ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းကိုရောက်ရှိခြင်း
Vol. 5 Ch. 60
လော့ထန်တို့သည် ခမောက်နဲ့လူမှာ သူ့တို့သခင်ထက်စွမ်းအား ကြီးနေလိမ့်မည်လို့ မထင်ထားပေ။
အန်အိမ်တော်ခေါင်းဆောင်သည် အလွန်ကြောက်လန့်စွာဖြင့် ကျစ်ယန်အား ကြည့်တောင်မကြည့်တော့ပေ။ ကျစ်ယန်သည် လင်ရှို့ဟွာရဲ့လက်ကို ဆွဲလိုက်ပြီး အဝေးတစ်နေရာအား ပျံသန်းကာ ထွက်လာခဲ့၏။ သူစိမ်းယောကျာ်းလေးတစ်ယောက်မှ သူ့လက်ကို ဆုပ်ကိုင်ထားသဖြင့် လင်ရှို့ဟွာရဲ့ မျက်နှာတစ်ခုလုံးမှာ နီရဲနေခဲ့သည်။
တောင်ထိပ်တစ်ခုသို့ ရောက်တဲ့အခါ ကျစ်ယန်သည် ဆင်းသက်လိုက်ပြီး လင်ရှို့ဟွာရဲ့ လက်အားလွှတ်ပေးလိုက်၏။ လင်ရှို့ဟွာသည် အလွန်ဝေးကွာသော တောင်ထိပ်မှ စုန်အိမ်တော်ကို လှမ်းကြည့်ကာ "ရှင်......သူတို့အားလုံးကို သတ်ပစ်မှာလား " လို့ မေးလိုက်သည်။
ကျစ်ယန်သည် ခေါင်းခါလိုက်ပြီး "မိန်းမလှလေး မင်းအဲ့ဒီအတွက် စိတ်ပူစရာမလိုပါဘူး " လို့ လင်ရှို့ဟွာအား ပြောလိုက်၏။ စုန်အိမ်တော်ရဲ့ တိုက်ပွဲစင်တွင် ကျန်ရှိခဲ့သော ကျစ်ယန်ကိုယ်ပွားနဲ့ ရုပ်သေးရုပ်သည် အားလုံးရှေ့တွင် ပျောက်ကွယ်သွားခဲ့ပြီး စုန်အိမ်တော်သည် လော့ကျန်းမြို့ထဲမှ အပြီးဖျက်သိမ်းရန် အမိန့်ပေးခဲ့သည်။
လင်ရှို့ဟွာသည် ကျစ်ယန်သူ့အနားရှိချိန်တွင် အရာရာပြီးပြည့်သလို ခံစားနေရတဲ့အတွက် "ရှင်က ဘယ်သူလဲ ကျွန်မကို ပြောပြပေးလို့ရမလား " လို့ သိမ်မွေ့စွာဖြင့် ပြောလိုက်၏။ ကျစ်ယန်သည် လင်ရှို့ဟွာရဲ့ အပြုံးအား သေချာကြည့်လိုက်ပြီး "မိန်းကလေး......ငါနဲ့ပက်သက်ပြီး မင်းစိတ်ထဲမှာ တစ်ခုခု မူမမှန်တာမျိုး ခံစားရတာရှိလား " လို့ မေးလိုက်သည်။
လင်ရှို့ဟွာသည် ကျစ်ယန်စကားကို ကြားလိုက်ရတဲ့အခါ "ရှင်လဲ အဲ့လိုခံစားနေရတာလား..."လို့ လွှတ်ခနဲပြောလိုက်မိ၏။ လင်ရှို့ဟွာသည် သူ့နှုတ်မှ ရုတ်တရက်ထွက်သွားကြောင့် စကားကြောင့် ကျစ်ယန်အား ကျောပေးကာ မျက်နှာလေးမှာ ရှက်သွေးဖြာသွားခဲ့လေသည်။
ကျစ်ယန်သည် သူ့တစ်ယောက်ထဲ ဖြစ်နေတာ မဟုတ်မှန်းသိတဲ့အခါ ဝမ်းသာ၍ သွားပြီး လင်ရှို့ဟွာရဲ့ လက်အား ဆုပ်ကိုင်လိုက်ပြီး "ငါရဲ့ကိစ္စတွေအားလုံးပြီးသွားခဲ့ရင် ငါမင်းကို လာရှာမယ် " လို့ ပြောလိုက်၏။
လင်ရှို့ဟွာသည် ကျစ်ယန်ဘက်ကို ပြန်လှည့်လိုက်ပြီး"ရှင်လူကောင်းလားလူဆိုးလား ရှို့ဟွာမသိပင်မယ့် စိတ်ထဲမှာ ရှင်တစ်ခုခုဖြစ်မှာကို အရမ်းကြောက်မိနေတယ် " လို့ မဝံမရဲပြောလိုက်လေသည်။
လင်းထိန်နေသော လမင်းရောင်ကြီးအောက်တွင် လင်ရှို့ဟွာသည် ကျစ်ယန်ရဲ့ ပုခုံးလေးအား မှီကာ "သခင်လေးကျစ်ယန်....ရှို့ဟွာတို့ဂိုဏ်းမှာအရေးကြီးကိစ္စရှိနေတဲ့အတွက် မနက်ဖြန်မိုးမလင်ခင် ရှို့ဟွာ ဂိုဏ်းကို အရင်ဆုံးပြန်ရအုံးမယ် " လို့ ပြောလိုက်၏။
ကျစ်ယန်သည် သူ့တွင်လည်း ဆောင်ရွက်ကိစ္စများ ရှိတဲ့အတွက် "ရှို့ဟွာ......မင်းကိုယ့်ကို စောင့်နေမယ်မလား " လို့ မေးလိုက်သည်။ လင်ရှို့ဟွာသည် သူ့ရဲ့ဆွဲကြိုးအား ဖြုတ်ကာ ကျစ်ယန်ရဲ့လက်တွင် ချည်ပေးလိုက်ပြီး "ဒီဆွဲကြိုးက ရှို့ဟွာရဲ့အသက်ထက် ပိုတန်ဖိုးကြီးတဲ့အရာပဲ " လို့ ပြောကာ ကျစ်ယန်အား နှုတ်ဆက်ပြီး တောင်ထိပ်ပေါ်မှ ပျံသန်းကာ ထွက်ခွာသွားခဲ့၏။
ကျစ်ယန်သည်လည်း တောင်ထိပ်မှ ပျံသန်းကာ ထွက်ခွာလာခဲ့ပြီး ဟန်ထုန်ရှိသော မှော်အဂ္ဂိရတ်ဆေးခန်းမကို ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည်လော့ကျန်းမြို့မှ မထွက်ခွာခင် ချူခွမ်တောင်းဆိုထားသော ဝိညဥ်နှောင်ဖြတ်ဆေးလုံးအား ဖော်စပ်ပေးခဲ့ပြီး ဟန်ထုန်အား ချူအိမ်တော်သို့ ပေးပို့ရန် စေခိုင်းခဲ့၏။
၃ရက်ကြာပြီးနောက် ဟန်ထုန်သည် ဝမ်းသာစွာဖြင့် "ဂုဏ်ယူပါတယ် အကြီးအကဲ......."လို့ ကျစ်ယန်အား ပြောလိုက်သည်။ ကျစ်ယန်သည် သူ့ဖော်စပ်ထားသော ဆေးလုံးများကို ထည့်သွင်းလိုက်ပြီး "အကြီးအကဲဟန်ထုန်.....ဘာကိစ္စကြောင့် ကျွန်တော်က ဂုဏ်ယူရမှာလဲ "လို့ တည်ငြိမ်စွာပင် မေးလိုက်၏။
ဟန်ထုန်သည် ကျစ်ယန်အား သူ့ဆောင်ရွက်ထားသော ကိစ္စကြီးတစ်ခုအား ပြောပြလိုက်သည်။ ရှေးဟောင်းဂိုဏ်းကြီးဖြစ်သော ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းကြီးမှ အကြီးအကဲတစ်ယောက်သည် ကျင့်ကြံရင်း တစ်စုံတစ်ရာမှားယွင်းသွားသည့်အတွက် ဒဏ်ရာအကြီးအကျယ်ရသွားခဲ့၏။
ထို့ကြောင့် ဘုံသုံးဆင့်ဧကရာဇ်နန်းတော်၏ ဂိုဏ်းချုပ်သည် ဂိုဏ်း၏ ပါရမီရှင်များအား တာဝန်တစ်ချို့နဲ့အတူ နတ်အလင်းဆေးလုံးအား ရယူဖို့ တိုင်းပြည်များစွာသို့ စေလွှတ်ခဲ့ခြင်းပင် ဖြစ်သည်။
အကျိုးရလာဒ်များစွာ ရရှိမည်ဖြစ်၍ ဟန်ထုန်သည် နတ်အလင်းဆေးလုံးအားရရှိဖို့ အစီအစဥ် ချခဲ့ခြင်းပင် ဖြစ်၏။
ဟန်ထုန်သည် နတ်အလင်းဆေးလုံးကို ဆက်သလိုက်တဲ့အခါ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်မှ ဒဏ်ရာပပျောက်သွားသော အကြီးအကဲသည် သူ့အသက်အားကယ်သောလူအား ကျေးဇူးဆပ်ချင်သည့်အတွက် ဂိုဏ်းအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ဘုံသုံးဆင့်ဧကရာဇ်နန်းတော်လို့ ကြားလိုက်တဲ့အခါ ကျစ်ယန်သည် ပြုံးလိုက်ပြီး "ကောင်းပြီလေ.....ငါတို့အတူသွားကြတာပေါ့ " လို့ ဟန်ထုန်အား ပြောလိုက်၏။ ဟန်ထုန်သည် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေတဲ့အတွက် မလိုက်ဝံကြောင်း ပြောလိုက်ပြီး ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းရဲ့ တံဆိပ်ပြားနဲ့ မြေပုံအား ပေးလိုက်သည်။
ကျစ်ယန်သည် တံဆိပ်ပြားနဲ့ မြေပုံအား သိုလှောင်ကွင်းထဲသို့ ထည့်သွင်းလိုက်ပြီး "အချိန်လဲ မစောတာ့တဲ့အတွက် ကျွန်တော်သွားတော့မယ် " လို့ ပြောကာ အဂ္ဂိရတ်ဆေးခန်းမမှ ထွက်ခွာလာခဲ့၏။ ကျစ်ယန်သည် တိုက်တိုက်ဆိုင်ဆိုင် ဘုံးသုံးဆင့်ဧကရာဇ်နန်းတော်ကို သွားရလိမ့်မည်လို့ မထင်ထားခဲ့ပေ။
ကျစ်ယန်သည် ဓားပျံဖြင့် ပျံသန်းနေရင်း မြေပုံအားထုတ်ကြည့်လိုက်၏။ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းသည် လော့ကျန်းတိုင်ပြည်နဲ့ ဝေးလံသော နေရာတစ်ခုတွင် တည်ရှိခြင်းဖြစ်သည်။ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းရဲ့တည်နေရာသည် တောင်စွယ်ငါးခုအတွင်းပင် ဖြစ်၏။
ကျစ်ယန်သည် ၁ရက်တာ ပျံသန်းပြီးတဲ့နောက် လိမ္မော်ရောင်မြူခိုးများရှိရာကို ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် လိမ္မော်ရောင်မြူခိုးများကို ဖြတ်သန်းပြီးတဲ့နောက် လက်ချောင်းငါးချောင်းအသွင်နဲ့ တူနေသော တောင်စွယ်ငါစွယ်အား တွေ့လိုက်ရ၏။ ကျစ်ယန်ပျံသန်းနေစဥ်တွင် "ရပ်စမ်း.......မင်းက ဘယ်သူလဲ " လို့ အသံနဲ့အတူ ဓားပျံနဲ့လူ၂ယောက်သည် ကျစ်ယန်ရှေ့ကို ရောက်ရှိလာခဲ့သည်။