သွေးအတွက်သွေး ၂
Vol. 102 Ch. 1423
“ယူယူ သူတို့နဲ့ ဘာလို့အပိုစကားတွေပြောနေမှာလဲ ဒီအတိုင်းပဲ ရှင်း လိုက်ရအောင်” ရှောင်ချီသည် စိတ်မရှည်တော့ပေ။ သူမသည် လက်ထဲမှ မိုးကြိုးသွားကျည်ကို ပစ်လိုက်သည်။
နားမလည်သည့်သူများနှင့် တိုက်ခိုက်လိုက်သည်က ပိုကောင်းသည်။ ဘာလို့ အပိုစကားတွေပြောနေတော့မှာလဲ။
ကျုံကျန်းမျိုးနွယ်အဖွဲ့ဝင်များသည် သူတို့ဝင်ပေါက် ပေါက်ကွဲသွားသည် ကို ကြည့်ပြီး အမျက်ခြောင်းခြောင်းထွက်ကြလေသည်။
“မောက်မာတဲ့ကောင်မလေး မင်းအသက်ကို ငါယူမယ်”
ဒေါသကြီးသော လူတစ်ယောက် အော်လေသည်။ သူ့မျက်လုံးများသည် ကျယ်လာကာ ရှောင်ချီကို တိုက်ခိုက်လေသည်။
ရှောင်ချီသည် ချက်ချင်းပင် တံခါးမှခုန်ပျံဆင်းလာကာ တခြားလူနှင့် တိုက်ခိုက်လေသည်။
သူတို့နှစ်ယောက်၏ အပြုအမူသည် နှစ်ဖက်လုံးအတွက် တိုက်ပွဲကို စလိုက်သလိုပင်။ ကျုံကျန်းမျိုးနွယ်သည် တစ်ယောက်ပြီးတစ်ယောက် အိမ်ထဲ မှထွက်လာကြသည်။ နှစ်ဖက်လုံးမှလူများသည် တိုက်ရိုက်တိုက်ခိုက်ကြလေ သည်။
ရှီမန်ဖန်သည် ကျုံကျန်းလီယင်လောက် မသန်မာသဖြင့် ကျုံကျန်းလီယင် တိုက်ခိုက်ချိန်တွင် ဘိုင်ရှန်း ဝင်တိုက်ခိုက်လေသည်။ ရှီမန်ဖန်သည် ကျုံကျန်း မျိုးနွယ်၏ အကြီးအကဲနှင့် တိုက်ခိုက်လေသည်။
တစ်နာရီအကြာတွင် မြို့တစ်ဝက်လောက်မှာ လူနှင့်သားရဲများနှင့် ပြည့် နေတော့သည်။
ရှီမာယူယူသည် သူမ၏ ဝိညာဉ်သားရဲများကို ဆင့်ခေါ်လိုက်သည်။ သူတို့ ပေါ်လာသည်နှင့် သူတို့သည် နိုးကြားနေကြသည်။ သူတို့သည် ကျုံကျန်း မျိုးနွယ်အား မုန်းတီးစွာကြည့်ကာ သူတို့၏တိုက်ကွက်များမှာလည်း မနူးညံ့ကြ ပေ။
တခြားသူများသည် ရှီမာယူယူ၏ သရုပ်မှန်ကိုမသိသော်လည်း သူတို့ သိကြသည်။ ကျုံကျန်းမျိုးနွယ်သည် ရှီမာယူယူကို ခံစားရအောင်လုပ်ခဲ့သည်။ သူမသည် သည်နေ့အတွက် နှစ်ပေါင်းများစွာ အသည်းအသန်ကြိုးစားခဲ့သည်။
သူမ အံ့ဖွယ်အဆင့်ရောက်စဉ်က သူမဝိညာဉ်နှင့် အရင်ဘဝမှမှတ်ဉာဏ် များအားလုံး မူလနေရာ ပြန်ရောက်လာခဲ့သည်ကို ငှက်လေးနှင့် သူတို့ မှတ်မိ သေးသည်။ ဝူလင်းယူ တည်ရှိမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုကြောင့်သာ မဟုတ်လျှင် သူမ မည်သို့ဖြစ်လာမည်နည်း။
“ငါ ဒီတစ်ခေါက်တော့ ဗိုက်ဝအောင်စားရပြီပဲ” ပန်းလေးသည် နှုတ်ခမ်း သပ်လိုက်သည်။ သူမ ပန်းများနှင့် ရိုးတံများသည် လမ်းတွင်ပြည့်နှက်နေသည်။
အိပ်မက်လေးသည် စိတ်စွမ်းရည်သုံးပြီး တိုက်ခိုက်လေသည်။ သူမ စွမ်းအားအောက်ရောက်လာသူအားလုံးသည် နှေးကွေးလေးလံသွားကြသည်။ ရာဟွောင်သည် ထိုအခွင့်အရေး ယူလိုက်သည်။ သူတို့နှစ်ယောက်သည် ပူးပေါင်းကာ ရန်သူကို သတ်သည့်အရှိန်မှာ တခြားသူများထက် မနှေးပေ။
ဟာစွန်၏ တိုက်ခိုက်မှုသည် ရက်စက်လွန်းသည်။ သူ့ထက် အားနည်း သည့်လူများကို လေဟာပြင်ကိုအသုံးပြုပြီး ထိုလူများကို ဖိအားပေး ပေါက်ကွဲ စေသည်။
ပန်းလေးသည် ဟာစွန်၏ ဖြုန်းတီးသော အပြုအမူကိုမခံနိုင်တော့ဘဲ အော်လေသည် “ဟာစွန် မင်း မဖြုန်းလို့မရဘူးလား၊ သူတို့အကုန်လုံးကို ဖောက်ခွဲလိုက်ရင် ငါကဘာသွားစားရတော့မှာလဲ”
ဟာစွန်းသည် သူမကို စိတ်မဝင်စားသလိုကြည့်လိုက်သည် “မင်းက ဒီလောက်စားတာတောင် မကြီးလာဘူး အဲဒါဖြုန်းတီးတာပဲ”
“မင်း…”
“အမြဲတမ်း ‘မင်း’ ဆိုတာပဲပြောမနေနဲ့ မြန်မြန်စားလိုက်၊ ခဏနေ အကုန် သေတော့မယ်” ဟာစွန် သတိပေးလိုက်သည်။
“ဟာစွန် မင်းမိန်းမရောက်လာပြီ” ပန်းလေးသည် အော်ပြီးနောက် ရန်သူ များကို ရှင်းလေသည်။
ဟာစွန် မှင်တက်သွားသည်။ ပန်းလေးသည် သူပြောသည့်စကားများကို ဂရုမစိုက်ဘဲ နောက်ပြန်လှည့်မကြည့်တော့ဟု ထင်ထားခဲ့သည်။
“ယောက်ျား ရှင့်ကိုအရမ်းလွမ်းနေတာ” သက်တန့်လေး၏ အသံသည် အနောက်မှထွက်လာရာ သူ တောင့်တင်းသွားတော့သည်။
သို့သော် သူ နောက်မလှည့်ခင်တွင် အနောက်မှဖက်ခြင်းကိုခံလိုက်ရ တော့သည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ သက်တန့်လေး၏ ပြုံးနေသော မျက်နှာကို တွေ့လိုက်ရလေသည်။
“ယောက်ျား ကျွန်မကိုလွမ်းလား” သက်တန့်လေးသည် သွားဖြဲပြလေ သည်။
အနောက်မှလူသည် သူနှင့် သက်တန့်လေးကို အလစ်တိုက်ခိုက်ရန် လာ နေသည်ကို ဟာစွန်သတိထားမိလိုက်သည်။ သူ လက်ကိုဝှေ့ယမ်းလိုက်ရာ ထိုလူပေါက်ကွဲသွားလေသည်။
သူသည် သက်တန့်လေးလက်မှ ရုန်းထွက်ကာ သူမကို လှည့်ကြည့်လိုက် သည် “ဘာလို့ ဒီကိုလာတာလဲ”
“ကျွန်မတင်မဟုတ်ဘူး မျိုးနွယ်ကအကုန်လုံး လာကြတယ်” သက်တန့် လေး ပြောလိုက်သည် “အတောင်ပံလေးခုဂဠုန်ဆီက သတင်းရလို့ အမြန်ပြေး လာကြတာ၊ ကံကောင်းလို့ အချိန်မှီရောက်လာတာပဲ”
ရှီမာယူယူသည် သူမ၏ အစ်မဖြစ်သလို အံ့ဖွယ်ငှက်၏စာချုပ်သခင်ဖြစ် ကာ သူမဦးလေး၏ ကယ်တင်ရှင်လည်းဖြစ်သည်။ သူမ လက်စားချေချင်လျှင် တောင် သူမကို တစ်ယောက်တည်း ပစ်မထားနိုင်ပေ။
ထို့ကြောင့် သူမ ကြားသည်နှင့် အမြန်ပြေးလာခြင်းဖြစ်သည်။
ဟာစွန် ကြည့်လိုက်ရာ ဇာမဏီငှက်အုပ်စုလိုက် ရောက်လာသည်ကို မြင် လိုက်ရသည်။
“ဒါက စစ်မြေပြင်ပဲ သတိထား” ဟာစွန် နှာမှုတ်လေသည်။
“သိပါတယ်” သက်တန့်လေးသည် မသန်မာပေ။ သို့သော် သူမတွင် လှည့်ကွက်များရှိသည်။ သူမထက် သန်မာသော တိုက်ခိုက်မှုနှင့်တွေ့လျှင် ရန်သူကိုလွှမ်းမိုးရန် လှည့်ကွက်သုံးနိုင်သည်။
သူမသည် တော်ဝင်သွေးသားဖြစ်ကာ ကြက်သွေးရောင်မီးတောက်၏ အသွင်ပြောင်း သွေးသားကိုပါ ပေါင်းထည့်လိုက်လျှင် သူတို့ မျိုးနွယ်၏ အဖိုးမဖြတ်နိုင်သောသူဖြစ်သည်။ သူမ လုံခြုံမှုကို ကာကွယ်ရန် ဘေးတွင် ကိုယ်ရံတော်များစွာနှင့် ရတနာများစွာ ရှိလေသည်။
ရှီမာယူယူသည် သက်တန့်လေးတို့အဖွဲ့ကို သတိထားမိကာ အံ့ဩသွား လေသည်။ သူတို့ လာရောက်ကူညီမည်ဟု သူမ ထင်မထားပေ။
မီးငှက်မျိုးနွယ်၏ တိုက်ခိုက်မှုစွမ်းအားသည် တခြားသော ဇာမဏီငှက် များထက် ပိုသန်မာသည်။ ထပ်ပေါင်းပြောရလျှင် လူဖေခေါ်လာသော လူများ သည် မျိုးနွယ်ထဲမှ အဆင့်မြင့်သူများဖြစ်ကြသည်။ ထို့ကြောင့် သူရောက်လာ သည်နှင့် တိုက်ပွဲသည် သူတို့ဘက် အားသာလာသည်။
“ဘုန်း….”
“ဘုန်း….”
မိုးကြိုးသွားကျည် ပေါက်ကွဲမှုအသံမှာ တစ်ခုပြီးတစ်ခုထွက်လာသည်။ ကျုံကျန်းမျိုးနွယ် အိမ်တော်တစ်ခုလုံး ပြိုကျပျက်စီးသွားသည်။ ပြိုကျနေသော အဆောက်အဦးများသည် စတင်မီးတောက်လောင်ကာ မီးတောက်များသည် ကောင်းကင်သို့ ထိုးထွက်နေသည်။
ရှီမာယူယူသည် တောက်လောင်နေသော မီးတောက်ကို ကြည့်ပြီး ရှီမန်မိသားစုအိမ်တော် ပြာကျခဲ့သည်မြင်ကွင်းကို ပြန်မြင်ယောင်ခဲ့သည်။ သူမ သည် မိခင်ဖြစ်သူ၏ လေသံဖြင် တီးတိုးပြောသံကို ပြန်ကြားယောင်လာသည်။
“ကလေး သမီး အသက်ရှင်ရမယ်”
“လက်စားမချေဘဲ… ပျော်ပျော်ရွှင်ရွှင်သာနေပါ….”
“အဖေ အမေ….” သူမ ရေရွတ်လိုက်သည်။ သူမ နှလုံးသားများ နာကျင် သွားကာ မျက်လုံးထောင့်မှ မျက်ရည်များစီးကျလာသည်။
မျက်ရည်များကျသည်နှင့် အသည်းကွဲတောင်ကြားတွင် အိပ်ပျော်နေ သည့်လူမှာ မျက်လုံးပွင့်လာသည်။ သူ့ အံ့ဖွယ်အာရုံပြန်ရလာပြီး မျက်လုံးများ သည် ရှင်းလင်းလာသည်။
“ယူယူ…”
သူသည် အိပ်ရာပေါ်မှထကာ လှည့်ပတ်ကြည့်လိုက်သည်။ သူ ရောက်နေ သည့်နေရာကို သိသည်။
သူ ထပြီးလျှောက်သွားလိုက်သည်။ တောင်ကြားမှာ တိတ်ဆိတ်နေသည်။ အရင်ကလို ဆူညံသံများရှိမနေပေ။
သူ ခေတ္တမျှလမ်းလျှောက်ပီဲးနောက် တပည့်အချို့ကို မြင်လိုက်သည်။ သူတို့သည် အားနည်းသေးသောကြောင့် နေခဲ့ခြင်းဖြစ်နိုင်သည်။
သူတို့ ဝူလင်းယူကိုမြင်လိုက်ချိနတ်ွင် ရှီမာယူယူ၏ ခြံဝန်းတွင် အိပ်ပျော် နေသည့်သူဖြစ်ကြောင်း သလိုက်သည်။
“ယူယူရော” ဝူလင်းယူ မေးလိုက်သည်။
“သူတို့က ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော်ကို ချေမှုန်းဖို့သွားပါတယ်”
“ဒီနေ့လား”
“နှစ်ရက်ရှိပါပြီ”
“ယူယူ ဘယ်သွားတာလဲ”
“ကျုံကျန်းမျိုးနွယ်….”
သူတို့ စကားမဆုံးခင်မှာပင် ဝူလင်းယူသည် လေဟာပြင်ဝင်ပေါက်ဖွင့် ကာ ထွက်သွားလေသည်။
ကျုံကျန်းမျိုးနွယ်ဘက်တွင် တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်လာ သည်။ ပြီးတော့မည်ဟု ထင်လိုက်ချိန်တွင် အဆင့်တက်သည့်အလင်းတန်း သည် ကျုံကျန်းမျိုးနွယ်အတွင်းတွင် ရုတ်တရက် ပေါ်လာသည်။ ဝိညာဉ် အတားအဆီးဖြင့် ကာကွယ်ထားသော ခြံဝန်းအတွင်းတွင် အားကောင်းသော ကျွမ်းကျင်သူ၏ ရောင်ဝါပေါ်ထွက်လာသည်။
“ဘိုးအေကြီး ဘိုးအေကြီးက အဆင့်တက်တာ အောင်မြင်သွးပြီ”
“ဟားဟား ဘိုးအေကြီးက မင်းတို့ကိုသေချာပေါက် သတ်တော့မှာ”
ကျုံကျန်းမျိုးနွယ်မှ လူများသည် စိတ်အားတက်ကြွစွာ အော်ကြလေ သည်။
ရောင်ဝါကြောင့် နှစ်ဖက်မှ တိုက်ခိုက်မှုရပ်သွားကြသည်။
“ကျုံကျန်းမျိုးနွယ်မှာ ဒီလောက်အားကောင်းတဲ့ ကျွမ်းကျင်သူရှိလိမ့်ဦး မယ်လို့ထင်မထားဘူး” ရှီမန်ဖန်သည် ရှီမာယူယူဘေးသို့ ရောက်လာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျုံကျန်းမျိုးနွယ်ရဲ့ ပျက်စီးသွားရမယ့်ကံကြမ္မာကို မပြောင်းနိုင်ဘူး” ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး တုန်လှုပ်ခြင်းမရှိပေ။
အဆင့်တက်သည့် အလင်းတန်းပျောက်ကွယ်သွားသည်နှင့် အတားအဆီး မှာ ပျောက်ကွယ်သွားလေသည်။ မောက်မာသောအသံတစ်သံသည် ခြံဝန်းမှ ပဲ့တင်ထွက်လာသည်။
“ဒီအဘိုးကြီး နောက်ဆုံးဖျက်နိုင်သွားပြီပဲ၊ ဟားဟား…. ဒီနေ့ မင်းတို့ သွေးကို ငါ့အောင်ပွဲအနေနဲ့ သုံးရမယ်”
ပြီးနောက်တွင် အဖြူရောင်ပုံရိပ်သည် ခြံဝန်းမှထွက်ကာ လေထဲတွင် ပေါ် လာသည်။ သူသည် ရှီမာယူယူနှင့် ရှီမန်ဖန်တို့ကို လူသတ်မည့်အကြည့်ဖြင့် ကြည့်လေသည်။
***