← Chapters

သွေးအတွက်သွေး ၃

Vol. 102 Ch. 1424

သွေးအတွက်သွေး ၃

Vol. 102 Ch. 1424

ကျုံကျန်းမျိုးနွယ်၏ ဘိုးအေကြီးသည် ကျုံကျန်းဟုန်ဖန် ဖြစ်သည်။

ကျုံကျန်းလီယင်သည် ကျုံကျန်းဟုန်ဖန်ကို ဂုဏ်ပြုလေသည် “ဘိုးအေကြီး နောက်ဆုံးတော့ အဆင့်တက်တာအောင်မြင်သွားပြီပဲ”

“အင်း” ကျုံကျန်းဟုန်ဖန် ခေါင်းညိတ်လေသည်။ သူသည် ထိုလူများကို မြင်သောအခါ မျက်မှောင်ကြုတ်လေသည်။

“မင်းတို့က ဘာလို့ကျုံကျန်းမျိုးနွယ်ကို ဖျက်ဆီးချင်ကြတာလဲ”

“သွေးကြွေးကတော့ သေချာပေါက် ဆပ်ရမှာပေါ့” ရှီမန်ဖန်သည် အေးစက်စွာ နှာမှုတ်လေသည်။

“သွေးကြွေးဟုတ်လား၊ ငါတို့ ကျုံကျန်းမျိုးနွယ်က ဘယ်တုန်းက အသည်း ကွဲတောင်ကြားကို ဒုက္ခပေးဖူးလို့လဲ၊ ငါ မှတ်မိတာ မှန်မယ်ဆိုရင် မင်းတို့က ဒီအတိုင်းပဲ တည်ထောင်ခါစအင်အားစု အသစ်လေးပဲ၊ ငါတို့က ပတ်သတ်မှုမရှိ ဘူးလေ” ကျုံကျန်းဟုန်ဖန်  ပြောလိုက်သည်။

“ဘိုးအေကြီး သူက ရှီမန်ဖန်ပဲ” ကျုံကျန်းလီယင်သည် ဘေးမှသတိပေး လေသည်။

“ရှီမန်ဖန် ဟုတ်လား” ကျုံကျန်းဟုန်ဖန်သည် အစပိုင်းတွင် မည်သည့် တုံ့ပြန်မှုမှမရှိပေ။ ထို့နောက်တွင် ရှီမန်မိသားစု ဖျက်ဆီးခံလိုက်ရသည်ကို ပြန် အမှတ်ရသွားလေသည် “သူက ရှီမန်မိသားစုကပဲ”

“ဟုတ်ပါတယ် သူက ရှီမန်မိသားစုက သားပါ၊ အသည်းကွဲတောင်ကြား ထဲကို ခုန်ချသွားတဲ့သူပါ” ကျုံကျန်းလီယင် ပြန်ဖြေလေသည်။

“အဲတုန်းက အမြစ်ကုန်အောင် မလုပ်ခဲ့ဘူးလား” ကျုံကျန်းဟုန်ဖန်သည် သူ့ကို စိုက်ကြည့်လေသည်။

အစကတည်းက သူသာ လူမသတ်ခဲ့ပါက ယခုလိုကိစ္စဖြစ်လာနိုင်ဦးမှာ လား။

“အဲတုန်းက သူက ဒဏ်ရာအပြင်းအထန်ရပြီးတော့ အသည်းကွဲတောင် ကြားကို ကျသွားတာလေ၊ သူ အသက်မရှင်နိုင်ဘူးလို့ ထင်လိုက်တာပါ” ကျုံကျန်းလီယင်သည် နောင်တရနေလေသည်။ သို့သော် အသည်းကွဲတောင် ကြားကို ကျပြီးသည့်နောက်တွင်တောင် ရှီမန်ဖန် အသက်ရှင်ဦးလိမ့်မည်ဟု မည်သူက ထင်မိမှာနည်း။

သူသည် အသက်ရှင်ကျန်နေရုံသာမကဘဲ ဂိုဏ်းကိုပါ တည်ထောင်လိုက် သည်။ အချိန်တိုအတွင်းမှာပင် သူသည် လက်စားချေရန် အင်အားများစွာကို စုစည်းနိုင်ခဲ့သည်။

“အဘိုးကြီး ကျွန်မကို မှတ်မိလား” ရှီမာယူယူ မေးလိုက်သည်။

“မင်းက…” ကျုံကျန်းဟုန်ဖန်သည် ရှီမာယူယူကို သံသယဖြင့် စိုက် ကြည့်လိုက်သည်။

သူ သူမကိုမသိပေ။ သို့သော် သူမ၏ အသံနေအသံထားသည် ရင်းနှီးနေ သလိုပင်။

“အဘိုးကြီးက မေ့တတ်တာပဲ၊ ကျွန်မတို့က ဝိုင်အတူသောက်နေကျလေ၊ မိသားစုနှစ်ခုကြားက နစ်နာမှုတွေကို စိတ်ထဲမထားဖို့ ပြောခဲ့တာလေ၊ တချို့ ကိစ္စတွေက ထိန်းချုပ်နိုင်တာထက် ကျော်လွန်နေတယ်ဆိုပဲ” ရှီမာယူယူသည် ထိုစဉ်က သောက်ခဲ့သည်ကို ရယ်မောမိသည်။

“မင်းက…” ကျုံကျန်းဟုန်ဖန်သည် ထိုမြင်ကွင်းကို မှတ်မိသေးသည်။ ထိုစဉ်က သူနှင့် သောက်ပြီး စကားပြောခဲ့သည်မှာ သူ့ရှေ့မှမိန်းကလေးမဟုတ် ပေ။

“ကျွန်မ မျိုးရိုးနာမည်က ရှီမာ… ရှီမယူယူပဲ” ရှီမာယူယူ ပြန်ဖြေလိုက် သည်။

“မဟုတ်ဘူး မင်းက ရှီမာယူယူမဟုတ်ဘူး၊ မင်းကရှီမန်ယူယူပဲ” ကျုံကျန်းဟုန်ဖန်သည် အသေအချာပင်ပြောလိုက်သည်။

“ရှီမန်ယူယူ ဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ယွိအာကိုယ်တိုင် သူမ ကိုသတ်လိုက်တာ သူမ အသက်မရှင်နိုင်ဘူး” ကျုံကျန်းလီယင် အော်လေသည်။

“ဘိုးအေကြီး သူမက ရှီမာယူယူပဲ၊ သူမက ဆယ်စုနှစ်အတွင်းမှာ တိုးတက်လာတဲ့ မျိုးဆက်ငယ်ပဲ၊ သူက အခုမှ အသက် ဆယ်ဂဏန်းပဲရှိသေး တာ၊ သူမက ရှီမန်ယူယူ မဖြစ်နိုင်ဘူး သူမ သေသွားတုန်းက အသက် ၂၀၀ ကနေ ၃၀၀ လောက်ရှိနေပြီ” ဘေးမှလူတစ်ယောက် ရှင်းပြလေသည်။

“မဟုတ်ဘူး သူမက ရှီမန်ယူယူပဲ” ကျုံကျန်းဟုန်ဖန်သည် ရှီမာယူယူကို ကြည့်လိုက်သည် “အဲတုန်းက သောက်ခဲ့တာကို ရှီမန်ယူယူ တစ်ယောက်ပဲသိ တာ”

“ဒါပေမဲ့ သူမက တကယ်ကိုပဲ အသက်ဒါဇင်နည်းနည်းပဲရှိသေးတာ၊ ရှီမန်ယူယူ မဖြစ်နိုင်ဘူး၊ ပြီးတော့ သူမက တိုင်းပြည်အနိမ့်ကလာတာပဲ” ကျုံကျန်းလီယင်သည်လည်း သေချာနေသည်။

သူတို့ ရှီမာယူယူကို ပထမဆုံးတွေ့စဉ်က သူမအကြောင်း စုံစမ်းခဲ့သည်။

“မင်းက ရှီမန်ယူယူပဲ” ကျုံကျန်းဟုန်ဖန်သည် ရှီမာယူယူကို ကြည့်လိုက် သည်။

ရှီမာယူယူသည် သူမအကြောင်းဆွေးနွေးနေသည်ကို ကြည့်ပြီးပြုံးလိုက် သည် “အဘိုးကြီးက မှတ်ဉာဏ်ကောင်းသားပဲ”

“မင်းက တကယ်ပဲ ရှီမန်ယူယူလား မဖြစ်နိုင်တာ” ရှီမန်မိသားစုမှ လူများ အော်မိကြလေသည်။

“ဘာကိုမဖြစ်နိုင်ရမှာလဲ” ရှီမာယူယူ နှာမှုတ်လိုက်သည် “ငါ မသေခင်ကို ပြောခဲ့တယ် မင်းတို့ကို လက်စားချေဖို့ သေချာပေါက်ပြန်လာမယ်လို့၊ အခု လည်း လက်စားချေဖို့ပြန်လာတာပဲ”

“သေရာကပြန်ရှင်လာတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဘာလို့မဖြစ်နိုင်ရတာလဲ” ရှီမာယူယူသည် သူတို့ကိုအေးစက်စွာ ကြည့် လိုက်သည် “မင်းတို့ ရှီမန်မိသားစုကို လုပ်ခဲ့တဲ့လုပ်ရပ်ကို ဘုရားကတောင် လက်မခံနိုင်လို့ ငါအသက်ပြန်ရှင်ဖို့ကို ခွင့်ပြုခဲ့တာ၊ လက်စားချေဖို့ပြန်လာတာ ပြီးတော့ မင်းတို့ငါတို့ကို လုပ်ခဲ့တဲ့အတိုင်းပြန်လုပ်ပေးမယ်”

“တကယ်ပဲ ပြန်မွေးဖွားလာတာလား”

ကျုံကျန်းမျိုးနွယ် အံ့ဩသွားရုံတင်မကဘဲ ထိပ်တန်းတောင်ကြားမှလူ များလည်း အံ့ဩသွားကြလေသည်။

ရှီမာယူယူသည် ရှီမန်ယူယူ… ထိုသတင်းသည် သူတို့အတွက် အံ့အားသင့် စရာပင်။

အကြောင်းမှာ ထိပ်တန်းတောင်ကြားတွင် ရှီမန်မိသားစုမှလူများရှိကြ သည်။ သူတို့သည် အစပိုင်းကအဖြစ်အပျက်များကို တမင်ဖုံးကွယ်ထားခြင်းမရှိ ပေ။ ရှီမန်မိသားစုသည် ရှီမန်ယူယူ၏ မွေးနေ့တွင် ဖျက်ဆီးခံလိုက်ရသည်ကို အားလုံးသိကြသည်။

သူတို့ ထိုအကြောင်းကြားသောအခါ ရှီမန်ယူယူနှင့် ရှီမာယူယူတို့ နာမည် တူနေသည်ကို သတိရသွားသည်။ ရှီမာယူယူသာ ရှီမန်ယူယူဖြစ်ပါက သူမ အကျင့်နှင့်ဆိုလျှင် အပြစ်ကို မည်မျှခံစားလိုက်ရမည်နည်း။

မထင်မှတ်စွာပင် သူတို့သည် တစ်ယောက်တည်းဖြစ်နေသည်။

သွေးကြွေးဆပ်ဖို့အတွက် သူမက နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာကိုး။

ဒါတွေက အဓိပ္ပာယ်ရှိသွားပြီ….

ထိုအချိန်တွင် သူမ ပြန်လည်မွေးဖွားလာသည်ကို မအံ့ဩတော့ဘဲ သူမ စိတ်ထဲမှ ခံစားချက်များကို ခံစားလို့ရသွားသည်။

သူမ ဒီလောက်ကို သည်းခံလာရတာကိုး။

အပြင်မှကြည့်ရှုသူများသည် သတင်းကြားလိုက်သောအခါ ထိတ်လန့်ကြ သည်။

ဒီကမ္ဘာမှာ ပြန်မွေးဖွားတဲ့လူက ရှိသေးတာပဲ။ ကြောက်စရာမကောင်း လွန်းဘူးလား။

ရှီမာယူယူသည် အရင်က သူမသရုပ်မှန်ကို မဖော်ထုတ်ခဲ့ပေ။ သို့သော် သူမ၏ ရန်သူဟောင်းများနှင့်တွေ့သောအခါ လက်စားချေရန်ပြန်လာကြောင်း ကို သိစေချင်သည်။

သူမသည် ရှီမန်မိသားစု၏ နာမည်ကိုသုံးချင်သည်။

“ခွေးဘိုးအေကြီး၊ ရှင်က အဲတုန်းက ငါ့မိသားစုကိုသတ်ခဲ့တယ်၊ ဒီနေ့က အကုန်လုံးကို ပြန်ဆပ်ရမယ့်နေ့ပဲ” ရှီမန်လီသည် ခါးသက်စွာ အော်လိုက်သည်။

“ဟင်း မင်းတို့က ကျုံကျန်းမျိုးနွယ်ကို ဖျက်ဆီးချင်နေကြတာ နောက်နေ ကြတာလား” ကျုံကျန်းဟုန်ဖန်သည် သတိပြန်ဝင်လာကာ အေးစက်စွာ နှာမှုတ်လိုက်သည်။

သူသည် အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သည်။ ထိပ်တန်းတောင်ကြား တွင် သူ့လောက် အားကောင်းသည်သူမရှိသည်မှာ သေချာသွားသည်။ ကျုံကျန်း မျိုးနွယ်၏ နောက်ခံကိုပါ ထပ်ပေါင်းလိုက်လျှင် တိုက်ခိုက်ပြီးအနိုင်ယူရန်မှာ မခက်လှပေ။

“ဘိုးအေကြီးနဲ့ဆိုရင် ပြဿနာမရှိဘူး”

“ဘိုးအေကြီး သူတို့မျိုးရိုး သေတဲ့အထိ လက်စားချေရမယ်”

“မစိုးရိမ်ပါနဲ့ ခေါင်းကိုသတ်ပြီးရင် ကျန်တာကိုရှင်းဖို့ကလွယ်သွားပြီ” ကျုံကျန်းဟုန်ဖန် ပြောလိုက်သည်။

“ရှီမာယူယူဘေးက ဝိညာဉ်သားရဲတွေက အရမ်းအားကောင်းကြတယ်၊ ဘိုးအေကြီးပဲ သူတို့ကို ကိုင်တွယ်နိုင်မှာ”

“မစိုးရိမ်နဲ့ ရှီမန်မိသားစုကို တစ်ယောက်မှအလွတ်မပေးနိုင်ဘူး” ကျုံကျန်းဟုန်ဖန်သည် ရှီမာယူယူကို ကြည့်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလေ သည်။

“ငါ့မိန်းကလေးကို ဘယ်သူထိရဲလဲ”

ရှီမာယူယူ အသံကြားလိုက်သည်နှင့် မျက်လုံးများ အရောင်တောက်သွား လေသည်။ သူမ နှုတ်ခမ်းကွေးတက်သွားသည်။

“ဘယ်သူလဲ”

ကျုံကျန်းဟုန်ဖန်သည် သတိမထားမိဘဲ လူတစ်ယောက် ချည်းကပ်လာ သည်ကို မြင်သောအခါ အံ့ဩသွားလေသည်။

“ဟင်း ကျုံကျန်းမျိုးနွယ်လောက်ကများ မောက်မာရဲတယ်”

ဝူလင်းယူ၏ ပုံရိပ်သည် ရုတ်တရက် ရှီမာယူယူဘေးတွင်ပေါ်လာရာ အားလုံး လန့်သွားကြသည်။

ဒီအားက…

ကျုံကျန်းဟုန်ဖန် မျက်မှောင်ကြုတ်လေသည်။ ဝူလင်းယူက ဘယ်တုန်း က ဒီလောက်အားကောင်းသွားတာလဲ။

“မြင့်မြတ်သောသားတော် ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး၊ ဒီနေ့ကိစ္စက ကျုံကျန်းမျိုးနွယ်နဲ့ ထိပ်တန်းတောင်ကြားနှစ်ခုကြားက ကိစ္စပါ၊ သားတော်က ဝင်စွက်ဖက်ဖို့မလိုပါဘူး ဟုတ်တယ်မလား”

***

All Chapters