← Chapters

အခန်း (၁၀၂)

Vol. 8 Ch. 102

အခန်း (၁၀၂)

Vol. 8 Ch. 102

ကောလဟလများမှာ ကြားဖူးသလောက်တော့ မသေမျိုးဘုံမှာ ဝိညာဉ်စွမ်းအင်ရဲ့ သိပ်သည်းဆဟာ စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်လောက်အောင် အင်အားကြီးလှတယ်တဲ့။

အဲ့ဘုံထဲကို ချီးတုံးပစ်ချလိုက်ရင်တောင် ဝိညာဥ်စွမ်းအင်တွေကြောင့် အသက်ဝင် ဉာဏ်ရည်ပွင့်လာပြီးကျင့်ကြံသူဖြစ်သွားနိုင်တယ် လို့ ဆိုကြသတဲ့။

"မသေမျိုးဘုံဟာ အင်အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ နေရာတစ်ခုလည်းဖြစ်ပြီး ကြုံခဲ့ဖူးသမျှ အောက်ဘုံတွေထက် ပိုပြီး ရက်စက်ကြမ်းတမ်းလိမ့်မယ်!" ဟုန်ချန်ယဲ့က တဖျတ်ဖျတ်လက်သွားသောမျက်လုံးများဖြင့် ခပ်မဲ့မဲ့ တီးတိုးဆိုလိုက်သည်။

အရင်ကာလများတွင် ‌ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်ကို သူကျော်ဖြတ်ကာ မသေမျိုးအဆင့်ထိ တက်ရောက်နိုင်ခဲ့သော်ငြား မသေမျိုးဘုံ တစ်နည်းအားဖြင့် မသေမျိုးကမ္ဘာထံသို့ သူချက်ချင်းမသွားရောက်ပါဘဲ မိမိကိုယ်ကို လေ့ကျင့်ပြင်ဆင်ရန် အလယ်ပိုင်းစီရင်စုတွင်သာ ဆက်လက်နေထိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနာမည်ကြီး မသေမျိုးဘုံသည်ကား လွန်စွာအဆင့်အတန်းခွဲခြားလှပြီး သူ၏ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတောင် ဆုံးရှုံးနိုင်သည်ဟု ကြားဖူးထား၍ပင်။

ယနေ့ခေတ်အခါလို မသေမျိုးတွေတွေ့ရှားသွားတဲ့အချိန်မျိုးမှာ ဘေးဒုက္ခကျော်လွှားခြင်းကို အောင်အောင်မြင်မြင်ကျော်ဖြတ်ပြီး မသေမျိုးဘုံအထိတက်လှမ်းနိုင်ဖို့ဆိုရင် အဲ့ဒီလူက အခက်အခဲအကျပ်အတည်းတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းစွမ်းတမံ ပါရမီရှင်မျိုး ဖြစ်ရမှာပေါ့။

မသေမျိုးအဖြစ် တက်ရောက်ချိုးဖျက်သွားနိုင်တဲ့ ကျင့်ကြံသူဟာ ခွင်းလွင်နယ်မြေမှာပဲ ဆက်နေမယ်ဆိုရင်တော့ မိုးနဲ့လေကိုတောင် ထိန်းချုပ်စိုးမိုးနိုင်ပြီး မြောက်များစွာသောကျင့်ကြံသူတို့ရဲ့ ပူဇော်အထူးကို မိန့်မိန့်ကြီးခံယူနိုင်လိမ့်မယ်။

မသေမျိုးဘုံကို တက်လှမ်းဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ အခြေတည်ထောင်ခြင်း ကျင့်ကြံသူလေးတစ်ယောက်လို အောက်ခြေကနေစရတဲ့ဘဝမျိုးကို ပြန်ရောက်သွားမှာပါပဲ။ အထက်ဘုံကို ရောက်ရောက်ချင်း စိတ်ဝိဉာဉ်မိုင်းတွင်းတွေမှာ ကျွန်အဖြစ်တောင် အလုပ်လုပ်ရနိုင်ခြေရှိသေးတယ်

ဒီလို ဆုံးရှုံးမှုမျိုးကို ဘယ်နှစ်ယောက်လောက် ခံနိုင်ရည် ရှိနိုင်မှာတဲ့လဲ!

ဆိုရိုးစကားတစ်ခုရှိပါတယ်၊ နဂါးမြီးဖြစ်ရတာထက် ကြက်ခေါင်းဖြစ်ရတာက ပိုကောင်းသတဲ့။

မသေမျိုးဘုံနောက်ခံအင်အားတစ်ခုခု ရှိထားလျှင်တော့ အကြီးအကဲများက လမ်းပြသင်ကြားပေးလိမ့်မည်။ သို့သော် သင်ကမျက်နှာမွဲတစ်ကောင်ကြွက်ဆိုလျှင်တော့ နိုင့်ထက်စီးနင်းခံရမည်မှာ အသေအချာပင်။

ဟုန်ချန်ယဲ့မှာ ဘာနောက်ခံအင်အား ဘာထောက်ပံ့မှုမှမရှိ။ သူကိုယ်တိုင်၏အရည်အချင်းစစ်ကို အားကိုးကာ မသေမျိုးဘုံအထိ တွယ်တက်လာနိုင်ခဲ့ခြင်းပင်။

ထို့အပြင် အလယ်ပိုင်းစီရင်စုတွင် သူ့ဘက်ကရန်စစိန်ခေါ်ခဲ့သောသူများ နည်းနည်းနောနောမဟုတ်လှသဖြင့် နဂိုကတည်းကရန်သူဝိုင်းနေသောအနေအထားတွင် မသေမျိုးဘုံသို့ တစ်ထီးတည်းတက်ရောက်သွားလိုက်ပါက အုပ်စုလိုက်ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

အလယ်ပိုင်းစီရင်စုတွင်နေထိုင်ခြင်းက အနည်းဆုံးတော့ သူ့အသက်လေးလုံခြုံရာရောက်ပေမည်။

အကြောင်းမှာ မသေမျိုးဘုံထက် အဆင့်ပိုမြင့်သော မသေမျိုးအရှင်များမှာ အောက်ဘုံသို့ ပေါ့ပေါ့ဆဆ ပြန်လည်ဆင်းသက်လို့ မရသောကြောင့် စစ်မှန်သော မသေမျိုးများသည်သာ အောက်ဘုံ၏ တိုက်ရည်ခိုက်ရည်၌ အမြင့်ဆုံးအဆင့်ပုဂ္ဂိုလ်များ ဖြစ်လာသည်။

အောက်ဘုံ တစ်နည်းအားဖြင့် ခွင်းလွင်နယ်မြေ၏ ကျင့်ကြံရေး ပတ်ဝန်းကျင်သည် မသေမျိုးတစ်ပါးအတွက် အလွန်နည်းပါးညံ့ဖျင်းသောကြောင့် စစ်မှန်သော မသေမျိုးများမှာ ခွင်းလွင်တွင်ဆက်နေရင်း ၎င်းတို့၏ ကျင့်ကြံရေးကို တိုးတက်အောင်လုပ်ဖို့ လွန်စွာခက်ခဲပေ၏။

ရွေးချယ်မှုနှစ်ခုစလုံးတွင် အားသာချက်များနှင့် အားနည်းချက်များ ရှိနေသည်ဟုသာ ဆိုနိုင်သည်။

ထို့ကြောင့်ပင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ဖြတ်သန်းပြီး မသေမျိုးဖြစ်လာသော ကျင့်ကြံသူအများစုသည် သက်တမ်းကုန်လုနီးမှသာ မသေမျိုးဘုံသို့ မဖြစ်မနေတက်ရသည်မှလွဲ၍ ကျန်အချိန်များတွင် အောက်ဘုံတွင်နေထိုင်ဖို့ကိုသာ ရွေးချယ်တတ်ကြပေသည်။

သူတို့အဖွဲ့လည်း ခွင်းဖန်းငှက်ကို စီးနင်း၍ မဟာကျိုးပြည်ထောင်မှ ထွက်ခွာခဲ့ကြသည်။

တောက်ပသော နေရောင်ခြည်ကို မျက်နှာမူလျက် ခွင်းဖန်းကား ဖြည်းဖြည်းမှန်မှန် ပျံသန်းလျက်ရှိ၏။

ယဲ့ကျွင်းလင်သည် လက်နှစ်ဖက်ကို ခေါင်းနောက်သို့ ပို့ကာ သက်သောင့်သက်သာဖြင့် ခုံပေါ်တွင် မှီထိုင်ရင်း မဟာကျိုးပြည်ထောင်တွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်စုံကို စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်တွေးတောနေမိသည်။

မျက်စိရှိသူတိုင်း မြင်နိုင်ပေမည်။ မရဏချောက်နက်မှ သတ္တဝါများ ငြိမ်သက်ရိုကျိုးနေရာမှ ရုတ်တရက် ပြင်ပကမ္ဘာကို ကျူးကျော်စစ် ဆင်နွှဲခဲ့ခြင်းမှာ နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦး၏ စီစဉ်မှုကြောင့် ဖြစ်သည်။

ရည်ရွယ်ချက်မှာ ကြယ်တံခါးကို သိမ်းပိုက်ပြီး နယ်မြေပြင်ပမှ ဂြိုလ်သားများကို အရှေ့ပိုင်းစီရင်စုထံ ကျူးကျော်ဝင်ရောက်ခွင့်ပြုရန်ပင် ဖြစ်ရမည်။

ကျန်ရှိသော အဓိက စီရင်စုကြီး လေးခုတွင်လည်း မကြာမီ ဤအခြေအနေမျိုးကို ရင်ဆိုင်ရ‌ပေလိမ့်မည်။

ခွင်းလွင်နယ်မြေကို ပစ်မှတ်ထားသော ကပ်ဘေးတစ်ခုသည် လျှို့ဝှက်သိပ်သည်းစွာ တိတ်တဆိတ် ဆင်းသက်လာနေသည်။

ဤအကြောင်းအရာနှင့် ပတ်သက်၍ ယဲ့ကျွင်းလင်၏ နှလုံးသားထဲတွင် ဘာမှ ထူးထူးခြားခြား မခံစားရပါ။

သူသည် မူလကတည်းက အချိန်ဖြတ်သန်းလာသူ သို့မဟုတ် ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်ပြီး လှည့်စားနိုင်သော စနစ်တစ်ခုလည်း ပိုင်ဆိုင်ထားသေးသည်မဟုတ်လော။

တစ်စုံတစ်ခုက သူ့ကို ဒါမှမဟုတ် သူ့ဂိုဏ်းသားများနှင့် ချစ်တပည့်လေးသုံးဦးကို ခြိမ်းခြောက်လာပါက လက်ညှိုးလေးတစ်ချက်အရွှေ့ဖြင့် သူအရည်ဖျော်ပစ်လိုက်နိုင်ပေသည်။

ယဲ့ကျွင်းလင် လိုက်နာသော အခြေခံမူမှာ ပေါ့ပေါ့ပါးပါးနေသင့်သည့်အခါ နေပြီး အာဏာပြသင့်သည့်အခါ ပြရမည် ဟူ၍ပင်။

မလိုအပ်သည့်အချိန်တွင် အလျင်စလိုပြုမူကာ မိမိကိုယ်ကိုဖိအားပေးခြင်းအား သူသဘောမတူပါ။

ဘဝဆိုသည်မှာ လုပ်ချင်ရာလုပ်ဖို့အတွက် ဖြစ်တည်နေခြင်းသာပင်!

"ဪ ငါ့မှာ ဒါကိုမေ့လုနီးပါးပဲ" ယဲ့ကျွင်းလင် တစ်ခုခုကို တွေးမိပြီး စနစ်အိတ်ထဲမှ အစာအိတ်တစ်လုံးကို ထုတ်လိုက်သည်။'

အိမ်ကို ဖြန်းခနဲဆွဲဖွင့်လိုက်သည်နှင့် နို့ချိုရနံ့ သင်းပျံ့လာသည်။

ဟုတ်တယ်၊ ဒါက စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ အဆင့်မြင့် အိမ်မွေးတိရစ္ဆာန် အစာပါပဲ!

"အဲ? အရမ်းမွှေးတာပဲရော်~" ပုရှောင်ရှီး နှာခေါင်းလေးတရှုံ့ရှုံ့ဖြင့် ပြောလာသည်။

ထို့နောက် ယဲ့ကျွင်းလင်၏ လက်ထဲမှ အစာအိတ်ကို မြင်သောအခါ မျက်လုံးများ တောက်ပလာပြီး ပျော်ရွှင်စွာ ပြေးလာလေသည်။

"ဆရာသခင်၊ ရှုရှု စားကြည့်လို့ရမလား?"

ပုရှောင်ရှီး၏ သွားရည်တမျှားမျှားဖြင့် ပုံစံကိုကြည့်ရင်း ယဲ့ကျွင်းလင် မထိန်းနိုင်ဘဲ တဟားဟားရယ်မောကာ ဟန့်တားလိုက်သည်။ "ဒါက အိမ်မွေးတိရစ္ဆာန်တွေ စားဖို့လေ"

"အိမ်မွေးတိရစ္ဆာန်?"

ပုရှောင်ရှီး ခေါင်းစောင်းလိုက်ပြီး "ဒါပေမဲ့ ရှုရှုလည်း အိမ်မွေးတိရိစ္ဆာန်လေးပဲလေ!" ဟု စောဒကတက်လိုက်သည်။

သူ့ရှေ့မှ အမွေးထူသော ကြွက်ခေါင်းလေးကို စိုက်ကြည့်နေရင်း ယဲ့ကျွင်းလင် ပြန်မချေပနိုင်တော့ပေ။

သူ့တပည့်လေး၏ မူလခန္ဓာက ကြွက်ဖြူတစ်ကောင်ဖြစ်ခြင်းကိုပင် သူမေ့လုလုဖြစ်နေလေပြီ။

သူသည် မူလက ၎င်းကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူရန် ခေါ်ယူခဲ့ခြင်းဖြစ်သောကြောင့် အိမ်မွေးတိရိစ္ဆာန်အစာကိုစားရာတွင် မှားယွင်းစရာမရှိနိုင်။

"ကောင်းပြီလေ၊ ဒီအိတ်ကို မင်းအတွက် သရေစာအဖြစ် ပေးမယ်!" ယဲ့ကျွင်းလင် အစာတစ်အိတ်ကမ်းပေးလိုက်သည်။

"ဟုတ်ကဲ့! ကျေးဇူးတင်ပါတယ် ဆရာသခင်!" ပုရှောင်ရှီးသည် အစာအိတ်ကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေယူကာ ကလေးငယ်တစ်ဦးကဲ့သို့ ခေါင်းပေါ်သို့ မြှောက်ပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

အဝေးတစ်နေရာတွင် တင်ပျဥ်ချိတ်ထိုင်နေသော ဟုန်ချန်ယဲ့သည် စိတ်ထဲမှ ကဲ့ရဲ့ရှုတ်ချနေမိသည်။ "ဒီအရူးမလေးဟာ တစ်နေ့လုံး ဘာမှကျင့်ကြံအားထုတ်ခြင်းလည်းမရှိ စားပြီးရင်းစား စားဖို့ပဲသိတဲ့ဟာလေး၊ ဟိုလူ့ဆီက အကျင့်ဆိုးတွေကူးလာတာပဲဖြစ်မယ်"

ဟုန်ချန်ယဲ့သည် ပုရှောင်ရှီး၏ ကိုယ်ခန္ဓာမှာ အလွန်အားကောင်းပုံရကြောင်း မြင်နိုင်သော်လည်း ယဲ့ကျွင်းလင်၏တပည့်အဖြစ် မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာပြီးကတည်းက တစ်နေ့ကုန်တစ်နေခမ်း ဘာမှ မလုပ်ဘဲ ယဲ့ကျွင်းလင်၏ နံပါတ်တစ်နောက်လိုက် ဖြစ်လာရန်သာ ဆန္ဒရှိနေလေသည်။

ယခုအချိန်အထိ သူမသည် ဝိညာဉ်အဆင့်တက်ခြင်း၏ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်!

သူ့အမြင်အရတော့ ဒီလို အရည်အချင်းကို ဖြုန်းတီးတဲ့ အပြုအမူဟာ ဘဝသက်တမ်းကို အကျိုးမဲ့ဖြုန်းတီးနေတာနဲ့ အတူတူပါပဲ!

ပုရှောင်ရှီးသည် လက်ကို ဆန့်တန်းလိုက်ပြီး အစာအနည်းငယ်ကို ဆုပ်ယူလိုက်သည်။ အစာခဲလေးများမှာ ဆီးသီးလေးများနှင့်သဏ္ဍာန်တူပြီး အဖြူရောင်တောက်ပလျက် မွှေးကြိုင်နေသည်ပင်။

ထို့နောက် သူမသည် ပါးစပ်ထဲသို့ ပစ်ထည့်ကာ အရသာခံကြည့်လိုက်သော် မျက်လုံးလေးများ ပျော်ရွှင်မှုကြောင့် မှေးမှိတ်သွားသည်အထိ။

"အရမ်းအရသာရှိတာပဲ~"

ပုရှောင်ရှီးသည် အရသာခံ၍ စားသောက်နေပြီး တဖြည်းဖြည်း စွဲလမ်းလာကာ လုံးဝ ရပ်တန့်၍ မရတော့ပေ!

မကြာမီ သူမ၏ ခန္ဓာကိုယ်မှ တောက်ပသော အရောင်အဝါများ ထွက်ပေါ်လာပြီး သူမ၏ ချွေးပေါက်တစ်ခုချင်းစီမှ အားအင်အပြည့်နှင့် အလင်းတန်းများ စီးဆင်းထွက်ကျလာသည်။

နောက်တစ်စက္ကန့်အကြာတွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပုရှောင်ရှီး၏ ကျင့်ကြံရေးအဆင့်သည်လည်း လျင်မြန်စွာ မြင့်တက်လာသည်!

ဝိညာဉ်အဆင့်တက်ခြင်း အစောပိုင်းမှ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွဋ်အထိပ်၊ ပြီးပြည့်စုံခြင်း!

အောင်မြင်မှု!

ခန္ဓာပေါင်းစည်းခြင်းအဆင့်!

ဒါနဲ့တင် မပြီးသေးပါဘူး။

ပုရှောင်ရှီး အဆက်မပြတ် စားသုံးနေသည်နှင့်အမျှ သူမ၏ ကျင့်ကြံရေးအဆင့်သည်လည်း မနားတမ်း ဆက်လက် မြင့်တက်လာသည်။

အစာအိတ်တစ်ခုလုံး အပြောင်စားပြီးသောအခါ သူမ၏ ကျင့်ကြံဆင့်သည် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားတော့လေ၏။

"ဒါ၊ ဒါ၊ ဒါ၊ ဒါ…" ဟုန်ချန်ယဲ့သည် အံ့သြဆွံ့အလျက် သူ၏ မွေးရာပါဦးနှောက်လေး ဤမြင်ကွင်းကြောင့် ပျက်စီးသွားသလို ခံစားလိုက်ရကာ နောက်ဆုံးတော့ ဤကမ္ဘာကြီးအား သူလုံးဝနားမလည်နိုင်‌တော့ပါကြောင်း လက်ခံလိုက်ရသည်။

ဘာလို့ အရာအားလုံးက မယုံနိုင်စရာကောင်းတဲ့အထိ ထူးဆန်းနေရတာလဲ?!

All Chapters