← Chapters

အခန်း (၁၀၀)

Vol. 8 Ch. 100

အခန်း (၁၀၀)

Vol. 8 Ch. 100

"ထပါဗျာ၊ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ရောက်ရှိနိုင်တယ်ဆိုတာ အရှင်မင်းမြတ်ကိုယ်တိုင်ရဲ့ ပါရမီစွမ်းရည်ကြောင့်ပါ" ယဲ့ကျွင်းလင်က လက်ကို ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။

ဧကရာဇ်ကျိုး ထရပ်လိုက်ပြီး လေးစားရိုသေစွာဖြင့် ဆက်ပြောလာသည်။ "အရှင်ယဲ့ကတော့ နောက်နေပြန်ပါပြီ၊ အရှင်တီးခတ်ခဲ့တဲ့ နတ်တေးသွားကြောင့် မဟာကျိုးပြည်ထောင်ရဲ့ တိုင်းပြည်ကံကြမ္မာဟာ အရင်က မကြုံဖူးတဲ့ အထွဋ်အထိပ်အဆင့်တစ်ခုကို ရောက်ရှိသွားပြီး ကျွန်တော်လည်း ဒီအားအင်ဖြည့်ဆည်းမှုကြောင့် ကျင့်ကြံဆင့်မြင့်တက်နိုင်ခဲ့တာပါ"

အရင်က သူ၏ကျင့်ကြံဆင့်ဟာ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ပြီး ယဲ့ကျွင်းလင်ကို အနည်းငယ် ကြောက်ရွံ့ရိုသေခဲ့မိသည်မှန်သော်လည်း အနည်းငယ်ဆိုမှ တကယ့်ကိုအနည်းအကျဥ်းမျှသာ။ တစ်ဖက်လူက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ တိုင်းပြည်ကံကြမ္မာ၏အကူအညီဖြင့် သူ့ဘက်ကရှုံးနိုင်ချေမရှိဟုသာ ခံယူထားခဲ့ခြင်းဖြစ်၏။

ဘယ်လိုပဲဖြစ်ဖြစ် ဒါက မဟာကျိုးပြည်ထောင်၊ သူ့ရဲ့ အိမ်ကွင်းဖြစ်ပြီး တစ်ဖက်လူရဲ့ ဟွမ်ကျိုးပြည်နယ်က ဒီလောက်အလှမ်းဝေးနေသေးတာ၊ သူကသေချာပေါက် တစ်ပန်းသာတာပေါ့!

သို့ပေမယ့် ယခုတော့ တာအိုသ‌‌ဘောတရားအပြည့်အစုံဖြင့် ဗျပ်စောင်းတေးတစ်ပုဒ်အား နားဆင်လိုက်ရုံမျှဖြင့် ကျင့်ကြံဆင့်တက်သွားသော ဧကရာဇ်ကျိုးသည် ရုတ်တရတ် အမြင်ကိုရှင်းလင်းခံလိုက်ရသကဲ့သို့ ခံစားရကာ ရွှယ်ထျန်းဂိုဏ်းမှ မြူခိုးတောင်ထိပ်သခင်ယဲ့၏ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်သ‌ဘောပေါက်လိုက်ရတော့ပေသည်။

သူအရင်က မြင်ခဲ့တာတွေဟာ ရေခဲတောင်ရဲ့ ထိပ်ပိုင်းလေးပဲ ဖြစ်နေတာကိုး!

(သမုဒ္ဒရာထဲက ရေခဲတောင်ဟာ ထိပ်ပိုင်းလေးပဲပေါ်နေတတ်ပြီး အမှတ်တမဲ့ တောင်သေးသေးလေးတစ်လုံးလို့ ထင်ရပေမယ့် တကယ်တမ်းအောက်ဘက်မှာကျ ကြောက်စရာကောင်းလောက်တဲ့အရွယ်အစားကြီးထိ ရှိနေတာမျိုးပါ)

ဧကရာဇ်၏အင်အားကို စစ်တပ်ဖြင့်အားဖြည့်၍ဖြစ်စေ တိုင်းပြည်ကံကြမ္မာဖြင့် ကောင်းချီးပေး၍ဖြစ်စေ ရွှယ်ထျန်းဂိုဏ်းမှ ဗျပ်စောင်းသခင်၏ အင်အားကို ယှဥ်နိုင်စွမ်းမရှိကြောင်း သူနားလည်လိုက်ရပါ၏။

အခြေအနေကို သဘောပေါက်သွားပါသော ဧကရာဇ်ကျိုးဟာ သူ၏ရပ်တည်ချက်ကို အမြန်ဆုံး ထုတ်ဖော်ပြောကြားခဲ့ပြီး ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာအဆင့်အတန်းအားလုံးကို ပယ်ဖျက်လျှောချလျက် တစ်ဖက်လူကို အောက်ကျို့ရိုသေပေးခဲ့လေသည်။

အရင်ဆုံး ဘာမှမတွေးနဲ့၊ ခြေထောက်ကိုသာ အမိအရဖက်ထားလိုက်!

ယဲ့ကျွင်းလင်က စဉ်းစဥ်းစားစားဟန်ဖြင့် ပြောလာသည်။ "အရှင်မင်းမြတ်ကြည့်ရတာ စိတ်နှလုံးကိုနှစ်မြှုပ်ပြီး ကျေးဇူးတင်မိနေတာပဲကိုး"

"ဟုတ်ပါတယ်၊ အရှင်ယဲ့ရဲ့ အမိန့်စကားအတိုင်း မဟာကျိုးပြည်ထောင်က လုပ်နိုင်သမျှ အားလုံးကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာပါ!" ဧကရာဇ်ကျိုးက လေးနက်သောအသံဖြင့် ကတိကဝတ်ပြုလိုက်သည်။

"ကောင်းပြီ၊ ဒါဆို ကျွန်တော့်ကို တော်ဝင်ဘိုးဘွားသင်္ချိုင်းဆီ ခေါ်သွားပေးပါ"

"ကောင်းပါပြီ၊ ဒီဘက်ကို ကြွပါ၊ ကျွန်တော် ရှေ့ကနေ လမ်းပြပါ့မယ်!"

အိမ်ရှေ့မင်းသား: "..."

တော်ဝင်ဘိုးဘွားသင်္ချိုင်း။

နန်းတော်တစ်ခုလုံးတွင် အစောင့်အရှောက် အတင်းကျပ်ဆုံးနေရာဖြစ်ပြီး မဟာကျိုးပြည်ထောင် ဧကရာဇ်များ၏ ခေါင်းချမြှုပ်နှံရာနေရာလည်း ဖြစ်သည်။

ဧကရာဇ်ကျိုးက လက်ကို ဝှေ့ယမ်းကာ အကာအကွယ်အမျိုးမျိုးကို ဖယ်ရှားလိုက်ပြီးနောက် ယဲ့ကျွင်းလင်နှင့် အခြားသူများကို တော်ဝင်ဘိုးဘွားသင်္ချိုင်းထဲသို့ ခေါ်ဆောင်သွားသည်။

တော်ဝင်ဘိုးဘွားသင်္ချိုင်း၏ အတွင်းပိုင်းနေရာသည် အလွန်ကျယ်ဝန်းပြီး ရှေးဟောင်းဆန်ဆန် လေးလံ လေထုသည် သူတို့ထံပါးသို့ တိုးဝှေ့ကြိုဆိုလာ၏။

"တကယ်တော့ သင်္ချိုင်းတူးသမားတွေကို စိတ်ဝင်စားစေနိုင်တဲ့ မြှုပ်နှံထားတဲ့ ပစ္စည်းတစ်ချို့တော့ရှိပေမယ့် တခြားနေရာတွေက သာမန်ပါပဲ၊ မရဏချောက်နက်ကသတ္တဝါတွေရဲ့ ပစ်မှတ်ဖြစ်ရတဲ့ အကြောင်းရင်းကို ကျွန်တော်ကိုယ်တိုင်တောင် နားမလည်ဘူး၊ ဝိညာဥ်မျိုးနွယ်စုတွေကိုတောင် ရအောင်စည်းရုံးနိုင်ပြီး မဟာကျိုးပြည်ထောင်ကို တိုက်ခိုက်ဖို့ တပ်ကြီးလိုက်လွှတ်လိုက်တာကလည်း ဒီနေရာကို သိမ်းပိုက်ဖို့သက်သက်ပဲလို့ ထင်ပါတယ်" ဧကရာဇ်ကျိုးက ကူကယ်ရာမဲ့စွာ ညည်းညူလိုက်သည်။

"ဒီခေတ်ကြီးထဲမှာ ဒီလို ထူးဆန်းတဲ့ဖြစ်ရပ်တွေဆိုတာ အများကြီးပါပဲ" လီဝူကျယ်က စုတ်သပ်လျက် ဝင်နှစ်သိမ့်သည်။

အဖွဲ့သည် လမ်းကြောင်း၏ အဆုံးသို့ ရောက်သည်အထိ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်မိသည်။ အမှန်ပင် ဘာမှထူးထူးခြားခြားမတွေ့ရ။

ထားပါတော့၊ လာခဲ့တဲ့လမ်းအတိုင်းပဲ ပြန်ကြတာပေါ့။

ယဲ့ကျွင်းလင်က ခေါင်းခါယမ်းကာ ငြီးငွေ့ဖွယ်ကောင်းလှသော ဤနေရာမှ တစ်ချိုးတည်း လှည့်ပြန်ထွက်သွားတော့မည့်အချိန်တွင် သူ့နောက်က ဟုန်ချန်ယဲ့က မျက်လုံးကို မှေးကျဥ်းလျက် လက်တစ်ဖက်ဖြင့် မှော်သင်္ကေတတစ်ခုပြုလုပ်လျက် ရိုက်ချလိုက်သည်။

ကြိတ်ဆုံလှည့်သံ တဝုန်းဝုန်းက ဘာမှမမြင်ရသော လေဟာနယ်မှ ထွက်ပေါ်လာလေသည်။

တဖြည်းဖြည်းနှင့် ရှေးဟောင်းဆန်ပြီး ကြီးမားကျယ်ပြန့်သည့် ကြယ်တံခါးတစ်ခု ပေါ်ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရခက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လို့နေသည်။

"ဟမ်?! ဒါ၊ ဒါက..." ဧကရာဇ်ကျိုး မျက်လုံးပြူးသွားရသည်။ ထိုပစ္စည်းကို တစ်ခါမှမမြင်ဖူးခဲ့သလို မြင်ရလိမ့်မည်ဟုလည်း လုံးဝထင်မှတ်မထားဟန်ပေ။

ကျိုးမျိုးနွယ်ရဲ့ တော်ဝင်ဘိုးဘွားသင်္ချိုင်းထဲမှာ ဘာလို့ ဒီလိုအရာမျိုး ရှိနေရတာလဲ? တစ်ချိန်မှာ ခေါင်းချရမယ့် ဧကရာဇ်တစ်ယောက်အနေနဲ့တောင် သူ လုံးဝမသိခဲ့ရပါဘူး!

ယဲ့ကျွင်းလင်က ဒီမြင်ကွင်းကို စတင်ဖော်ထုတ်ခဲ့သော ဟုန်ချန်ယဲ့ကို လှည့်ကြည့်လိုက်တော့ တစ်ဖက်လူ၏ မျက်နှာထက်တွင်လည်း အံ့သြသွားသောအမူအရာကို မြင်တွေ့လိုက်ရသည်။

"ဝိုး! ဒီတံခါးက အရမ်းလှတာပဲ!" ပုရှောင်ရှီး၏ မျက်လုံးလေးများ တောက်ပလာပြီး ကြယ်တံခါးကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ဝေ့ဝဲကြည့်နေလိုက်သည်။ ၏လက်သေးသေးလေးကို ဆန့်တန်းပြီး ထိကြည့်လိုက်သော် အထိအတွေ့တစ်စုံတစ်ရာမရှိဘဲ ထွင်းဖောက်သွားသောခံစားချက်ကိုသာ ခံစားလိုက်ရတော့၏။၊ အိပ်မက်တစ်ခုလိုပါပဲ၊ မြင်နေရပေမယ့် ဖမ်းဆုပ်လို့မရနိုင်တဲ့ တစ်စုံတစ်ရာပေါ့။

သို့ပေမယ့် ယဲ့ကျွင်းလင်ကတော့ ဒီကြယ်တံခါးမှာ အတုအယောင်မဟုတ်ကြောင်းသိလိုက်သည်။ ဤကမ္ဘာတွင်တည်ရှိဖို့ တစ်ခုခုလိုအပ်နေသေးတာဖြစ်ပေမည်။ ထိုအရာကို ထိကိုင်နိုင်ဖို့တွက် တန်ကြေးတစ်ခုခုတော့ ‌ပေးဆပ်ရမည့်ပုံပင်။

"ဧကရာဇ်ကျိုး၊ ကျိုးမင်းဆက်ဟာ အခုချိန်ထိဆို သက်တမ်းဘယ်လောက်ကြာပြီလဲ?" ယဲ့ကျွင်းလင်မေးလိုက်သည်။

ဧကရာဇ်ကျိုး၏ မျက်နှာက အနည်းငယ် ဂုဏ်ယူဟန်ဖြင့် ပြန်ဖြေလိုက်သည်။ "အရှင်ယဲ့ကို လျှောက်ထားပါတယ်၊ ကျွန်တော့်ရဲ့ မဟာကျိုးပြည်ထောင်ဟာ နှစ်ပေါင်း ၁.၂ သန်း တည်ရှိခဲ့ပြီးပါပြီ"

ကျင့်ကြံရေးအင်အားစုတစ်ခုသည် မည်သည့်ပုံစံဖြင့် တည်ရှိနေပါစေ၊ နှစ်သန်းပေါင်းများစွာ တည်တံ့နိုင်သမျှ ကာလပတ်လုံး မသေမျိုးမင်းဆက်ဟု ခေါ်ဆိုရန် အရည်အချင်းပြည့်မီသည်။ အဘယ့်ကြောင့်ဆိုသော် မျိုးဆက်တိုင်းတွင် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရှိကိုရှိတတ်ပြီး ထိုအဆင့်ကိုလည်း မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းရမည်ဖြစ်သည်။ အကယ်၍ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူမျိုးဆက်ကို ထပ်မဆက်နိုင်တော့ပါက မသေမျိုးမင်းဆက်ဟူသောဂုဏ်ပုဒ်မှ ဖယ်ရှားခံရပေလိမ့်မည်။

ဧကရာဇ်ကျိုးသည် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် စန်းကျိုးပြည်နယ်ရှိ လက်ရှိ မသေမျိုးမင်းဆက်များထဲတွင် တစ်ဦးတည်းသော မသေမျိုးအရိပ် အဆင့် ဘုရင်လည်း ဖြစ်သည်။

"မဟာကျိုးပြည်ထောင်မတိုင်ခင် တခြားနိုင်ငံတွေ ရှိခဲ့သေးလား?" ဟု ယဲ့ကျွင်းလင်က ဆက်မေးလိုက်သည်။

ဧကရာဇ်ကျိုးက တစ်ဖက်လူ၏ဗဟုသုတကြောင့် အံ့အားသင့်သွားသော်လည်း အမှန်အတိုင်းသာပြန်ဖြေလာသည်။ "သမိုင်းမှတ်တမ်းတွေအရတော့ အနည်းဆုံး ဒါဇင်နဲ့ချီပြီး ရှိခဲ့ဖူးတယ်ခင်ဗျ၊ တချို့ကိုတော့ အတည်ပြုလို့ မရတော့ဘူး"

သန်းပေါင်းရာနှင့်ချီသည်အထိ အဆုံးမရှိသော နှစ်ကာလများတွင် မဟာကျိုးပြည်ထောင်ကဲ့သို့ နှစ်သန်းပေါင်းများစွာ တည်တံ့ခဲ့သော မသေမျိုးမင်းဆက်များသည် တကယ်တမ်းတော့ အချိန်စီးကြောင်းဟူသည့် သမုဒ္ဒရာထဲမှ ရေတစ်စက်သာ ဖြစ်သည်။

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်မိ၏။

ဒီလိုဆိုရင် ဒီကြယ်တံခါးအကြောင်းကို ပိုဝေးလံတဲ့ ကာလတစ်ခုအထိ ပြန်ခြေရာခံရမှာပဲ။ ဖြစ်ကောင်းဖြစ်နိုင်တာက ဒီကြယ်တံခါးအကြောင်း မှတ်တမ်းတွေ အရင်က ရှိခဲ့ဖူးပေမယ့် ဘဝကံကြမ္မာရဲ့အနိမ့်အမြင့်တွေ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုတွေကြား ဖုန်မှုန့်တွေလို လွင့်ပျယ်ပျောက်ကွယ်သွားကြလောက်ပေပြီ။

တော်ဝင်ဘိုးဘွားသင်္ချိုင်းကို တိုက်ဆိုင်စွာ ဤနေရာတွင် တည်ဆောက်ခဲ့ပြီး မဟာကျိုးပြည်ထောင်၏ အတိတ်မင်းဆက်များပင် ၎င်၏တည်ရှိမှုကို မသိခဲ့ကြဘဲ ဤနေရာ၏ ဖုန်းရွှေအငွေ့အသက်မှာ ကောင်းမွန်လှချည့်ဟူ၍သာ ရိုးရိုးရှင်းရှင်း ထင်မှတ်ထားခဲ့ကြခြင်းဖြစ်လေသည်။

သူ့ဘေးက အကြီးဆုံးတပည့် မျက်နှာပျက်ယွင်းနေသည်ကို မြင်လိုက်ရပြီး ယဲ့ကျွင်းလင်က အဓိပ္ပာယ်ပါပါဖြင့် စစ်မေးလာသည်။ "ရှောင်ဟုန်၊ ဒီဆရာ့ကို ပြောစမ်းပါဦး၊ မင်းတစ်ခုခု သိထားတာလား?"

All Chapters