← Chapters

မီးလျှံ သလဲသီး ဘုရင်။

Vol. 18 Ch. 213

မီးလျှံ သလဲသီး ဘုရင်။

Vol. 18 Ch. 213

ဝမ်ကျိုးသည် ကောင်းကင်လမ်း အကယ်ဒမီ၏ နန်းတော်သခင်​ဖြစ်​ပြီး မဟာကျိုး အင်ပါယာ ရှန်ရှင်းသိုင်းသမား ဆယ်ဦးအနက်မှ တစ်ဦးဖြစ်သည်။

ထို့ကြောင့် စုရီအပေါ် လျှော့မတွက်ဘဲ ဤနေရာတွင် ကြိုတင် ပြင်ဆင်မှုများစွာ ပြုလုပ် ထားခဲ့သည်။

သို့သော် (၁၇)နှစ်အရွယ် လူငယ်တစ်ယောက်သည် သည်မျှ အစွမ်းထက် နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။

ဤအရာက သူ့မျှော်လင့်ချက်များနှင့် ဆုံးဖြတ်ချက်များအပေါ် လုံးလုံးလျားလျား ပြောင်းပြန် ဖြစ်သွားစေသည်။

မိုးကြိုးမီးလျှံကို ဝင်္ကပါကို ခင်ကျင်းခဲ့သော အဘိုးအိုသည် ပဉ္စမအဆင့် မဟာသခင်သည်ပင် ဖြစ်သော်မှ မျက်နှာ ဖြူဖျော့နေခဲ့သည်။

စုရီက ဆီစိမ်စက္ကူထီးတစ်လက်ကို ဆောင်းလျက် သူတို့ထံ လျှောက်လှမ်းလာပြီး၊

“ တခြားနည်းလမ်းရှိသေးရင် ဆက်လုပ်ပါ။ ”

-ဟု ပြောကာ အမှောင်နတ်ဓားဖြင့် မျောက်ဝံကြီးအလောင်းထံ ထိုးစိုက်ပစ်လိုက် တော့၏။

အမှောင်နတ်ဓား ကိုယ်ထည်ပေါ်ရှိ ငရဲမီးတောက် ငှက်မိစ္ဆာ သန္ဓေသားက ထျန်ခုန် ခန္ဓာကိုယ်မှ သွေးနှင့် အနှစ်သာရများကို စုပ်ယူသွားတော့သည်။

ဓားတစ်လက်၏ ထူးထူးဆန်းဆန်း သွေးဆာနေသော မြင်ကွင်းကြောင့် ဝမ်ကျိုးမှ လုံးဝအံ့အားသင့်လာပြီး၊

“ မင်းရဲ့ဓားဟာ ဝိညာဉ်နဲ့ ချိတ်ဆက်နေပြီလား။ ”

-ဟု မေးမြန်းလိုက်သည်။

စုရီမှ ခေါင်းခါ၏။

“ မဟုတ်ဘူး၊ သွေးသောက်ပြီး စွမ်းအင်အနှစ်သာရအပေါ် ... နည်းနည်း စုပ်ယူနိုင်တာပါ။ ”

ဝမ်ကျိုးမှ အသက်ပြင်းပြင်းရှူကာ၊

“ မင်းဒီလောက်တောင် ယုံကြည်မှု ... ရှိနေတာ အံ့သြစရာတော့ မဟုတ်ဘူး ဒီလိုမျိုး ကြောက်မက်ဖွယ် ဝိညာဉ်အဆင့် ...

... ဓားတစ်လက် ရှိနေမှတော့ ... မြေကြီးအဆင့် ကျွမ်းကျင်သူ မဟုတ်ရင် မင်းကို ဘယ်သူမှ မသတ်နိုင်တော့ပါဘူး။ ”

-ဟု နားလည်မှုလွဲစွာ မှတ်ချက်ပေး လိုက်သည်။ ဤအမှောင်နတ်ဓားသည် စုရီ၏ ဝှက်ဖဲဖြစ်သည်ဟု သူ ထင်ခဲ့၏။

“ နောင်တရဖို့ မင်းနောက်ကျသွားပြီ ... ။ ”

ဝမ်ကျိုးမှ မျက်နှာအနည်းငယ် ပြောင်းသွားကာ ကူကယ်ရာမဲ့စွာ ပြုံးလျက်၊

“ သခင်လေးစု ... ၊ ငါမင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့တယ်ထင်တယ် မင်းကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါဘူး ... ။ ”

“ ဒါပေမယ့် မင်းငါ့ကို တိုက်ခိုက်ခဲ့တယ်။ ”

“ မင်းရှုံးခဲ့ရင်တောင် မင်းကို သတ်ဖို့ ဆန္ဒမရှိပါဘူး ဒီအဖိုးကြီးဝမ်ကို သက်ညှာပေး နိုင်မလား။ ”

“ ဒါပေမယ့် မင်း မရိုးသားသေးဘူး။ ”

သို့မှသာ ဝမ်ကျိုးက တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး သူ့ဘေးနားရှိ ပိန်ပိန်ပါးပါး အဖိုးအိုထံ လှည့်ကြည့်ကာ တောင်းပန် စကားဆိုလိုက်၏။

“ အစ်ကိုချုံးမင်၊ မင်းကို အဆင်မပြေ ဖြစ်မိသွားစေလို့ တောင်းပန်ပါတယ်။ ”

“ ဝှစ် ... ။ ”

“ ဘောင်း ... ။ ”

အဘိုးအိုခမျာ မျက်နှာပျက်ယွင်းသွားပြီး ချက်ချင်း လှုပ်ရှားရန် ပြင်စဉ် သူ့ဦးခေါင်းအပေါ် လက်တစ်ဖက် ပြုတ်ကျကာ ရိုက်ခွဲခံလိုက်ရ တော့သည်။

စုရီက ခေါင်းခါလိုက်ပြီး၊

“ မလုံလောက်ဘူး ... ။ ”

-ဟု ပြောကြားလိုက်သည်။

“ ..... ။ ”

ဝမ်ကျိုးမှ အသက်ပြင်းပြင်းရှူလျက် အဝေးသို့ လှမ်းကြည့်လိုက်၏။ ထိုအရပ်တွင် လဲပြိုနေသော ယောကျ်ား၊မိန်းမ (၁၈)ယောက် ရှိသည်။ ၎င်းတို့မှ သူ့အကြည့်ကို သတိထားမိပြီး ထိတ်လန့်ကာ ထပြေးတော့၏။

“ အားလုံးပဲ တောင်းပန်ပါတယ်။ ”

ဝမ်ကျိုးမှ တောင်းပန်လျက် ရိပ်ခနဲ မိုးရေထဲပြေးဝင်ကာ လူတိုင်းကို သတ်ပစ်လိုက် လေသည်။

“ သခင်လေး လုံလောက်ပြီလား။ ”

စုရီက ပြန်မဖြေချေ။ သူ့လက်ထဲရှိ ကြောင်မုတ်ထံ စိုက်ကြည့်၏။ ကြောက်မုတ် ခမျာ အမွေးများ ရုတ်တရက် ပွထလာပြီး ဒေါသဖြင့် ပြန်ကြည့်လာသည်။

ဤတစ်ကြိမ်တွင် ဝမ်ကျိုးပင် အမူအရာ ပြောင်းလဲသွားကာ၊

“ သခင်လေး ... မင်းသူ့ကို သတ်လို့မရဘူး။ ”

-ဟု ငြင်းဆန်တော့၏။

စုရီက သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး၊

“ သူ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ နတ်ဆိုးဝိညာဉ် တစ်ကောင် ရှိနေတယ်။ ”

ဝမ်ကျိုး အမူအရာသည် အနည်းငယ် အေးခဲသွားပြီး ဦးရေပြားများ တုန်ရီလျက်၊

“ သခင်လေး မင်းလည်း မြင်တယ်လား။ ”

-ဟု အံ့သြစွာမေးတော့၏။

“ ဒီလို ဝိညာဉ်လေးက ငါ့မျက်လုံးကို မလှည့်စားနိုင်ပါဘူး ... သူ့ကို မင်းလက်နဲ့ သတ်ပြီးရင် ငါတို့ပြီးပြီ။ ”

ဝမ်ကျိုးခမျာ မျက်နှာ မည်းမှောင်သွားပြီး သူ့ရင်ခွင်ထဲမှ ကြောင်နက်ကို ပွတ်သပ်နေသည့် လက်ကို ရပ်ပစ်လိုက်၏။

“ ငါမင်းကို ကူညီပေးနေတာ ... မင်းတစ်သက်လုံး ဒီသားရဲရဲ့ လှည့်စားခြင်းကို တကယ်ခံချင်နေတာလား။ ”

“ ဒါ ... ။ ”

“ ညောင် ... ။ ”

ဝမ်ကျိုးတစ်ယောက် မဆုံးဖြတ်နိုင်ခင် ကြောင်မုတ်က ခုန်ထွက်လာပြီး ခြေသည်းများ ဖွင့်ကာ အနက်ရောင် လေပြင်းများလို စုရီကို ကုပ်စွဲလိုက်၏။

တိုက်ခိုက်မှု အရှိန်နှင့် ခွန်အားသည် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူထက် မနိမ့်ကျချေ။ သို့သော် စုရီမှ လှောင်ပြောင်ကာ ဓားဖြင့် လှမ်းထိုးလိုက်၏။

“ ရွှပ် ... ။ ”

အမှောင်နတ်ဓားက လျှပ်စီးတစ်စလို ပြေးဝင်လာသော ကြောင်နက်၏ ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားတော့သည်။

“ လူယုတ်မာ၊ မင်းကို ထပ်မတွေ့ရစေနဲ့။ ”

ရုတ်တရက် ဒေါသတကြီး ကျိန်ဆဲသံများ ပဲ့တင်ထပ်လာပြီး ​ဝိုးတဝါးနိုင်သော အမျိုးသမီး တစ်ဦး ကြောင်မုတ်ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်း ထွက်ပြေး၏။ အမှောင်နတ်ဓားမှ ဖြည်းညှင်းစွာ တုန်ရီလျက် ဝိညာဉ်ဝါးမျိုခြင်းအမိန့် အသက်ဝင်လာသည်။

“ ဝှစ် ... ။ ”

အနက်ရောင် စုပ်ဝဲ ဖြစ်ပေါ်လာပြီး အဝေးရောက်နေသော အမျိုးသမီးဝိညာဉ်ကို ချက်ချင်း ဖမ်းယူတော့၏။

“ ငါနင့်ကို ခွင့်မလွှတ်ဘူး။ ”

အမျိုးသမီးဝိညာဉ်ခမျာ ဒေါသတကြီး ကျိန်ဆဲလေသည်။ ထို့နောက် အခိုးငွေ့သဖွယ် ဓားအတွင်း ဆွဲငင်ခြင်း ခံလိုက်ရ၏။

“ အဟွတ် ... အဟွတ် ... ။ ”

တစ်ချိန်တည်းမှာပင် ဝမ်ကျိုးတစ်ယောက် သွေးချောင်း တဟွတ်ဟွတ်ဆိုးကာ နှုတ်ခမ်းမှ သွေးများစီးကျလာ၏။

ဆံပင်များ ပခုံးပေါ် ပြေလျော့လျက် ဖြူဖွေးလာပြီး နှစ်ပေါင်းများစွာ ကုန်လွန်သွား သကဲ့သို့ အသက်ကြီးရင့်လာချေပြီ။

၎င်းက စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်ပြီး ကြောင်မုတ်ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ ဝမ်းနည်းနေခဲ့သည်။

“ ဒီနတ်ဆိုးဝိညာဉ်က မင်းပြောခဲ့တဲ့ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူလား။ ”

စုရီက မေးမြန်းလိုက်၏။

“ ဟုတ်ပါတယ် ငါလူငယ်ဘဝက မဟာချင်ကို ခရီးထွက်တုန်း ကောင်းကင်ကနေ နတ်သမီးနဲ့တူတဲ့ မိန်းကလေးတစ်ယောက်ကို အမှတ်တမဲ့ တွေ့လာခဲ့ပါတယ် ...

... သူမက ငါ့မှာ ကြီးကျယ်ခမ်းနားတဲ့ ကံကြမ္မာတစ်ခုရှိတယ်လို့ ပြောပြီး လမ်းပြဖို့ အစပြုခဲ့တာပါ ... အဲဒီနေ့ကစပြီး ငါ့ရဲ့ ကံကြမ္မာက ပြောင်းသွားတယ် ... ။ ”

စုရီက ခေါင်းခါပြပြီး၊

“ ဒါပေမယ့် ... မင်းကို အကျဉ်းသား တစ်ယောက်လို ဝိညာဉ်ချည်နှောင်ထားတယ် မင်းရဲ့ လှုပ်ရှားမှုတိုင်းကို တစ်ချိန်လုံး ချုပ်ကိုင်တယ် ... ။ ”

-ဟု ဝင်ရောက် ထောက်ပြလိုက်သည်။

“ ငါသိတယ် ... ငါသိနေတာကြာပြီ ... ဒါပေမယ့် ငါဘယ်တော့မှ ယုံချင်ခဲ့ဘူး ... အဲဒီ အဖြေကို ငါရှောင်နေခဲ့တာ ... ။ ”

“ ကောင်းပြီ ... မင်းရဲ့ ရှက်စရာ ... အတိတ်အကြောင်း ငါမကြားချင်တော့ဘူး ... မင်းအဖွဲ့နာမည်နဲ့ ဒီအမျိုးသမီးရဲ့ လက္ခဏာကို ပြောပြပြီး မင်းထွက်သွားလို့ရတယ်။ ”

ဝမ်ကျိုးက အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် သက်ပြင်းချကာ၊

“ သူ့ဝိညာဉ်အပိုင်းအစကို မင်းသတ်ပစ်လိုက်တယ် မဟုတ်လား မကြာခင် သူ လာရှာလိမ့်မယ်။ ”

-ဟု သတိပေး၏။ ထို့နောက်၊

“ ငါ့ဂိုဏ်းကို လျှို့ဝှက်ကောင်းကင် ဂိုဏ်းလို့ခေါ်တယ် ... အမျိုးသမီးက သူ့ကိုယ်သူ မီးလျှံ သလဲသီး ဘုရင်လို့ ခေါ်တယ်၊ သူက လျှို့ဝှက်ကောင်းကင်ဂိုဏ်းရဲ့ သခင်ပဲ။ ”

-ဟု ပြောပြလာတော့သည်။

ဤအရာသည် စုရီ အသိဉာဏ်နှင့် လုံးဝ ဆန့်ကျင်နေ၏။ ဝိညာဉ်တာအို နယ်ပယ်အဆင့် ကျွမ်းကျင်သူများသည် မဟာရှအင်ပါယာ၌သာ ရှိသင့်ချေသည်။

“ သခင်လေး ... မင်း မဟာချင်မှာ ဝိညာဉ်တာအိုနယ်ပယ်က တစ်စုံတစ်ယောက် ဘာလို့ပေါ်လာလဲလို့ သိချင်နေတယ် မဟုတ်လား ... ။ ”

ဝမ်ကျိုးက စုရီအတွေးကို မြင်နေသသို့ မေးမြန်းလာသည်။ စုရီမှ တုန့်ပြန်ခြင်း မပြုချေ။ ဝမ်ကျိုးက ကူကယ်ရာမဲ့နေသော အသွင်ဖြင့်၊

“ ငါလည်း ဒီအကြောင်းကို တွေးတောခဲ့ဖူးတယ်၊ အဲဒီနောက်မှာ မီးလျှံ သလဲသီး ဘုရင်နဲ့ စကားစမြည်ပြောတဲ့အခါ သူမဟာ မဟာရှရဲ့ အရေးကိစ္စတွေကို မကြာခဏ ပြောတတ်တာကို သတိထားမိလိုက်တယ်။”

စုရီမှ ခေါင်းညိတ်လိုက်သည်။

“ ဒါက အဓိပ္ပာယ်ရှိတယ်၊ ဒါပေမယ့် ... ဘာရည်ရွယ်ချက်နဲ့ မဟာရှကနေ မဟာချင်ကို ရောက်လာရတာလဲ။ ”

“ ငါမသိဘူး သခင်လေး ... ဒါပေမယ့် မီးလျှံသလဲသီးဘုရင်က ထူးဆန်းပြီး ... ပုံမှန် မဟုတ်တဲ့ အရာတွေကို ရှာဖွေဖို့ ငါ့ကို အမြဲတောင်းဆိုတယ်၊ ...

... အထူးသဖြင့် ... ငါတို့မဟာကျိုးရဲ့ နတ်ဆိုးတောင်ရှစ်လုံးကိုပဲ ဒီတစ်ကြိမ် မင်းကို အရေးယူတာဟာ မင်းမှာ ထူးဆန်းပြီး ပုံမှန် မဟုတ်တဲ့ စွမ်းအားတွေ ရှိနေတယ်လို့ သူယုံကြည်နေလို့ပဲ။ ”

စုရီတစ်ယောက် မျက်လုံးများ မှေးစင်းသွားသည်။ မဟာရှအင်ပါယာမှ တစ်စုံ တစ်ယောက်သည် ပုံမှန်မဟုတ်သော အရာများ အပေါ် ရှာဖွေရန် ကြံရွယ်နေသည်မှာ အလွန် စိတ်ဝင်စားစရာပေပင်။

“ လျှို့ဝှက်ကောင်းကင်ဂိုဏ်းက မဟာချင်မှာလား ... မဟာရှမှာလား။ ”

“ ငါ မသိဘူး … ။ ”

ဝမ်ကျိုးမှ ခေါင်းယမ်းလိုက်သည်။

“ ရိုးရိုးသားသား ပြောရရင် တပည့်မှာ ဒီနှစ်တွေအတွင်းမှာ မီးလျှံ သလဲသီး ဘုရင်က ငါ့ကို ဆက်သွယ်တာ ရှားပါတယ်။ ”

တစ်ဖက်လူသည် ရုပ်သေးရုပ်သာ ဖြစ်ကြောင်း စုရီ နားလည်လိုက်၏။ ထို့ကြောင့် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

“ နောက်ဆုံးမေးခွန်းတစ်ခု ... ရှစ်ဖန်းခန်းမနဲ့ ဘယ်လို ဆက်သွယ်လဲ။ ”

“ ဒီမှာ ... ။ ”

သူ့မေးခွန်းကို ဝမ်ကျိုးက ခရုပုံစံအနက်ရောင် ကြေးနီခရာတစ်ခု ထုတ်ပြ လာသည်။

“ ဒါက သူတို့ရဲ့ ဆက်သွယ်ရေး သင်္ကေတတစ်ခုပဲ ဒီခရာကို မှုတ်ထုတ်ရုံနဲ့ လျှပ်စီးငှက်တွေ ရောက်လာလိမ့်မယ် ...

... သိလိုတဲ့ အချက်အလက်တွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးပြီး ငှက်ကိုသာ ပေးလိုက်ရင် ရပြီ။ ”

စုရီ ခေါင်းညိတ်ပြပြီး ကြေးနီခရာကို ယူလိုက်သည်။ ယင်းသည် အနုစိပ်ဆန်လှသော မှော်တူရိယာတစ်ခုဖြစ်၏။

ထူးခြားသော ဆက်သွယ်ရေးအမိန့်ကို ရေးထွင်းထားလေသည်။ ဆိုလိုသည်မှာ ရှစ်ဖန်း ခန်းမဟူသည် ရိုးရှင်းပုံမရချေ။

စုရီက ကောင်းကင်ပေါ် မော့ကြည့်ကာ၊

“ ဒီမှာ လျှပ်စီးငှက်တွေ ရှိမယ်လို့ မင်းထင်လား။ ”

-ဟု မေးမြန်းလိုက်တော့သည်။

All Chapters