တုနှိုင်းမဲ့ရတနာနယ်မြေသို့ ရောက်ရှိခြင်း
Vol. 5 Ch. 70
ယွမ်လင်းသည် ဇာတ်ချိုးလိုက်ပြီး "ကောင်းပြီလေ.....ဒီသားရဲကို သတ်ပြီးမှ အဲ့ကောင်လေးကို ဆုံးမတော့မယ် " လို့ ပြောလိုက်သည်။ ယွမ်လင်းတို့ အဖွဲ့သည် သူ့တို့ဓားများကို တူညီစွာ တစ်ပြိုင်နက်လှုပ်ရှားလိုက်ကြပြီး ဓားချီလှိုင်းအစီအရင်အား အသက်သွင်းပုံဖော်လိုက်၏။
မြေလိပ်ငှက်သားရဲကြီးသည် သူ့ခေါင်းပေါ်တွင် ထွက်ပေါ်လာသော အပြာရောင်အစီအရင်ကြီးကို တွေ့တဲ့အခါ သူ့ရဲ့စွမ်းအားများအား စုစည်းလိုက်သည်။ယွမ်လင်းတို့သည် သူ့တို့လက်ချောင်းများကို လှုပ်ရှားပြီး "သေပေတော့...." လို့ ရေရွတ်လိုက်တဲ့အခါ အစီအရင်စက်ဝိုင်းအတွင်းမှ ဧရာမအပြာရောင်ဓားဝိညဥ်ကြီး ထွက်ပေါ်လာခဲ့၏။
မြေလိပ်ဌက်သားရဲကြီးသည်လည်း သူ့ခန္ဓာကိုယ်ကြီးအား လျှပ်စီးအလျင်ဖြင့် လှည့်ပတ်လိုက်ပြီး အပြာရောင်ဓားဝိညဥ်ကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှပဲ အပြာရောင်ဓားဝိညဥ်ကြီးသည် မြေလိပ်ဌက်သားရဲကြီးရဲ့ ပွတ်တိုက်ခိုက်မှု ဒဏ်ကြောင့် တစ်စစီကြေကွဲသွားခဲ့ပြီး ဓားချီလှိုင်အစီအရင်ပါ ဖျက်ဆီးခံလိုက်ရ၏။
သူ့တို့ရဲ့ စွမ်းအားများ ပေါင်းစပ်၍ ဖန်တီးထားသော အစီအရင်ဖျက်ဆီးခံလိုက်ရတဲ့အခါ ယွမ်လင်းတို့သည် သွေးများအန်လိုက်ရသည်။ ယွမ်လင်းသည် မြေလိပ်ဌက်သားရဲကို မနိုင်မှန်းသိရှိသွားတဲ့အခါ "ငါတို့ ဒီနေရာကနေ အမြန်ဆုံးထွက်ခွာကြရအောင် " လို့ သူ့အဖွဲ့သားများ ပြောလိုက်သည်။
ထိုချိန်မှာပဲ မြေလိပ်ဌက်သားရဲကြီးသည် သူ့ရဲ့ပါးစပ်အတွင်းမှ ဆူးချွန်ကြီးများဖြင့် အားလုံးထံသို့ ပစ်လွှတ်လိုက်၏။ ကျစ်ယန်သည် ကမ္ဘာမဲ့ဂုံးခွံအား ထုတ်လိုက်ပြီး လင်ရှို့ဟွာနဲ့အတူ အထဲကို ဝင်နေလိုက်သည်။ ယွမ်လင်းတို့အဖွဲ့သည် ထွက်ပြေးဖို့ ကြိုးစားပင်မယ့် မြေလိပ်ဌက်သားရဲကြီးသည် သူ့ရဲ့စွမ်းအားဖြင့် ပေ၁၀၀ခန့်အား ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။
ယွမ်လင်းတို့သည် ထွက်ပြေးလို့ မရသည့်အဆုံး အသေခံတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။ ယွမ်လင်းတို့သည် သူ့တို့လက်ညိုးထိပ်များကို ဓားဖြင့် လှီးလိုက်ပြီး ထွက်လာသော သွေးများကို ဓားအား ပွတ်ဆွဲလိုက်ကြသည်။ ယွမ်လင်းတို့သည် ဓားများကို မိုးပေါ်ထောင်ကာ "သွေးနတ်ဆိုးဓားအစီအရင်" လို့ ပြိုင်တူအော်ဟစ်လိုက်ကြတဲ့အခါ ကောင်းကင်ယံတွင် အနီရောင်မြူခိုးများ ထွက်ပေါ်လာခဲ့၏။
အနီရောင်မြူခိုးများကြားမှ အနီရောင်လျှပ်စီးမျှင်များစွာပါရှိသော ဓားဝိညဥ်ပေါင်းမြောက်များစွာ သည် တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့ပြီး မြေလိပ်ဌက်သားရဲထံသို့ လျှပ်စီးအလျင်နှုန်းဖြင့် ရောက်ရှိလာကြ၏။ မြေလိပ်ဌက်သားရဲကြီးသည် သူ့ရဲ့အတောင်ပံ၂ခုအား ရှေ့သို့ ကာချလိုက်တဲ့အခါ အဝါရောင်ဒိုင်းကာ ထွက်ပေါ်လာခဲ့ပြီး ဓားချောင်းများအား ခုခံကာကွယ်လိုက်သည်။
သူ့တို့ရဲ့ တိုက်ခိုက်မှုသည် မြေလိပ်ဌက်သားရဲအား အနည်းငယ်မျှ ထိခိုက်မှု မရှိသည့်အတွက် ယွမ်လင်းတို့အဖွဲ့သည် စိတ်ဓာတ်ကျသွား၏။ ယွမ်လင်းသည်
စင်္ကြာဝဋ္ဌာအစီအရင်ဂိုဏ်းရဲ့ အမွေခံသားတော် တစ်ယောက်ဆိုလည်းမမှားပေ။ ထို့အပြင် စင်္ကြာဝဋ္ဌာအစီအရင်ဂိုဏ်းချုပ်၏ မြေးတစ်ယောက်လဲ ဖြစ်နေသေးသည်။
ယွမ်လင်းသည် ဂိုဏ်းထဲတွင် အတော်ဆုံးဂိုဏ်းသားဖြစ်တဲ့အတွက် သူ့ရဲ့စွမ်းအားမှာ အဆင့်မြင့်နေသည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။ ယခုအခါမှတော့ သူ့ရဲ့စွမ်းအားမှာ လုံလောက်မှုမရှိသေးသည်ကို သိ၍ နောက်တရနေလေသည်။ ထိုချိန်တွင် ကျစ်ယန်နဲ့ လင်ရှို့ဟွာသည် ကမ္ဘာမဲ့ဂုံးခွံထဲမှ ထွက်လာခဲ့ကြ၏။
ကျစ်ယန်သည် ယွမ်လင်းအနားသို့ လျှပ်တစ်ပြက်သွားလိုက်ပြီး "မင်းရဲ့ငမန်းရိုးဓား ငါ့ကို ပေးမယ်ဆိုရင် မင်း ဒီနေရာက ထွက်နိုင်စေရမယ် " လို့ ပြောလိုက်သည်။ ကျစ်ယန်သူ့အနားသို့ ရောက်တဲ့အခါ ယွမ်လင်းသည် အကြံတစ်ခုရသွားပြီး သူ့ရဲ့လက်ထဲမှ ဓားကို လှည့်ကစားလိုက်ပြီး ကျစ်ယန်နောက်ကျောအား ထိုးချလိုက်ပြီး "ဟားဟားဟား.....မင်းကများ ငါရဲ့ငမန်းရိုးဓားကို လိုချင်နေတာလား " လို့ ရေရွတ်ကာ ရယ်မောလိုက်၏။
ကျစ်ယန်တွင် ရှိသော ကမ္ဘာမဲ့ဂုံးခွံရတနာသည် မြေလိပ်ဌက်သားရဲရဲ့ တိုက်ခိုက်မှုဒဏ်ကို ကာကွယ်နိုင်သဖြင့် ယွမ်လင်းသည် ကျစ်ယန်ကို သတ်ပြီး ထိုရတနာကိုယူရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
ယွမ်လင်းသည် ရယ်မောနေချိန်တွင် "မင်းသေဖို့ အချိန်တန်ပြီ " ဟုသော အသံကြားလိုက်တဲ့အခါ ချက်ချင်းပင်လှည့်ကြည့်ဖို့ ကြိုးစားလိုက်၏။
သို့သော် ယွမ်လင်းသည် လှည့်မကြည့်လိုက်ရဘဲ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါက်ကွဲထွက်ကာ သေဆုံးသွားကြသည်။ကျန်ရှိသော အဖွဲ့သားများသည် ကျစ်ယန်အား ဒူးထောက်ကာ မြေကြီးနဲ့ခေါင်းနဲ့ဆောင့်၍ တောင်းပန်ပါတော့၏။ ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာနဲ့ပဲ "မင်းတို့အားလုံးလဲ သေဖို့ပဲ ထိုက်တန်တယ် " လို့ ရေရွတ်ကာ အားလုံးကို သတ်ဖြတ်လိုက်လေသည်။
ကျစ်ယန်သည် သူ့ရဲ့အစားအစာများကို ဖျက်ဆီးလိုက်တဲ့အခါ မြေလိပ်ဌက်ကြီးသည် ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်၏။ ကျစ်ယန်သည် တိုက်ခိုက်မည့်ချိန်တွင် လင်ရှို့ဟွာသည် လေပေါ်သို့ ပျံတက်လိုက်ပြီး "ရှို့ဟွာတာဝန်ထားလိုက်ပါ....."လို့ ပြောလုက်သည်။
လင်ရှို့ဟွာသည် သူ့ရဲ့လက်ချောင်းများ လှုပ်ရှားလိုက်တဲ့အခါ သုံးရောင်စုံကြာပွင့်လေးတစ်ခုသည် သူ့ရဲ့လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာခဲ့၏။ မြေလိပ်ဌက်သည် လင်ရှို့ဟွာလက်ထဲရှိ သုံးရောင်စုံကြာပွင့်စွမ်းအားမှ ကြောက်စရာကောင်းသော အဖြတ်စွမ်းအားကို ခံစားနေရသဖြင့် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည်။
လူသားတစ်ယောက်မှ ကြောက်စရာကောင်းသည့် အဖြတ်စွမ်းအားကို ပိုင်ဆိုင်နေလိမ့်မည်လို့ မြေလိပ်ဌက်ကြီးသည် မမျှော်လင့်ထားခဲ့ပေ။ မြေလိပ်ဌက်ကြီး သူ့ရဲ့အတောင်ပံအား အသေခတ်ကာ ပျံသန်းထွက်ပြေးလိုက်၏။ သို့သော် ကျစ်ယန်သည် သူ့ရဲ့လမ်းကြောင်းပေါ်တွင် ရောက်နေတဲ့အခါ မြေလိပ်ဌက်ကြီးသည် ကျစ်ယန်ကို သတ်ဖြတ်ရန် သူ့ပါးစပ်အတွင်းမှ ဆူးချွန်များဖြင့် ပစ်တွင်းလိုက်လေသည်။
ကျစ်ယန်သည် အသာအယာဖြင့် ရှောင်ရှားလိုက်ပြီး
သူ့ရဲ့ဘိုဘေးသွေးကြောစွမ်းအားဖြင့် မြေလိပ်ဌက်ကြီးအား ဖမ်းဆီးလိုက်၏။ ရွှေရောင်သံကြိုးများသည် မြေလိပ်ဌက်ကြီးရဲ့ ခန္ဓာကိုယ်ကြီးအား ရစ်ပတ်ချုပ်နှောင်သွားခဲ့သည်။ တချိန်ထဲမှာပဲ လင်ရှို့ဟွာသည် သုံးရောင်စုံကြာပွင့်အား ပစ်လွှတ်လိုက်၏။
သုံးရောင်စုံကြာပွင့်သည် မြေလိပ်ဌက်ကြီးရဲ့ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားတဲ့အခါ မြေလိပ်ဌက်ကြီးသည် အသက်မဲ့စွာဖြင့် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှပဲ အဆင့်၆မှော်သားရဲအမြူတေလေးသည် ထွက်ပေါ်လာခဲ့၏။
လင်ရှို့ဟွာသည် သူ့မလိုအပ်သေးသည့်အတွက် ကျစ်ယန်အားပေးလိုက်သည်။ ဒီလိုနဲ့ ကျစ်ယန်နဲ့လင်ရှို့ဟွာသည် သားရဲတစ်ထောင်နယ်မြေအတွင်းတွင် ၂ယောက်ပူးပေါင်း၍ များစွာသော အဆင့်၆ အဆင့်၇ သားရဲများကို ရှင်းလင်းသုတ်သင်ခဲ့၏။ ထို့နောက်၂ယောက်သား တုနိူင်းမဲ့ရတနာနယ်မြေကို ချီလှမ်းလာခဲ့ကြသည်။
တုနိူင်းမဲ့ရတနာနယ်မြေသို့ ရောက်တဲ့အခါ ကျစ်ယန်သည် များစွာသော ရတနာလက်နက်များနဲ့ ရှားပါးသော ဆေးပင်များစွာကို တွေ့လိုက်ရ၏။ ကျစ်ယန်နဲ့လင်ရှို့ဟွာသည် လမ်းတစ်လျှောက် ရတနာများစွာကို စုပ်ယူသိမ်းဆည်းခဲ့သည်။ ထိုချိန်မှာပဲ လူတစ်ချို့သည် ကျစ်ယန်တို့ နောက်အား ရောက်ရှိလာခဲ့၏။
ထိုလူတွေကတော့ ဂိုဏ်းအသီးသီးမှ ကျန်ရှိသော လူတစ်ချို့ပင်ဖြစ်သည်။ ကျစ်ယန်ကိုတွေ့တဲ့အခါ နတ်ဆိုး၆ယောက်သည် ခေါင်းငြိမ့်ပြလိုက်၏။ သူတို့ရဲ့ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ တွေ့လိုက်ရတဲ့အတွက် ကျစ်ယန်သည် ဆေးတစ်ပုလင်းအား ပစ်ပေးလိုက်သည်။