← Chapters

များပြားသောသတ္တုကြောများ

Vol. 102 Ch. 1428

များပြားသောသတ္တုကြောများ

Vol. 102 Ch. 1428

“ဒီအကြံမဆိုးဘူး” တခြားသူများလည်း သဘောတူကြသည် “အတွင်းပိုင်း ဒေသမှာက အရင်းအမြစ်များတယ်၊ အဲအထိချဲ့ထွင်နိုင်ရင် အနာဂတ်မှာ ကျုပ်တို့အတွက် အကျိုးအမြတ်ရှိနိုင်တယ်”

“အဲဒါတော့ ကျုပ်လည်းသဘောတူတယ်၊ ကျုပ်တို့က အမြဲတမ်းပဲ အလယ်ပိုင်းဒေသထဲမှာပဲ နယ်ချဲ့နေကြတာ အခု အားအင်ကလည်း တော်တော်လေး တိုးလာတယ်၊ အတွင်းပိုင်းဒေသကို ချဲ့ထွင်ဖို့စွမ်းရည်ရှိသင့်နေ ပြီ”

“ကျုပ်လည်းသဘောတူတယ်”

“ကျုပ်လည်း အဲလိုပဲစဉ်းစားတယ်”

“….”

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ စကားက ဘယ်လိုလုပ် ဒီမှာအဆုံးသတ် သွားတာလဲ။

“ယူယူ ဘယ်လိုထင်လဲ” လျန်ဝူမင်သည် သူမကိုကြည့်ပြီး မေးလေသည်။

“ဂိုဏ်းကို အဲလိုချဲ့ထွင်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်မကြောင့်သာဆိုရင်တော့ ဂိုဏ်းကလုပ်ဖို့မလိုပါဘူး မေ့လိုက်ပါတော့၊ ကျွန်မ အဲဒီကိုသွားတာက ထွက်သွားတာမဟုတ်ဘူးလေ”

“ဦးစားပေးကတော့ သေချာပေါက် ဂိုဏ်းကိုချဲ့ထွင်ဖို့လေ၊ အဲဒီကို ဦးတည်ချဲ့ထွင်လိုက်တာလည်း အခွင့်အရေးတစ်ခုပဲလေ”

“ဒီအကြံက ကောင်းတယ်လို့ထင်တယ်၊ ကျုပ်တို့မှာ စွမ်းရည်ရှိနေတာပဲ ကျုပ်တို့လည်း ဘာလို့မသွားရမှာလဲ”

“ဟုတ်တယ်”

ထိုအချိန်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေသော လျူလျန်ချိုင်သည် ပါးစပ် ဟ,လာသည်။ သူတို့ မဟာမိတ်ဖွဲ့ကတည်းကပင် သူသည် ဘဏ္ဍာရေးခန်းမ ခေါင်းဆောင်ဖြစ်လာသည်။

“ကျုပ်တို့ အနာဓာတ်မှာ အတွင်းပိုင်းဒေသကိုသွားလို့ရတယ် မဆိုးဘူးပဲ၊ ဒါပေမဲ့ ပြဿနာတစ်ခုတော့ရှိတယ်” လျူလျန်ချိုင်ပြောလိုက်သည်။

“လျန်ချိုင် ဘဏ္ဍာရေးမှာ ပြဿနာရှိလို့လား”

“ဟုတ်ပါတယ်” လျူလျန်ချိုင် ခေါင်းညိတ်လေသည် “ကျွန်တော် အရင် က အတွင်းပိုင်းဒေသကိုသွားဖူးပါတယ်၊ အဲဒါကြောင့် အဲဒီကအခြေအနေနဲ့ နည်းနည်း ရင်းနှီးပါတယ်၊ တိုက်ပွဲစွမ်းရည်မှာ အတွင်းပိုင်းဒေသက အင်အားစု တွေနဲ့ယှဉ်နိုင်ပေမဲ့ ဘဏ္ဍာရေးပိုင်းမှာကျတော့ အများကြီးလိုနေပါသေးတယ်၊ အခုမှအသစ်ဝင်တဲ့ အင်အားစုတွေဆိုရင် တခြားသူတွေက ကျူးကျော်နိုင်ပါ တယ် အဲဒီက စီးပွားရေးအခြေအနေတွေကို အသေးစိတ်သိမထားရင် နောက်ဆုံးမှာ အရှုံးပေါ်သွားနိုင်တယ်”

“အမှန်ပဲ အရင်တုန်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ကျုပ်တို့ ဒီကိစ္စကို သေချာမစီမံခဲ့ရဘူး၊ ကျုပ်တို့က ဘဏ္ဍာရေးမှာ မချို့တဲ့ပေမဲ့ ချမ်းသာတဲ့အထိ လည်းမဟုတ်ဘူး”

“အင်း ကျုပ်တို့မှာ လျန်ချိုင်ရှိပေမဲ့ ဒါကတစ်ခဏပဲလေ၊ အမြန်လုပ်ဖို့က ပြဿနာတော့မဟုတ်ဘူး၊ ဒါပေမဲ့ တိုက်ပွဲရှည်ဝင်ရမယ်ဆိုရင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”

“အမှန်ပဲ”

“ဟူး တကယ်ပဲ အဲလိုဆိုရင် ဒီအစီအစဉ်ဆိုရင် လက်လျော့ရုံပဲရှိတော့မှာ ပဲ” လျန်ဝူမင် ပြောလေသည် “ဒါပေမဲ့ ဒါက ငါတို့အစီအစဉ်ရဲ့ နောက်တစ်ဆင့် ဖြစ်နိုင်တယ်”

“အဲဒါကတော့ ကျွန်မတို့ အခုဘယ်လောက်လိုနေတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဘာလဲ”

“အတွင်းပိုင်းဒေသကို ချဲ့ထွင်မယ်ဆိုရင် ဘယ်လောက်လိုမှာလဲလို့ မေး နေတာ” ရှီမာယူယူ ပြောလိုက်သည် “ငွေရေးကြေးရေးပိုင်းမှာချို့တဲ့တယ်လို့ မပြောလိုက်ဘူးလား ဘယ်လောက်လိုတာလဲလို့”

“အနည်းဆုံးတော့ မှီခိုလို့ရမယ့် အလယ်အလတ်အရွယ်အစားရှိတဲ့ သတ္တု ကြောလိုလိမ့်မယ်” လျူလျန်ချိုင် ပြောလိုက်သည် “ကျွန်တော်တို့မှာ အခု သတ္တုကြောနဲ့ ဝင်ငွေကငြိမ်တယ်ဆိုပေမဲ့ အဲ့ဒီသတ္တုကြောကုန်ခမ်းသွားရင် ပြဿနာဖြစ်လာမှာပဲ၊ တောင့်ခံဖို့ကမဖြစ်နိုင်တော့ဘူး”

“သတ္တုကြော သုံးခုလောက်လိုမယ်ပေါ့” ရှီမာယူယူ မေးလိုက်သည် “ဒါဆိုလည်း သတ္တုကြောသုံးခုလောက် သွားရှာရင်ရပြီမဟုတ်ဘူးလား”

“ယူယူ သတ္တုကြောဆိုက ရှာချင်တိုင်းရှာတွေ့တာမဟုတ်ဘူး” ရှောင်ကျင်းကျုံး ပြောလိုက်သည် “ကျုပ်တို့မှာ ဝိညာဉ်ရှာဖွေသူသခင်တွေရှိပေ မဲ့ ဒီနှစ်တွေမှာ သတ္တုကြောကောင်းကောင်း မရှာတွေံဖူး၊ အဲလိုတွေက လိုအပ် ချက်ရှိနေတယ်”

“သတ္တုကြောရှိတယ်ဆိုရင်ရော” ရှီမာယူယူ မေးလိုက်သည်။

“သတ္တုကြောရှိရင်တော့ ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကိုရှင်းပြီး တာနဲ့ အတွင်းပိုင်းဒေသကိုသွားဖို့ ပြင်ဆင်လို့ရပြီ” လျူလျန်ချိုင်ပြောလေ သည်။

“ဘာလဲ ယူယူ သတ္တုကြောကို ဘယ်မှာရှာရမလဲဆိုတာ သိလို့လား” အဘိုးနတ်ဆိုးသည် သူမမျက်လုံးမှ အကြည့်ကိုမြင်သောအခါ သူမ အတွေးကို ခန့်မှန်းမိလေသည်။

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က တွေ့ခဲ့တယ်”

“အိုး ဘယ်လောက်ကြီးတာလဲ၊ ကြီးတယ်ဆိုရင် စွန့်စားရရင်တောင် စမ်းကြည့်လို့ရတာပေါ့” လျူလျန်ချိုင် မေးလိုက်သည်။

“မဟုတ်ဘူး” ရှီမာယူယူသည် လက်ချောင်းများကို ခေါက်ချိုးနေသည်။

“တစ်ခုတည်းမဟုတ်ဘူးလား နှစ်ခုလောက်များရှိလို့လား” လျူလျန်ချိုင် စိတ်လှုပ်ရှားလာသည် “နှစ်ခုဆိုရင် မကြီးလည်းပြဿနာမဟုတ်ဘူး”

“မဟုတ်ဘူး နှစ်ခုတည်းမဟုတ်ဘူး” အမြဲတစေ တည်ငြိမ်တတ်သော လျူလျန်ချိုင်သည် စိတ်လှုပ်ရှားလာပြီး သူမ စကားကိုဆုံးအောင် နားမထောင် သဖြင့် ရှီမာယူယူ စနောက်ချင်လာသည်။

“နှစ်ခုမဟုတ်ဘူးလား၊ ဒါဆိုဘာလဲ ကြီးတာလား” လျူလျန်ချိုင် မေး လိုက်သည်။

“မဟုတ်ဘူး”

“အဲဒါလည်းမဟုတ်ဘူးလား၊ ဒါဆိုဘာလဲ” လျူလျန်ချိုင်သည် မမှန်း တတ်တော့ပေ။ သူမ ခုနကပဲ လက်ချောင်းတွေ ချိုးရေနေတာမဟုတ်ဘူးလား။ ဒါဆို အဲဒါကဘာအဓိပ္ပာယ်လဲ။

“အရမ်းအရမ်းကိုကြီးတဲ့ သတ္တုကြောပဲ” ရှီမာယူယူ ပြောလိုက်သည်။

အားလုံးသည် တအံ့တဩ ပင့်သက်ရှိုက်မိကြသည်။ အရမ်းကိုကြီးတဲ့ သတ္တုကြောတဲ့လား။ အဲဒါကပိုက်ဆံဘယ်လောက် ထွက်မှာလဲ။

“ပြီးတော့…”

သူမ စကားစ,ပြောသည့်အချိန်တွင် အားလုံးသည် မပြင်ဆင်ရသေးရာ နောက်တစ်ကြိမ်အံ့ဩသွားစေပြီး ပါးစပ်အဟောင်းသားဖြစ်စေသည်။

“… သတ္တုကြောက အလယ်အလတ်အရွယ်အစားကို ငါးခုကနေ ခြောက်ခုရှိတယ်… ပြီးတော့…”

“ကျွတ်”

အားလုံးသည် သူမစကားများကို မယုံနိုင်ဖြစ်နေကြသည်။ သူတို့သည် ရှီမာယူယူကို တောက်ပသောမျက်လုံးများဖြင့် စောင့်ကြည့်ပြီး အသက်မရှုနိုင် ဖြစ်နေကြသည်။

“ကြည့်ရတာ အောက်မှာလည်း သတ္တုကြောသေးသေးလေးတွေရှိဦးမယ် ထင်တယ် အဲဒါကိုတော့ သိပ်အာရုံမစိုက်မိဘူး”

ရှီမာယူယူ စကားဆုံးသည်နှင့် အားလုံးသည် မှင်တက်နေကြကာ တိတ်ဆိတ်သွားတော့သည်။ တည်ငြိမ်အေးဆေးသော လူအိုကြီးများပင် တခြား သူများကဲ့သို့ တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် လျူလျန်ချိုင် ဖြစ်သည်။ သူသည် အရှေ့မျှတမှုမြို့တော်မှာ ပိတ်မိပြီး ထွက်မရဖြစ်နေသည့် အခြေအနေမှာပင် တည်ငြိမ်နိုင်ခဲ့သည်။ သို့သော် အခုချိန်တွင် အံ့ဩမှုအပြည့်နှင့် အပျော်ဆုံးဖြစ်နေသည်။ သူသည် ခုံမှ ပြေးထကာ လက်ကိုဆန့်တန်းပြီး ရှီမာယူယူကိုဖက်ရန် ပြင်လိုက်သော်လည်း သူမ ဘေးတွင်ထိုင်နေသော ဝူလင်းယူမြင်သောအခါ သူ့ကို ပျံခိုင်းလိုက်တော့ လေသည်။

သို့သော် ဝူလင်းယူ၏ အမူအရာမှာ မည်းနက်နေလျှင်တောင် သူ့ကိုယ်သူ ထိန်းတတ်သည်။ ထိုအခါမှပင် ဒဏ်ရာအနည်းငယ်သာရသော လျန်ချိုင်သည် ချက်ချင်းပင် တွားသွားလာသည်။

သို့သော် ထိုအချိန်မှပင် ထိုကဲ့သို့ အပြုအမူကိုထပ်မလုပ်တော့ဟု သူသတိ ပြန်ဝင်လာသည်။ သို့သော် သူ တော်တော်တုန်လှုပ်သွားသည်။

“တောင်ကြားဒုသခင်၊ အမှန်တွေပြောနေတာလား၊ ဘယ်လိုလုပ် အဲလောက် သတ္တုကြောများရတာလဲ ဘယ်မှာလဲ အဲလောက်များတဲ့ သတ္တုကြောနဲ့ဆိုရင် အားကောင်းတဲ့ ဝိညာဉ်အတက်အကျတွေရှိမှာပဲ ဘာလို့ ဘယ်သူမှ မသိကြတာလဲ တောင်ကြားဒုသခင် သေချာရဲ့လား”

ထိုအချက်တွင် သူသည် အကြောင်းအရာတစ်ခုကိုပင် အကြိမ်ပေါင်း များစွာ ပြောသွားသည်။

တခြားသူများလည်း ဝူလင်းယူ သူ့ကိုလွှင့်ပစ်လိုက်မှပင် သတိဝင်လာကြ သည်။ အခြေအနေမှာ အံ့ဩဖွယ်ဖြစ်လှသဖြင့် တချို့မှာ သံသယဝင်လာသည်။

“ယူယူ မင်းပြောတဲ့ သတ္တုကြောတွေက ဘယ်မှာလဲ၊ တခြားသူတွေက သိပြီးသွားပြီလား” လျန်ဝူမင်၏ အသံသည် အနည်းငယ်အလောကြီးနေသည်။ ထိုအကြောင်းမှာ အမှန်ဖြစ်ပါက ပထမဆုံးခြေလှမ်းလှမ်းရန် ဦးစားပေးဖြစ် သည်။

“နှင်းကျောက်စိမ်းတောင်မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးခဲ့တဲ့ တစ်ခေါက် ဒါရိုက်တာမုံ့တို့ကိုသွားကယ်တုန်းက ကိုယ့်ကိုယ်ကို ကိုယ်ယောင် ဖျောက်ဖို့ သတ္တုကြောကိုသုံးခဲ့တာ၊ အဲဒါကြောင့် ဒီသတင်းက တကယ်ကို အစစ်ပါ၊ အဲဒီကနှင်းတွေက ထူးဆန်းလွန်းလို့ သတ္တုကြောရောင်ဝါကို ဖုံးသွား တာပဲ အဲဒါကြောင့် ဘယ်သူမှမသိကြဘူး”

“ကျွန်တော်တို့လည်း အရင်က နှင်းကျောက်စိမ်းတောင်အကြောင်း ကြား ဖူးတယ်၊ လူတွေသာ မသေရင် တခြားသူတွေက သတ္တုကြောအကြောင်းကို သိ ကြမှာပဲမဟုတ်ဘူးလား” ရှီမန်ဖန် မေးလိုက်သည်။

“မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ရေခဲတိမ်တိုက်ကလူတွေကို တခြားသူတွေက မြန်မြန်ပဲ ရှင်းလိုက်နိုင်တယ်မလား၊ အကုန်လုံးက ကောင်းကင်ခွဲနတ်ဆိုးဓားကိုပဲ အာရုံရောက်နေကြတာ၊ အဲဒါကြောင့် အဲဒါကို ဘယ်သူမှ သတိမထားမိကြဘူး၊ ငါ အဲဧရိယာကို နီရဲပျားတွေလွှတ်ထားပြီးပြီ ဒါပေမဲ့ ဘာသတင်းမှမကြားရဘူး”

သူမ သေချာနေသဖြင့် အားလုံးသည် လန့်နေကြပြန်သည်။

“တောင်ကြားသခင် နှစ်ယောက် အဲဒါကိုချက်ချင်းပဲ စစ်ဆေးဖို့ တောင်းဆိုပါတယ်” လျူလျန်ချိုင်သည် လှုပ်လှုပ်ရွရွဖြစ်စွာဖြင့် ပြောလေသည်။

“အဲလိုဆိုမှတော့ အဲဒီကိုသွားပြီးတော့ အတူကြည့်ကြတာပေါ့” လျန်ဝူမင် ပြောလေသည်။

***

All Chapters