ဇာမဏီနိဗ္ဗာန်မီး၊ ပြန်လည်မွေးဖွားခြင်း မီးတောက်
Vol. 102 Ch. 1427
ရှီမာယူယူသည် သူတို့အားကြည့်လိုက်သည်။ မျက်ရည်များမှာ အဆက် မပြတ်စီးဆင်းလာသည်။ သူမသည် မငိုမိအောင်ကြိုးစားသော်လည်း မျက်ရည် များမှာ အလိုလိုကျလာသည်။
“အသက်ကဖြင့်ကြီးနေပြီ ငိုနေတုန်းလား” ဟွမ်ရင်ရင်သည် သူမမျက်နှာ မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။
“ဘယ်တုန်းကငိုလို့လဲ” ရှီမာယူယူသည် ရှက်ရွံ့သွားကာ အမြန်ပင် မျက်နှာကို သုတ်လိုက်သည်။
ရှီမာလျူရွှမ်သည် ဝူလင်းယူဘက်ကြည့်လိုက်သည်။ သူ့ကို ကယ်တင်စဉ် က သူသည် စိတ်ရှုပ်နေဆဲဖြစ်ကာ ဝူလင်းယူသည် သတိမေ့နေချိန်ဖြစ်သည်။
ဝူလင်းယူနိုးလာချိန်တွင် ရှီမာလျူရွှမ်တို့သည် အဝေးသို့ရောက်နေရာ သူတို့ မတွေ့ဖူးကြပေ။
ပြောရလျှင် သူတို့နှစ်ယောက် တရားဝင်တွေ့ဆုံသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။
“မင်းအကြောင်းတွေ ကြားရပါတယ်” ရှီမာလျူရွှမ် စကားစလေသည် “မင်းကတော်ပြီး ယူယူကမင်းကို သဘောကျပြီးအတူရှိချင်ပေမဲ့ ယူယူ့ဆီကို အန္တရာယ်တွေ မယူလာဖို့ပဲ မျှော်လင့်ပါတယ်”
“ကျွန်တော် ကိုယ့်ကိစ္စကိုယ် ဖြေရှင်းပါ့မယ်” ဝူလင်းယူ ပြောလိုက်သည် “သူမကို အန္တရာယ်မဖြစ်စေရပါဘူး”
“မင်းပြောတဲ့အတိုင်း လုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်” ရှီမာလျူရွှမ် ထပ်ပေါင်းပြောလိုက်သည် “အဲလိုမဟုတ်ဘဲ သူမကိုအန္တရာယ်ဖြစ်စေမယ် ဆိုရင် မင်းလက်ထဲထည့်ဖို့ကို သဘောမတူဘူး”
“ဟုတ်ကဲ့ပါ” ဝူလင်းယူသည် များများစားစားမပြောပေ။ သူသည် စကား များသောပုံစံမဟုတ်ပေ။ သို့သော် သူ့စကားများသည် တောင်တစ်လုံးလောက် ကို လေးလံသည်။
ရှီမာယူယူနှုတ်ခမ်းတွန့်လိုက်သည်။ မြင်ကွင်းက ဘာလို့ဒီလောက် မြန်မြန်ပြောင်းသွားရတာလဲ။
သူမသည် ရင်ထဲထိနေခဲ့သည်။ နောက်စက္ကန့်အတွင်းမှာပင် ယောက္ခထီး နှင့် သားမက်တွေ့ဆုံပွဲဖြစ်သွားရသည်။ သူတို့နှစ်ယောက်လုံးသည် သူမ မြင်ကွင်းနှင့် မကိုက်ညီလောက်အောင်ပင် တည်ငြိမ်လေးနက်နေခဲ့သည်။
သူမသည် ဖခင်ဖြစ်သူနှင့် သားမက်တို့တွေ့ဆုံသည်ကို မကြောက်ပေ။
သူတို့အတူရှိနေသည့်အချိန်အတွင်းတွင်သူမသည် ရှီမာလျူရွှမ်၏ စိတ်ကို သိပြီးသားဖြစ်သည်။ သူမ သဘောကျသရွေ့ သူဝင်စွက်ဖက်မည်မဟုတ်ပေ။
ထို့ကြောင့် သူသည် ဝူလင်းယူကို ကသိကအောက်မဖြစ်မိပေ။ သူသည် အလွန်တော်ပြီး သူမကိုအလိုလိုက်သည်ကိုတော့ ပြောရန်ပင်မလိုပေ။
တစ်ခုတည်းသော စိုးရိမ်မှုမှာ သူ၏ နတ်ဆိုးမျိုးနွယ် သရုပ်မှန်သာဖြစ် သည်။ နတ်ဆိုးဘုရင်နှင့် ပြိုင်ဘက်ဆိုပါက နတ်ဆိုးလောကမှကိစ္စများသည် ချောမွေ့မည်မဟုတ်ပေ။ သူမကို အန္တရာယ်ယူဆောင်လာနိုင်သည်။
သို့သော် အန္တရာယ်ဟုဆိုပါက သူမတွင် ရန်သူများစွာရှိသည့်ပုံပင်။ အထူး သဖြင့် အရှေ့မျှတမှုမြို့တော်တွင်ရှိစဉ်ကဖြစ်သည်။ သူမနှင့် တစ္ဆေမျိုးနွယ်တို့ သည် ရန်ငြိုးရန်စများသည်။
မျှော်လင့်ရသည်မှာ သူမ မိခင်ဖြစ်သူကို သွားကယ်စဉ်တွင် မည်သည့် သက်ရောက်မှုမှမရှိဖို့ပင်…
“ဟုတ်ပြီ အဲလိုကိစ္စတွေ ပြောချင်ရင် ဘေးကိုထွက်နေလိုက် ယူယူက အခုမှပြန်လာတာ သူမကိုကောင်းကောင်း နားခိုင်းလိုက်ပါဦး” ဟွမ်ရင်ရင် စကားဖြတ်ပြောလေသည်။
“အဘွား သမီးမပင်ပန်းပါဘူး” ပြန်မလာခင်တွင် ရှီမာယူယူသည် ဝူလင်းယူ ရင်ခွင်ထဲတွင် အတန်ကြာအောင် အနားယူခဲ့သည်။ သူမသည် ပင်ပန်းမှုများ မရှိတော့ပေ။
သူမသည် ဝူလင်းယူကို ကြည့်လိုက်သည် “လင်းယူ အစ်ကိုက ဗဟုသုတ ရှိတယ်၊ အဖေ့အခြေအနေ ပြန်ကောင်းနိုင်မယ့် နည်းလမ်းရှိလား”
“ဟုတ်ပြီ ကိုယ် ဦးလေးအခြေအနေကို စမ်းကြည့်ဖို့လိုမယ်” ဝူလင်းယူ ပြန်ဖြေလိုက်သည်။
မလိုအပ်ဟု ရှီမာလျူရွှမ် ပြောချင်နေသည်။ သူ့ခန္ဓာကိုယ်သည် သည်အထိပင် ပြိုပျက်နေရာ ပြန်ကောင်းလာနိုင်ပါ့မလား။
သူမ၏ စိတ်အားထက်သန်သောအကြည့်ကို မြင်ပြီး သူမငြင်းဆန်နိုင်ပေ။ သူသည် ဝူလင်းယူကို စမ်းသပ်ခိုင်းရတော့သည်။
ဝူလင်းယူသည် ရှီမာယူယူစကားကို နားထောင်ပြီး ရှီမာလျူရွှမ်ကို စမ်းသပ်ပေးလေသည်။ သူသည် အခြေအနေကို အကြမ်းဖျင်းနားလည်လိုက် သည်။
“ဘယ်လိုလဲ နည်းလမ်းရှိလား” ရှီမာယူယူ မေးလိုက်သည်။
“ဦးလေး အကြောတွေက အသုံးမဝင်တော့ဘူး အဲဒါကြောင့် အခု ကျင့်ကြံ လို့မရနိုင်ဘူး” ဝူလင်းယူ ပြောလိုက်သည် “ပြန်ကောင်းဖို့ဆိုရင် ခန္ဓာကိုယ်ကို ပြန်ပုံသွင်းဖို့ နည်းတစ်ခုပဲရှိမယ်”
“ခန္ဓာကိုယ်ကို ပြန်ပုံသွင်းမယ်ဟုတ်လား”
“တကယ်တော့ သူ့သွေးကြောနဲ့ အကြောတွေကို ပြန်ပုံသွင်းတာပါပဲ” ဝူလင်းယူ ရှင်းပြလေသည်။
“ဒါဆိုရင် နည်းလမ်းရှိလား”
“နည်းလမ်းတော့ရှိတယ် ဒါပေမဲ့ ပစ္စည်းတွေ ပြင်ဆင်ဖို့အချိန်လိုတယ်” ဝူလင်းယူ ပြန်ဖြေလေသည်။
“ရှာဖို့ခက်လား” ရှီမာယူယူ မေးလိုက်သည်။
“တစ်ခုက ရှာဖို့ခက်တယ် နောက်တစ်ခုက ရှိသေးလားတောင် မသိတော့ ဘူး”
“ဘာလိုတာလဲ”
“အံ့ဖွယ်ဆေးနှစ်ခုပဲ ပြီးတော့ ချင်ယိနဲ့ ရှောင်ချီတို့ရဲ့ အဆီအနှစ် နည်းနည်းရယ်၊ ကျန်တဲ့ဆေးပစ္စည်းတွေက အကူလောက်ပဲ”
“အံ့ဖွယ်ဆေးနှစ်မျိုးလား” ရှီမာရှုုံချီတို့သည် လေသံဖြင့်ပြောကြလေ သည်။
အံ့ဖွယ်ဆေးအားလုံးသည် အဖိုးတန်ကာ နှစ်ခုတည်းဆိုလျှင် ပြောမနေ နှင့်။
“ချင်ယိနဲ့ ရှောင်ချီ၊ သူတို့ကို အကူအညီတောင်းကြည့်မယ် အခု အံ့ဖွယ် ဆေးအကြောင်းပြောကြတာပေါ့” ရှီမာယူယူသည် အံ့ဩမှုမှ လျင်မြန်စွာပင် သတိပြန်ဝင်လာသည် “အံ့ဖွယ်ဆေးနှစ်မျိုးကဘာတွေလဲ”
“မင်းကိုအရင်က တစ်ခါပြောဖူးပါတယ် ဇာမဏီနိဗ္ဗာန်မီး” ဝူလင်းယူ ပြောလိုက်သည် “နောက်တစ်ခုက လျှို့ဝှက်မိသားစုတွေရဲ့ ပြန်လည် မွေးဖွား ခြင်း မီးတောက်ပဲ”
“ဇာမဏီနိဗ္ဗာန်မီးနဲ့ ပြန်လည်မွေးဖွားခြင်းမီးတောက်”
ဝူလင်းယူ သူမကို အံ့ဖွယ်အရွတ်ပေးစဉ်က ပညာရှိစံအိမ်တော်မှာ အံ့ဖွယ် ဆေး ဇာမဏီနိဗ္ဗာန်မီးရှိသည်ဟု ပြောဖူးသည်ကို မှတ်မိသေးသည်။
သို့သော် ပြန်လည်မွေးဖွားခြင်းမီးတောက်ကိုတော့ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
“အရင်တစ်ခေါက် ကိုယ်ပညာရှိစံအိမ်တော်ကိုသွားတုန်းက ဇာမဏီ နိဗ္ဗာန်က အဖူးနှစ်ခုရှိနေပြီ အခုပွင့်ပြီလားတော့မသိဘူး၊ မပွင့်သေးရင်လည်း စောင့်လို့ရပါတယ်” ဝူလင်းယူသည် ပညာရှိစံအိမ်တော်၏ အံ့ဖွယ်ဆေးရှိရာ နေရာကို တိုက်ရိုက်ပင်ဖော်ထုတ်လေသည်။
“ဒါဆိုရင် ပြန်လည်မွေးဖွားခြင်းမီးတောက်က ဘယ်သူ့မှာရှိတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“မနှစ်က ပြန်လာတဲ့သတင်းအရတော့ တစ်ခုက ဖုံးကွယ်နေတဲ့ မိသားစု တွေမှာရှိတယ်တဲ့၊ ဒါပေမဲ့ သူတို့အကြောင်းက အပြင်ကိုသတင်းထွက်ခဲတယ် အဲဒါကြောင့် သူတို့ဘယ်မှာလဲဆိုတာ မသိကြဘူး၊ ဒါပေမဲ့ စုံစမ်းလို့ရပါပြီ အဲဒါကြောင့် အဲဒါကိုစိတ်မပူနဲ့၊ ဒါပေမဲ့ လျှို့ဝှက်မိသားစုတွေက သန်မာကြ တယ်၊ အံ့ဖွယ်ဆေးနေရာကို ကိုယ်တို့သိရရင်တောင် ရဖို့မလွယ်ဘူး”
လျှို့ဝှက် မိသားစုများသည် အမှန်တကယ်ပင် သန်မာကြသည်။ ရွှမ်ချုံ မိသားစု တိမ်တိုက်ပင်လယ်မှာ လှုပ်ရှားစဉ်က လျှို့ဝှက်ဆန်းကြယ် အင်အားစု နောက်ဆုတ်သည်ကို ကြည့်လျှင်သိနိုင်သည်။
သူတို့သည် ထိုလူများလက်ထဲမှ အံ့ဖွယ်ဆေးကိုလိုချင်ပါက ခက်ခဲနိုင် သည်။
“ဘယ်လောက်ပဲခက်ခက် ညီမယူရမယ်” ရှီမာယူယူကြေညာလိုက်သည် “လင်းယူ အဲ့ဘက်က ဇာမဏီနိဗ္ဗာန်မီးအခြေအနေကို စစ်ပေးလို့ရလား”
“ကိုယ်လည်း မပြန်တာ ဆယ်စုနှစ်တွေများနေပြီဆိုတော့ ပွင့်ပြီလားကို မသိဘူး၊ မင်းအတွင်းပိုင်းဒေသကိုပြန်ရင် ကိုယ်လည်းသွားကြည့်လိုက်မယ်” ဝူလင်းယူ ပြောလိုက်သည်။
“ဒီကကိစ္စက ပြီးခါနီးပါပြီ၊ သူတို့အကုန်လုံးပြန်လာရင် နှုတ်ဆက်ပြီး တော့ သွားရုံပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ” ရှီမာရှုံ့ချီတို့သည် သူတို့မိသားစုဆီသို့ ပြန်ချင်ကြသည်။ သူတို့သည် ရှီမာလျူရွှမ်ကိုရှာဖို့ ထွက်ကတည်းကပင် မပြန်ရသေးခြင်းဖြစ် သည်။
သူတို့ပြန်ရောက်ချိန်တွင် မည်သို့ဖြစ်နေသည်ကို သိချင်နေကြသည်။
“ကောင်းပြီ သူတို့ပြန်လာတဲ့အထိစောင့်ကြတာပေါ့”
ရက်အနည်းငယ်ကြာပြီးနောက်တွင် ရှီမန်ဖန်နှင့် လျန်ဝူမင်တို့အဖွဲ့သည် ရှေ့ဆင့်နောက်ဆင့် ပြန်လာကြသည်။ သူတို့အားလုံးပြန်လာပြီးနောက်တွင် ရှီမာယူယူသည် ထွက်သွားတော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။
အားလုံး တိတ်ဆိတ်သွားကြလေသည်။ သူမ ထွက်သွားမည်ကို သူတို့ သိကြသော်လည်း သည်လောက်မြန်မည်ဟု ထင်မထားကြပေ။ ကျုံကျန်း မျိုးနွယ်တို့နှင့် ရင်ယန်နန်းတော်တို့သည် အခုလေးတင် ပျက်စီးသွားသည်။ ချက်ချင်းပင် သူမသည် အတွင်းပိုင်းဒေသကိုသွားတော့မည်။
“အကုန်လုံး မျက်နှာကြီး မရှည်လို့မရဘူးလား ပြန်မလာမှာလည်း မဟုတ် ဘူး” ရှီမာယူယူ ရယ်မောလိုက်သည်။
“အင်း မင်းပြန်လာမယ်လို့ ယုံပါတယ်၊ ဒါပေမဲ့ ထွက်သွားလိုက်တာနဲ့ ဘယ်တော့ပြန်လာမလဲဆိုတာ မသိဘူးလေ” ရှောင်ကျင်းကျုံးသည် လေးနက် စွာပြောလေသည်။
“တကယ်တော့ အတွင်းပိုင်းဒေသမှာလည်း အင်အားတိုးချဲ့လို့ရတယ်” ဘိုင်ရှန်း အကြံပေးလေသည် “တစ်ဖက်မှာ အတွင်းပိုင်းဒေသက အရင်းအမြစ် တွေက ပိုကောင်းတယ်၊ တခြားတစ်ဖက်ကကြည့်ရင် အတွင်းပိုင်းဒေသမှာ ပြဿနာဖြစ်ရင် ကျုပ်တို့ကူညီလို့ရတာပေါ့”
***