ဧကရာဇ်ကျားစွယ်တောင်ထိပ်
Vol. 5 Ch. 61
ကျစ်ယန်သည် အမိန့်ပြားအား ထုတ်လိုက်တဲ့အခါ
ကျန်တွီလို့ခေါ်သောလူသည် "အကြီးအကဲရွဲ့ထောင်ရဲ့ တံဆိပ်ပြားပဲ ၊ မင်းငါတို့နောက်လိုက်ခဲ့ပါ " လို့ ပြောကာ ကျစ်ယန်အား လမ်းပြကာ ရှေ့မှ ပျံသန်းသွားခဲ့၏။ ကျစ်ယန်သည် ထိုလူတွေနောက်မှ လိုက်လာရင်း ဧကရာဇ်ကျားအစွယ်တောင်ထိပ်အား ရောက်ရှိလာခဲ့သည်။
ဧကရာဇ်ကျားစွယ်တောင်ထိပ်ကို ရောက်တဲ့အခါ ကျန်တွီသည် "မင်းဒီမှာ ခဏစောင့်အုံး " လို့ ကျစ်ယန်အား ပြောကာ သတင်းပို့ရန် ထွက်ခွာသွားခဲ့၏။
ကျစ်ယန်သည် ဧကရာဇ်ကျားအစွယ်တောင်ထိပ်ပေါ်သို့ ရောက်၍ စောင့်ဆိုင်းနေချိန်တွင် မိန်းမလှလေးသည် ကျစ်ယန်ကို တွေ့လိုက်ရတဲ့အခါ ပြေးလွှားလာခဲ့ပြီး "သခင်လေးကျစ်ယန်........ရှင်....ရှို့ဟွာနောက်ကို လိုက်လာခဲ့တာလား" လို့ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
ကျစ်ယန်သည် လင်ရှို့ဟွာကို တွေ့လိုက်ရတဲ့အခါ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်မှန်း သိလိုက်ရ၏။ကျစ်ယန်သည် လင်ရှို့ဟွာရဲ့လက်အား ဆုပ်ကိုင်လိုက်ပြီး "ရှို့ဟွာ.....မင်းက ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းရဲ့ တပည့်တစ်ယောက်လား " လို့ မေးလိုက်သည်။
ဓားချွန်အသေးလေးသည် ကျစ်ယန်ရှိသို့ တရှိန်ထိုး ရောက်ရှိလာတဲ့အခါ လင်ရှို့ဟွာသည် သူ့လက်ဖြင့် ခုခံကာ ဖယ်ရှားလိုက်ပြီး "ချင်းမော်......နင်က သေချင်နေတာလား " လို့ အေးစက်စွာ အသံဖြင့် ပြောလိုက်၏။ ချင်းမော်သည် ဒေါသအကြည့်ဖြင့် ကျစ်ယန်အား ကြည့်ကာ "မင်းမသေချင်သေးရင် ဆရာတူအမရှို့ဟွာနဲ့ ဝေးဝေးနေပါ " လို့ ပြောကာ ထွက်ခွာသွားခဲ့သည်။
ခဏအကြာမှာပဲ ကောင်းကင်ယံမှ လူတစ်ယောက်သည် လျင်မြန်စွာ ပျံသန်းလာခဲ့ပြီး သူ့နောက်တွင် ကျန်တွီတို့လဲ ပါလာခဲ့၏။ ကျန်တွီသည် လက်နှစ်ဖက်ဆုပ်ကာ "ဆရာ.....အဲ့ကောင်လေးပဲ " လို့ ကျစ်ယန်အား လက်ညိုးထိုးကာ ပြောလိုက်သည်။
ကျစ်ယန်သည် နတ်သူငယ်အဆင့်စွမ်းအားအရှိန်အဝါပိုင်ဆိုင်သူသည် သူ့အနားရောက်ရှိလာမှန်းခံစားလိုက်ရ၏။
ကျစ်ယန်အနားကို လူတစ်ယောက်သည် လျှပ်တစ်ပြက်ရောက်ရှိလာခဲ့ပြီး "အငယ်လေး......မင်းမှာ ငါပေးအပ်ထားတဲ့ တံဆိပ်ပြားရှိတာ အမှန်ပဲလား " လို့ မေးလိုက်သည်။ ကျစ်ယန်သည် အမိန့်ပြားအား ထုတ်လိုက်ပြီး ရွဲ့ထောင်ဆိုသော လူအား ပေးလိုက်၏။
ရွဲ့ထောင်သည် အမိန့်ပြားအား စစ်ဆေးလိုက်ပြီး "
အငယ်လေး......မင်းက နတ်အလင်းဆေးလုံးဖော်စပ်သူရဲ့ တပည့်လား " လို့ ကျစ်ယန်အား သေချာကြည့်ကာ မေးလိုက်သည်။ ကျစ်ယန်သည် ရိုသေစွာပင် "အကြီးအကဲပြောတာမှန်ပါတယ်......" လို့ ပြန်ပြောလိုက်၏။
ရွဲ့ထောင်သည် တံဆိပ်ပြားအား ကျစ်ယန်အား ပြန်ပေးလိုက်ပြီး "မင်းရဲ့ဆရာက ငါ့အသက်ကိုကယ်ခဲ့တာဆိုတော့ ဧကရာဇ်ကျားစွယ်ရတနာခန်းမမှာ ရှိတဲ့ ကြိုက်တဲ့ရတနာကို မင်းယူသွားနိုင်တယ် " လို့ ပြောကာ ကောင်းကင်ယံသို့ ပြန်ရောက်သွားခဲ့သည်။
ရွဲ့ထောင်သည် ပြင်းထန်သောအသံစွမ်းအင်လှိုင်းဖြင့် "ခုချိန်ကစပြီး......ဒီကအငယ်လေးက ငါ့ရဲ့မိတ်ဆွေပဲ ၊ သူ့ကိုယ်ထိရဲတဲ့လူက ငါကိုရန်စတာပဲ " လို့ ပြောကာ ပျောက်ကွယ်၍ သွားခဲ့၏။ အားလုံးသည် ကျစ်ယန်အား ကြည့်ကာ အားကျနေလေသည်။
ကျစ်ယန်သည် တံဆိပ်ပြားအား သိမ်းလိုက်ပြီး "ရှို့ဟွာ.....ကိုယ်နဲ့အတူ ဧကရာဇ်ကျားစွယ်ရတနာခန်းမကို လိုက်ခဲ့ပေးမလား " လို့ မေးလိုက်၏။ ကျစ်ယန်သည် နတ်အလင်းဆေးလုံးဖော်စပ်သူရဲ့ တပည့်ဟု လင်ရှို့ဟွာသည် အမှန်တကယ်ပင်ထင်သွားခဲ့သည်။ လင်ရှို့ဟွာသည် ကျစ်ယန်အား ခေါင်းငြိမ့်ပြလိုက်ပြီး ဧကရာဇ်ကျားစွယ်ရတနာခန်းမအား ခေါ်လာခဲ့၏။
ဧကရာဇ်ကျားစွယ်ရတနာခန်းမရှေ့တွင် အစောင့်အကြပ်ပေါင်းများစွာရှိနေခဲ့သည်။ ကျစ်ယန်နဲ့ လင်ရှို့ဟွာကို မြင်တဲ့အခါ အနက်ရောင်ဝတ်စုံဖြင့်လူများစွာသည် "မင်္ဂလာပါ ဆရာတူအမရှို့ဟွာ " ဟု အားလုံးသည် နှုတ်ဆက်လိုက်၏။ ရှို့ဟွာသည် တည်ငြိမ်စွာပင် အားလုံးကို ခေါင်းငြိမ့်ပြလိုက်သည်။
လင်ရှို့ဟွာသည် ဧကရာဇ်ကျားစွယ်ရတနာခန်းမအတွင်းသို့ ကျစ်ယန်အား ခေါ်လာခဲ့၏။ ကျစ်ယန်သည် များစွာသော ရတနာများစွာကို တွေ့လိုက်ရသည်။ သို့သော် ကျစ်ယန်သည် ထူးဆန်းသောရတနာမျိုးကိုတော့ မတွေ့ရှိသေးပေ။ ကျစ်ယန်သည် အနက်ရောင်ကျောက်တုံးတစ်ခုအားတွေ့လိုက်ရတဲ့အခါ "ရှို့ဟွာ.....ဒါက ဘာလဲမင်းသိလား " လို့ မေးလိုက်၏။
ရှို့ဟွာသည် အနက်ရောင်ကျောက်တုံးအား စုပ်ယူလိုက်ပြီး "သခင်လေးကျစ်ယန်.....ဒါကချောင်အင်ပါယာမျိုးနွယ်က ရလာတဲ့ကျောက်နက်ပဲ ၊ အကြီးအကဲတွေ ပြောသံ ကြားဖူးတာတော့ ဒီကျောက်နက်ကို ချောင်အင်ပါယာမျိူးနွယ်စုရဲ့ ကြီးမြတ်သောသားတော်ကသာ အသုံးပြုနိုင်မယ် " လို့ ရှင်းပြလိုက်သည်။
ချောင်အင်ပါယာမျိူးနွယ်စုရှိ လူများသည် သာမန်များမဟုတ်ကြပေ။ အလွန်ပင်ဆန်းကြယ်သော ရတနာများပေါများသောကြောင့် ချောင်အင်ပါယာမျိုးနွယ်စုနေထိုင်သော ချန်းယီကုန်းမြေအား ထိပ်သီးဂိုဏ်းအသီသီးမှ လိုချင်နေကြ၏။ သို့သော် ချောင်အင်ပါယာမျိူးနွယ်စုအား ရန်စရဲသော ဂိုဏ်းများမရှိပေ။
ကျစ်ယန်သည် လင်ရှို့ဟွာလက်ထဲမှ ကျောက်နက်ကို ကိုင်ယူလိုက်တဲ့အခါ သူရဲ့ရွှေရောင်လျှပ်စီးသွေးကြောများမှာ လှုပ်ရှားသွားမှန်း ခံစားသိရှိလိုက်ရ၏။ ကျစ်ယန်သည် ယန်နတ်ဘုရားမျက်လုံးဖြင့် ကျောက်နက်အတွင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ
၁လက်မရှိသော အနက်ရောင်စွမ်းအင်လုံး သုံးခုအား တွေ့လိုက်ရသည်။
ထိုစွမ်းအင်လုံးများသည် ရွှေရောင်လျှပ်စီးသွေးကြောနဲ့ တစ်ခုခုပက်သက်နေမည်လို့ ကျစ်ယန်သည် ယူဆလိုက်၏။ ကျစ်ယန်သည် ကျောက်နက်အား သိမ်းလိုက်ပြီး "ရှို့ဟွာ......ကိုယ်တို့ ပြန်ကြရအောင် " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် ကျောက်နက်ကို ရွေးချယ်လိမ့်မည်လို့ လင်ရှို့ဟွာသည် မထင်ထားခဲ့ပေ။ ကျစ်ယန်နဲ့လင်ရှို့ဟွာသည်
ဧကရာဇ်ကျားစွယ်တောင်ထိပ်ကို ပြန်လည်ရောက်ရှိလာခဲ့၏။
ကျစ်ယန်တို့ပြန်ရောက်ရှိလာတဲ့အခါ ကျန်တွီသည် "သခင်လေးကျစ်ယန်ကို ဧကရာဇ်ကျားစွယ်တောင်ထိပ်ရဲ့ ကျင့်ကြံခြင်းခန်းမမှာ လေ့ကျင့်နိုင်ဖို့ ဆရာကငါ့ကိုစီစဥ်ခိုင်းထားပါတယ် " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် ကျောက်နက်ကို စမ်းသပ်ချင်သည့်အတွက် လင်ရှို့ဟွာအား နှုတ်ဆက်ကာ ကျင့်ကြံခြင်းခန်းမကို လှမ်းလာခဲ့သည်။
ကျစ်ယန်သည် ကျင့်ကြံခြင်းခန်းထဲကို ရောက်တဲ့အခါ စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ဝင်လိုက်၏။ ကျစ်ယန်သည် ကျောက်နက်အား သူ့ရှေ့တွင် ချလိုက်ပြီး
သူ့ရဲ့ဘိုးဘေးသွေးကြောဖြစ်သော ရွှေရောင်လျှပ်စီးသွေးကြောစွမ်းအင်ကို ကျောက်နက်အတွင်းကို ထည့်သွင်းာင်လိုက်လေသည်။
ကျောက်နက်ရဲ့ အပြင်ပိုင်းသည် တဖြည်းဖြည်း ကွဲကြေအက်လာခဲ့ပြီး နောက်ဆုံးမှာတော့ ကျောက်နက်တစ်ခုအား ပေါက်ကွဲထွက်သွားပြီး အနက်ရောင်စွမ်းအင်လုံး သုံးလုံးထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် လေပေါ်တွင် ဝဲပျံလည်ပတ်နေသော အနက်ရောင်စွမ်းအင်လုံးလေးများကို ကြည့်လိုက်ပြီး "ငါထင်ထားတဲ့အတိုင်းပဲ ဒီကျောက်နက်ရဲ့မူလဇစ်မြစ်က ရွှေရောင်လျှပ်စီးသွေးကြောစွမ်းအားကို အသုံးပြုပြီး အကာအကွယ် လုပ်ထားတာပဲ " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် သူ့လက်ချောင်းများကို လှုပ်ရှားကာ
ရွှေရောင်လျှပ်စီးသွေးကြောစွမ်းအားကို အနက်ရောင်စွမ်းအင်လုံး၃လုံးထဲသို့ ထည့်သွင်းလိုက်၏။ စက္ကန့်ပိုင်းအတွင်းမှာပဲ အနက်ရောင်စွမ်းအင်လုံး ၃ခုပေါ်တွင် ရွှေရောင်အမှတ်အသားလေးတစ်ခုစီပေါ်လာခဲ့လေသည်။