← Chapters

ဘုံသုံးဆင့်ဧကရာဇ်နန်းတော်

Vol. 5 Ch. 57

ဘုံသုံးဆင့်ဧကရာဇ်နန်းတော်

Vol. 5 Ch. 57

အန်တျန်းသည် ပြုံးစွာဖြင့် "မဆိုးဘူး.......ငါရဲ့ရွှေဒင်္ဂါးမဆုံးရှုံးပဲ ရတနာစာလိပ်ကို ငါရရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး " လို့ သူ့စိတ်ထဲတွင် တွေးတောနေလေသည်။ ချွေရှင်းယွမ်သည် စာလိပ်အား ကျစ်ယန်ကို ပေးလိုက်ပြီး "ရတနာစာလိပ်ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ် သခင်လေး" လို့ ပြုံးစွာဖြင့် ပြောလိုက်၏။

ကျစ်ယန်သည် စာလိပ်ကို လက်ခံလိုက်ပြီး တခြားရတနာတွေကို စိတ်မဝင်စားတော့တဲ့အတွက် ပစ္စည်းတန်ဖိုး ရှင်းပေးပြီးနောက် လေလံခန်းမအတွင်းမှ တစ်ခါထဲထွက်လာခဲ့သည်။ ကျစ်ယန်သည် ချူအိမ်တော်ပြန်စဥ်တွင် သူ့နောက်အား လူတစ်ချို့လိုက်လာမှန်းသိလိုက်ရတဲ့အတွက် တွေ့လိုက်ရ၏။

ကျစ်ယန်သည် သွားနေတာကို ရပ်တန့်လိုက်ပြီး "မင်းတို့ငါ့နောက်လိုက်ရတာ မမောဘူးလား....." တည်ငြိမ်စွာပင် ပြောလိုက်သည်။ ထိုအခါ သန်မာထွားကျိုင်းသော လူသန်ကြီးအဖွဲ့သည် ကျစ်ယန်အား ပတ်လည်ဝိုင်းထားလိုက်ကြ၏။ သစ်ပင်အကွယ်တွင် ရှိနေသော လူတစ်ယောက်သည် "ဒီကောင်အတော်အတင့်ရဲတာပဲ ၊ သခင်လေးအန်တျန်းကိုတောင် သွားရန်စရဲလိမ့်မည်လို့ မထင်ထားမိဘူး " လို့ ပြောလိုက်သည်။

အလွန်ပင်သန်မာထွားကြိုင်းသော လူသန်ကြီးဖြစ်သည့် လီချန်းတန်သည် "မင်းသေဖို့အချိန်တန်ပြီ ကောင်ကလေး " လို့ ပြောကာ စွမ်းအားများစုစည်းထားသော သူ့ရဲ့လက်သီးကြီးဖြင့် ကျစ်ယန်ကို ထိုးချလိုက်၏။ ရုတ်တရက် ကျစ်ယန်ရဲ့ အစိမ်းရောင်ကြာပန်းပွင့်လေး ထွက်လာခဲ့ပြီး လီချန်းတန်ရဲ့ လက်သီးစွမ်းအားကို တိုက်ထုတ်လိုက်လေသည်။

လီချင်းတန်သည် အစိမ်းရောင်ကြာပန်းပွင့်လေးရဲ့ စွမ်းအားဒဏ်ကို မတွန်းလှန်နိုင်တဲ့အတွက် နောက်သို့ ကျွမ်းထိုးလွင့်ပြန်ထွက်သွားကာ မြေပြင်ပေါ်သို့ တရွက်တိုက်ပစ်လဲကျသွား၏။ အစိမ်းရောင်ကြာပန်းပွင့်ကို ထပ်မြင်လိုက်ရတဲ့အခါ သစ်ပင်နောက်တွင် ရှိနေသော စုန်ချင်းရီသည် "ဒီကောင်ကို ကာကွယ်ပေးနေတဲ့လူရဲ့ စွမ်းအားက နတ်ဝိဇ္ဇာအဆင့်စွမ်းအားမျိုးပဲ " လို့ရေရွတ်ကာ သူ့လူများနဲ့အတူ ထွက်ပြေးသွားပါတော့သည်။

လျှပ်တစ်ပျက်အတွင်းအလွန်ပင် ချောမောလှပသော မိန်းမပျိုသည် ကျစ်ယန်ရဲ့ ဘေးကို ပေါ်လာခဲ့ပြီး "အသက်ဆက်ရှင်ချင်သေးရင် နင်တို့ခုချက်ချင်းထွက်သွားကြ "လို့ ပြင်းထန်သော အသံစွမ်းအားလှိုင်းဖြင့် ပြောလိုက်၏။ ထိုအခါ ကျန်ရှိသေးသော လူသန်ကြီးများသည် သူတို့ခေါင်းဆောင်လီချန်းတန်ကို ကုန်းပိုးကာ ထွက်ပြေးသွားပါတော့သည်။

အစိမ်းရောင်ဝတ်စုံလေးအား ဝတ်ဆင်ထားသော မိန်းမပျိုသည် ကျစ်ယန်အား သူစိတ်ထဲတွင် အလွန်ပင်ရင်းနှီးနေသလို ခံစားနေရတဲ့အတွက် သူ့ကိုယ်သူထူးဆန်နေခဲ့၏။ သူသည် ဧကရာဇ်နန်းတော်ဂိုဏ်းမှ အပြင်ထွက်ခွာလေ့မရှိပေ။ သူငယ်စဥ်ကတည်းက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ရတဲ့အတွက် သူခင်မင်သောလူမှာ အလွန်ပင် ရှားပါခဲ့ခြင်းဖြစ်သည်။

ကျစ်ယန်သည်လည်း ထိုအတိုင်းပင် ဖြစ်နေခဲ့၏။ သူ့ရှေ့ရှိမိန်းကလေးအား ၂ကြိမ်သာ တွေ့ဆုံဖူးသော်လည်း သူနဲ့အလွန်ပင်နက်ရှိုင်းသောသံယောဇဥ်မျိုး ရှိနေသလို ခံစားနေရသည့်အတွက် ကြောင်အနေခဲ့သည်။ ကျစ်ယန်သည် လက်နှစ်ဖက်ပင် ဆုပ်ကာ "ငါ့ကို ၂ကြိမ်လုံး ကယ်ခဲ့တဲ့အတွက် ငါမင်းကို ကျေးဇူးတင်ပါတယ် " လို့ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

ချစ်စဖွယ်ကောင်းသော နတ်သမီးလေးသည် ကျစ်ယန်အား ပစ္စည်းတစ်ခုပေးလိုက်ပြီး လေပေါ်သို့ ပျံတက်ကာ ပျောက်ကွယ်၍ သွားပါတော့သည်။ ကျစ်ယန်သည် ထိုပစ္စည်းအား ကြည့်လိုက်တဲ့အခါ ထွက်ပြေးသည့်နေရာတွင် သုံးသော အစီအရင်စာလိပ်မှန်းသိရှိလိုက်ရ၏။

ကျစ်ယန်သည် မျက်လုံးတစ်ချက်စုံမှိတ်ပြီး ပြန်ပွင့်လာတဲ့အခါ "ကြည့်ရတာ.....ငါအမြန်ဆုံးစွမ်းအားကြီးအောင်လုပ်ပြီး ငါ့ဘဝဇာတ်ကြောင်းကို သေချာသိရှိအောင်လုပ်ရမယ် " လို့ ရေရွတ်ရင်း ချူအိမ်တော်ကို ပျံသန်းလာခဲ့သည်။ ချူအိမ်တော်ကို ပြန်ရောက်တဲ့အခါ ချူခွမ်သည် စိတ်ပျက်သော အမှုအရာဖြင့် ဆေးအမယ်များလိုအပ်သေးကြောင်း ပြောပြလိုက်၏။

ကျစ်ယန်သည် ပြုံးစွာဖြင့် "အကြီးအကဲချူခွမ်စိတ်မပူပါနဲ့ ကျွန်တော်လော့ကျန်းမြို့ထဲက ထွက်ခွာသွားခဲ့ရင်တောင် ဝိညဥ်နှောင်ဖြတ်ဆေးလုံးကို အကြီးအကဲချူခွမ်လက်ထဲရအောင် ပို့ပေးမှာပါ " လို့ ပြောကာ သူ့ရဲ့အခန်းထဲကို ဝင်လာခဲ့သည်။

ကျစ်ယန်သည် အခန်းထဲရောက်သည်နှင့် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ဝင်ကာ သူရရှိလာသော စာလိပ်အား ဖွင့်ကြည့်လိုက်၏။

ကျစ်ယန်သည် စာလိပ်ပေါ်တွင် ရှားပါး၍သန်မာသော အစီအရင်တစ်ခုတွေ့လိုက်ရသည်။ မရဏနွယ်ပင်လေလံစံအိမ်သည် ထိုအချက်အား ထည့်မပြောခဲ့ပေ။ ထိုအစီအရင်သည် သာမန်မဟုတ်သဖြင့်

မရဏနွယ်ပင်လေလံခန်းမသည် တမင် ထားမှန်းသိလိုက်ရ၏။ ကျစ်ယန်သည် ပြုံးလိုက်ပြီး သူ့လက်ချောင်းများအား လှုပ်အားလိုက်၍ သူ့စွမ်းအားဖြင့် စာလိပ်၏ အစီအရင်အတွင်းကို ထည့်လိုက်တဲ့အခါ စာလိပ်ပေါ်ရှိအစီအရင်မှာ တခဏအတွင်းမှာပဲ ပျက်စီးသွားခဲ့၏။

ကျစ်ယန်သည် စာလိပ်အား ဖွင့်ကြည့်လိုက်တဲ့အခါ ရုပ်သေးနတ်ဘုရားဂိုဏ်းရဲ့ ဖြစ်ပျက်သွားသော အကြောင်းအရာများတစ်ချို့ရေးသားထား​ပြီး နောက်ဆုံးတွင် ရုပ်သေးနတ်ဘုရားဂိုဏ်းကို ပြန်လည်ထူထောင်နိုင်ရန်အတွက် ရုပ်သေးရုပ်တစ်ရုပ်ဖန်တီးနည်းနဲ့ ရုပ်သေးရုပ်အား ထိန်းချုပ်နည်းများ ပါဝင်ခဲ့သည်။

ထို့အပြင် ရုပ်သေးနတ်ဘုရားဂိုဏ်းရဲ့ လို့ဝှက်ဆန်းကြယ်သော ရတနာလက်နက်များ ၊ ကျင့်စဥ်များရဲ့ တည်နေရာကိုပင် ရေးသားထားခြင်းပင် ဖြစ်၏။ ကျစ်ယန်သည် နှစ်ပေါင်းများစွာကြာမြင့်နေသော ဂိုဏ်းဟောင်းဂိုဏ်းပျက်ကြီး ရှိသို့သွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

စာသားထဲတွင် ရေးသားပုံအရ ဂိုဏ်းတစ်ခုလုံးမှာ သစ္စာဖောက်များကြောင့် ပြိုကွဲ ပျက်စီးသွားခဲ့ခြင်းပင် ဖြစ်၏။ ကျစ်ယန်သည် မဟာမိုးကြိုးချောက်နက်ထဲတွင် ရရှိထားသော ရုပ်အလောင်းအား ထုတ်လိုက်ပြီး စာလိပ်ထဲတွင် ရေးသားထားတဲ့အတိုင်း သူ့ရဲ့သွေးစက်နဲ့ စိတ်ဝိညဥ်စွမ်းအားကို ပေါင်းစပ်ကာ ရုပ်သေးအလောင်းရဲ့ နဖူးတည့်တည့်အား ထည့်သွင်းလိုက်သည်။

ကျစ်ယန်သည် အချိန်အတော်ကြာ သူ့စွမ်းအားများ ထည့်သွင်းပေးပြီးနောက် ရုပ်သေးရုပ်ရဲ့ အနီရောင်မျက်လုံးကြီးသည် တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့ပြီး လှဲနေရမှ မတ်တပ်ရပ်သွားခဲ့၏။

ကျစ်ယန်သည် သူ့စွမ်းအားများကို ရပ်တန့်လိုက်ပြီး

"အသက်ဝင်လာပြီလား......" လို့ ရေရွတ်လိုက်သည်။ ကျစ်ယန်သည် ရုပ်သေးရုပ်အား တိုက်ခိုက်ဖို့

လုံရှန်းအား စေခိုင်းလိုက်၏။

လုံရှန်းသည် လေပေါ်တွင် တစ်ချက်ပျံဝဲလိုက်ပြီး သူ့ပါးစပ်အတွင်းမှ စွမ်းအင်လုံးကြီးဖြင့် ကျစ်ယန်အား တိုက်ခိုက်လိုက်သည်။ ကျစ်ယန်သည် ပြုံးလိုက်ပြီး "မင်းအလှည့်ပဲ....."လို့ ရုပ်သေးရုပ်ကို ပြောလိုက်၏။ ကျောက်ရုပ်သဖွယ် ရပ်နေသော ရုပ်သေးရုပ်၏ အနီရောင်မျက်လုံးများမှာ မီးတောက်သဖြင့် ပြောင်းလဲသွားပြီး သူ့လက်သီးဖြင့် မီးလုံးကြီးအား ထိုးချလိုက်သည်။

ထို့အပြင် ရုပ်သေးရုပ်သည် လျှပ်တစ်ပြက်အတွင်း လုံရှန်းရဲ့ အပေါ်ယံကို ရောက်ရှိသွားပြီး လုံရှန်းအား ခြေထောက်ဖြင့် ရိုက်ချကာ တိုက်ခိုက်လိုက်၏။ လုံရှန်းသည် အလွန်စွမ်းအားကြီးသော ဒဏ်ကို ခံလိုက်ရသော်လည်း ဘာမှ မဖြစ်သွားခဲ့ပေ။ ရုပ်သေးရုပ်နဲ့ လုံရှန်းရဲ့ ပြင်းထန်သော တိုက်ပွဲကို ကြည့်၍ ကျစ်ယန်သည် အံ့အားသင့်စွာဖြင့် "၂ယောက်လုံးရဲ့စွမ်းအားက နတ်သူငယ်အဆင့်ကို ရောက်နေတာလား " လို့ ကြောင်အစွာဖြင့် ပြောလိုက်၏။

ကျစ်ယန်သည် လုံရှန်းနဲ့ ရုပ်သေးရုပ်အား ရပ်တန့်ခိုင်းလိုက်ပြီး စာလိပ်ပေါ်တွင် ရေးထားသော စာများကို အလေးထားဖတ်ရှု့လိုက်သည်။ ရုပ်သေးနတ်ဘုရားဂိုဏ်းပျောက်ကွယ်သွားအောင်လုပ်ခဲ့သော ဂိုဏ်းကြီးမှာ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းပင်ဖြစ်၏။

All Chapters