← Chapters

ဧပြီလ (၄)ရက်နေ့။

Vol. 18 Ch. 209

ဧပြီလ (၄)ရက်နေ့။

Vol. 18 Ch. 209

“ လင်ရွယ် ... ဧပြီလ လေးရက်နေ့မှာ ဒီမြို့ကနေ ငါထွက်သွားတော့မယ် ကောင်းကင် မူလ အကယ်ဒမီမှာ ကောင်းကောင်းနေပါ။ ”

နင်စစ်ဟွာထွက်သွားသည်နှင့် စုရီက ရေကန်ဘေးတွင်ထိုင်ကာ ညွှန်ကြားချက်များ ပေးလိုက်သည်။ ထို့နောက် ချာကျင်ထံ လှည့်ကြည့်ပြီး

“ မင်းရောပဲ ... ။ ”

-ဟု ဖြည့်စွက်ပြောကြားလိုက်၏။

“ ဦးလေးစု၊ ငါကော။ ”

ကျန်းမူယောင်မှ မေးသည်။

“ မင်းက အကယ်ဒမီရဲ့ အမာခံတပည့်ပဲ မဟုတ်ဘူးလား။ ”

“ ဟမ့် ... ဟုတ်သားပဲ မေ့သွားတယ်။ ”

ကျန်းမူယောင်စကားကြောင့် ဝမ်မူရွယ်က ရယ်မောလိုက်သည်။

“ သခင်လေး ... မင်းတစ်ယောက်တည်း သွားမို့လား။ ”

ချာကျင်က အနည်းငယ် စိုးရိမ်နေမိ၏။

“ လူများလွန်းရင် ဒုက္ခရောက်လိမ့်မယ်။ ”

စုရီမှ ပြန်ဖြေသည်။ သူ၏ ကျင့်ကြံမှု အဆင့်ဖြင့် အသက်အန္တရာယ်နှင့် ကြုံရလျှင်ပင် ဖြေရှင်းရန် နည်းလမ်းရှိသည်။

ထို့အပြင် ဤသည်မှာ အလည်အပတ်ခရီး မဟုတ်ချေ။ အခြားလူများ ပါဝင်လာခြင်းဖြင့် သူ့အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပေမည်။

ညနေစောင်းသည်နှင့် နင်စစ်ဟွာက အစိမ်းရောင်လင်းယုန်ငှက်ကို စီးနင်းလျက် ပြန်လည် ရောက်ရှိလာသည်။

“ တာအိုမိတ်ဆွေ ဒါက လန်စုရဲ့ ကျေးဇူးလက်ဆောင်ပါ ... ကျေးဇူးပြုပြီး လက်ခံပါ။ ”

“ ငါသူ့ကို ကယ်တင်တဲ့အတွက် ငရဲမီးတောက်ငှက်မိစ္ဆာ ဝိညာဉ်ကို ရရှိခဲ့တယ် ဒီလောက်ဆို လုံလောက်ပြီ ပြန်ယူသွား။ ”

“ တာအိုမိတ်ဆွေ မင်းရဲ့ အကူအညီက လန်စုရဲ့အသက်ကို ... ကယ်တင်တာနဲ့ အတူတူ ပါပဲ မင်းငြင်းရင် သူ စိတ်မကောင်းဖြစ်လိမ့်မယ်။ ”

စုရီက ငြင်းခုံရန် ပျင်းရိလာသဖြင့် ကျောက်စိမ်းသေတ္တာကို လက်ခံထားလိုက် တော့သည်။

“ တာအိုမိတ်ဆွေ ဒီကျောက်စိမ်း သေတ္တာထဲမှာ ဘာပါလဲ မကြည့်ချင်ဘူးလား။ ”

နင်စစ်ဟွာမှ သေတ္တာကို ဘေးချလိုက်သော စုရီကြောင့် အလိုမကျဟန် မေးလိုက်၏။ စုရီက မဆိုတော့ဘဲ ဖွင့်ကြည့်လိုက်သည်။

သက်ဆိုင်ရာ အလင်းတန်းများ ဖြာထွက်နေသော ကျောက်စိမ်းပုတီးစေ့ငါးလုံး ဖြစ်၏။

အနီ၊ အစိမ်း၊ အဝါ၊ အဖြူနှင့် အနက် အသီးသီးသော ရောင်ဝါများ သိပ်သည်းစွာ ဖြာထွက်နေသည်။

“ ပေါင်းစပ်ဝိညာဉ်ပုလဲ။ ”

စုရီတစ်ယောက် အံ့သြသွားသည်။ အရိုင်းမြေကိုးပါးရှိ တာအိုဂိုဏ်းကြီးများသည် ၎င်းတို့၏ အမွေခံတပည့်များအတွက် ဤပုလဲမျိုးကို သန့်စင်ပေးကြ၏။

ရှားပါးသည် မဟုတ်သော်လည်း မဟာသခင်တပည့်များအတွက် အသင့်တော်ဆုံး အရင်းအမြစ်ပေပင်။

ထို့ကြောင့် မဟာကျိုး၌ ဤကဲ့သို့သော ရတနာတစ်ပါး မြင်ခွင့်ရလိမ့်မည်ဟု မမျှော်လင့် ထားသည်မှာ သဘာဝဖြစ်သည်။

ပေါင်းစပ်ဝိညာဉ်ပုလဲများ သန့်စင်ရန် တစ်စုံတစ်ဦး၌ လုံလောက်သော ဝိညာဥ်စွမ်းအင် ရှိရပေမည်။ အနိမ့်ဆုံး ဝိညာဉ်တာအိုနယ်ပယ် အဆင့် ကျွမ်းကျင်သူတစ်ဦး သင့်ချေ၏။

ဤတိုက်ကြီးတွင် ထိုအဆင့် ကျွမ်းကျင်သူများကို မြေကြီးအဆင့် ကျင့်ကြံသူ အဖြစ် ခေါ်ဆိုကြသည်။ အလွန်ရှားချေ၏။

မိုးပြာတိုက်ကြီး၏ အုပ်စိုးရှင်ဖြစ်သော မဟာရှအင်ပါယာ၌သာ ထိုအဆင့်ကျွမ်းကျင်သူ ရှိကြောင်း ကောလာဟလများ ရှိသည်။

“ မင်းမိတ်ဆွေက ဒါကို ဘယ်ကရလဲ။ ”

“ တာအိုမိတ်ဆွေ ... ငါ့မိတ်ဆွေက မဟာချင်ရဲ့ အဓိကအင်အားစု သုံးခုထဲက တစ်ခု ဖြစ်တဲ့ နန်းဟွာဓားဂိုဏ်းမှာ ... သူမရဲ့ အဆင့်အတန်းက မြင့်မားတယ် ...

... တခြားလူတွေ အတွက်တော့ ... ဒီလို ပေါင်းစပ်ဝိညာဉ်ပုလဲဟာ ... ရှားပါးရတနာပါပဲ ဒါပေမယ့် သူ့အတွက်ကတော့ အဲဒါကို ရဖို့ မခက်ပါဘူး။ ”

“ ငါ နားလည်ပြီ။ ”

စုရီ ခေါင်းညိတ်လိုက်သည်။ နယ်မြေချင်း ကပ်လျက်သုံးနိုင်ငံတွင် မဟာချင်အင်ပါယာမှာ တန်ခိုးအကြီးဆုံးဖြစ်၏။

လျှို့ဝှက်နဂါး ဓားဂိုဏ်းနှင့် လစက်ဝန်းဂိုဏ်း တို့သာ ပိုင်ဆိုင်သော ကျန်နှစ်နိုင်ငံထက် များစွာ သာလွန်သည်။

***

ဧပြီလ (၁)ရက်။

စုရီတစ်ယောက် စတုတ္ထတန်း ဝိညာဥ် ဆေးလုံး ခုနစ်လုံးကို သောက်ကာ မဟာသခင် ပထမအဆင့်အပေါ် ပြီးပြည့်စုံစေခဲ့သည်။

သူ့နှလုံးသားရှိ အလင်းရောင်သည် ပေရှစ်ရာအမြင့်သို့ ရောက်ရှိလာ၏။ ခိုင်မာသော အုတ်မြစ်ပေပင်။

ဤအဆင့်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်သူများကို အရိုင်းမြေကိုးပါး၌ပင် ရှာတွေ့မည် မဟုတ်ချေ။

***

ဧပြီလ (၂) ရက်နေ့။

စုရီတစ်ယောက် မဟာသခင် ဒုတိယအဆင့်သို့ ဝင်ရောက်ခဲ့ပြီး သူ့အသည်းကို စတင်ပြုပြင်သည့်နေ့ ဖြစ်သည်။

အသည်းသည် သစ်သားဒြပ်စင်နှင့် သက်ဆိုင်ကာ ခန္ဓာကိုယ်အနှံ့မှ အညစ်အကြေး များကို ဖယ်ရှားပေးသည်။

ဤအဆင့်သို့ ရောက်သောအခါ ခွန်အားသည် ယခင်ထက် နှစ်ဆမျှ ပို၍ အားကောင်းလာချေပြီ။

***

ဧပြီလ (၃)ရက်။

ဆဋ္ဌမမင်းသားထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ စာထဲတွင် ဧပြီလ(၄)ရက်နေ့ ကျောက်စိမ်းမြို့တော်သို့ ထွက်ခွာမည့်ခရီးကို လူတိုင်း သိထားကြသည်။

ထို့ကြောင့် အင်အားစုများစွာမှ ရက်စက်ကြမ်းကြုတ်သော လူသတ်သမားများ စေလွှတ်ကာ စုရီကို လမ်းတွင် ကြားဖြတ် လုပ်ကြံရန် ကြိုးပမ်းနေသည်။

၎င်းတို့ထဲတွင် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသော အဖိုးကြီးများပင် ပါရှိသည်။ စုရီအနေဖြင့် သတိထားကာ ထိုခရီးစဉ်ကို ပြောင်းလဲသင့်ကြောင်း အကြံပေးထားခြင်း ဖြစ်သည်။

***

ဧပြီလ (၃)ရက်။

စုရီက ချာကျင်ကို ကောင်းကင်မူလ အကယ်ဒမီသို့ စေလွှတ်ကာ ရတနာဘုံကျောင်း နတ်ဆိုး တောင်တန်းနှင့် မိုင်တစ်ရာဝေးသော မြို့တွင် နင်စစ်ဟွာတို့ဖြင့် တွေ့ဆုံရန် ချိန်းဆိုလိုက်သည်။

***

ဧပြီလ (၄)ရက်။

စုရီတစ်ယောက် ပုံမှန်အချိန်အတိုင်း ကိုယ်လက် သန့်စင်ပြီးနောက် ကောင်းကင်ပေါ် မော့ကြည့်ကာ ဆီစိမ်စက္ကူထီးကို ဖွင့်ဆောင်းလိုက်သည်။

များမကြာခင် မိုးရေများ တဖွဲဖွဲ ကျဆင်းလာသည်။ ထို့နောက် လက်တစ်ဖက် နောက်ပို့လျက် စက္ကူထီးကို ဆောင်းကာ မိုးရွာထဲ ထွက်ခွာသွားတော့သည်။

ဤခရီးသည် တောင်များ၊ မြစ်များနှင့် မြေပြင်ကို ခြေလှမ်းဖြင့် တိုင်းတာကာ စိတ်နှလုံး အပေါ် သန့်စင်ရပေမည်။ လေကိုရှူရှိုက်လျက် မိုးရေကို သောက်သုံးကာ ဝိညာဉ်အပေါ် သန့်စင်ရပေမည်။

ဤသည်မှာ လောကခရီးသည် တစ်ယောက်အတွက် အထီးကျန်လွန်းသော နေ့ရက်များပေပင်။

All Chapters