အမှောင်နတ်ဓား ဝိညာဉ် ... ။
Vol. 18 Ch. 208
ထိုအချိန်တွင် စုရီက လန်စု၏ ညာလက်မောင်းကို မြှောက်ကြည့်လိုက်သည်။ အရေပြားအောက်တွင် မြေပိုးကောင်များကဲ့သို့ အနက်ရောင်ပုံစံများ လှုပ်ရှားနေ၏။
“ သူ့အဝတ်တွေကို ချွတ်လိုက် ... ။ ”
“ ဟမ့် ... တာအိုမိတ်ဆွေ မင်းတကယ် ပြောနေတာလား။ ”
စုရီတောင်းဆိုမှုကြောင့် နင်စစ်ဟွာက တုန့်ဆိုင်းသွားပြီး အံ့အားသင့် ရှက်ရွံ့လာသည်။
“ ယောက်ျားနဲ့ မိန်းမကြားက ခြားနားချက်ကို ဘာလို့များ စိတ်ပူနေရတာလဲ၊ ဒါမှမဟုတ် ငါစုရီက အခွင့်ကောင်းယူဖို့ ကြိုးစားနေတယ်လို့ ထင်နေတာလား။ ”
စုရီလေသံတွင် မကျေမနပ်နှင့် စိတ်မရှည်တော့သော အရိပ်အမြွက်များ ပါဝင် လာခဲ့သည်။
“ ငါ အတွေးလွန်သွားတယ် ... တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး ငါ့ကို အထင် မလွဲပါနဲ့ ... ။ ”
ထို့နောက် သစ်တောများ၊ တောင်တန်းများနှင့် မြစ်များပါဝင်နေသည့် လှပသော မြင်ကွင်းတစ်ခု မျက်စိရှေ့မှောက် ထွက်ပေါ်လာသည်။
စုရီပင် နှာခေါင်းကို ပွတ်သပ်လိုက်မိ၏။ ဤအမျိုးသမီးသည် အမှန်ပင် လက်ရာမြောက် ချေပြီ။ လက်ရာမြောက်သော ပန်းပုရုပ်အလား မကြည့်ဘဲ မနိုင်ချေ။
ထိုအချိန်တွင် လှပသော မြင်ကွင်းကို အကျဉ်းတန်စေသော အနက်ရောင်ပင့်ကူမျှင် အချို့ ချက်ချင်းပေါ်လာကာ မြင်ကွင်းကို ဖျက်ဆီးတော့သည်။
ပင်ကူမျှင်များက ဝမ်းဗိုက်မှစကာ လည်ပင်းနှင့် ခြေကျင်းဝတ်တိုင်အောင် အလွှာ တစ်ခုလို ဖုံးလွှမ်းသွားသည်။
စုရီက မျက်ဝန်းများက တောင်ကြား တစ်ခုလိုဖြစ်နေသော ဝမ်းဗိုက်ထံမှ မခွာခဲ့ချေ။ ထိုအရပ်တွင် အနက်ရောင်ငှက် တစ်ကောင် ပုံစံအရိပ်တစ်ခု ရှိနေသည်။
၎င်းက ဦးခေါင်းကိုမော့လျက် အတောင်ပံများဖြန့်ကာ လက်သည်းများတွင် အနက်ရောင်မီးတောက်များ လောင်ကျွမ်း နေသည်။ ရင်သပ်ရှုမောဖွယ်ဖြစ်၏။
“ မျှော်လင့် ထားသလိုပါပဲ။ ”
စုရီ မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပလာကာ၊
“ မင်းမိတ်ဆွေက ဝိညာဉ်ကပ်ပါး ငရဲသန်ကောက်ရဲ့ သားကောင် ဖြစ်သွားပြီ။ ”
“ ဝိညာဉ်ကပ်ပါး ငရဲသန်ကောင်။ ”
နင်စစ်ဟွာတစ်ယောက် အနည်းငယ် စိတ်ရှုပ်သွားသည်။ ထိုအမည်ကို သူမ ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်၏။
“ ဒါက ... ဝိညာဉ်ကို စားတဲ့ အင်းဆက်တစ်မျိုးပဲ မင်းမိတ်ဆွေ ခန္ဓာကိုယ်မှာ ရှိတဲ့ ဝိညာဉ်ကပ်ပါးငရဲသန်ကောင်ဟာ ... ငရဲ မီးတောက် ငှက်မိစ္ဆာရဲ့ ဝိညာဉ်ပဲ ...
... ဒီငရဲသန်ကောင်က ... သွေးသားကို စားသုံးပြီး အချိန်ကြာလာခဲ့ရင် ငရဲမီးတောက် စာကလေးအဖြစ် ပြန်လည် မွေးဖွားလာ လိမ့်မယ် ...
... အဆုံးမှာတော့ မင်းမိတ်ဆွေကို အရေပြားနဲ့အရိုးတွေသာ ချန်ပြီး နောက်ထပ် ခန္ဓာကိုယ်တစ်ခု ထပ်ရှာလိမ့်မယ် ...
... ငရဲမီးတောက် ငှက်မိစ္ဆာရဲ့ ဝိညာဉ် အပြည့်အဝ မနိုးမချင်း ဒီလိုဆက်သွားနေဦးမှာပဲ ကြောက်စရာ ကောင်းတယ်။ ”
ထိုစကားကို ကြားပြီးနောက် နင်စစ်ဟွာတစ်ယောက် ထိတ်လန့်သွားခဲ့သည်။ မိုးပြာတိုက်ကြီးတွင် ဤမျှထူးဆန်းပြီး ရွံ့စရာ ကောင်းသော သက်ရှိတစ်ကောင် မည်ကဲ့သို့ ရှိနေနိုင်မည်နည်း။
“ တာအိုမိတ်ဆွေ ဒီငရဲသန်ကောင်ကို ဖြေရှင်းဖို့ နည်းလမ်းရှိလား။ ”
“ အပြင်ထွက်ပြီး နာရီဝက်နေရင် ပြန်လာပါ။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သို့မှသာ နင်စစ်ဟွာခမျာ ပြုံးရွှင်လျက် ချက်ချင်း ထွက်ခွာသွားတော့၏။
စုရီက တုန့်ဆိုင်းခြင်းမပြုဘဲ ဓားဆွဲထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်ကို ညင်သာစွာ ထိုးဖောက်လိုက်၏။ သွေးစက်များ လန်စုဝမ်းဗိုက်အပေါ် ကျရောက်သွားသည်။
သွေးရောင် အစင်းကြောင်းများသဖွယ် အရပ်ရပ်သို့ပျံကျဲသွားချေပြီ။ ခန္ဓာကိုယ်အနှံ့ရှိ အနက်ရောင် ပင့်ကူမျှင်များက ထိုသွေးရနံ့ကို ရရှိသွားကာ အနည်းငယ် လှုပ်ရှားလာ၏။
“ ဝိညာဉ် ခေါ်ယူခြင်း အမိန့်။ ”
သွေးကိုလမ်းပြအဖြစ် အသုံးပြုခြင်းဖြင့် ဝိညာဉ်များအပေါ် ဆွဲဆောင်နိုင်ပြီး နတ်ဆိုးများ အပေါ်တွင်လည်း အမိန့်ပေးနိုင်၏။ အလွန် လျှို့ဝှက်ဆန်းကြယ်ချေပြီ။
“ အင်း ... ။ ”
သွေးစက်များက အရေပြားအတွင်းသို့ စိမ့်ဝင်သွားသောအခါတွင် လန်စုတစ်ယောက် တိုးညှင်းသော ညည်းညူသံများနှင့်အတူ အနည်းငယ် လူးလွန့်လာသည်။
ဝမ်းဗိုက်နေရာ၌ သာမန်မျက်စိဖြင့် မြင်နိုင်သော ငှက်မည်းကြီး တစ်ကောင်သည် ဆာလောင်မွတ်သိပ်နေသော ငါးမန်းကဲ့သို့ ကူးခတ်နေ၏။
ဝိညာဉ်ခေါ်ယူခြင်း အမိန့်သည် သက်ရှိတစ်ကောင်အလား တဖျပ်ဖျပ်ခတ်ကာ လှိုင်းများ ဆက်၍ထုတ်ပေးသည်။
“ အား ... ။ ”
တစ်ချိန်လုံး မိန်းမောနေသော လန်စုခမျာ ခန္ဓာကိုယ် တဆက်ဆက် တုန်ရင်လျက် မီးဖိုကြီး ကဲ့သို့ ပူလောင်လာ၏။ ညည်းညူသံများပင် လျှံကျလာသည်။
များမကြာမီ လန်စုခန္ဓာကိုယ်အနှံ့ ဖုံးအုပ်ထားသော အနက်ရောင် ပင့်ကူမျှင်များမှာ ဝမ်းဗိုက်ဆီသို့ အပြေးအလွှား ပြန်လာကြ၏။
“ အား ... အင်း ... ။ ”
ဤကာလသည် လန်စုအတွက် အနာကျင်ဆုံး ဖြစ်သည်။ ထို့ကြောင့် အော်သံမှာ ခပ်စိတ်စိတ်ဖြစ်လာ၏။
စုရီက ညာလက်ကို ဝမ်းဗိုက်ပေါ်ရှိ သွေးဖြင့်ရေးထားသော ဝိညာဉ်ခေါ်တံဆိပ်ပေါ် တင်လိုက်သည်။
တစ်ဆက်တည်းမှာပင် လက်ဖဝါးကို ဝမ်းဗိုက်မှသည် ရင်ဘတ်ဆီသို့ ဖြည်းညှင်းစွာ တွန်းတင်တော့၏။
“ အင်း ... ။ ”
လက်ဖဝါးများ ရွေ့လျားသွားရာ လမ်းကြောင်းအတိုင်း ဝိညာဉ်ခေါ်ယူခြင်းအမိန့် လိုက်ပါလာသည်။ ၎င်းနှင့်အတူ အနက်ရောင် ပင့်ကူမျှင်များသည်လည်း ရွေ့လျားလာ၏။
“ အင်း ... ။ ”
လက်ဖဝါးက မြင့်မားသော တောင်ထွတ်နှစ်လုံးကို ခက်ခက်ခဲခဲ ဖြတ်ကျော် နေရသည်။
“ ဒီကောင် ... ။ ”
အဆိုးဆုံးမှာ အနက်ရောင် ပင့်ကူမျှင်များက ထိုတောင်ကုန်းနှစ်ခုအပေါ်သို့ မတတ်ချင်သဖြင့် အကြိမ်ကြိမ် ကြိုးစားနေရခြင်းဖြစ်၏။
“ အင်း ... ။ ”
“ အား ... ။ ”
လန်စု၏ ညည်းညူသံများမှာ ပို၍ စည်းချက်ညီလာသည်။ စုရီအတွက် အာခေါင် ခြောက်စေသော လုပ်ငန်းစဉ်ဖြစ်၏။
အဆုံးတွင် တောင်ထွတ်နှစ်ခုပေါ် အားစိုက်တွန်းထုတ် လိုက်မှသာလျှင် လည်ပင်း ထံသို့ ရောက်ရှိလာသည်။
တောင်ထွတ်နှစ်ခုခမျာ တံဆိပ်ကဲ့သို့ အနီရောင် လက်ဖဝါးရာကြီး ထင်ကျန်ရစ်ခဲ့၏။ တစ်စုံတစ်ယောက်အတွက် အထင်လွဲဖွယ် ပေပင်။
“ အ ... ။ ”
သတိလစ်နေသော လန်စုက ရုတ်တရက် ပါးစပ်ဖွင့်လိုက်ပြီး အနက်ရောင် အငွေ့အသက် အချို့ကို အန်ထုတ်ပစ်လိုက်၏။ စုရီမှ ချက်ချင်း ဖမ်းဆုပ်လိုက်သည်။
ယင်းသည် ခိုဥအရွယ် အနက်ရောင်အလုံး တစ်လုံးပေပင်။ မျက်နှာပြင်ပေါ်၌ ထူးဆန်းပြီး ပါးလွှာသော အမိန့်စာအချို့ ပါရှိ၏။
လက်သီးဆုပ်အတွင်း ပြင်းပြင်းထန်ထန် ရုန်းကန်နေခဲ့သည်။ ဤသည်မှာ ဝိညာဉ်အတွင်း နေထိုင်သည့် ကပ်ပါးပိုးသန္ဓေသား ဖြစ်၏။
“ ငရဲမီးတောက် ငှက်မိစ္ဆာ သန္ဓေသား။ ”
ရှားပါးပြီး ရက်စက် ကြမ်းကြုတ်သော ငှက်ဖြစ်၏။ ငရဲကမ္ဘာတွင်သာ ရှင်သန်နိုင်သည်။ ဝိညာဉ်ကို လောင်ကျွမ်းနိုင်သော နတ်ဆိုး မီးတောက်အပေါ် ထိန်းချုပ်နိုင်စွမ်းဖြင့် မွေးဖွားလာသည့် သားရဲဖြစ်၏။
မရဏကမ္ဘာ၌ ကြောက်စရာ အကောင်းဆုံးသော ပထမတန်းစား သားရဲ ရှစ်ကောင်အနက်မှ တစ်ကောင်ပေပင်။
ဉာဏ်အလင်း ရရှိသော ငရဲမီးတောက် ငှက်မိစ္ဆာ တစ်ကောင်သည် တောင်တန်းများကို ချေမှုန်းလျက် ပင်လယ်ကို ဆူပွက်စေနိုင်၏။
ဧကရာဇ်တစ်ပါးအတွက်ပင် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ငှက်ကို နှိမ်နင်းရန် အလွန်ခက်ခဲပေမည်။ ထို့ကြောင့် သတ်ခြင်းဖြင့် မဖြုန်းတီးလိုချေ။ ဓားတွင် ပေါင်းစပ်ရန် စိတ်ကူးရလာသည်။
“ ဟမ့် ... ငါ့ရဲ့ အမှောင်နတ်ဓားဟာ ဝိညာဉ်ပျောက်ဆုံးနေပြီ ဒီငှက်စုတ်နဲ့ ပေါင်းစပ် ကြည့်ရမယ်။ ”
ဤနည်းဖြင့် သူ့ဓားအောက်တွင် သေဆုံးသွားသူများ၏ ဝိညာဉ်နှင့် သွေးများကို စုပ်ယူကာ အကောင်ပေါက်လာနိုင်၏။
ထို့ပြင် အမှောင်နတ်ဓားသည်လည်း ဝိညာဉ်လောင်ကျွမ်းခြင်း နတ်ဆိုးမီးလျှံကြောင့် ပြိုင်ဘက်များ၏ ဝိညာဉ်စွမ်းအင်များ စုပ်ယူကာ အသွင်ကူးပြောင်းမှု ရရှိနိုင်မည်။
စုရီတစ်ယောက် ရွှင်မြူးလာ၏။ အခွင့်အရေးသည် သူ့အိမ်ဝသို့ ရောက်ရှိလာခြင်း ပေပင်။ ဤထင်မြင်ချက်မျိုး ရှေးမစွတည်းကပင် ရှိပြီးဖြစ်ကြောင့် လန်စုကို ကုသပေးရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။
တုန့်ဆိုင်းမနေတော့ဘဲ လက်သီးဆုပ်ကို အမှောင်နတ်ဓားအပေါ် ဖိသွင်းကာ ပွတ်ဆွဲ လိုက်မိသည်။
လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသော ကျိန်စာများက အမှောင်နတ်ဓား ကိုယ်ထည်၌ ချက်ချင်း ထွက်ပေါ်လာ၏။
“ စိတ်ဝိညာဉ် ဝါးမြိုခြင်း အမိန့်။ ”
တံဆိပ်တစ်ခု ရေးဆွဲလျက် ဓားနှင့် ပေါင်းစည်းသည်။ ဤအမိန့်သည် ဝိညာဉ်ကို စုပ်ယူပြီး ဓားအပေါ် အားဖြည့်ပေးနိုင်၏။
သတ်ခြင်းဖြင့် ငရဲမီးတောက် ငှက်မိစ္ဆာအတွက် လိုအပ်သော စွမ်းအင်များကို စုပ်ယူခွင့်ရရှိပေမည်။
“ အခြေအနေကို မင်းနားလည်သင့်ပြီ ... ငါ့ကိုအတင်းအကြပ် ... အင်အားသုံးရအောင် မလုပ်ပါနဲ့ ...
... နောင်မှာ ငါ့ပြိုင်ဘက်တွေကို သတ်ပစ်ဖို့ကူညီပေးပါ ဒါကလည်း မင်းအတွက် အသွင်ပြောင်းဖို့ အကူအညီရပါတယ်။ ”
စုရီက ပြောကြားလိုက်သည်။ ငရဲမီးတောက်ငှက်မိစ္ဆာ သန္ဓေသားမှ တုန့်ပြန်မှု မရှိချေ။ မာနကြီးပြနေ၏။
စုရီက မျက်မှောင်ကြုတ်လိုက်ပြီး သင်ခန်းစာတစ်ခု သင်ပေးတော့မည့် အချိန်တွင် ၎င်းမှ ဆက်သွယ်မှုတစ်ခု ပြုလုပ်လာသည်။
“ တစ်နေ့မှာ ... ဒီမြင့်မြတ်သူက မင်းကိုသတ်ပစ်မှာ မကြောက်ဘူးလား။ ”
“ ဟမ့် ... ဒီလောက်လွယ်မယ် ထင်နေတာလား ... သေခြင်းကို စာလုံးပေါင်း ခိုင်းလိုက်ရမလား နာခံမှုရှိပါ၊ နောက်တစ်ခါ မင်းကိုယ်မင်း မြင့်မြတ်သူလို့ ထပ်သုံးဝံ့ရင် မင်းကို သတ်ပစ်မယ်။ ”
ထိုခြိမ်းခြောက်မှုကြောင့် ငရဲမီးတောက် ငှက်မိစ္ဆာသန္ဓေသားခမျာ ထိတ်လန့် တိတ်ဆိတ် သွားချေပြီ။
အဆုံးတွင် အနက်ရောင် အခိုးအငွေ့များ တိုးထွက်လာပြီး အမှောင်နတ်ဓားဖြင့် ပေါင်းစပ် သွားတော့၏။ စုရီမှ ပြုံးသည်။
ငရဲကမ္ဘာမှ ငှက်မိစ္ဆာတစ်ကောင်သည်ပင် သေခြင်းတရားကို ကြောက်ရွံ့၏။ များမကြာခင် အမှောင်နတ်ဓား ကိုယ်ထည်၌ ညိုမည်းနေသော စာကလေးတစ်ကောင်၏ ပုံသဏ္ဍာန်ကို ဝိုးတဝါး မြင်လာရသည်။
“ အ ... ။ ”
ထိုစဉ် ညည်းညူသံနှင့် အတူ အမျိုးသမီးနိုးထလာ၏။ ၎င်းက ကုတင်ပေါ်တွင် အဝတ်ဗလာဖြစ်နေသော သူမကိုယ် သူမ ပြန်ကြည့်ကာ မျက်လုံးပြူးသွားသည်။
“ လူယုတ်မာ မင်းဘယ်သူလဲ ... မင်းခေါင်းကို ငါဖြတ်မယ်။ ”
အဆုံးတွင် တောင်ထွတ်နှစ်လုံးပေါ်ရှိ လက်ရာကို မြင်ပြီး ဒေါသတကြီး သတ်ရန် ထရပ်လာတော့၏။
သို့သော် မအောင်မြင်ချေ။ အားအင်ချိနဲ့စွာဖြင့် ပြိုလဲကျသွားသည်။ စုရီမှ ခေါင်းခါလိုက်၏။
“ ကျွီ ... ။ ”
ထိုစဉ် အခန်းတံခါးကို တွန်းဖွင့်ကာ နင်စစ်ဟွာ ဝင်ရောက်လာခဲ့သည်။ အမျိုးသမီး နိုးနေသည်ကို မြင်သောအခါ ဝမ်းသာအားရဖြင့် လျှောက်လှမ်းသွားပြီး အဝတ်တစ်ထည် ဖုံးပေးလိုက်သည်။
“ လန်စု ... အထင်မလွဲနဲ့၊ မင်းအသက်ကို ကယ်ခဲ့တဲ့ တာအိုမိတ်ဆွေပဲ။ ”
နင်စစ်ဟွာကို မြင်မှသာ အမျိုးသမီးက တည်ငြိမ်သွား၏။ သို့တိုင် မျက်နှာတစ်ပြင်လုံး နီရဲနေဆဲ ဖြစ်သည်။ သူ့ကို ကယ်တင်ခြင်းနှင့် ထိုလက်ဖဝါးရာကို ဆက်စပ်ကြည့်၍ မရချေ။
“ သူ့ကို ခေါ်သွားလို့ရပြီ။ ”
စုရီက ရှင်းပြရန် ပျင်းရိသဖြင့် အခန်းထဲမှထွက်ကာ ကြာပန်းရေကန်ဆီသို့ လျှောက်လှမ်းသွားတော့၏။
သူ့ကို မြင်သောအခါ ဝမ်လင်ရွယ်၊ ချာကျင်နှင့် ကျန်းမူယောင်တို့မှ ထူးဆန်းစွာဖြင့် လှည့်ကြည့်သည်။
စုရီအခန်းထဲမှ ရှည်လျားသော ညည်းညူသံများကို သူတို့သည်လည်း ကြားမိ ထားပုံရ၏။ ထိုအသံများသည် နားထောင်ရုံဖြင့် အာခေါင်ခြောက်စေသည်။
“ မင်းတို့ ကြားသမျှကို မယုံနဲ့ ... ။ ”
စုရီက ရှင်းပြမနေတော့ဘဲ ကြိမ်ကုလားထိုင်ပေါ် ကျောမီချလိုက်တော့၏။ များမကြာမီ နင်စစ်ဟွာက ဆံပင်များဖရိုဖရဲဖြင့် သူမမိတ်ဆွေ အမျိုးသမီးကို တွဲကူကာ အခန်းထဲမှ ထွက်လာခဲ့သည်။
လန်စုက စုရီကို မြင်သောအခါ မူမေ့သွားဟန် ချက်ချင်းမျက်လုံးများကို မှိတ်ချပစ်လိုက်သည်။
“ တာအိုမိတ်ဆွေ ... ငါ့မိတ်ဆွေက မင်းအပေါ် နားလည်မှုလွဲခဲ့တာ သိသွားပါပြီ ခွင့်လွှတ်ပြီး ... စိတ်ထဲ မထားမိဖို့ မျှော်လင့်ပါတယ်။ ”
စုရီ ခေါင်းညိတ်လျက် လက်ဝှေ့ရမ်း ပြလိုက်သည်။ နင်စစ်ဟွာက အလိုက်တသိဖြင့် နှုတ်ဆက်လိုက်ကာ အမျိုးသမီးနှင့်အတူ လင်းယုန်စိမ်းပေါ် ခုန်တက် ထွက်ခွာ သွားတော့သည်။