စုန်အိမ်တော်အဆုံးသတ်ခြင်း (2)
Vol. 5 Ch. 59
ကျစ်ယန်အား ကဲ့ရဲ့ပြောဆိုနေသော လူအများစုသည် နှုတ်ပိတ်၍ သွားပြီး တစ်ခွန်းမှ မဟရဲတော့ပေ။ လော့ထန်သည် ကျစ်ယန်အား ကြည့်၍ "သခင်ရဲ့တပည့်ဖြစ်တာ မထူးဆန်းပါဘူး ၊ သူ့အသက်အရွယ်နဲ့ အဂ္ဂိရတ်ပညာရပ်မှာ ဆရာတစ်ဆူဖြစ်နေပြီပဲ " လို့ ချီးမွမ်းကာ ပြောလိုက်သည်။
စုန်ချင်းရီသည် ကျစ်ယန်ဆေးလုံးဖော်စပ်အောင်မြင်သွားသည်ကို မြင်တဲ့အခါ ဆေးမီးဖိုအိုးအပေါ်ထိန်းချုပ်မှု လွတ်ကင်းသွားသဖြင့် သူဖော်စပ်နေသော ဆေးမီးဖိုအိုးမှာ ပေါက်ကွဲသွားခဲ့၏။ ထိုအခါ အဂ္ဂိရတ်ပညာရှင် ကျွင်းကောသည် မျက်နှာမကောင်းစွာဖြင့် ကျစ်ယန်ရဲ့ ဆေးလုံးအား ယူစစ်ဆေးလိုက်ပြီး "ဒီပြိုင်ပွဲမှာ ချူအိမ်တော်ရဲ့သခင်လေးချူယန်က အနိုင်ရရှိပါတယ် " လို့ ကြေညာလိုက်လေသည်။
စုန်ချင်းရီသည် ဒေါသမျက်လုံးဖြင့် လက်သီးဆုပ်ကာ " ငါမင်းတို့ချူအိမ်တော်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ် " လို့ ကြိမ်းဝါးလိုက်၏။ အန်လွီမုန်ဟု ခေါ်သော အန်အိမ်တော်ခေါင်းဆောင်သည် "အန်တျန်း.....အဲ့စာလိပ်သူရရှိသွားတာ သေချာတယ်နော် " လို့ မေးလိုက်သည်။ အန်တျန်းသည် ကျစ်ယန်အား သေချာကြည့်ကာ "အမှန်ပဲအဖေ.....အဲ့နေ့က မိန်းကလေးတစ်ယောက်သာ ဝင်မနှောက်ယှက်ရင် အဲ့စာလိပ်သားတို့လက်ထဲရောက်နေပြီ " လို့ သူ့အဖေအား ပြန်တင်ပြလိုက်၏။
ခဏအကြာမှာတော့ လင်းရှောင်လို့ ခေါ်သောနတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူသည် တိုက်ခိုက်ရေးစင်ပေါ်သို့ တက်လာခဲ့ပြီး "ငါက မင်းတို့နှစ်ယောက်လုံးရဲ့ ပြိုင်ပွဲအခြေအနေကို ဆုံးဖြတ်ပေးမယ် အကြီးအကဲတစ်ယောက်ပါ ၊ တိုက်ခိုက်ရေးစင်ပေါ်ကနေ အရင်ဆုံး ပြုတ်ကျတဲ့လူက အရှုံးသမားပဲ စလို့ရပြီ" လို့ ပြောကာ စင်ပေါ်မှ ခုန်ချသွားခဲ့သည်။
စုန်ချင်းရီသည် ဝိညဥ်ပလ္လင်အဆင့်၆ စွမ်းအားအရှိန်အဝါအား ထုတ်လွှင့်လိုက်ပြီး "ပြဿးဘုံလွှမ်းမိုးခြင်း ကျင့်စဥ် " လို့ ရေရွတ်ကာ ကျစ်ယန်အနားအား ပြေးလွှားလိုက်ပြီး တိုက်ခိုက်လိုက်၏။
စုန်ချင်းရီသည် လေဟာနယ်ကို ထိုးမိမှန်းသိရှိသွားတဲ့အခါ နောက်အားလျင်မြန်စွာလှည့်ကြည့်လိုက်လေသည်။ ကျစ်ယန်သည် လျှပ်စီးခြေလှမ်းဖြင့် စုန်ချင်းရီရဲ့ နောက်သို့ ရောက်ရှိသွားခဲ့ပြီး အတော်ပျင်းစရာကောင်းတာပဲလို့ ရေရွတ်ကာ တစ်ချက်ထဲ ထိုးချလိုက်၏။
စုန်ချင်းရီသည် ကျစ်ယန်ရဲ့လက်သီး တစ်ချက်ထဲနဲ့ပင် စင်အောက်သို့ လွင့်ပြန်ကာ ထွက်သွားသည်။ အားလုံးသည် ထိုအဖြစ်ပျက်အား ကြည့်ကာ "ဟမ်....ဒါလိုနဲ့ပြီးသွားပြီလား ၊ အတော်ပျင်းစကောင်းတဲ့ ပြိုင်ပွဲပဲ " လို့ စိတ်ပျက်စွာဖြင့် ပြောလိုက်ကြ၏။ စုန်ကျောက်ဝမ်သည် သူ့သားအား အမြန်ဆွဲထူလိုက်ပြီး "မင်းကအတော်အတင့်ရဲနေတာပဲ ၊ မင်းလုပ်ရပ်ကြောင့် မင်းတို့ချူအိမ်တော်တစ်ခုလုံးကို စတေးရမယ် " လို့ ဒေါသသံဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
ကျစ်ယန်သည် လက်နောက်ပစ်လိုက်ပြီး "မင်းတို့စုန်အိမ်တော်တစ်ခုလုံး ငါ့လက်အောက်မှာ အညံခံမလား ဒါမှမဟုတ် ငရဲသွားကြမလား " လို့ မေးလိုက်၏။ စုန်ကျောက်ဝမ်သည် တိုက်ခိုက်ရေးစင်ပေါ်သို့ ခုန်တက်လိုက်ပြီး "မင်းကအတော်မောက်မာနေတဲ့လူငယ်လေးပဲ ၊ မင်းရဲ့အဖေအစား ငါ့မင်းကို ဆုံးမပေးမှ ဖြစ်တော့မယ် " လို့ ပြောကာ ကျစ်ယန်အား သူ့လက်ဖဝါးစွမ်းအားဖြင့် ပစ်သွင်းလိုက်သည်။
ထိုအခါ အဝေးမှ လှမ်းကြည့်နေသော မိန်းမပျိုသည် စုန်အိမ်တော်ခေါင်းဆောင်းဟောင်းဘိုးဘေးရဲ့ အနားမှ လျှပ်တစ်ပြက်ပျောက်သွားခဲ့၏။ မိန်းမပျိုသည် တိုက်ခိုက်ရေးပွဲစင်အနားသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး စုန်ကျောက်ဝမ်ရဲ့ လက်ဖဝါးစွမ်းအားကို တိုက်ထုတ်ပေးမည့်ချိန်တွင် လူလေးယောက်သည် သူ့ထက်အရင်ဦးကာ ကျစ်ယန်ရှေ့ကို ရောက်ရှိနေတဲ့အတွက် ကောင်းကင်ယံမှာပဲ ရပ်တန့်ကာ အခြေအနေအား ရပ်ကြည့်လိုက်သည်။
လော့ထန် ၊ ကုန်ဟောနဲ့ မုရန်
တို့သည် ကျစ်ယန်အား ကာကွယ်ပေးနေတဲ့အတွက် စုန်ကျောက်ဝမ်သည် အံ့အားသင့်စွာဖြင့် "အကြီးအကဲတို့ ဒါက ဘာသဘောလဲ " လို့ မေးလိုက်၏။ လော့ထန်သည် တည်ငြိမ်စွာဖြင့် "စုန်ကျောက်ဝမ်.....ဒီကသခင်လေးကို မင်းထိလို့ မရဘူး ၊ မဟုတ်ရင်တော့ ငါတို့၃ယောက်လုံး မကြင်နာတက်ဘူးလို့ မင်းမပြောနဲ့ " လို့ ပြောလိုက်၏။ ချူခွမ်နဲ့အတူ လူများစွာသည် ကြောင်အသွားကြသည်။
လော့ကျန်းတိုင်းပြည်ရဲ့ သြဇာအာဏာကြီးမားသော အကြီးအကဲ၃ယောက်သည် ကျစ်ယန်ဘက်မှ ပါရှိနေလိမ့်မည်လို့ မထင်ထားကြပေ။ ကျစ်ယန်သည် လော့ထန်တို့အား ဘေးဖယ်ခိုင်းလိုက်ပြီး စုန်ကျောက်ဝမ်နားကို သွားကာ "အခုရော ဘယ်လိုသဘောရလဲ " လို့ မေးလိုက်၏။
ထိုချိန်မှာပဲ ကျယ်လောင်သော အသံစွမ်းအင်လှိုင်းဖြင့် "ဟားဟားဟား......ချူအိမ်တော်ရဲ့သခင်ငယ်လေးက စုန်အိမ်တော်ကိုအပိုင်စီးဖို့ ကျွန်တော်ကိုတောင် ခွင့်မတောင်းတော့ဘူးလား " လို့ ပြောကာ တိုက်ပွဲစင်ရဲ့ ကောင်းကင်ယံအထက်ကို ရောက်ရှိလာခဲ့သည်။
ထိုလူကို မြင်တဲ့အခါ စုန်အိမ်တော်ရဲ့လူများအားလုံးသည် "ဘိုးဘေးဖုန်ဟောက်ကို ဂါဝါရပြုပါတယ် " လို့ ပြောကာ ဒူးထောက်ကာ အရိုအသေပေးလိုက်ကြ၏။စုန်ဖုန်ဟောက်သည် ကျစ်ယန်ရဲ့ ဘေးကို လျှပ်တစ်ပြက် ရောက်ရှိလာခဲ့ပြီး "ချူသခင်ငယ်လေး.....ငါတို့ဒီနေ့ကိစ္စကို ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်ကြရင် မကောင်းဘူးလား "လို့ ပြုံးစွာဖြင့် မေးလိုက်သည်။
ကျစ်ယန်သည် အေးစက်စွာ အကြည့်ဖြင့် စုန်ဖုန်ဟောက်ကို ကြည့်ကာ "နတ်ဝိဇ္ဇာအဆင့်၅ စွမ်းအားလောက်နဲ့ ကျွန်တော်ကို ခြိမ်းခြောက်လို့ ရမယ်ထင်နေတာလား...."လို့ ပြောလိုက်၏။ ကျစ်ယန်သည် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို သိနေတဲ့အပြင် တုန်လှုပ်မှု အနည်းငယ်တောင် မရှိတဲ့အခါ စုန်ဖုန်ဟောက်သည် ထူးဆန်းသလို ခံစားလိုက်ရသည်။
စုန်ဖုန်ဟောက်သည် တိုက်ပွဲစင်မြေကြီးအား သူ့ရဲ့စွမ်းအားဖြင့် ဆောက်နင်းချလိုက်ပြီး "ချူသခင်ငယ်လေးက.....အလျော့မပေးတော့ စုန်အိမ်တော်ရဲ့ဘိုးဘေးတစ်ယောက်အနေနဲ့ စုန်အိမ်တော်ကို ကာကွယ်ရမှာပေါ့ " လို့ ပြောကာ သူ့လက်ဖဝါးဖြင့် ကောင်းကင်ကို ရွယ်လိုက်၏။ ထိုအခါ တိုက်ပွဲစင်ပေါ်၏ ကောင်းကင်ယံမှာ မှောင်မဲ၍ သွားပြီး လျှပ်စီးမိုးကြိုးနဂါးတစ်ကောင်သည် တိမ်မဲများကြားမှ ထွက်ပေါ်လာခဲ့သည်။
စုန်ကျောက်ဝမ်သည် လျှပ်စီးပြာရောင်မိုးကြိုးနဂါးဝိညဥ်ကြီးကိုကြည့်ကာ "ဘိုးဘေးက လျှပ်စီးမိုးကြိုးကျင့်စဥ်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီပဲ " လို့ ပျော်ရွင်စွာဖြင့် ရေရွတ်လိုက်၏။ တိုက်ပွဲစင်နား၏ ကောင်းကင်ယံတွင် ရှိနေသော မိန်းမလှလေးသည် "ငါရဲ့မသိစိတ်က ဘာလို့သူ့ကိုကာကွယ်ပေးဖို့ တွန်းအားပေးနေရပြန်တာလဲ " လို့ သူ့ကိုယ်သူအံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
စုန်ဖုန်ဟောက်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "မင်းဘယ်လိုခုခံမလဲ ငါသိချင်သေးတယ် " လို့ ပြောကာ မိုးကြိုးနဂါးကြီးအား ကျစ်ယန်ရှိသို့ ပစ်လွှတ်လိုက်၏။ လော့ထန်တို့၃ယောက်သည် သူတို့ရဲ့ သခင်မှာ ခုချိန်ထိပေါ်မလာသေးတဲ့အတွက် စိုးရိမ်ပူပန်နေကြသည်။
မိန်းမလှလေး လင်ရှို့ဟွာသည် သူ့စိတ်ထဲက ဆန္ဒအလျောက် ဘာဖြစ်ဖြစ်ကျစ်ယန်အား ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ချိန်တွင် လူတစ်ယောက်သည် သူ့ရှေ့ကို ရောက်ရှိလာခဲ့ပြီး "ငါစိတ်ထင်နေတာမဟုတ်ဘူးပဲ "လို့ ပြုံးစွာဖြင့် ပြောလိုက်၏။ မိန်းမလှလေး လင်ရှို့ဟွာသည် အံ့အားသင့်စွာဖြင့် "ကိုယ်ပွားကျင့်စဥ်တစ်ခုလား " လို့ စိတ်ထဲကပင် ရေရွတ်လိုက်မိသည်။
လျှပ်စီးမိုးကြိုးနဂါးသည် ကျစ်ယန်နားကို ရောက်ရှိလာချိန်တွင် ခမောက်ဆောင်းထားသော လူတစ်ယောက်သည် ကျစ်ယန်ရှေ့မှ ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးမိုးကြိုးနဂါးကြီးအား လက်သီးတစ်ချက်ထဲနဲ့ပင် တိုက်ခိုက်ဖျက်ဆီးပစ်လိုက်၏။လျှပ်စီးမိုးကြိုးနဂါးဝိညဥ်ကြီး ပျက်စီးသွားတဲ့အခါ ဆက်နွယ်နေသည့် စုန်ဖုန်ဟောက်သည် ဒူးထောက်ကျသွားပြီး သွေးများပင် အန်လိုက်ရသည်။
စုန်ဖန်ဟောက်သည် သွေးအန်နေရင်း ခမောက်နဲ့လူအား ကြည့်၍ "နတ်သူငယ်အဆင့်ကျင့်ကြံသူစွမ်းအားလား...." လို့ ရေရွတ်ကာ ပစ်လဲကျ၍ သေဆုံး၍ သွား၏။ နတ်သူငယ်အဆင့်ကျင့်ကြံသူမှန်း သိရှိသွားတဲ့အခါ အားလုံးသည် တုန်လှုပ်၍ သွားကြပြီး ဒူးထောက်ကာ သူ့တို့ အသက်အားချမ်းသာပေးဖို့ တောင်းပန်ကြလေသည်။