← Chapters

ဆရာကြီးလျူရွှမ်

Vol. 103 Ch. 1429

ဆရာကြီးလျူရွှမ်

Vol. 103 Ch. 1429

လျူလျန်ချိုင်သည် ဝိညာဉ်ရှာဖွေသူမဟုတ်သဖြင့် အလိုလိုပင် သူသည် အသုံးမဝင်ပေ။

လျန်ဝူမင် ထိုသို့ပြောသောအခါ တခြားသူများလည်း လိုက်ချင်ကြသည်။ သတ္တုကြောများစွာရှိသည်ဟု တွေးလိုက်သည်နှင့် ရင်ဖိုဖွယ်ရာဖြစ်ရာ သူတို့ သွားပြီးကြည့်ချင်ကြသည်။

ရှီမာယူယူသည် သူတို့၏ တက်ကြွသော မျက်လုံးများကို ကြည့်ပြီးပြော လိုက်သည် “အဲလိုဆိုရင်လည်း အကုန်လုံးကိုသွားခွင့်ပေးလိုက်ပါ”

“နှင်းကျောက်စိမ်းတောင်က ဘယ်မှာလဲ”

“ကျွန်မအဘိုးသိပါတယ် သူ့ကိုပဲခေါ်သွားခိုင်းရမှာပေါ့” ရှီမာယူယူ ပြော လိုက်သည်။

“ဒါဆိုရင် အဘိုးဖြစ်သူကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

“ပြီးတော့ အကြီးဆုံးသတ္တုကြောရဲ့ စွမ်းအားက အရမ်းရှုပ်ထွေးနေလို့ ကျွန်မအဖေအတွက် ဆေးဖော်စပ်ပြီးတဲ့အထိစောင့်ရမယ်၊ အဖေက အဲဒါကိုရဖို့ အတွက် အကောင်းဆုံးနည်းလမ်းကိုသိတယ်”

“အဲဒါဘယ်လောက်ကြာမှာလဲ”

“တစ်ရက်ပါပဲ ကျွန်မတို့ မနက်ဖြန်ဒီလိုအချိန်မှာ နှင်းကျောက်စိမ်း‌တောင် ကိုသွားလို့ရမယ်၊ ကျွန်မလည်း သူတို့နဲ့စကားပြောချင်သေးတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီလေ ကျုပ်တို့စောင့်ပါမယ် မနက်ဖြန်တွေ့ကြတာပေါ့”

သူတို့သည် သူမကိုစောင့်မည်ဟု ပြောသော်လည်း ထို့နေတွင် ထိပ်တန်းတောင်ကြား၏ စီနီယာအုပ်ချုပ်သူများသည် သူတို့အခန်းတွင်မနေ ကြပေ။ သူတို့အားလုံးသည် ရှီမာယူယူ၏ ခြံဝန်းသို့လာကြကာ သူမ ဆေးဖော် စပ်ပြီးသည်နှင့် ထွက်သွားရန် စောင့်ကြလေသည်။

ကံကောင်းစွာပင် ရှီမာယူယူသည် ဆေးသန့်စင်ချိန်တွင် မည်သူမှအခန်း ထဲမဝင်စေရန် တည်ဆောက်မှုဖြင့် ကာထားသည်မှာ အကျင့်ဖြစ်နေသည်။ မဟုတ်လျှင် သူမ စိတ်ပျံ့နိုင်သည်။

နောက်နေ့မနက်အစောတွင် သူမ ဆေးဖော်ပြီးစီးသည်နှင့် တံခါးဖွင့်လိုက် ရာ သူမခြံဝန်းသည် လူများဖြင့်ပြည့်နေသည်ကို တွေ့သောအခါ အံ့ဩသွားလေ သည်။

“တောင်ကြားဒုသခင် ဆေးသန့်စင်လို့ပြီးပြီလား”

“ဟုတ်ကဲ့ ပြီးပါပြီ” ရှီမာယူယူသည် ရှီမာလျူရွှမ်အတွက် ဆေးထည့် ထားသော လက်ထဲမှ ကျောက်စိမ်းပုလင်းကို လှုပ်ယမ်းပြလိုက်သည်။

“အကုန်ဖြေရှင်းပြီးပြီဆိုတော့ ကျွန်တော်တို့သွားကြမလား” လျူလျန်ချိုင်သည် တုံ့ဆိုင်းစွာဖြင့် မေးလေသည်။

ရှီမာယူယူ ပြုံးပြီးခေါင်းညိတ်ကာ ပြောလိုက်သည် “ဘာလို့မသွားရမှာလဲ သွားကြတာပေါ့”

“ဒါဆိုလည်း သွားတာပေါ့”

ရှီမာရှုံ့ချီသည် လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး အားလုံးကို ဝင်ခိုင်းလိုက် သည်။ သူတို့ ထွက်လိုက်သည်နှင့် ဆီးနှင်းများဖုံးလွှမ်းနေသော ကွင်းပြင်သို့ ရောက်လေသည်။

အကွာအဝေးမှာ ဝေးကွာလွန်းသဖြင့် အတွင်းဒေသသို့သွားသည့်လမ်း များကို ဖြတ်ကျော်ရန်လိုအပ်ကာ ထွက်ပေါက်မှာလွဲချော်မှုရှိသဖြင့် သတ္တု ကြော ရှိရာသို့ တိုက်ရိုက်မရောက်ပေ။

ရှီမာယူယူသည် အရင်ထားခဲ့သော နီရဲပျားများ၏ တည်နေရာကို အာရုံခံ မိပြီး အားလုံးနှင့်အတူပျံသွားလိုက်သည်။ နေ့တစ်ဝက်ပင် မကြာလိုက် သူတို့ သည် မီအာလေဟာပြင် ချိုးဖျက်ခဲ့သောနေရာကို ရောက်လေသည်။

“ဒီမှာသတ္တုကြောရောင်ဝါမရှိဘူး ယူယူ သေချာရဲ့လား” အဘိုးနတ်ဆိုး မေးလိုက်သည်။

ဆီးနှင်းများ ထူထဲနေသည်။ သို့သော် သူတို့သည် သတ္တုကြော အရိပ်အယောင်ရှာမတွေ့ပေ။

ရှီမာယူယူသည် နှင်းပြင်ကြီးကို ကြည့်လိုက်သည်။ လပေါင်းများစွာ ကုန်ဆုံးသွားခဲ့ရာ မူလအရိပ်အမြွက်ရှိသောနေရာသည်ပင် နှင်းများဖုံးလွမ်းနေ လေပြီ။ ထို့ကြောင့် သတ္တုကြောရောင်ဝါသည် နောက်တစ်ဖန်ပြန်ပြီး ပျောက်ကွယ်သါားသည်။

“ဒီမှာပဲ” သူမသည် ခိုင်မာစွာပြောလိုက်သည် “ဆရာ ဒီနေရာကို တိုက်ခိုက်ပေးပါဦး၊ နှင်းတွေအရည်ပျော်ပြီး မြေပြင်ကိုမြင်ရရင် အကောင်းဆုံးပဲ”

အဘိုးနတ်ဆိုးသည် ဝိညာဉ်စွမ်းအင်စုပြီး အောက်မှနှင်းများကို တိုက်ခိုက် လေသည်။ ထူထဲသောနှင်းများသည် လွှင့်စင်ကာ အောက်မှ အေးခဲနေသော မြေပြင်ထွက်ပေါ်လာသည်။

သူချက်ချင်း ဆက်တိုက်ခိုက်ရာ အေးခဲနေသောမြေပြင်တွင် အပေါက်ကြီး ဖြစ်သွားကာ သတ္တုကြောရောင်ဝါထွက်လာလေသည်။

“တကယ်ပဲ သတ္တုကြောပဲ”

“အားကောင်းလိုက်တဲ့ ရောင်ဝါပဲ”

အားလုံးသည် ပျော်ရွှင်ကြလေသည်။ သည်နေရာမှ သတ္တုကြောသည် အစစ်ဖြစ်ပါက သူမ ပြောသည့်သတ္တုကြောအားလုံးသည် အစစ်ဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်လေသည်။ သတ္တုကြောများစွာရှိသည်ဟု စဉ်းစားလိုက် ရုံနဲ့တင် အားလုံးကို ပျော်ရွှင်စေသည်။

“ဒါပေမဲ့ ဒီသတ္တုကြောရောင်ဝါက တစ်ခုခုမှားနေတယ်”  ထိပ်တန်း တောင်ကြားမှ ဝိညာဉ်ရှာဖွေသူသည် သတ္တုကြောရောင်ဝါကို ပိုတိကျစွာ အာရုံ ခံနိုင်သဖြင့် သတ္တုကြောရောင်ဝါ ရှုပ်ထွေးနေသည်ကို ချက်ချင်းပင်အာရုံခံနိုင် သည်။

မနေ့ကအစည်းအဝေးတွင် ဝိညာဉ်ရှာဖွေသူများမရှိသဖြင့် ရောင်ဝါ ရှုပ်ထွေးသည်ဟု ရှီမာယူယူပြောလိုက်ချိန်တွင် မည်သူမှ မသိလိုက်ကြပေ။

ဤနေရာတွင် သတ္တုကြောအသုံးပြုခဲ့သည်ကိုပင် သူတို့မသိကြပေ။

“အရင်တစ်ခေါက်က မီအာက လေဟာပြင်ချိပ်ကိုတိုက်ခိုက်ဖို့အတွက် ရောင်ဝါကိုသုံးဖူးတယ် အဲဒါကြောင့် အခုရှုပ်ထွေးနေတာ” ရှီမာယူယူ ရှင်းပြ လေသည် “ဒါပေမဲ့ လုပ်ဖို့လိုတာက… ရောင်ဝါကိုပြန်လမ်းပြပေးဖို့ပဲ”

“ရှုပ်ထွေးနေတဲ့ရောင်ဝါကို ပြန်ရှင်းလို့ရမလား” ဝိညာဉ်ရှာဖွေသူများ သည် တအံ့တဩမေးလေသည်။

“သာမန်လူဆိုရင်တော့ မရဘူးလေ ဒါပေမဲ့ ယူယူ့အဖေက သေချာပေါက် လုပ်နိုင်တာပေါ့” လျန်ဝူမင် ပြောလိုက်သည်။

“သူမအဖေဟုတ်လား”

အားလုံး၏ အာရုံသည်ရှီမာလျူရွှမ်ဆီသို့ ရောက်သွားကြလေသည်။

“ဘာလဲ ရှီမာမိသားစုက ရှီမာလျူရွှမ်ကို မသိကြဘူးဘား၊ သူက ဝိညာဉ် ရှာဖွေသူအားလုံးရဲ့ ရင်ထဲက နတ်ဘုရားလိုပဲ” အဘိုးနတ်ဆိုးသည် အံ့အားသင့် ကာပြောလေသည်။

“ဘာ”

“သူက အဲဒီရှီမာလျူရွှမ်လား အရည်အချင်းရှိပါရမီရှင်မိုဒိဆန်းနဲ့ ယှဉ်နိုင် တဲ့ ရှီမာလျူရွှမ်ပေါ့”

“ဟုတ်ပါ့ဗျာ သူပါပဲ”

“တောင်ကြားဒုသခင်ရဲ့ အဖေက တကယ်ပဲ ပညာရှင်ဆရာကြီးလျူရွှမ် လား”

“သူနဲ့ဆိုရင် ရှုပ်ထွေးနေတဲ့ရောင်ဝါကို သေချာပေါက် ရှင်းလို့ရတာပေါ့”

ရှီမာယူယူသည် သူတို့အားလုံး ပျော်ရွှင်သွားသည်ကို မြင်သောအခါ မျက်တောင်ခတ်မိလေသည် “ဘာလဲ ရှင်တို့က မသိကြဘူးလား”

“အဟမ်း ဆရာကြီးလျူရွှမ်က ဆယ်စုနှစ်တွေကြာအောင် ပျောက်နေတာ အဲဒါကြောင့် စိတ်ထဲမှာတွေးတောင်မတွေးမိဘူး…”

“….”

အင်း… အဖေ ထိပ်တန်းတောင်ကြားမှာနေတုန်းက လူမသိအောင်နေခဲ့ တာပဲ။ သူက ရှီမာယူယူ၏ ဖခင်ဖြစ်သည်ဟုသာ သိကြကာ တောင်ကြားမှလူ များသည် သူ့အကြောင်းသိသူနည်းပါးသည်။

အရင်ကတည်းကပင် ရှီမာလျူရွှမ်သည် အတွင်းဒေသတွင်သာ လှုပ်ရှား ကာ အပြင်သို့သွားခဲသည်။ ဝိညာဉ်ရှာဖွေသူသာ မဟုတ်လျှင် သူ့ကိုသိသူမများ ပေ။

“အဖေ လက်ရှိအခြေအနေကို ကြည့်ပြီး ပြင်လို့ရမလား” ရှီမာယူယူ မေး လိုက်သည်။

“ပြဿနာမရှိဘူး” ရှီမာလျူရွှမ် ပြောလိုက်သည် “နည်းနည်းတော့ ဒုက္ခ များနိုင်ပေမဲ့ မီအာနဲ့ သမီးရှိရင် ပြဿနာမဟုတ်ပါဘူး”

တကယ်တော့ မီအာရှိသည်နှင့် မီအာသည် ရောင်ဝါကိုထိန်းချုပ်နိုင်ပြီး ရောင်ဝါသည် သူ့အလိုကျ လိုက်နာသောကြောင့် ပြဿနာမရှိလှပေ။

“ဒါဆိုလည်း ကျုပ်တို့ ခင်ဗျားတို့ပဲ ဒုက္ခပေးရတော့မှာပဲ” လျန်ဝူမင်သည် ရှီမာလျူရွှမ်ကို ပြောလိုက်သည်။

“တောင်ကြားသခင်က ယဉ်ကျေးနေပါပြီ” ရှီမာလျူရွှမ်သည် သဲ့သဲ့ပြုံး လိုက်သည်။ သို့သော် ရှီမာယူယူနှင့် ရှီမာရှုံ့ချီတို့အတွက်ကလွဲလျှင် အပြုံးသည် မျက်လုံးအောက်ခြေအထိမရောက်ပေ။

“ဆရာဦးလေး အဖေက အဆင်ပြေတယ်လို့ပြောမှတော့ တခြားသတ္တု ကြောတချို့ကိုခေါ်သွားပေးမယ်၊ ပြီးတော့ သွားရင်းနဲ့ အခြေအနေကိုလည်း အဖေ့ကိုမေးကြတာပေါ့၊ တောင်ကြားကလူတွေလည်း နောက်ကျရင် ဖောက်ခွဲ ဖို့ ပိုအဆင်ပြေလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

လျန်ဝူမင်သည် ခေတ္တမျှနှုတ်ဆိတ်သွားကာ ပြောလေသည် “တခြား သတ္တုကြောတွေကို မေ့ထားလိုက်ဦး၊ တောင်ကြားမှာလည်း ဝိညာဉ်ရှာဖွေသူ တွေရှိနေတာပဲ၊ လိုအပ်မှပဲ သူတို့ကို သတ္တုကြောအခြေအနေကို ပြောပြလိုက် ပေါ့”

ရှီမာယူယူ စဉ်းစားကြည့်ရာ ထိုအတိုင်းလည်း အဆင်ပြေသည်။ များပြား လှသော သတ္တုကြောနှင့်ဆိုလျှင် ချက်ချင်းမဖောက်ခွဲလျှင်တောင် လမ်းညွှန်ပြ လိုက်လျှင်ပင် လောက်ငှသည်။ သူမ၏ ဖခင်ဖြစ်သူ မပင်ပန်းစေလိုလျှင် ထို သည်မှာ ကောင်းမွန်သော ရွေးချယ်မှုပင်ဖြစ်သည်။

ထို့ကြောင့် သူမ နောက်ဆုံးရောက်ရှိခဲ့သည့် မြေအောက်လမ်း အကွာအဝေးနှင့် ဦးတည်ရာကို တွက်ချက်ပြီး ရိုးရှင်းသောမြေပုံဆွဲကာ လျန်ဝူမင်ကို ပေးလိုက်သည်။

“ကျွန်မ အရင်တစ်ခေါက် ဒီကိုလာတော့ မြေအောက်ကနေလာတာ၊ အဲဒါကြောင့် အကွာအဝေးနဲ့ နေရာက နည်းနည်းကွဲလွဲမှုရှိနိုင်တယ်” ရှီမာယူယူ ရှင်းပြလေသည်။

သူမ ပြောလိုက်သည်မှာ ထိုစဉ်က သူမ အများအပြားမရှာတွေ့ခဲ့ဘဲ တချို့ကိုသာ ရှာတွေ့ခဲ့သည်။ ကျန်သောသတ္တုကြောများကို နောက်မှ မီအာ ပြောပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် နေရာအတိအကျကိုမမှန်းနိုင် ပေ။

လျန်ဝူမင်သည် ရှီမာယူယူကို ထိုသတ္တုကြောကိုသာ ဖြေရှင်းခိုင်းပြီး မြေပုံကို တခြားသူများကို ပေးပြီးစစ်ဆေးခိုင်းလိုက်သည်။

“အဖေ သမီးအဖေ့ကိုဒုက္ခပေးရဦးမယ်” ရှီမာယူယူသည် ရှီမာလျူရွှမ်ကို ပြောလိုက်သည်။

“အင်း မီအာ စရအောင်” ရှီမာလျူရွှမ်သည် မီအာကိုခေါင်းညိတ်ပြလိုက် ရာ မီအာသည် အလယ်ရှိတောင်ထိပ်ဆီသို့ ခုန်သွားလေသည်။

***

All Chapters