← Chapters

သူ ဘယ်သူလဲ ... ။

Vol. 18 Ch. 205

သူ ဘယ်သူလဲ ... ။

Vol. 18 Ch. 205

လူတိုင်းထွက်ခွာ သွားပြီးနောက် စုရီက မုရှီတို့ ယူလာပေးသော သေတ္တာကို ဖွင့်ကြည့် လိုက်သည်။

သေတ္တာထဲတွင် ရှဟိုလင်း၊ ယွီချင်းနှင့် ပေ့ဝမ်ရှန်ကဲ့သို့သော လူများ၏ ရတနာများ ပါရှိချေပြီ။

ဤသည်မှာ ဝိညာဉ်ရေး လက်နက်၊ ဝိညာဉ်ရေးဆေးနှင့် အခြားသော အဖိုးတန် ပစ္စည်းများဖြစ်သည်။ ၎င်းတို့ အားလုံးသည် အနိမ့်ဆုံး တတိယတန်းတွင် ရှိ၏။

အမြင့်ဆုံးသည် ပဉ္စမတန်း ဝိညာဉ်ရေး ဆေးနှစ်မျိုးဖြစ်သည့် ဝိညာဉ်မိုးရေ ဂျင်ဆင်းနှင့် ရောင်စဉ်ငါးပါး သစ်ကပ်မှိုတို့ ဖြစ်သည်။

စုရီသည် မဟာသခင်အဆင့် တက်ရောက်ခြင်းနှင့် ဓားတစ်လက် ပြုပြင်ခြင်း လုပ်ငန်းစဉ်ကြောင့် အရင်းအမြစ်များ ပြတ်လပ်နေပြီ ဖြစ်သည်။

သူ့တာအိုကြယ်ချီ၏ အုတ်မြစ်သည် များပြားလှသော အရင်းအမြစ်များကို လိုအပ် ချေပြီ။ လက်ရှိအဆင့်တွင် တတိယတန်းနှင့် အထက်အဆင့် ဝိညာဉ်ဆေးဝါးများ၊ ဝိညာဉ် ကျောက်တုံးများသာ အသုံးဝင်တော့သည်။

ဤသတ္တာသည် ထိုလိုအပ်ချက်ကို အချိန်အနည်းငယ်ကြာသည်အထိ ဖြည့်ဆည်း ပေးနိုင်မည်။ စိတ်ပူနေစရာ မလိုတော့ချေ။

ထို့နောက် ပစ္စည်းများစွာအတွင် တင်ပျဉ်ခွေထိုင်ကာ လက်ဆယ်ချောင်းကို ကြာပန်းပုံ ပူးကပ်ထားသော ရုပ်တုတစ်ခုကို သတိထားမိသွားသည်။

ရုပ်တု မျက်နှာတော်သည် အချိန်၏ တိုက်စားမှုကြောင့် ပျက်စီးနေခဲ့သော်လည်း လေးနက်သော အမူအရာ ရှိနေ၏။

ဦးခေါင်းပေါ်တွင် နဂါးတစ်ကောင် ရစ်ခွေလျက် အုပ်မိုးပေးထားသည်။ နဂါးသည် အလွန်မှုန်ဝါးနေပြီး ပုံသဏ္ဍာန်ကိုသာ မြင်နိုင်တော့၏။

၎င်း၏အကြေးခွံများ၊ ပါးသိုင်းမွှေးများ၊ ဦးချိုများနှင့် အခြားသော အစိတ်အပိုင်းများမှာ ကျိုးပဲ့နေခဲ့သည်။ မပြည့်စုံတော့ချေ။

“ စစ်မှန်တဲ့နဂါးကြီးက ရစ်ခွေပြီး ကျက်သရေရှိတဲ့ ရောင်ဝါတွေ ရစ်သိုင်းနေတယ် ဒါဒဏ္ဍာရီထဲက နဂါးသူတော်စင်ဖြစ်မယ် ထင်တယ်။ ”

စုရီက နဂါးအမိုးဖြင့် ထိုင်နေသော ရုပ်ထုတော်ကို ကိုင်ဆောင်လျက် မှတ်ချက်ပေး လိုက်သည်။

“ ဟမ့် ... အရမ်းလေးတယ်။ ”

လက်ဖဝါးအရွယ် ရုပ်တုတစ်ခုသည် ပေါင်သုံးထောင်ခန့် အလေးချိန်ရှိ၏။ ယင်းသည် စစ်မှန်သောဝိညာဉ်တော် အရိုးဖြင့် ထုဆစ် ထားပုံရသည်။

စစ်မှန်သော ဝိညာဉ်တော်များကို ဒဏ္ဍာရီလာသားရဲများဟု ခေါ်သည်။ ၎င်းတို့မှာ ဖီရှူး၊ ချွမ်ချီကျား၊ မီးနဂါး၊ ကြိုးကြာဖြူ၊ လိပ်နက် စသည်တို့ဖြစ်သည်။

အရိုင်းမြေကိုးပါး၌ နတ်သားရဲဟု ခေါ်တွင်သည်။ စုရွှမ်ကြွယ်ဘဝဖြင့် နတ်သားရဲ များကို နေရာအနှံ လိုက်လံရှာဖွေခဲ့သော်လည်း လိပ်နက်ဝိညာဉ်တစ်ကောင်ကိုသာ ဖမ်းမိခဲ့ဖူးသည်။

ထို့ကြောင့် ၎င်းကံကြမ္မာကို ဖိနှိပ်ကာ တောင်တံခါးတွင် အစောင့်ထားခဲ့၏။ အဆုံးတွင် ၎င်းသည် ရွှမ်နင်ဟူသော အမည်ကို ခံယူခဲ့ပြီး လူသားအသွင်ပြောင်းကာ သတ္တမမြောက် တပည့် ဖြစ်လာတော့သည်။

စုရီက ရုပ်တုအတွင်း ဝိညာဉ်စွမ်းအင်များ ပို့လွှတ်လိုက်ရာ တိမ်ပင်လယ်၌ ပျံသန်းနေသော နဂါးတစ်ကောင်ကို မြင်လိုက်ရ၏။

၎င်း၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသောကြောင့် ကြယ်တာရာများ သည်ပင် သေးငယ် မှိန်ဖျော့ကုန်သည်။

သတိထားကြည့်သော် ကျောပေါ်တွင် သိပ်သည်းသော ရောင်ဝါများဖြင့် တင်ပျဉ်ခွေ ထိုင်နေသည့် ပုံသဏ္ဍာန်တစ်ခု ရှိနေ၏။

ကြည့်နေဆဲမှာပင် ၎င်းက စုရီအကြည့်ကို သတိထားမိပြီး ပြန်လှည့်ကြည့်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“ ဒီကောင် ဘယ်သူလဲ။ ”

ရုတ်တရက် မြင်ကွင်းအပေါ် တိမ်ပင်လယ်ကြီး ဖုံးလွှမ်းလာသဖြင့် စုရီမှ မျက်မှောင်ကြုတ်လိုက်မိသည်။ စစ်မှန်သော နဂါးကိုစီးပြီး ကြယ်ရောင်စုံကောင်းကင်တွင် ခရီးသွားနေသည့် တစ်စုံတစ်ယောက်။

ဤသည်မှာ ဗုဒ္ဓကျမ်းဂန်များတွင် မှတ်တမ်းတင်ထားသည့် နဂါးကိုစီးနင်းနိုင်သော ဒဏ္ဍာရီလာ သူတော်စင် ဖြစ်နိုင်ပေမည်။

ကြယ်တာရာများအတွင်း ခရီးသွားလာရန် ဧကရာဇ်တစ်ပါးပင် မဝံ့ချေ။ စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ထဲရှိ ရုပ်တုကို ငုံ့ကြည့်လိုက်မိသည်။

ဗုဒ္ဓသားတော် ဝတ်ရုံဖြင့် တင်ပျဉ်ခွေထိုင်နေသော ဘုန်းကြီးတစ်ပါးက စစ်မှန်သောနဂါးကြီး ကာရံထားသည်။

သူမြင်လိုက်ရသော တိမ်ပင်လယ်အတွင်း ခရီးသွားနေသော ပုဂ္ဂိုလ်သည် ဤဘုန်းကြီးပင် ဖြစ်နိုင်ချေပြီ။ သံသယများစွာဖြင့် ဝိညာဉ် စွမ်းအင်များကို လောင်းထည့်မိ၏။

သို့သော် ထိုမြင်ကွင်း ထပ်ပေါ် မလာတော့ချေ။ မြူများသာ ရစ်သိုင်းနေသော တိမ်ပင်လယ်ကြီးက ငြိမ်သက်နေခဲ့သည်။

“ ဒီလူဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုလမ်းကြောင်းပေါ် ရောက်နေပုံရတယ်၊ ပြီးတော့ ဟိုတုန်းက ငါလိုပဲ နက်နဲနယ်ပယ်ရဲ့ ပေါင်းစည်းခြင်းကို ရောက်နေတာများလား။ ”

ကျင့်ကြံမှုလမ်းကို သိုင်းတာအို နယ်ပယ်၊ မူလတာအိုနယ်ပယ်၊ ဝိညာဉ်တာအိုနယ်ပယ်၊ နက်နဲတာအိုနယ်ဟူ၍ သတ်မှတ်ထား၏။

အမြင့်ဆုံးသော နက်နဲနယ်ပယ်ကို မူလအဆင့်၊ ငြိမ်သက်ခြင်းနှင့် ပေါင်းစည်းခြင်း အဆင့်ဟူ၍ ထပ်မံခွဲခြား၏။

တနည်းအားဖြင့် ဤနယ်ပယ်ကို ဧကရာဇ်နယ်ပယ်ဟုလည်း ခေါ်ဆိုကြသည်။ ပေါင်းစည်းခြင်း အဆင့်သည် ဧကရာဇ် နယ်ပယ်၏ နောက်ဆုံးအဆင့်ဖြစ်၏။

စုရွှမ်ကြွယ်ဘဝတွင် ထိုအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် တာအိုတစ်သောင်းသခင် အဖြစ် ကျော်ကြားခဲ့သည်။ ဓားတာအို၌ ပထမဓားဘွဲ့ကို ရရှိခဲ့၏။

“ စိတ်ဝင်စားဖို့ ကောင်းတယ် ... နတ်ဆိုးတောင်ရှစ်လုံးမှာ အပြိုင်ကမ္ဘာတွေနဲ့ ချိတ်ဆက်ထားတဲ့ အာကာသဆုံမှတ်တွေ ရှိနေပုံပဲ ... ။ ”

မိုးပြာတိုက်ကြီးသည် ရိုးရှင်းသော သေမျိုးကမ္ဘာတစ်ခု ဟုတ်ပုံမရချေ။ အဆုံးတွင် ၎င်းထက် မြင့်မားသော ကမ္ဘာသို့သွားရန် တံခါးဝတစ်ခုလည်း ဖြစ်နိုင်ပေမည်။

တောင်တန်းဘုရင် မုရှီ၏ ဝိညာဉ်သွေး ကျောက်စိမ်းဆွဲသီး၊ စုဟုန်လီ၏ အခွင့်အရေး စသည်တို့သည် ဤယူဆချက်ကို သက်သေခံနေသည်။

စိတ်ရှည်ရှည်ဖြင့် ငါးနှစ်အထိ စောင့်ရသော်လည်း ထိုနတ်ဆိုးတောင်တန်းရှိ အာကာသဆုံမှတ်များမှ ဝင်ရောက်လာမည့် သားကောင်များကို သေချာပေါက် ရိတ်သိမ်းနိုင်ပေမည်။

အချိန်အနည်းငယ် စဉ်းစားပြီးနောက် ဘုန်းကြီးရုပ်တုကို သိမ်းဆည်းထားလိုက်သည်။ ဤအရာသည် စစ်မှန်သော ဝိညာဉ်တော်၏ အရိုးများနှင့် ပြုလုပ်ထား၏။

အမှောင်နတ်ဓား၏ စွမ်းအားအပြည့်ကို ခံနိုင်ရည်ရှိ၏။ အရေးကြီးသော အချိန်များတွင် ဒိုင်းတစ်လက်လို အသုံးချနိုင်မည်။

ထို့နောက် သစ်သားသေတ္တာထဲရှိ ပစ္စည်းများကို တစ်ခုပြီးတစ်ခု သိမ်းဆည်းကာ တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံရန် စတင်တော့သည်။

တဟုန်းဟုန်း တောက်လောင်နေသော ချီနှင့်သွေးများက အားကောင်းသည့် ဒီရေကဲ့သို့ စီးဆင်းသွား၏။

နှလုံးသားသည် မီးတောင်တစ်လုံးလို ပွက်ပွက်ဆူလျက် နှလုံးသွေးများဖြင့် ဆက်၍ ထောက်ပံ့ပေးသည်။

နှလုံးသားသည် လူ့ခန္ဓာကိုယ်အတွက် အဓိက မောင်းနှင်အား ဖြစ်၏။ ၎င်းရောင်ဝါမှာ အနီရောင်ဖြစ်ပြီး ကြွယ်ဝသော အသက်ဓာတ်များ ပါဝင်ပေမည်။

ချီနှင့်သွေးကို တစ်ပါတ် လည်ပတ်စေပြီးနောက် အဆင့်(၃)ဆေးလုံး (၅)လုံးတိတိ သောက်ချလိုက်သည်။

ဆေးအာနိသင်များက တဟုန်ထိုး မြှင့်တက်လာကာ စွမ်းအင်လမ်းကြောင်းများ တလျှောက် ပူနွေးစွာ စီးဆင်းသွား၏။

စွမ်အင် သံသရာ (၃၆)ကြိမ် လည်ပတ်သွားသည်။ အဆုံးတွင် ဆေးဘက်ဝင် အာနိသင်များသည် သွေးနှင့်ရောနှောကာ နှလုံးသားအတွင်း ဝင်သွား၏။

ဤသည်မှာ စစ်မှန်သော အနှစ်သာရ ဖြစ်သည်။ သူသာ ဆန္ဒရှိသော် ရှန်ရှင်းအဆင့်ထိ တက်ရောက်နိုင်ပေမည်။

သို့သော် လူဝင်စားခြင်းသည် မြင့်မားသော အုတ်မြစ်ကို တည်ဆောက်ကာ ဝေးဝေးသွားရန် ဖြစ်၏။ ထို့ကြောင့် မဟာသခင်အဆင့်တွင် ရောင်စဉ် ငါးပါးရောင်ဝါ ရယူရန် လိုပေမည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာ၏။ နေဝင်ရီတရော အချိန်တွင် တရားထိုင်နေရာမှ စုရီနိုးလာသည်။ မျက်လုံးများ ဖွင့်လိုက်သည်နှင့် ဗိုက်ဆာလာ၏။

ချာဂျင် မရှိသော် စားရေးသောက်ရေးပင် ပြဿနာဖြစ်လာသည်။ မတ်တပ်ထရပ်လိုက်ပြီး အခန်းထဲမှ ထွက်ကာ မြို့ထဲသွားရန် ပြင်လိုက်ရ၏။

“ သခင်လေး ညစာအသင့်ဖြစ်နေပြီ။ ”

ရုတ်တရက် ချာကျင်တစ်ယောက် ပြုံးကာ တံခါးဝ၌ ပေါ်လာသည်။ ပန်းရောင်ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး တောက်ပသော မျက်လုံး များက အသက်ဝင်လွန်းနေသည်။

“ မင်း ... မနေ့က ဘာလို့ ပြန်မလာတာလဲ။ ”

စုရီက အနည်းငယ် အလိုမကျ ဖြစ်သွားသည်။

“ ငါပြန်လာချင်ပေမယ့် သခင်လေးမှာ အရေးတကြီး လုပ်စရာတွေရှိလို့ နောက်ထပ် တစ်ည ဆက်နေဖို့ နန်းတော်သခင် နင်က မှာကြားထားလို့ပါ။ ”

“ ကောင်းပြီ ... ညစာ ပြင်ပါ။ ”

စုရီက ပျင်းရိသွားပြီး ရေကန်အနား လျှောက်လှမ်းသွားသည်။ ချာကျင်မှ သူ့နောက် လိုက်လာကာ ရေကန်ဘေး၌ ညစာကို ပြင်ပေး လိုက်သည်။

ရင်းနှီးပြီးသား အရသာရှိသော ဟင်းလျာများဖြစ်သဖြင့် စုရီတစ်ယောက် ကျေနပ်သွားခဲ့သည်။

ချာကျင်က ရွှင်မြူးစွာဖြင့် ဝိုင်များ ငှဲ့ပေးသည်။ အကယ်ဒမီတွင်နေရသော နေ့ရက် များသည် တပါးသူ၏ အမိုးအောက်တွင် နေရ သကဲ့သို့ သက်တောင့်သက်သာ မရှိချေ။ တိမ်ပင်လယ်ကို အမြဲလွမ်းနေခဲ့သည်။

“ အတားအဆီးကို မချိုးဖြတ်သေးဘူးလား။ ”

ညစာစားပြီးနောက် စုရီက ချာကျင်ကိုကြည့်ကာ မေးလိုက်သည်။

“ သခင်လေး ... ငါ မဟာသခင် အတားအဆီးကို ချိုးဖြတ်ချင်တဲ့ ခံစားချက်တွေ မကြာမကြာ ခံစားရပါတယ်။ ”

“ မင်းမှာ ငါသင်ပေးထားတဲ့ ... ကျင့်ကြံမှုနည်းစနစ် နှစ်ခုရှိတယ် ညစဉ်လည်း နှစ်မွှာကျင့်ကြံတယ် ဒါကြောင့် ဒီလို တိုးတက်လာတာ ပုံမှန်ပါပဲ။ ”

စုရီက စကားကြောင့် ချာကျင်ခမျာ ချက်ချင်းမျက်နှာနီရဲလာပြီး ခေါင်းငုံ့သွား၏။ သခင်လေးသည် အရှက်မဲ့လွန်းချေပြီ။ ဤသို့ ကျင့်ကြံသည်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ပြောနေပြန်၏။

“ ဒီည မင်းကို လမ်းပြပေးမယ်။ ”

ထိုစဉ် စုရီက ထရပ်ကာ သူ့အခန်းထဲ လျှောက်လှမ်းသွားတော့သည်။ ချာကျင်ခမျာ မျက်လုံးများ ပြူးလျက် ကျန်ရစ်ခဲ့၏။

( သခင်လေး ... မင်းခရီးဝေးက ပြန်လာတာ အနားမယူဘူးလား။)

***

ထိုညတွင် ကျောက်စိမ်းမြို့တော် စုမိသားစုစံအိမ်၏ မြင့်မားသော နန်းတော်ပေါ်မှ စုဟုန်လီက အဝေးကို ငေးနေ၏။

တံဆက်မြတ်တွင် ချိတ်ဆွဲထားသော မီးအိမ်များ၏ အလင်းရောင်က သူ့ပါးပြင်ပေါ်သို့ ကျရောက်နေသည်။ ၎င်းက အနည်းငယ် မျက်မှောင်ကြုတ်လျက်၊

“ တာအိုအစ်ကို ... လွန်ခဲ့တဲ့လ အနည်းငယ်က ဒီကောင်လေးမှာ ကျင့်ကြံမှု ပျောက်ဆုံးခဲ့တယ် ...

... ဒါပေမယ့် အခု လအနည်းငယ်အတွင်း ရှန်ရှင်းအဆင့် ကျွမ်းကျင်သူကို သတ်နိုင်နေပြီ ဒါကို မင်းဘယ်လိုမြင်လဲ ... ။ ”

အင်ပါယာပြည်နယ်သခင် စံအိမ်မှ ရလာဒ်သည် သူ့မျှော်လင့်ချက်ထက် ကျော်လွန် နေချေပြီ။

သူ အလွန်မုန်းတီးသည့် သားဆိုးကို လျှော့တွက်နေမိကြောင်း ပထမဆုံးအကြိမ် နားလည်လိုက်မိ၏။

တစ်ဖက်တွင် အဖိုးအိုတစ်ဦးမှ ငှက်မွေးယပ်တောင် တစ်ချောင်းကို တဖျပ်ဖျပ် ခတ်လျက်၊

“ ဖြစ်စဉ်တစ်ခုက ပုံမှန် မဟုတ်ရင် ... တစ်ခုခု မှားနေလို့ပဲ ... စုရီက ဖေဖေါ်ဝါရီလ (၂)ရက်နေ့မှာ သွေးသန့်စင်ခြင်းနယ်ပယ်နဲ့ နဂါးတံခါးရဲ့ပထမ ဖြစ်လာတယ် ...

... ဒီနေ့ဟာ မတ်လ (၂၇)ရက်နေ့ပဲ ... ဆိုလိုတာက နှစ်လမပြည့်ခင် သွေးသန့်စင်ခြင်း အဆင့်ကနေ မဟာသခင်အဆင့်ကို တက်လှမ်း နိုင်ခဲ့တာ သံသယဖြစ်စရာပဲ မဟုတ်လား။ ”

“ မင်းရဲ့ ခန့်မှန်းချက်ကို ပြောပါ တာအိုအစ်ကို။ ”

အဘိုးအို စကားကြောင့် စုဟုန်လီမှ မျက်မှောင်ကြုတ်လျက် ပြန်မေး၏။ အဘိုးအိုက စုဟုန်လီထံ လှမ်းကြည့်ကာ သက်ပြင်းချပြီး၊

“ မင်းလည်း သိပြီးသားဖြစ်မှာပါ တာအိုရှာဖွေသူ ... အဲဒီစုရီက မင်းရဲ့သားဆိုး မဟုတ်နိုင်တော့ဘူး။ ”

-ဟု ဖြေကြားလာတော့သည်။

All Chapters