စုန်အိမ်တော်အဆုံးသတ်ခြင်း (1)
Vol. 5 Ch. 58
ရုပ်သေးနတ်ဘုရားဂိုဏ်းတွင် ရှိသော အကြီးအကဲတချို့သည် ဂိုဏ်းအားသစ္စာဖောက်ကာ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ကို ရောက်ရှိသွားခဲ့ပြီး ရုပ်သေးနတ်ဘုရားဂိုဏ်းအား ဖျက်စီးခဲ့ကြခြင်းပင် ဖြစ်သည်။ စာလိပ်ပေါ်တွင်ရေးသားသော စာသားများအရ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်သည် ရုပ်သေးနတ်ဘုရားဂိုဏ်းတွင် တည်ရှိသော အရာတစ်ခုအား လိုချင်နေခြင်းပင် ဖြစ်၏။
ကျစ်ယန်သည် စာလိပ်အား သိမ်းဆည်းထားလိုက်ပြီး "ငါ့ရဲ့ကျင့်ကြံမှုက နတ်ဝိဇ္ဇာအဆင့်၆ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် သာမာန်ကျင့်ကြံမှုက ငါ့အတွက် အထောက်အကူမဖြစ်တော့ဘူး ၊ အဆင့်မြှင့်ဆေးလုံးတွေကပဲ ငါ့ကိုထောက်ပံပေးနိုင်မှာ ဖြစ်တဲ့အတွက် ငါဆေးအမယ်တစ်ချို့ကို စုဆောင်းရမယ် " လို့ ရေရွတ်လိုက်သည်။
ကျစ်ယန်သည် ကျင့်ကြံဖို့ ရေရွတ်နေရင်း သူ့အားကယ်ခဲ့သော မိန်းကလေးအား သတိရမိသွား၏။ ကျစ်ယန်သည် ထိုမိန်းကလေးကို နောက်ထပ်တစ်ကြိမ်တွေ့ဖို့ မျှော်လင့်နေလေသည်။ ကျစ်ယန်သည်
သူ့ရဲ့ရွှေရောင်လျှပ်စီးဓားအား ထုတ်လိုက်ပြီး "ငါ့ရဲ့လက်နက်ကိုလဲ အဆင့်မြှင့်တင်ဖို့ လိုအပ်သေးတယ်"လို့ ပြောကာ ပြန်သိမ်းထားလိုက်၏။
အချိန်သည် နောက်တစ်ရက်သို့ ရောက်လာခဲ့တဲ့အခါ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲမှ ထွက်ကာ "ငါစုန်အိမ်တော်ကို သွားဖို့ အချိန်ကျရောက်လာပြီပဲ " လို့ ရေရွတ်ကာ ပြင်ပသို့ ထွက်လာခဲ့သည်။ ချူခွမ်သည် ကျစ်ယန်ကို တွေ့သည့်အခါ "သခင်လေး.....ကျွန်တော်တို့ သွားကြတော့မလား....."လို့ လက်နှစ်ဖက်ပင်ဆုပ်ကာ မေးလိုက်၏။
ကျစ်ယန်သည် ချူခွမ်စီစဥ်ထားသော မြင်းလှည်းယာဥ်အဖွဲ့နဲ့အတူ စုန်အိမ်တော်ကို ချီလှမ်းလာခဲ့ကြလေသည်။ စုန်အိမ်တော်ရဲ့ တိုက်ခိုက်ရေးကွင်းပြင်တွင် လူများစွာသည် အုံခဲ့၍ နေခဲ့၏။ စုန်အိမ်တော်ခေါင်းဆောင်း စုန်ကျောက်ဝမ်သည် လော့ကျန်းတိုင်းပြည်ထဲတွင်ရှိသော အဆင်မြင့်ကျင့်ကြံသူများကိုပင် ဖိတ်ခေါ်ထားခဲ့သည်။
စုန်အိမ်တော်သည် ချူအိမ်တော်အား အပြတ်ဖြုတ် န် ထင်ရှားနေခဲ့၏။ စုန်အိမ်တော်ရဲ့ လို့ဝှက်သော စံအိမ်တော်ကြီးရဲ့ အပေါ်ထပ်တွင် မိန်းမပျိုတစ်ဦးပင် ရှိနေခဲ့သည်။ ထိုမိန်းမပျိုရဲ့ ဘေးနားတွင် စုန်အိမ်တော်၏ ခေါင်းဆောင်ဟောင်းအဖိုးအိုတစ်ယောက်လဲ ရှိနေခဲ့၏။
စုန်ကျောက်ဝမ်သည် သူ့ခေါ်ထားသော လူများအား
ရတနာတစ်ချို့ လက်ဆောင်ပေးကာ ချူအိမ်တော်ကို အပြတ်ဖြတ်ဖြေရှင်းရာတွင် ကူညီပေးဖို့ ကြိုတင်တောင်းဆိုထားခြင်းပင်ဖြစ်သည်။ ထိုချိန်မှာပဲ ချူအိမ်တော်ရဲ့ လှည်းယာဥ်များ ရောက်ရှိလာတဲ့အခါ စုန်ချင်းရီသည် ပြုံးစွာဖြင့် "ချူယန်...ချူယန်...... မင်းကအသက်ရှင်ဖို့ ပျင်းနေမှာတော့ ငါက မင်းအလိုကျဖြည်းဆည်းပေးရမှာပေါ့ " လို့ ရယ်မောကာ ပြောလိုက်၏။
တိုက်ပွဲစင်အထက်တွင် ထိုင်ကာ ကြည့်နေသော စုန်ကျောက်ဝမ်တို့သည်လည်း လှည်းပေါ်မှ ဆင်းလာသော ကျစ်ယန်တို့အဖွဲ့အား ကြည့်လိုက်လေသည်။ စုန်ကျောက်ဝမ်ဖိတ်ခေါ်ထားသော လူတစ်ချို့သည် ကျစ်ယန်ကို မြင်တွေ့လိုက်ရတဲ့အခါ "ဟမ်.....သူဖြစ်နေတာလား ၊ ဒါဆိုသခင်လဲ ဒီအနီးအနားမှာ ရှိနေမှာပေါ့ " လို့ ကြောက်လန့်စွာဖြင့် တီတိုးစွာ ရေရွတ်လိုက်ကြ၏။
ထိုလူများကတော့ လော့ထန် ၊ ကုန်ဟောနဲ့ မုရန် တို့သုံးပင် ပင် ဖြစ်ပေသည်။ လော့ထန်သည် သနားသောအကြည့်ဖြင့် စုန်ကျောက်ဝမ်အား ကြည့်လိုက်ပြီး "ကြည့်ရတာ လော့ကျန်းတိုင်းပြည်ထဲမှာ စုန်အိမ်တော်က ဒီနေ့မှာ အပြီးပျောက်ကွယ်သွားတော့မယ်ထင်တယ် " လို့ တွေးတောလိုက်၏။
ကျစ်ယန်ကို တွေ့မြင်လိုက်ရတဲ့အခါ အဝေးမှ ကြည့်နေသော မိန်းမပျိုသည် သူ့စိတ်ထဲတွင် ကျစ်ယန်ထိခိုက်မည်ကို စိုးရိမ်သလို ခံစားနေရသဖြင့် "ငါ့စိတ်ထဲမှာ ဘာလို့ သူ့ကို စိတ်ပူနေရတာလဲ " လို့ တီတိုးစွာ ပြောလိုက်လေသည်။ ကျစ်ယန်ရောက်ရှိလာသည်ကို တွေ့တဲ့အခါ ယွင်ဟန်သည်လည်း "အဖေ......အဲ့တာ ချူအိမ်တော်ရဲ့ အမှိုက်ကောင် ချူယန်ပဲ " လို့ ပြောလိုက်၏။
ယွင်ဖိန်သည် ရယ်ရင်း သူ့သမီးခေါင်းအား ပွတ်လိုက်ပြီး "သမီးယွင်ဟန်.....ခဏနေရင် ချူအိမ်တော်က ဒီလော့ပျန်းမြို့ထဲကနေ အပြီးပျောက်ကွယ်သွားတော့မှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာမလိုတော့ပါဘူး " လို့ပြောလိုက်လေသည်။
စုန်ချင်းရီသည် တိုက်ပွဲစင်ပေါ်သို့ ခုန်တက်သွားခဲ့ပြီး ကျစ်ယန်အား လက်ညိုးထိုးကာ "ချူယန်.....မင်းရောက်လာမှတော့ ဘာလို့ စင်ပေါ်မတက်လာသေးတာလဲ " လို့ ပြောလိုက်၏။ ကျစ်ယန်သည် သူ့စိတ်ထဲတွင် လွမ်းဆွတ်သလို ခံစားရသလို ဖြစ်လာပြန်သည့်အတွက် လှည့်ပတ်ကာ ရှာလိုက်ပြီး "ငါဘာဖြစ်ပြန်နေတာလဲ " လို့ သူ့ကိုယ်သူ ပြောလိုက်ပြီး စင်ပေါ်သို့ ခုန်တက်လာခဲ့သည်။
ထိုချိန်မှာပဲ ငွေရောင်ဝတ်ဆင်ထားသော လူကြီးတစ်ယောက်သည် စင်ပေါ်သို့ ခုန်တက်လာခဲ့ပြီး "မင်းတို့နှစ်ယောက်အဆင့်သင့် ဖြစ်ပြီးလား " လို့ မေးလိုက်သည်။ စုန်ချင်းရီသည် ငွေရောင်ဝတ်စုံဝတ်ဆင်ထားသော လူအား လက်နှစ်ပင် ဆုပ်လိုက်ပြီး "အကြီးအကဲကျွင်းကော.....စတင်လို့ ရပါပြီ " လို့ ရိုသေစွာဖြင့် ပြောလိုက်၏။
ကျွင်းကောသည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ စာလိပ်၁ခုအား ထုတ်လိုက်ပြီး အားလုံးမြင်ရအောင် ပြသလိုက်ပြီး ၁မိနစ် မပြည့်ခင်မှာပဲ ပြန်သိမ်းလိုက်လေသည်။ စုန်ချင်းရီသည် ပြုံးလိုက်ပြီး "စက္ကန့်ပိုင်းအတွင်း မြင်တွေ့လိုက်ရတဲ့ လင်ရွမ်းဆေးလုံးရဲ့ ဖော်စပ်နည်းဆေးကျမ်းကို မင်းဘယ်လိုဖော်စပ်မလဲ ငါသိချင်သေးတယ် "လို့ တီတိုးစွာ ရေရွတ်လိုက်၏။
စုန်ချင်းရီသည် လင်ရွမ်းဆေးလုံးရဲ့ ဖော်စပ်နည်းအား ကြိုတင်လေ့လာပြီးပြီ ဖြစ်သဖြင့် ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။ စုန်ချင်းရီသည် သူ့လက်ဖဝါးအတွင်းမှ သားရဲမီးတောက်တစ်မျိုးကို ထုတ်လိုက်တဲ့အခါ ကြည့်နေသော လူများသည်
"အဲ့တာ မြွေမီးကျောက်သားရဲမီးတောက်ပဲ ၊ လွန်ခဲ့တဲ့နှစ်တွေက စုန်အိမ်တော်က မြွှေမီးကျောက်သားရဲကို ဖမ်းမိခဲ့တာ အမှန်တကယ်ပဲပေါ့ " လို့ တီတိုးစွာ ပြောနေကြ၏။
စုန်ချင်းရီသည် အနီရောင်ဖျော့ဖျော့မီးတောက်အား သူ့လက်ဖဝါးပေါ်တွင် ဆော့ကစားလိုက်ပြီး "မင်းမှာရော ဘယ်လိုမီးတောက်ရှိလဲ အားလုံးကို ထုတ်မပြတော့ဘူးလား.... ချူယန် "လို့ ပြောလိုက်သည်။
ကျစ်ယန်သည် အလွန်ပင် ကြောက်စရာအားကောင်းသော ခရမ်းရောင်မီးတောက်အား ထုတ်လိုက်တဲ့အခါ ကြည့်နေသောလူများစွာထဲမှ လူတစ်ယောက်သည် "အဲ့တာ ဘယ်သားရဲမီးတောက်လဲ ငါဘာလို့ တစ်ခါမှ မမြင်ဖူးတာလဲ " လို့ပြောလိုက်၏။
အားလုံးသည် စွမ်းအားပြင်းထန်သော ကျစ်ယန်ရဲ့မီးတောက်အား ကြည့်၍ အမျိူးမျိူးဝေဖန်နေကြသည်။ စုန်အိမ်တော်ရဲ့ ခေါင်းဆောင်ဟောင်းဘိုးဘေးကြီးကတော့ ကျစ်ယန်ရဲ့ မီးတောက်ကိုကြည့်တာ "ဒဏ္ဍာရီနတ်မီးတောက်လား.....၊ မဖြစ်နိုင်တာ ငါ့ပဲ အထင်မှားနေတာပဲ ဖြစ်ရမယ် " လို့ ပြောလိုက်၏။ နတ်မီးတောက်သည် လူ့လောကတွင် ပျောက်ကွယ်နေသည်မှာ နှစ်ပေါင်းအတော်ကြာပြီပင် ဖြစ်သည်။
စုန်ချင်းရီသည် မျက်နှာမကောင်းသော အမူအယာသို့ ပြောင်းလဲသွားပြီး သူ့ရဲ့ဆေးမီးဖိုအိုးကို ထုတ်ကာ ဆေးလုံးဖော်စပ်ဖို့ ဆောင်ရွက်နေခဲ့၏။ ကျစ်ယန်သည် စိတ်ပျက်စွာဖြင့် ခေါင်းတစ်ချက်ခါလိုက်ပြီး "အဆင့်၃ဆေးလုံးလေးလောက်နဲ့ ငါ့အချိန်ကို ဖြုန်းချင်နေတာလား " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် စားပွဲခုံပေါ်တွင် တင်ထားသောဆေးအမယ်များထဲမှ လင်ရွမ်းဆေးလုံးထဲတွင် ပါဝင်သော ဆေးအမယ်များအား စုပ်ယူလိုက်ပြီး နတ်မီးတောက်ဖြင့် ချက်ချင်းပင် အပူပေးလိုက်၏။
ကြည့်နေသော လူအများစုသည် ကျစ်ယန်ရဲ့ ဆေးဖော်စပ်ပုံကို ကြည့်ကာ "အဲ့ကောင်ရူးနေတာများလား ဆေးမီးဖိုအိုးမပါဘဲဆေးလုံးဖန်တီးဖို့ သူ့မှာဘယ်လိုယုံကြည်ချက်တွေ ရှိနေတာလဲ " လို့ ပြောနေကြလေသည်။ ကျစ်ယန်သည် နတ်မီးတောက်အား ရုတ်သိမ်းလိုက်ပြီး သူ့လက်ဖဝါးဖြန့်လိုက်တဲ့အခါ တောက်ပနေသော လင်ရွမ်းဆေးလုံးများသည် ကျစ်ယန်ရဲ့ လက်ဖဝါးအတွင်းကို ကျရောက်လာခဲ့၏။