အတွင်းပိုင်းဒေသကိုရောက်ခြင်း
Vol. 103 Ch. 1430
ထို့နောက်တွင် မီအာသည် ရှီမာလျူရွှမ်၏ ညွှန်ကြားချက်အတိုင်း အားလုံးကိုထိန်းချုပ်ကာ စီရင်ပြုပြင်လေသည်။ မကြာမီတွင် မူလရှုပ်ထွေးနေ သော ရောင်ဝါသည် အရင်အတိုင်းပြန်တည်ငြိမ်သွားလေသည်။
ရှီမာယူယူ ကြည့်လိုက်ရာ နှစ်နာရီပင်မကြာလိုက်သည့်အချိန်တွင် ပြီးမြောက်သွားသည်ကို သိလိုက်ရသည်။ မီအာသာမရှိလျှင် နှစ်ရက်ကျော်ကြာ သည့်အတိုင်အောင် ပြီးနိုင်မည်မဟုတ်ဟု ခန့်မှန်းမိသည်။
လျန်ဝူမင်နှင့် တခြားသူများ ပြန်လာချိန်တွင် ရှီမာယူယူ၊ ရှီမာလျူရွှမ်၊ ရှီမာရှုံ့ချီ၊ ဟွမ်ရင်ရင်၊ မီအာနှင့် သူမ၏ ဝိညာဉ်သားရဲတစ်သိုက်တို့သည် ကြီးမားသော အိုးနှစ်အိုးဖြင့် ဟော့ပေါ့စားနေသည်ကို တွေ့လိုက်ရသည်။
အားလုံး၏ နှုတ်ခမ်းများတွန့်သွားကြသည်။ ဒါက… သူတို့ရဲ့ အားလပ်ရက်လား။
“ဆရာဦးလေး ပြန်လာကြပြီလား” ရှီမာယူယူသည် လက်မြှောက်လိုက် သည် “ဘယ်လိုလဲ အကုန်လုံးကို စစ်ကြည့်ပြီးပြီလား ယူဖို့ခက်တာတွေရှိလား”
“နည်းနည်းလွဲနေတဲ့ နေရာတချို့ကလွဲရင်တော့ အကုန်လုံးကအဆင်ပြေ ပါတယ်၊ ငါတို့ အနီးအနားကို နည်းနည်းရှာလိုက်တာနဲ့ ခြေရာခံလို့ရပါတယ်” လျန်ဝူမင်သည် ပျော်ရွှင်စွာ ပြောလေသည်။ သူတို့မျက်လုံးနှင့် အတည်ပြုပြီး နောက်တွင် သူတို့ နှလုံးများသည် ခုန်ထွက်မတတ်ဖြစ်ခဲ့သည်။
“ပြဿနာမရှိရင် ကောင်းတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါနဲ့ ဆရာ ဆရာဦးလေး ခန်းမသခင်တွေ ဝင်ပြီး စားကြပါဦးလား”
“မလိုပါဘူး၊ ဒီကသတ္တုကြောတွေကို အတည်ပြုပြီးပြီဆိုမှတော့ ဖောက်ခွဲ ဖို့ကိစ္စတွေကို ပြင်ဆင်ဖို့ပြန်လိုက်ဦးမယ်” လျန်ဝူမင် ပြောလိုက်သည်။
“အလောကြီးဖို့မလိုပါဘူး ဆရာဦးလေးကလည်း၊ ဖောက်ခွဲချင်ရင် ဖြေရှင်းရမယ့် ပြဿနာတစ်ခုရှိသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာပြဿနာရှိသေးတာလဲ”
“ဒီနှင်းကျောက်စိမ်းတောင်မှာ ဝိညာဉ်သားရဲတွေအများကြီးရှိတယ် အဲဒါကို ကောင်းကောင်းမကိုင်တွယ်ရင် သူတို့ကို အနှောင့်အယှက်ဖြစ်စေလိမ့် မယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် မဖောက်ခွဲခင်ကို ဝိညာဉ်သားရဲ တွေနဲ့ ညှိနှိုင်းဖို့လိုမယ်၊ အဲဒီကိစ္စကိုတော့ ဆရာဦးလေးတို့ကိုပဲ အပ်ထားလိုက် တော့မယ်”
“ပြဿနာမရှိဘူး”
ရှီမာယူယူ လက်ဝှေ့ယမ်းလိုက်သည်နှင့် များစွာသော အိုးများသည် နှင်းပေါ်တွင်ပေါ်လာသည်။ အိုးတစ်အိုးအောက်တွင် မီးမွှေးပြီးသည်နှင့် ရေများ ဆူပွက်လာသည်။
အိုးဘေးတွင်တော့ ဟင်းလျာမျိုးစုံခင်းထားသော စားပွဲများအတန်းလိုက် လည်းပေါ်လာသည်။
“ဆရာ ဆရာဦးလေး ခန်းမသခင်တို့ ထိုင်ပြီးအတူစားရအောင်ပါ၊ ဒီလို အေးတဲ့နေ့မှာ ဟော့ပေါ့စားပြီး ဝိုင်လေးသောက်လိုက်တာက စိမ်ချမ်းမြေ့စရာ ကိစ္စပဲ၊ သတ္တုတွင်းကိစ္စကို အောင်ပွဲခံရာလည်းရောက်တာပေါ့၊ ဒါက ကျွန်မ အားလုံးကိုစောင့်ရင်းနဲ့ အထူးတလည်ပြင်ဆင်ထားတာပဲ အခွင့်အရေးရခဲတယ် နော်” ရှီမာယူယူသည် အားလုံးကိုကြိုဆိုပြီး မျက်လုံးများအရောင်တောက်စွာ ဖြင့် ပြောလေသည်။
“ရုတ်တရက်ကြီး ဘာလို့အားလုံးကို ညစာစားဖို့ဖိတ်နေတာလဲ” အဘိုး နတ်ဆိုးသည် လျှောက်လာပြီး သူမဘေးတွင်ထိုင်လိုက်သည်။
သူမ ထိုသို့ပြောလိုက်သည်နှင့် တခြားသူများလည်း နေရာအသီးသီးသို့ သွားကာ ထိုင်ပြီး အသားနှင့်အသီးအရွက်များ ကောက်ရွေးကာ စားသောက်ပွဲ တွင် ဝင်စားကြတော့သည်။
“ဆရာ ဒါက ကျွန်မ နှုတ်ဆက်တဲ့ပွဲလေ အဲဒါကြောင့် အားလုံးအတွက် အထူးတလည်ပြင်ပေးထားတာ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ အဖေတို့ အကုန်လုံးနဲ့ ဆွေးနွေးပြီးပြီ၊ အခုကိုအတွင်းပိုင်းဒေသရောက်နေပြီဆိုတော့ ကျွန်မတို့ တောင်ကြားကိုမပြန်တော့ဘဲနဲ့ ရှီမာမျိုးနွယ်ကိုပဲ တိုက်ရိုက်သွား တော့မယ်၊ ဒီညနေစာစားပြီးတာနဲ့ သွားတော့မယ်၊ နှင်းကျောက်စိမ်းတောင် ကိစ္စနဲ့ အတွင်းဒေသမှာ တောင်ကြားချဲ့ထွင်ဖို့ကိစ္စကိုတော့ ဆရာတို့အားလုံးကို ပဲ အပ်ထားလိုက်တော့မယ်”
အားလုံးသည် ခေတ္တမျှ မှင်တက်သွားကြသော်လည်း အမြန်ပင် ထိုကိစ္စ ကိုလက်ခံလိုက်ကြတော့သည်။ သူမသည် ဤခရီးကိုသွားတော့မည်ဟု အစော ကပင်ပြောထားသဖြင့် အားလုံး မအံ့ဩတော့ပေ။
“ဒီသတ္တုကြောတွေ အကုန်လုံးကိုရှာတွေ့မှတော့ ကျန်တာကို ငါတို့ကို သာ အပ်ထားလိုက်တော့ ငါတို့ အတွင်းဒေသမှာ ဖြစ်နိုင်သလောက် မြန်မြန် ချဲ့ထွင်မယ်၊ ရှီမာမျိုးနွယ်တစ်ခုခုနဲ့ ရင်ဆိုင်လာရရင်လည်း တောင့်မထားနဲ့ ငါတို့ အဲဒီမှာရှိတယ်ဆိုတာကို မမေ့လိုက်နဲ့” အဘိုးနတ်ဆိုးသည် ထပ်မံ အားပေးလေသည်။
“ကျေးဇူးတင်ပါတယ် ဆရာ” ရှီမာယူယူသည် ပြုံးပြီးအဘိုးနတ်ဆိုးကို ကျေးဇူးတင်စကားပြောလေသည် “တပည့်လေးက လေးစားပါတယ်”
သူတို့နှစ်ယောက်သည် ခွက်တိုက်သောက်ပြီးနောက် အဘိုးနတ်ဆိုးသည် ခွက်ချကာ ဝူလင်းယူကိုကြည့်ပြီး ပြောလိုက်သည် “မင်းတို့ကအတူသွားကြမှာ လား”
“ဒါပေါ့ သူမ ဘယ်သွားသွား ကျွန်တော်လည်းသွားမှာ” ဝူလင်းယူသည် ရင်ဘတ်ကော့ကာ ဂုဏ်ယူစွာပြောလေသည်။
“အရွယ်ရောက်ပြီးသား ယောက်ျားလေးကိုအိမ်မှာထားရတာ တကယ် ခက်တာပဲ၊ ဟင်း မင်းကို နိုးအောင်လုပ်ဖို့က တကယ်မလွယ်ဘူး၊ မင်းက နိုးလာ တာနဲ့ ဒီအဘိုးကြီးကိုတောင် အဖော်ပြုမပေးဘူး” အဘိုးနတ်ဆိုးသည် မသဲကွဲ သောအသံဖြင့် စောဒကတက်လေသည်။
“အင်း ကျွန်တော် အိပ်ပျော်နေတုန်းက ခဏခဏလာခဲ့တာမဟုတ်ဘူး ဘား အခုတွေ့စရာလိုသေးလို့လား” ဝူလင်းယူသည် တိုးညင်းစွာပြောလိုက် သည် “ဟင်း တစ်ယောက်ကဖြင့်ထွက်သွားတာ နှစ်ပေါင်းဆယ်ချီကြာသွားတာ ဘယ်သူ့ကို အပြစ်တင်းဦးမှာလဲ”
အဘိုးနတ်ဆိုးသည် ဆွံ့အသွားကာ ရှီမာယူယူအား နစ်နာသည့်အကြည့် ဖြင့် ကြည့်လေသည်။
“ဆရာ စီနီယာအစ်ကိုက ပညာရှိစံအိမ်တော်ကို ပြန်တော့မှာ အဲဒါကြောင့် ကျွန်မတို့နဲ့လိုက်မှာပါ ကျွန်မက ဆရာ့ကိုအပြစ်မတင်ပါဘူး” ရှီမာယူယူ ရှင်းပြလေသည်။
“ဟင် ပညာရှိစံအိမ်တော်ကိုပြန်မယ်ဟုတ်လား၊ မင်းထွက်လာတာ ဒီလောက်ကြာနေပြီ ဘာလို့ရုတ်တရက်ကြီးပြန်မှာလဲ”
“သူအခုပဲ သတင်းရတာ သူတို့က သူ့ကိုပြန်ခေါ်နေကြတာ ကျုံကျန်း မျိုးနွယ် ပျက်သုဉ်းသွားတာနဲ့ပတ်သတ်မယ်ထင်တယ်” ရှီမာယူယူ ခန့်မှန်းလေ သည်။
သူမ ဟောပေါ့ပြင်ဆင်နေချိန်တွင် ဝူလင်းယူသည် ပညာရှိစံအိမ်တော်မှ တသင်းရလေသည်။ သူသည် ထိုအရာကိုဆင်ခြေပေးပြီး ပြန်ရမည်။ မဟုတ်လျှင် ပညာရှိစံအိမ်တော်ကို ရုတ်တရက်ပြန်သွားပါက တခြားသူများ ပို သံသယဝင်နိုင်သည်။
ကျန်းမျိုးနွယ်သည် ပညာရှိစံအိမ်တော်အောက်မှ အင်အားစုတစ်ခုဟု ပြော၍ရသည်။ သူတို့သည် လျှို့ဝှက်ဆန်းကြယ်အင်အားစုနှင့် ပူးပေါင်းနေသည် ကို ပညာရှိစံအိမ်တော်မှ မသိကြပေ။ ဝူလင်းယူသည် ရှီမာယူယူနှင့် တခြားသူ များကို ကူညီသည်ကိုမြင်ပြီးရာ သူသည် သေချာပေါက် ရှင်းပြရန် အခေါ်ခံရ ခြင်းပင်။
“မူစစ်ကိုလည်း ခေါ်သွားချင်လား” အဘိုးနတ်ဆိုးမေးလိုက်သည်။
“ဟုတ်ပါတယ်” ရှီမာယူယူသည် မူစစ်ကိုကြည့်ပြီးပြောလိုက်သည် “ကျွန်မတို့တောင်ကြားမှာ အမှောင်အရည်အချင်းရှိတဲ့ ဝိညာဉ်ရှာဖွေသူမရှိဘူး လေ၊ သူကျွန်မနောက်လိုက်ရင် သေချာသင်ပေးလို့ရတယ်”
“ဒါပေမဲ့ မင်းကိစ္စမင်း ဖြေရှင်းဖို့ကိုအများကြီးရှိနေတာ”
“အဲဒါက အကုန်ရောသွားမှာမဟုတ်ပါဘူး၊ သူက သူ့ဘာသာ ကျင့်ကြံပြီး တော့ ကျွန်မက လိုတာတွေကိုထောက်ပြရုံတင်ပါပဲ” ရှီမာယူယူ ပြောလိုက် သည် “ဆရာ စီနီယာအစ်ကိုနဲ့လည်း ဒီလိုပဲလုပ်တာမလား ကျွန်မအကြောင်း တင် ပြောမနေနဲ့ ဟင်း… ပထမနှစ်ရက်ကလွဲပြီး တပည့်အဖြစ်လက်ခံပြီးတာနဲ့ ဘာမှထပ်လည်းသင်မပေးတော့ဘူး”
“ဒါပေမဲ့ မင်းကို အဲကောင်ရှုဂျင်းနောင်ကို လိုက်ခွင့်ပြုလိုက်တယ်မလား အဲကောင်က အဂ္ဂိရတ်ပညာမှာတော်ပါတယ်” အဘိုးနတ်ဆိုးသည် ရှင်းပြရန် ကြိုးစားလေသည်။
“အင်း အဲဒါကဆရာသင်ပေးတာမှမဟုတ်တာ” ရှီမာယူယူ ပြောလိုက် သည် “ပြောရင်းနဲ့ ဆရာရှုဂျင်းမရှိဘူးဆိုတော့ စီနီယာအစ်ကိုနဲ့ စီနီယာအစ်မ တို့က တောင်ကြားမှာရှိတယ်၊ သူတို့ကိုလည်း ဂရုစိုက်ပေးဖို့ တောင်းဆိုချင်ပါ တယ်”
“အဲဒါကို မစိုးရိမ်နဲ့”
သူမ ရှုဂျင်းနှင့် ဟော်လန်ကိုသွားရှာချိန်တွင် ပြန်ပြီး သူတို့ကိုပါ ခေါ်သွား ရမည်။
သူတို့သည် ဟော့ပေါ့ကဲ့သို့ အစားအစာကို စားခဲကြသည်။ ထို့ကြောင့် စိတ်တိုင်းကြစားပြီးနောက်တွင် အားလုံးသည် ပျော်ရွှင်ကာ ကျေနပ်ကြသည်။
ရှီမာယူယူသည် အားလုံးကိုသိမ်းပြီး နှုတ်ဆက်လိုက်သည်။ ရှီမာရှုံ့ချီ သည် လေဟာပြင်ဝင်ပေါက်ဖွင့်ကာ သူတို့ကိုဝင်ခိုင်းလိုက်သည်။
လျန်ဝူမင်သည် သူတို့ပျောက်ကွယ်သွားသည်အထိကြည့်ပြီး ပြောလိုက် သည် “ကောင်းပြီ မင်းတို့တချို့ပြန်ပြီးတော့ အဲဒီကလူတွေလွှတ်လိုက်ကြဦး ငါတို့ ဒီနေရာကိုကာကွယ်ရမယ်၊ ကျန်တဲ့လူတွေက ငါနဲ့လိုက်ပြီး ဝိညာဉ်သားရဲ တွေကို ရှင်းမယ်၊ ငါတို့ ဒီကိစ္စတွေကို ဖြစ်နိုင်သလောက် မြန်မြန်လုပ်ရမယ်၊ လျူလျန်ချိုင် မင်းပြန်သွားပြီး အတွင်းဒေသကိုချဲ့ထွင်ဖို့ ပြင်ဆင်လိုက်တော့”
“ဟုတ်ကဲ့ပါ တောင်ကြားသခင်”
ရှီမာယူယူ အတွင်းဒေသသို့သွားသည်ကို သိသည်နှင့် လူအများသည် အတွင်းဒေသတွင် ချဲ့ထွင်ရန် စိတ်အားထက်သန်နေကြသည်။
သူတို့သည် မြန်မြန်ချဲ့ထွင်ကာ ရှီမာယူယူ၏ ကျောထောက်နောက်ခံ ဖြစ်ချင်ကြသည်။ သူတို့သည် ထိပ်တန်းတောင်ကြား၏ အဖိုးတန်ကလေးကို အနိုင်ကျင့်မခံနိုင်ကြပေ။
ရှီမာယူယူ လေဟာပြင်ဝင်ပေါက်မှထွက်လာပြီးနောက်တွင် ရှီမာမျိုးနွယ် သည် နှင်းပြင်နှင့်မကွာဝေးသော မြို့တစ်မြို့တွင်ရှိသည်ကို သိလိုက်ရသည်။
“ဖြတ်လမ်းတည်ဆောက်မှု ရှာပြီး လေဟာပြင်သင်္ဘောရှိတဲ့နေရာကို သွားရမယ်”
“လေဟာပြင်သင်္ဘောဟုတ်လား အဲဒါဘာလဲ” ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“လေဟာပြင်သင်္ဘောက လေဟာပြင်ကိုဖြတ်ပြီး ခရီးသွားလို့ရတယ်၊ အဲဒါက လေဟာပြင်ထဲမှာ ခိုင်ခံ့တဲ့ ကာကွယ်ရေးရှိပြီး လူတွေဘေးကင်းတောင် ကာကွယ်ပေးနိုင်တယ်၊ ပြီးတော့ တစ်ဖက်ကလူတွေကို ခေါ်သွားပေးပြီး လမ်း ကြောင်းဖောက်ပေးတယ်” ရှီမာရှုံ့ချီ ရှင်းပြလေသည်။
“အဲဒါက ဖြတ်လမ်းတည်ဆောက်မှုနဲ့ အတူတူပဲမဟုတ်ဘူးလား၊ ဘာလို့ ဒီလေဟာပြင်သင်္ဘောလိုတာလဲ” ရှီမာယူယူနားမလည်ပေ။
***