← Chapters

သူတို့သိပြီးသား

Vol. 102 Ch. 1426

သူတို့သိပြီးသား

Vol. 102 Ch. 1426

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် လောကအသေးတွင် နှစ်ရက်ကြာ အောင် နေထိုင်ကြ်သည်။ ဝူလင်းယူအပြင်တွင် ဖြေရှင်းစရာကိစ္စရှိသည်ဟု ခံစားမိသည်နှင့် သူ သူမကိုခေါ်ထုတ်လိုက်သည်။

ထိုအချိန်တွင် ကျုံကျန်းမျိုးနွယ်သည် ပြာပုံဖြစ်နေလေပြီ။ မီးတောက်များ သည် လောင်ကျွမ်းနေတုန်းပင်။ ကြည့်လိုက်သည်နှင့်ပင် ရှီမန်မိသားစု ပြိုကွဲခဲ့ အချိန်က ပုံစံနှင့်တစ်ထပ်တည်းပင်။

ရှီမန်ဖန်နှင့် ဘိုင်ရှန်းတို့သည် စစ်မြေပြင်ကို ရှင်းလင်းရန်ညွှန်ကြားနေ သည်။ သူတို့ ရှီမာယူယူနှင့် ဝူလင်းယူတို့ကိုမြင်သောအခါ ရောက်လာကြသည်။

“အခုအခြေအနေ ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက်သည်။

“ပြီးတော့မှာ တစ်ဖက်မှာလည်း ပြီးခါနီးပြီလို့ တောင်ကြားသခင်ဆီက သတင်းရတယ်၊ ရင်ယန်နန်းတော်လည်း ပျက်စီးသွားပြီ တောင်ကြားတပည့် တွေကတော့ ဒဏ်ရာရတဲ့သူမများဘူး၊ သူတို့ကိုလည်းခေါ်သွားခိုင်းလိုက်ပြီ” ရှီမန်ဖန် ပြောလိုက်သည်။

“ဟုတ်လား” ရှီမာယူယူ၏ စိတ်ထဲမှအသံသည် တိုးညင်းသွားသည် “ဆရာတို့ တာဝန်ယူထားတယ်ဆိုတော့ အောင်မြင်မယ်ဆိုတာ သိပြီးသားပါ”

“ဒါပေမဲ့ ကိစ္စတစ်ခုရှိတယ်….”

“ဘာဖြစ်လို့လဲ” ရှီမာယူယူသည် သူတို့တွေဝေနေသည်ကို မြင်ရသည်။ သူမ စိတ်များလှုပ်ရှားလာသည်။

“နင့်သရုပ်မှန်လေ ပြီးခဲ့တဲ့နှစ်ရက်က အကုန်သတင်းပျံ့ကုန်ပြီ နင့် သရုပ်မှန်ကို သိတဲ့လူများနေပြီ” ရှီမန်ဖန် ပြန်ဖြေလေသည်။

ပြန်လည်မွေးဖွားသည့် သတင်းသည် လျင်မြန်စွာပင် ပျံ့နှံ့သွားလေသည်။ တစ်ခါတည်းဖြန့်ရန်ပင် မလိုတော့ပေ။

ရလဒ်အရ လူအများသည် သူမသရုပ်မှန်ကိုသိသွားကြပြီး တောင်ကြား တပည့်များအပြင် ရှီမာလျူရွှမ်ပါ တောင်ကြားတွင်ရှိသည့်သတင်းပါ ပြန့်သွား လေသည်။

ရှီမာယူယူ ရှီမာလျူရွှမ်ကို စဉ်းစားမိလိုက်ချိန်တွင် စိတ်မှာမပျော်ရွှင်တော့ ပေ။

“သိပြီ”

“နင် အရင်ပြန်ချင်လား တောင်ကြားက…” ရှီမန်ဖန်သည် တွေဝေနေ သည်။ ရှီမာလျူရွှမ်နှင့် ရှီမာရှုံ့ချီတို့ မည်သို့တွေးသည်ကို သူ မသိနိုင်ပေ။

ရှီမာယူယူသည် ခေတ္တမျှ နှုတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လေသည် “ဒီကိစ္စ ကို သူတို့ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြရမယ်”

ထိုအရာကို ရှောင်ရှားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှင်းပြလိုက်သည်က ပိုကောင်းသည်။

သူတို့လက်ခံနိုင်လျှင် သူမ ထိန်းချုပ်မှုထက် သာလွန်မည်။

ဝူလင်းယူသည် သူမလက်ကို ဆုပ်ကိုင်လိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် မင်းနဲ့အတူရှိမယ်”

“အင်း” ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည်။ ရှီမာလျူရွှမ်တို့ မည်သို့ တုံ့ပြန်မည်ကို သူမ မသေချာပေ။

ကံကောင်းစွာပင် သူသည် သူမဘေးတွင်ရှိနေရန် ဆန္ဒရှိသည်။

သူမနှင့် ဝူလင်းယူတို့သည် တောင်ကြားသို့ပြန်ကြလေသည်။ သူတို့ အပြင်ဘက်သို့ရောက်သောအခါ သူမ စိတ်လှုပ်ရှားလာသည်။ သူမ မဖြစ်စေချင် သည့် တစ်စုံတစ်ရာဖြစ်လာမည်ကို သူမ ကြောက်မိသည်။

ရှီမာယူယူနှင့် ရှီမန်ယူယူတို့သည် မူလကပင် ဝိညာဉ်တစ်ခုတည်းဖြစ် သည်။ သူမသည် နောက်ပိုင်းမှပင် အားလုံးကို အလွယ်တကူလက်ခံနိုင်ခဲ့သည်။ ရင်လင်းပင်လျှင် ထိုသို့ပင်ပြောခဲ့သည်။

သို့သော် ရှီမာလျူရွှမ်တို့အတွက်ကတော့ ထိုအကြောင်းအရင်းကို လက်ခံ နိုင်ဖို့ရာ မလွယ်နိုင်ပေ။

သူမ စိတ်ထဲမှ သက်ပြင်းချမိသည်။ သူမ ရောက်သွားချိန်တွင်တော့ ဝင် မသွားချင်ပေ။

“သူတို့ နားလည်မယ်လို့ ထင်ပါတယ်” ဝူလင်းယူသည် သူမလက်ကို ဆုပ်ကိုင်ပြီး သူတို့ကိုရင်ဆိုင်ရန် သတ္တိပေးနေသည်။

“ညီမ….” ရှီမာယူယူသည် စိတ်လှုပ်ရှားနေသည် “ညီမက အဖေနဲ့ အတူ နေလာခဲ့ပြီးပြီ သူ့ရဲ့စိတ်ပျက်သွားတဲ့ မျက်လုံးတွေကို မကြည့်ချင်ဘူး၊ အဘိုးနဲ့ အဘွားက ညီမကိုအရမ်းကြင်နာကြတယ် ညီမ…”

“မကြောက်နဲ့ သူတို့မင်းကိုလက်မခံနိုင်ရင်….” ဝူလင်းယူ စကားမဆုံးခင် မှာပင် ရှီမာယူယူသည် သူ့ကိုလှည့်ကြည့်လေသည်။

“အဲလိုဆို ဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

“မဖြစ်နိုင်ပါဘူး သူတို့က မင်းကိုလက်မခံဖို့က မဖြစ်နိုင်ဘူး၊ အဲလိုဆို သူတို့လက်ခံတဲ့အထိ ရိုက်ပစ်လိုက်ပေါ့၊ သာမန်လူသာဆိုရင် သူတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းတွေထောင်ချီရှိတယ်၊ သူတို့က မင်းဆွေမျိုးတွေလေ အဲဒီတော့ အဲနည်းလမ်းတွေက အသုံးမဝင်ဘူး” ဝူလင်းယူသည် မတတ်သာစွာ ပြောလေသည်။

“ဟားဟား…” ရှီမာယူယူသည် သူ့အမူအရာကြောင့် သဘောကျသွား လေသည်။ သူမ စိတ်များ သက်သာရာရသွားသည်။ သူမ ပြုံးလိုက်သည် “သွား ကြမယ် ညီမရင်ဆိုင်ရမှာပေါ့”

သူတို့နှစ်ယောက်သည် တောင်ကြားဆီသို့ ပျံသွားကြသည်။ သူတို့ ဂိုဏ်း ကိုရောက်သောအခါ ရပ်ပြီး လမ်းလျှောက်ကြလေသည်။

တောင်ကြားတပည့်များသည် ရှီမာယူယူကို စိတ်ပါလက်ပါနှုတ်ဆက်ကြ လေသည်။ သူမအပေါ်ထားသော သူတို့သဘောထားများမှာ ပြောင်းလဲမှုမရှိ ပေ။

ပြောင်းလဲမှုရှိပါကလည်း သူတို့အကြည့်များသည် ပို၍တက်ကြွသည့်ပုံစံ သာရှီမည်။ ပြန်လည်မွေးဖွားခြင်း…. လူဘယ်နယောက်ကများ ဒီလို အခွင့်အရေးရနိုင်မှာလဲ။ သူတို့တောင်ကြားဒုသခင်မှာ ဒီလိုအံ့လောက်စရာ ကိစ္စ ဖြစ်လာတာကိုတော့ ပြောမနေနဲ့တော့။

ရှီမာယူယူသည် သူတို့ကိုခေါင်းညိတ်ပြီး ပြန်တုံ့ပြန်လိုက်သည်။ မသိလိုက်ခင်မှာပင် သူမခြံဝန်းသို့ရောက်လာသည်။

သူမသည် ပင့်သက်ပြင်းပြင်းရှိုက်ကာ ခြံဝန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ ခဏအကြာမှာပင် ကျောက်စားပွဲတွင် ငေးငိုင်စွာထိုင်နေသော ရွှီမာလျူရွှမ်ကို မြင်လိုက်ရသည်။

ရှီမာလျူရွှမ်သည်လည်း ရှီမာယူယူကိုသတိထားမိပြီး သူမကို လက်ဝှေ့ပြ လေသည်။

ရှီမာယူယူသည် ဖြည်းညင်းစွာပင် လျှောက်သွားလိုက်သည်။

“ပြန်လာပြီလား ဒဏ်ရာရသွားသေးလား”

“သမီး… အဆင်ပြေပါတယ်” ရှီမာယူယူ စကားစလိုက်သည် “အဖေ အဲကိစ္စကို သိပြီးပြီလား”

“ပြန်မွေးဖွားတာကိုလား” ရှီမာလျူရွှမ် အားရပါးရရယ်မောလိုက်သည် “သိထားတာ ကြာနေပြီ”

“ကြာနေပြီဟုတ်လား” ရှီမာယူယူ အံ့အားသင့်သွားသည်။

ရှီမာလျူရွှမ် ခေါင်းညိတ်လိုက်သည် “ဟုတ်တယ် ကြာပြီ”

“ဒါဆိုရင်… ဘယ်တုန်းကလဲ…” ရှီမာယူယူ မေးလိုက်သည်။

“သမီးမွေးလာတုန်းက” ရှီမာလျူရွှမ် ပြန်တွေးတောလိုက်သည် “ရင်လင်း က အဖေနဲ့သမီးကိုကယ်ပြီးတော့ သမီးက အသက်နှစ်ခုနဲ့မွေးဖွားလာတယ်လို့ ပြောတယ်၊ အစက သမီးရဲ့ဝိညာဉ်က မပြည့်စုံဘူး၊ ပြီးတော့ ကျင့်ကြံလို့လည်းရ မှာမဟုတ်ဘူး၊ သမီးဝိညာဉ်ပြည့်စုံသွားတဲ့အထိစောင့်မှ ကျင့်ကြံလို့ရမယ်တဲ့၊ သမီး ဆည်းဆာတောင်မှာ အားကောင်းတာကိုမြင်ပြီးတော့ အဖေသိလိုက်တာ”

“ဒါပေမဲ့ သမီးက အဆိပ်ကြောင့် မကျင့်ကြံနိုင်တာလေ ဝိညာဉ်ကြောင့် မဟုတ်ဘူး” ရှီမာယူယူသည် ရင်လင်းပြောထားလိမ့်မည်ဟု ထင်မထားပေ။

စဉ်းစားကြည့်လျှင် သူမ ထာဝရရှင်သန်သူနယ်မြေသို့ မဝင်ခင် ပြောလာ သည်မှာ သူအရင်ကတည်းက သိထားသည်ဟု ဆိုလိုသည်။ သူ ရှီမာလျူရွှမ်ကို ပြောထားသည်မှာလည်း မထူးဆန်းတော့ပေ။

ရှီမာလျူရွှမ်သည် သူ့ဘေးတွင်ထိုင်နေပြီး သူမ ရှုပ်ထွေးနေသည့် မျက်နှာ ကိုကြည့်လိုက်သည် “ဘယ်ကြောင့်ဖြစ်တယ်ဆိုတာ အရေးမကြီးတော့ပါဘူး၊ သမီးက အရင်ကဘယ်သူဖြစ်တယ်ဆိုတာလည်း အရေးမကြီးဘူး အရေးကြီး တာက သမီးက အဖေ့သမီးပဲ၊ သမီးက သမီးအမေနဲ့အဖေတို့ရဲ့ ရလဒ်ပဲ၊ အဲဒါဆို လောက်ပြီ”

“ဒါဆိုရင် အဘိုးတို့ရောသိလား”

“အဖေက သူတို့ကိုပြောထားတာကြာပြီ အဲတော့ သိကြတာပေါ့” ရှီမာလျူရွှမ် ပြန်ဖြေလိုက်သည် “သမီး သူတို့ကိုစိတ်ပူဖို့မလိုပါဘူး”

“ဒါဆို အဘိုးတို့လည်း သိတာပေါ့”

“ဟုတ်တယ် သူတို့ကို အမှန်တရားကိုစောစောကတည်းက ပြောပြီးသား ပဲ”

“သူတို့က အဲလောက်မဖြစ်နိုင်တဲ့ကိစ္စကို ယုံကြလား”

“ရင်လင်းက ပြောတယ်လို့ ပြောလိုက်တယ်လေ အဲတော့ သူတို့ယုံကြ တာပေါ့”

“အဖေ…” ရှီမာယူယူသည် ရှီမာလျူရွှမ်ကို ခံစားချက်အပြည့်ဖြင့်ကြည့် လိုက်သည်။

သူမ ပြန်လာလျှင် ယိုးစွပ်ခြင်း စိတ်ပျက်ခြင်းများနှင့် ဒေါသများကို ရင်ဆိုင်ရလိမ့်မည်ဟု သူမ ထင်ထားသည်။ သူမ ရင်ထဲထိသွားရလိမ့်မည်ဟု ထင်မထားပေ။

“သမီးအဖေ ပြောတာဟုတ်တယ်” ရှီမာလျူရွှမ်နှင့် ဟွမ်ရင်ရင်တို့သည် သူတို့အခန်းမှထွက်လာကြပြီး ရှီမာယူယူကို ပြုံးပြကြလေသည် “အဘိုးတို့က ဒီအကြောင်းကို သိပြီးသားပဲ၊ အဘိုးတို့မသိတာက သမီးရဲ့အရင်ဘဝက သရုပ်မှန်နဲ့ အတွေ့အကြုံပဲ အခုတော့သိသွားပြီ”

ဟွမ်ရင်ရင်ရောက်လာသည် “သနားစရာငါ့ကလေးလေး အရင်က ဒီလို တွေ့ကြုံရမယ်လို့ ထင်မထားဘူး၊ သမီးရဲ့အရင် ဆွေမျိုးတွေမရှိတော့ဘူး ဝမ်းမနည်းပါနဲ့တော့၊ သမီးမှာ အဘိုးအဘွားတွေရှိသေးတယ်”

***

All Chapters