို့ပေါ်ထွက်လာရမယ့်အချိန်ပဲ”

ရှီမာယူယူသည် သူတို့မျိုးနွယ်ကိစ္စများကို စိတ်မဝင်စားပေ။ သူမ မန္တန်နက်ကို ပြောလိုက်သည် “မင်းရဲ့သခင်ကို ဘယ်မှာလာရှာရမလဲဆိုတာ သိမယ်ထင်တယ် လီအာ သွားကြမယ်”

“မန္တန်နက် မင်းကိစ္စတွေမြန်မြန်ရှင်းခဲ့ ငါတို့ရက်ပိုင်းအတွင်းသွားကြတော့ မှာ” ရှီမန်လီသည် မန္တန်နက်ကို ပြောလိုက်သည်။

“ဟုတ်ပြီ”

ရှီမာယူယူသည် ရှီမန်လီ၏ အပြုအမူကိုသဘောကျ ကျေနပ်သွားသည်။ အားအင်ကွာခြားမှုကြီးသော်လည်း မြေခွေးနက်မျိုးနွယ်ရှေ့တွင် သူမ ကြောက်ရွံ့မှု မရှိပေ။

“အစ်မ အခုဘယ်သွားကြမလဲ” ရှီမန်လီ မေးလိုက်သည်။

“တောင်ကြားအပြင်ကိုလား၊ မကြာခင်ပဲ တိုက်ပွဲစတော့မှာ ဘာလို့ထွက် သွားမှာလဲ” ရှီမန်လီသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ညီမလေးအတွက် သားရဲပျံရှာပေးမလို့လေ” ရှီမာယူယူ ဆက်ပြောလေ သည် “ညီမလေးရဲ့လက်ရှိ ဝိညာဉ်စွမ်းအားနဲ့ ဝိညာဉ်သားရဲကို စာချုပ်တည် ထောင်နိုင်သေးတဲ့ပံဒပဲ၊ ငါတို့က ဇာမဏီငှက်ဖမ်းဖို့အချိန်မရှိတော့ဘူး၊ ဒါပေမဲ့ အစ်မရှာပေးမှာက ဇာမဏီငှက်ထက်မလျော့စေရဘူး”

သူမသည် ရှီမန်လီကိုခေါ်ပြီး တောင်ကြားအပြင်ထွက်ကာ တောင်ပံလေး ခု ဂဠုန်ငှက်များရှိရာသို့ သွားလိုက်သည်။

အရင် သူတို့တောင်ကြား တည်ဆောက်ခဲ့စဉ်က ဗျိုင်းမျိုးနွယ်၊ တောင်ပံ လေးခုဂဠုန်ငှက်နှင့် တခြားငှက်မျိုးနွယ်နှစ်ခုတို့ကို တောင်ကြားအနီးမှ တော အတွင်းတွင် နေရာချပေးခဲ့သည်။ သူတို့သည် အသည်းကွဲတောင်ကြား၏ မူလ ကိုယ်ရံတော်များဖြစ်ကြသည်။

တောင်ပံလေးခုဂဠုန်ငှက်ကို ရွေးရသည်မှာ အဆင်ချောနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ပံလေးခုဂဠုန်ငှက်များအတွင်းတွင် သူမရာထူး သည် သန်မာကာ သူမညီမအတွက် သားရဲပျံရှာသည်ကို ‌ပြောလိုက်သည်နှင့် စာချုပ်တည်ထောင်ပြီး အဆင့်တက်နိုင်သည်။

ရှီမာယူယူသည် အသန်မာဆုံးကိုရွေးပြီး အင်ပါယာသားရဲသိုင်းကိုသုံးကာ ရှီမန်လီနှင့် စာချုပ်တည်ထောင်ပေးလိုက်သည်။

စာချုပ်တည်ထောင်ခြင်းအလင်းတန်း ပျောက်ကွယ်ပြီးနောက် တချို့ သော တောင်ပံလေးခုဂဠုန်ငှက်များသည် ရှေ့မထွက်လာခဲ့သည့်အတွက် နောင်တရလေသည်။ မဟုတ်လျှင် သူတို့သည် အဆင့်တက်နိုင်သည်။

“ကောင်းပြီ စံတင်အံ့ဖွယ်သားရဲနဲ့ အဆင့်မြင့်အထွတ်အထိပ်သားရဲရသွား ပြီ တိုက်ပွဲဝင်ရင်တောင် ဘာမှမဖြစ်တော့ဘူး”

“ကျေးဇူးတင်ပါတယ် အစ်မကြီး” ရှီမန်လီသည် ရှီမာယူယူ၏ လက်မောင်းကို ဖက်ကာ ငယ်ငယ်ကကဲ့သို့ပင် သူမပခုံးပေါ် ခေါင်းတင်လိုက် သည်။

“ညီမလေးအတွက် အားကောင်းတဲ့ ဝိညာဉ်သားရဲတွေ ရှာပေးမယ်လို့ အရင်ကတည်းကပြောထားတာ အစ်မအလုပ်များနေတာနဲ့ မေ့သွားတာ၊ အခု တော့အဆင်ပြေသွားပြီ အစ်မထွက်သွားရင်တောင် ညီမလေးကို စိတ်ပူစရာ မလိုတော့ဘူး”

“အစ်မကြီးကထွက်သွားတော့မှာလား” ရှီမန်လီသည် အံ့ဩသွားကာ ခေါင်းမော့ပြီး ကြည့်လေသည်။

“ဒါပြီးသွားရင် အစ်မအဖေတို့နဲ့ အတွင်းပိုင်းဒေသကိုလိုက်သွားရမယ် ရှင်းရမယ့် တခြားကိစ္စလေးတွေလည်းရှိသေးတယ်၊ ဒီမှာဖန်အာနဲ့ဆိုရင် ညီမ လေးရဲ့ လုံခြုံရေးကို စိုးရိမ်ဖို့မလိုတော့ပါဘူး၊ ဒါပေမဲ့ အခုက အပြင်မှာရှုပ်ထွေး နေတယ်၊ ညီမလေးအပြင်ထွက်ချင်ရင် တစ်ယောက်တည်းဘယ်တော့မှ မသွား နဲ့” ရှီမာယူယူ သတိပေးလိုက်သည်။

“ဒါပေမဲ့ ညီမလေးက အစ်မကိုမခွဲနိုင်ဘူး” ရှီမန်လိသည် သူမ လက်မောင်းကို ဖက်တွယ်လိုက်သည်။

“အစ်မက ပြန်မလာမှာမှမဟုတ်တာ” ရှီမာယူယူသည် ပြုံးပြီးပြောလေ သည်။

“ဒါဆို ဘယ်တော့ပြန်လာမှာလဲ”

ရှီမာယူယူ ခေါင်းခါလိုက်သည် “အခြေအနေပေါ်မူတည်မှာတော့ ကိစ္စ တွေ အဆင်ချောတယ်ဆိုရင် လွယ်မှာပဲ မဟုတ်ရင် ဘယ်လောက်ကြာမလဲဆို တာမသိနိုင်ဘူး”

“အစ်ကို ၂ ရောသိလား”

“သူ့ကိုမပြောရသေးဘူး သူသိမှာပါလို့ ထင်တယ်” ရှီမာယူယူ ဆက်ပြော လေသည် “အစ်မ ဖန်အာနဲ့ရှန်ယိတို့ မင်္ဂလာပွဲမတိုင်ခင် ပြန်မလာရင် အစ်မကို သတင်းပေးဦး သေချာပေါက်ပြန်လာမယ်”

“ဟုတ်ကဲ့”

အားကောင်းသော ဝိညာဉ်သားရဲများကို စာချုပ်တည်ထောင်နိုင်လိုက် ခြင်းကြောင့် သူမ ထွက်သွားတော့မည်ဟု ကြားလိုက်သည်နှင့် ရှီမန်လီ၏ ပျော်နေသောအပျော်သည် ပျောက်ကွယ်သွားပြီး အနည်းငယ်စိတ်ပျက်သွား သည့်ပုံပေါ်သည်။

“အစ်မကြီး အခုက ညီမလေးရဲ့စွမ်းအားနည်းနေသေးတယ် ပိုပြီး အားကောင်းလာရင် အစ်မကိုသေချာပေါက်လာရှာပါ့မယ်”

“ဟုတ်ပြီ အစ်မ ညီမလေးကိုစောင့်နေမယ် ပိုကြိုးစားရမယ်နော်”

တကယ်တော့ သူမသည် ရှီမာမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူမ ပြန်လာမည်ဟု ပြောထားသော်လည်း သူမ၏ဘိုးဘွားများကို အသိအမှတ် ပြုပြီး မျိုးနွယ်ကိုပြန်လိုက်ပါက ရှီမာမျိုးနွယ်တွင်သာ အမြစ်တွယ်သွားတော့ မည်။

ထိုသည်မှာ ဖြစ်နိုင်ချေကြီးမားသည်။

“သွားမယ် ညီမလေးရဲ့ဝိညာဉ်သားရဲတွေ ပြန်လာပြီလားလို့ ကြည့်ရ အောင်”

“ဟုတ်ကဲ့…”

***

All Chapters