← Chapters

သွေးအတွက်သွေး ၁

Vol. 102 Ch. 1422

သွေးအတွက်သွေး ၁

Vol. 102 Ch. 1422

ရှီမာယူယူသည် ရှီမန်လီကိုခေါ်ပြီး အသည်းကွဲတောင်ကြားသို့ ပြန်လာ သည်။ သက်ဆိုင်ရာအိမ်သို့ပြန်ရမည့်အစား ရှီမန်ဖန်ကိုသွားရှာကာ သူမ ထွက်ခွာမည့်အကြောင်းပြောပြလေသည်။

ရှီမာလျူရွှမ်နှင့် တခြားသူများ ဤနေရာတွင်နေနေသဖြင့် သူမ အနှေးနှင့် အမြန်ထွက်ခွာမည်ကို ရှီမန်ဖန် ခန့်မှန်းပြီးသားဖြစ်သည်။

သူ ထင်မထားသည်မှာ တိုက်ပွဲပြီးသည်နှင့် အမြန်ပင်သွားလိမ့်မည်ဟု မျှော်လင့်မထားပေ။

“နင့်ဆရာရော ဒီအကြောင်းသိလား”

“တိုက်ပွဲပြီးမှ သူတို့ကိုပြောတာ ပိုကောင်းမယ်” ရှီမာယူယူ ပြောလိုက် သည်။

သူမ အဘိုးနတ်ဆိုးနှင့် တခြားသူများကိုပြောလျှင် တောင်ကြားမှ တပည့် များပါ သိသွားပေတော့မည်။ တပ်ဖွဲ့ စိတ်ပျံ့လွင့်ခြင်းမှာ မကောင်းလှပေ။

သူမသည် ရှီမန်ဖန်နှင့် ရှီမန်လီတို့ကိုပြောပြရခြင်းမှာ သူတို့သည် သူမ၏ မောင်ညီမများဖြစ်သောကြောင့် ပြင်ဆင်ဖို့အချိန်ရရန်အတွက်ဖြစ်သည်။

“အဲဒါလည်းကောင်းပါတယ် အစ်မပြန်ရောက်ရင် နင့်အဖေကို ကုသနိုင်ဖို့ မျှော်လင့်ပါတယ်” ရှီမန်ဖန် ပြောလိုက်သည်။

“ငါလည်းအဲလိုမျှော်လင့်ပါတယ်၊ အတွင်းပိုင်းဒေသသွားလိုက်ရင် အကုန် အဆင်ပြေသွားမှာပါ အဲဒီမှာဆိုရင် ငါလည်း အဖြေတစ်ခုခုရှာနိုင်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အစ်မလုပ်နိုင်တယ်ဆိုတာ ညီမလေး ယုံပါတယ်၊ အစ်မက ညီမလေးတို့ အစ်မကြီးပဲ” ရှီမန်လီသည် သူမလက်ကို သိုင်းဖက်ကာ ပြုံးလိုက်သည်။

“နင်တို့က ငါ့ကိုအရမ်းယုံလွန်းနေတယ်” ရှီမာယူယူသည် ခေါင်းလှည့်ပြီး သူမကို ကြည့်လိုက်သည်။ ရှီမန်လီသည် သူမထက်ပင် ယုံကြည်ချက်ရှိနေ သည်။

ရှီမန်လီ၏ မျက်နှာမှာ အရွယ်ရောက်လာပြီဖြစ်ကာ ပြီးခဲ့သည့်ဘဝ သူမ ငယ်စဉ်ကနှင့် တူလာသည်။

အားလုံးပြီးမှပင် သူမ ထွက်သွားမည့်အကြောင်းကို ပြောရန်ရည်ရွယ်ထား သော်လည်း သတင်းမှာ မကြာခင်တွင်ပင် ပျံ့နှံ့သွားကာ တောင်ကြားမှလူများ သိသွားကြသည်။ သူမသည် အားလုံးကိုစွန့်ပစ်သွားမည်ဟူ၍ပင် စကားလိမ် သွားလေသည်။

ထို့ကြောင့်ပင် အမှန်တရားကို လာမေးသည့်လူများလေသည်။

ရွေးချယ်မှုမရှိတော့ကာ သူမသည် ကိစ္စတချို့ရှင်းရန်တောင်ကြားမှထွက် သွားမည်ဖြစ်ပြီး သူမ၏အခြေဖြစ်သော ထိပ်တန်းတောင်ကြားကို မဖျက်ဘဲ၊ စွန့်ပစ်သွားမည်မှာ မဟုတ်ကြောင်း ရှင်းလင်းရတော့သည်။

ထိုသို့ပြောလိုက်မှပင် အားလုံးသည် စိတ်သက်သာရာရကာ တိုက်ပွဲ ပြင်ဆင်ရာတွင် အာရုံစိုက်နိုင်တော့သည်။

၁၀ ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ အဘိုး နတ်ဆိုးနှင့် ရင်ဘိုင်ချွန်းတို့သည် လူတစ်ဖွဲ့ကိုခေါ်ကာ ရင်ယန်နန်းတော်ကို သွားကြာပြီး ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် ကျုံကျန်းမျိုးနွယ်ကိုသွားကြသည်။

အရင်က ရှီမန်မျိုးနွယ်ကို တိုက်ခိုက်ခဲ့သည်မှာ ကျုံကျန်းမျိုးနွယ်ဖြစ် သည့်အလျောက် လက်စားချေရန်အတွက် ကျုံကျန်းမျိုးနွယ်ကို ချေမှုန်းရန် ကိုယ်တိုင်သွားကြခြင်းဖြစ်သည်။

ကျုံကျန်းမျိုးနွယ်သည် အသည်းကွဲတောင်ကြားနှင့် မဝေးလှပေ။ သူတို့ သည် ဖြတ်လမ်းတည်ဆောက်မှု သုံးလိုက်သည်နှင့် တစ်ရက်အတွင်း ရောက် သွားလေသည်။

ကျုံကျန်းမျိုးနွယ်ကိုရောက်သည်နှင့် ထိပ်တန်းတောင်ကြားအဖွဲ့ဝင်များ သည် အိမ်တော်တစ်ခုလုံးကို အသံလွှင့်လိုက်ကြသည်။

ရောက်လာသူများသည် ကြမ်းတမ်းသည့် ရောင်ဝါကိုဖုံးကွယ်ထားပြီး ကြောက်မက်ဖွယ်ကောင်းကာ ပြဿနာရှာတော့မည့် ပုံစံနှင့်တူလေသည်။

“အဲလူတွေက အသည်းကွဲတောင်ကြားကမလား” လူတစ်ယောက်သည် အဝေးရှိ လက်ဖက်ရည်ဆိုင်မှ စောင့်ကြည့်ရင်း မေးလိုက်သည်။

“ဘာကိုအသည်းကွဲတောင်ကြားလဲ သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြား နဲ့ လွန်ခဲ့တဲ့လပိုင်းကပဲပေါင်းခဲ့ပြီး အခု ထိပ်တန်းတောင်ကြားဖြစ်နေတယ်”

“ထိပ်တန်းတောင်ကြားဖြစ်ပြီးတာနဲ့ ဘာလို့ကျုံကျန်းမျိုးနွယ်ကိုလာရှာ တာလဲ၊ ကြည့်ရတာတော့ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး”

“အေးပေါ့ ဘယ်ကောင်းမလဲ” လူတစ်ယောက်ပြောလိုက်သည် “လက်စားချေဖို့လာတယ်ဆိုမှ”

“လက်စားချေမယ်ဟုတ်လား ဘာဖြစ်တာလဲ”

“ဘာလို့လဲ မင်းကဘယ်လိုဖြစ်ပြီး မသိနိုင်ရတာလဲ” ထိုလူသည် ဂုဏ်ယူ စွာဖြင့် ပြောလေသည်။

“ဘာတွေဖြစ်ခဲ့တာလဲ၊ ကွေ့ပတ်မနေဘဲ ပြောပါဦး”

“ဘုရားရေ မင်းတို့ဘယ်လိုဖြစ်ပြီးမသိရတာလဲ”

“မြန်မြန်ပြောလို့”

“ထိပ်တန်းတောင်ကြားရဲ့ ဒုတိယတောင်ကြားသခင်က ဘယ်သူလဲဆို တာသိလား” ထိုလူသည် သူတစ်ယောက်တည်းသိသည်ဟု စဉ်းစားမိတိုင်းတွင် အတိုင်းထက်အလွန် ပီတိဖြစ်နေသည်။

“မျက်နှာဖုံးနဲ့အဲလူလား”

“မျက်နှာဖုံးနဲ့လူက ဘယ်သူလဲဆိုတာ သိလား”

“မသိဘူး”

သူတို့က ဒီအကြောင်းတောင်မသိဘူးလား။ ထိုလူသည် အားလုံးကို မျက်လုံးလှိမ့်ပြပြီး ပြောလိုက်သည် “အဲလူက ရှီမန်ဖန်ပဲ အခုသိသွားပြီလား”

“ရှီမန်ဖန် ဟုတ်လား လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကက ချေမှုန်းခံလိုက် ရတဲ့ ရှီမန်မျိုးနွယ်ရဲ့ အကြီးဆုံးသားမဟုတ်ဘူးလား”

“ဟုတ်တယ် သူတို့ပဲ”

“သူ သေသွားပြီလို့ ပြောကြတယ်မဟုတ်ဘူးလား၊ သူက အသည်းကွဲ တောင်ကြားကို ကျသွားပြီးတော့…. အသည်းကွဲတောင်ကြား”

အားလုံး အော်မိကြလေသည် “အဲဒါကြောင့် သူက အသည်းကွဲတောင် ကြားအင်အားစုကို တည်ထောင်တာကိုး အဲလိုဖြစ်သွားတာပဲ”

“သူအသက်ရှင်ပြီး ဆယ်စုနှစ်နည်းနည်းလောက်နဲ့တင် ပြန်လာပြီး ကျုံကျန်းမျိုးနွယ်ရဲ့ အသိုက်ကိုတောင် လာနိုင်မယ်လို့ထင်မထားဘူးပဲ”

“အဲဒါက သူတစ်ယောက်တည်း အလုပ်နိုင်တဲ့ဟာမဟုတ်ဘူး၊ ပြောဖို့ တောင်မလိုဘူး သူ့လို ဘယ်သူမှမလုပ်နိုင်ဘူး”

“သူက လက်စားချေဖို့လာမှတော့ ဒီနေ့တော့ ငါတို့ ပွဲကြီးပွဲကောင်း ကြည့် ရတာပေါ့”

“ကြည့်တာက တစ်ပိုင်း သေတာက တစ်ပိုင်း ငါတို့ထွက်သွားတာ ပို ကောင်းမယ်ထင်တယ်”

တချို့အားနည်းသော လူကြောက်များသည် ထွက်သွားကြကာ သတ္တိရဲ သောလူများသည် ပွဲကြည့်ရန် နေခဲ့ကြလေသည်။

ရှီမာယူယူနှင့် တခြားသူများ အိမ်တော်သို့ဝိုင်းထားလိုက်သည်ကို ကြည့်ပြီး ပင်မဂိတ်ပေါက်သည် လျင်မြန်စွာပင် ပွင့်သွားပြီး လူတစ်စုပြေးထွက် လာသည်။

ရှီမာယူယူသည် တစ်ချက်ကြည့်ရုံနှင့်တင် မှတ်မိသည်။ ကျုံကျန်းမျိုးနွယ် ခေါင်းဆောင် ကျုံကျန်းလီယင်…

“ကျုံကျန်းမျိုးနွယ်မှာ ဆိုးဝါးတဲ့လုပ်ရပ်လုပ်ရအောင် ဘယ်သူက အဲလောက်အတင့်ရဲနေတာလဲ” ကျုံကျန်းလီယင်သည် လူတစ်စုဝိုင်းထားသည် ကိုကြည့်ရင်း တိုးညင်းသောအသံဖြင့် အော်လေသည်။

“ကျုံကျန်းလီယင် ခင်ဗျား ကိုယ်တိုင်လာကြိုဆိုတာပဲ ငါတို့ဘယ်သူလဲ ဆိုတာ မသိဘူးလား” ရှီမန်ဖန်သည် ကျုံကျန်းလီယင်ကို မခံချင်အောင်ကြည့် ပြီး လက်ပိုက်လိုက်သည်။

သူတို့ မည်သူဖြစ်သည် ဘာတွေဖြစ်နေသည်ကို မသိပါက မျိုးနွယ် ခေါင်းဆောင်ကိုယ်တိုင် ထွက်လာမည်လား။

သူသည် အစောင့်များကို ကိုင်တွယ်ရန် ပြောခဲ့သည်။

ကျုံကျန်းလီယင်သည် ရှီမန်ဖန် မောက်မာနေပုံကိုကြည့်ပြီး ရင်းနှီးနေရာ ပြောလိုက်သည် “ရှီမန်ဖန် မင်းလား မင်း တကယ်ပဲ မသေဘူးလား”

“ခင်ဗျားလို လူအိုကြီးကတောင် မနေနိုင်တာ ကျုပ်ကဘာလို့သေရမှာလဲ” ကျုံကျန်းလီယင်ကို တွေ့သည်နှင့် ရှီမန်ဖန်၏ အမုန်းတရားသည် ထွက်လာကာ ဒေါသကြောင့် တုန်ယင်နေသည်။

ရှီမာယူယူသည် သူ့လက်မောင်းကိုဆွဲပြီးပြောလေသည် “ဖန်အာ မလော နဲ့ သူတို့ ဒီနေ့လွတ်နိုင်မှာမဟုတ်ဘူး”

“အင်း” ရှီမန်ဖန်သည် ခေါင်းညိတ်ပြီး ခေါင်းရှင်းလိုက်သည်။

ကျုံကျန်းလီယင်သည် စကားနည်းနည်းနှင့် ရှီမန်ဖန်၏ ဒေါသကို ပြေသွားစေသော ရှီမာယူယူကို တစ်ချက်ကြည့်လိုက်သည်။

“ရှီမန်ဖန် ဒီနေ့ဒီလောက်လူတွေအများကြီးခေါ်လာပြီး ဘာလုပ်ချင်တာ လဲ” ကျုံကျန်းလီယင်ဘေးမှ အကြီးအကဲအော်လိုက်လေသည်။

ထိုလူကိုမြင်သည်နှင့် ထိပ်တန်းအဖွဲ့ဝင်များ၏ မျက်နှာများသည် ‘ခင်ဗျား အရူးလား’ ဆိုသည့် အမူအရာဖြစ်သွားလေသည်။

ထိုကဲ့သို့ တုံးအသောမေးခွန်းမေးနိုင်သေးသည်။ အဲဒါကြောင့်ပဲ ကျုံကျန်း မျိုးနွယ်က နှစ်နည်းနည်းအတွင်းကို ဒေဝါလီခံရတာပေါ့။

“ဟိုးနှစ်တွေတုန်းက ကျုံကျန်းမျိုးနွယ်က ငါ့အစ်မမွေးနေ့မှာ မိသားစု တစ်ခုလုံးကို အဆိပ်ခတ်ပြီး လူတွေကိုအစုလိုက်သတ်ခဲ့တယ်၊ ဒီနေ့တော့ သွေးကို သွေးနဲ့ပြန်ပေးဆပ်ခိုင်းဖို့လာတာပဲ” ရှီမန်ဖန်သည် အံကြိတ်ပြီးပြော လေသည်။

“ဟားဟား…” ကျုံကျန်းလီယင်သည် အေးစက်စွာ ရယ်မောလိုက်သည် “မင်းတို့ကလား၊ မင်းတို့က ငါတို့စီးပွားရေးကို ထိန်းချုပ်နိုင်တာနဲ့ပဲ ပိုအား ကောင်းသွားပြီလို့ထင်နေတာလား၊ ကျွတ် အဲနှစ်က မင်းကိုမသတ်လိုက်ရတာ ငါတို့ရဲ့မဟာအမှားကြီဂပဲ၊ ဒီနေ့ ငါတို့အမှားကို ပေါင်းပင်ရိတ်ပြီး အမြစ်ကနေ နှုတ်ပစ်ရမယ်”

“ဘုန်း”

ကျုံကျန်းလီယင် ပြောပြီးသည်နှင့် သူတို့အနောက်မှ ကျယ်လောင်သော တုန်ခါသောအသံထွက်ပေါ်လာကာ ကျုံကျန်းမျိုးနွယ်၏ ဂိတ်တံခါးမှာ ပြိုကွဲ သွားလေသည်။

ရှောင်ချီနှင့် မီအာတို့သည် လက်ထဲတွင် မိုးကြိုးကျည်များကိုင်ထားကြ ပြီး တံတိုင်းပေါ်တွင် ထိုင်နေကြသည်။ အစောပိုင်းက မိုးကြိုးကျည်ကို ရှောင်ချီ ပစ်လိုက်ခြင်းဖြစ်ကာ ဝိညာဉ်စွမ်းအင်ဖြင့် အသက်သွင်းခြင်းဖြစ်သည်ကို မည်သူမှ သတိမထားမိလိုက်ကြပေ။

***

All Chapters