နတ်အာရုံ။
Vol. 18 Ch. 215
ဘုန်းကြီးက ခေါင်းကုတ်ပြီး၊
“ ဒါက သူဌေးရဲ့ ပုံစံနဲ့ မတူဘူး။ ”
-ဟု မှတ်ချက်ပေးသည်။
“ သူက စုရီခန္ဓာကိုယ်ထဲက နတ်ဆိုးကို ကြောက်နေတာဖြစ်မယ် ... ။ ”
“ ဘာလို့ ဒီလောက်တောင် တွေးနေကြတာလဲ ... အရေးတကြီးဆုံးက ဒီကောင်လေးထံ စာမြန်မြန်ပြန်ဖို့ပဲ ... ဒီလို မိစ္ဆာတစ်ကောင်ရဲ့ ပစ်မှတ်ထားခံရတာကို ငါမခံနိုင်ဘူး။ ”
လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ များမကြာခင် လျှပ်စီးငှက်တစ်ကောက်သည် သူတို့၏ အဖြေကို သယ်ဆောင်လျက် စုရီထံ ပျံသန်းသွားတော့သည်။
ထိုအချိန်တွင် စုရီက ခရီးဆက်နေခဲ့၏။ လမ်းတစ်လျှောက် တောင်တန်းများ၊ မြစ်များ၊ သစ်ပင်များသည် အသက်ဓာတ်များ ပြည့်ဝနေသည်။
အင်းဆက်ပိုးမွှားများ၏ တေးဆိုသံများ၊ ငှက်အော်သံများနှင့် တောရိုင်းတိရစ္ဆာန်များ၏ ဟောက်သံများသည်လည်း သဘာဝကို သာယာလှပစေ၏။
လမ်းတလျှောက် တွေ့မြင်ကြားသမျှ ထိုးထွင်းသိမြင်မှုများ အဖြစ်သို့ ပြောင်းလဲကာ ကိုယ့်ကိုယ်ကို သုံးသပ်နေမိသည်။
ကောင်းကင်ကြီး၏ ခမ်းနားသော အလှတရားကို ရှုမြင်နိုင်ပြီး သဘာဝတရားကို တန်ဖိုးထားသော် စိတ်ဝိညာဉ်သည် သဘာဝနှင့် တသားတည်း ပေါင်းစည်းလာနိုင်မည်ဖြစ်၏။
ဤသည်မှာ လူသားနှင့်သဘာဝတရား စည်းလုံးညီညွတ်မှုဟု အဓိပ္ပါယ်ရလေသည်။ တောင်တန်းပေါ်မှ ဆင်းသက်လာစဉ် တောအုပ် အတွင်းရောက်ရှိလာသဖြင့် ကောင်းကင်ကို မမြင်နိုင်တော့ချေ။
ထိုအချိန်တွင် စုရီက ရပ်လိုက်သည်။ မြေဆီလွှာကို ထိုးဖောက် ကြီးထွားလာသော မျိုးစေ့ကဲ့သို့ အသိစိတ်ပင်လယ်အတွင်း စွမ်းအားတစ်ခု ပေါ်လာ၏။
ရုတ်တရက် မျက်စိရှေ့ရှိ မှောင်မဲနေသော တောအုပ်ကြီးသည် အရောင်အသွေးစုံလင်ကာ ပြတ်ထင် ရှင်းလင်းလာသည်။
သစ်ရွက်များပေါ်ရှိ သေးငယ်သော သွေးပြန်ကြောများ၊ လွင့်မျောနေသော ဖုန်မှုန့် အမှုန်အမွှားများ၊ ပိုးမွှားများ စသည့် အရာအားလုံးကို မြင်လိုက်ရသည်။
ဆယ်ပေအကွာ တောင်ကုန်းတစ်ခုတွင် ပုရွက်ဆိတ်တစ်အုပ် ဝင်ထွက်သွားလာနေ၏။ မနီးမဝေးက သစ်ပင်ကြီးတစ်ပင်တွင် မြွေစိမ်း တစ်ကောင်သည် ပုန်းအောင်းလျက် စာငှက်ကို ချောင်းမြောင်းနေသည်။
လေပြေများ တိုက်ခတ်ကာ မျက်ပင်များ ငိုညည်းနေ၏။ ကောင်းကင်နှင့် မြေကြီးကြား ကြိုးမျှဉ်များ ပေါ်လာသည်။
“ နတ်အာရုံ ... ။ ”
စုရီက ပြုံးလိုက်သည်။ ဤသည်မှာ စကြာဝဠာဖန်တီးခြင်း သုတ္တန်ကို အောင်မြင်မှု ရရှိလာခြင်းပေပင်။
စုရွှမ်ကြွယ် ဘဝတုန်းတွင် ရှန်ရှင်းအဆင့် ရောက်ရှိမှသာ နတ်အာရုံကို စုစည်းနိုင်ခဲ့သည်။ ယင်းသည် မူလတာအိုနယ်ပယ် ကျွမ်းကျင်သူ များသာ ပိုင်ဆိုင်နိုင်သော စွမ်းအားဖြစ်၏။
ဤနည်းဖြင့် မဟာတာအိုကို ပိုမို သိမြင်နိုင်ကာ ခန္ခာကိုယ်အတွင်းနှင့် အပြင်၏ အသေးစိတ် ပြောင်းလဲမှုများ အပေါ် ပို၍ နက်ရှိုင်းစွာ မြင်နိုင်မည်။
တိုက်ပွဲအတွင်း ရန်သူ၏ ခွန်အား၊ ရတနာများ၏ ရောင်ဝါနှင့် စွမ်းအင်ကဲ့သို့သော ပကတိမျက်စိဖြင့် မမြင်နိုင်သည့် သဏ္ဍာန်မဲ့ အချက်အလက်များကို ဖမ်းယူနိုင်မည်။
စိတ်ဝိညာဉ်၊ ကျင့်ကြံမှု၊ ရုပ်ခန္ဓာ စသည်တို့သည် တစ်ခုနှင့်တစ်ခု ဖြည့်တင်းကာ အချင်းချင်း ပေါင်းစည်းကြသည်။
ထို့ကြောင့် ဧကရာဇ်များသည်ပင် စိတ်ဝိညာဉ်ကို ကျင့်ကြံရန်အတွက် လျစ်လျူရှု မရနိုင်ချေ။
စိတ်ဝိညာဉ် ဒဏ်ရာရသော် ပြန်ထရန် ခက်ခဲသည်။ စုရွှမ်ကြွယ်ဘဝတွင် ကျင့်ကြံမှု ရပ်သွားရသည့် အကြောင်းရင်းမှာ စိတ်ဝိညာဉ် အားနည်းခြင်းကြောင့် ပေပင်။
အဆိုပါအမှားများကို ရှောင်ရှားရန် ဤဘဝတွင် စိတ်ဝိညာဉ် အုတ်မြစ်အပေါ် ဂရုစိုက်ရပေမည်။
လက်ရှိ စိတ်ဝိညာဉ်ကို လေ့ကျင့်သည့် စကြာဝဠာဖန်တီးခြင်း သုတ္တန်သည် ယခင်ဘဝ ငရဲဘုံကိုးပါးဓားထံမှ ရရှိသော ဉာဏ်အလင်းဖြစ်သည်။
ဘဝအတွေ့အကြုံများဖြင့် ထိုဉာဏ်အလင်းကို ပေါင်းစပ်ကာ ဤသုတ္တန် ဖန်တီးထားခြင်းဖြစ်သည်။ နှစ်ပေါင်း (၁၈၀၀၀၀) အတွေ့အကြုံ ပါရှိ၏။
မဟာသခင်နယ်ပယ်ဖြင့် နတ်အာရုံကို ပေါင်းစည်းနိုင်သည်မှာ မှော်ဆန်သော သုတ္တန် တစ်ရပ်ဖြစ်ကြောင်း ၎င်းမှ သက်သေပြနေသည်။
“ ကြည့်စမ်းရအောင် ... ။ ”
အတွေးတစ်ချက်ဖြင့် အသိစိတ်ပင်လယ် အတွင်းမှ နတ်အာရုံကြိုးမျှင်များ ထွက်သွားပြီး ပေသုံးရာအကွာတွင် ရပ်တန့်သွား၏။
“ မဆိုးပါဘူး။ ”
ဤအကွာအဝေးသည် မြေကြီးအဆင့် ကျွမ်ကျင်သူကိုပင် ပြန်၍ခုခံရန် ယုံကြည်ချက် ရှိလာစေသည်။
ထိုစဉ် အလွန်နှေးကွေးသော အဟုန်ဖြင့် ငှက်တစ်ကောင် သူ့ထံ ဆင်းသက်လာတော့၏။ ဤသည်မှာ လျှပ်စီးငှက် ဖြစ်သည်။
နတ်အာရုံကြောင့် အမြင်တွင် နှောက်နှေးနေခြင်းဖြစ်၏။ ငှက်ခြေထောက်မှ စာကိုဖြုတ်ယူကာ ပြန်လွှတ်ပေးလိုက်သည်။
“ သဘောတူတယ် ... ။ ”
စာပါအကြောင်းအရာကို ဖတ်ကြည့်ပြီး ရှစ်ဖန်းခန်းမအပေါ် မကျေနပ်ချက်များချက်ချင်း လျော့ပါးလာခဲ့သည်။
ထို့နောက် နှောင့်နှေးမနေတော့ဘဲ ဆက်လျှောက်လာ၏။ ကျောက်စိမ်းမြို့တော်သို့ ခြေလျင်လျှေက်ရန် ရွေးချယ်ရသည်မှာ ရန်သူများကို ဖိတ်ခေါ်လိုခြင်းဖြစ်သည်။
ထို့ကြောင့် စုရီသည် အလျင်စလိုမရှိချေ။ ယင်းအစား လမ်းတလျှောက်တွင် ရန်သူမည်မျှ လာမည်ကိုသာ မျှော်လင့်နေခဲ့သည်။
အချိန်များ ကုန်လွန်သွား၏။ မနက်မှ နေဝင်ရီတရော အချိန်ထိ ရန်သူများ ထပ်မံ ရောက်ရှိလာခြင်း မရှိတော့သဖြင့် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလာမိသည်။
“ ဒီတောင်ကို ဖြတ်ကျော်ပြီးရင် နှစ်ရက်အတွင်း ရွှေမိုးမခမြို့ကို ရောက်နိုင်မယ်၊ ဒါက မျှော်လင့်ထားတာထက် အများကြီး ပိုမြန်နေတယ်။ ”
အဝေးမှ တောင်တန်းများကို မျှော်ကြည့်လျက် ခရီးဆက်တော့သည်။ ထိုစဉ် လူရိပ်အချို့ ပြေးလွှားလျက် သားရဲဟောက်သံ ပဲ့တင်ထပ်လာသည်။
“ မြန်မြန် ... ။ ”
“ ဒီလိုတောင်တန်းတစ်နေရာမှာ ... ပုန်းအောင်းနေတဲ့ မီးလျှံရွှေဦးချိုကျားသစ်ကြီး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ”
အဖွဲ့ကို ဦးဆောင်သူသည် အဘိုးအိုတစ်ဦးဖြစ်ပြီး အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာသည်။
စုရီက ထိုမြင်ကွင်းကို နတ်အာရုံဖြင့် ခံစားကာ ခေါင်းယမ်းလိုက်၏။ ဤလူများသည် သူ မျှော်နေသော လူများမဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် အသန်မာဆုံး အဖိုးအိုဆိုသူပင် စတုတ္ထအဆင့် မဟာသခင်သာ ဖြစ်နေသည်။ မဟာကျိုးတွင် ထိုကျင့်ကြံမှုသည် ပထမတန်းစား ဖြစ်သော်လည်း စုရီအတွက်မူ ခြိမ်းခြောက်မှု မပြုနိုင်တော့ချေ။
“ ငါနဲ့ဆက်ဆံချင်တဲ့ ရန်သူတွေက ဘယ်လောက်ပဲ မိုက်မဲနေပါစေ ... ဒီလူလို ပုရွက်ဆိတ်တွေကို သေဖို့တော့ မပို့ဘူး။ ”
တစ်နည်းအားဖြင့်ဆိုသော် သူ့မျက်စိရှေ့မှ မြင်ကွင်းသည် ကြိုတင်ကြံစည်ခြင်း မဟုတ်ဘဲ မတော်တဆ အဖြစ်အပျက်တစ်ခုသာ ဖြစ်ချေပြီ။
ထို့ကြောင့် စုရီမှ စိတ်ပျက်သွားပြီး တောအုပ်အတွင်း ဝေ့ကြည့်ရာ ဘုံကျောင်းပျက် တစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် ဦးတည် လျှောက်လှမ်းသွားတော့သည်။