← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

ကျစ်ယန်သည် အနက်ရောင်စွမ်းအင်လုံး၃ခုအား သူ့လက်ဖဝါးပေါ်တွင် လည်ပတ်စေလိုက်ပြီး "နောက်ဆုံးတော့ ဒီဆန်းကျယ်တဲ့ အနက်ရောင်စွမ်းအင်လုံးတွေကို ငါစိတ်ထဲရှိသလို့ ထိန်းချုပ်လို့ ရသွားပြီပဲ " လို့ ရေရွတ်လိုက်၏။ ရုပ်သေးနတ်ဘုရားဂိုဏ်းနဲ့ ပက်သက်ပြီး စုံစမ်းဖို့အတွက် ကျစ်ယန်သည် ပထမဆုံးအနေနဲ့ ဧကရာဇ်ကျားစွယ်ရဲ့အကြီးအကဲဖြစ်သော ရွဲ့ထောင်ကို ချဥ်းကပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကျစ်ယန်သည် ကျင့်ကြံခန်းကို ဖွင့်လိုက်စဥ်မှာပဲ လူ၄ယောက်သည် "အကြီးအကဲရွဲ့ထောင်က မင်းနဲ့တွေ့ချင်တဲ့အတွက် ငါတို့နဲ့လိုက်ခဲ့ပါ " လို့ ပြောကာ ကျစ်ယန်အား နေရာတစ်ခုကို ခေါ်ဆောင်လာခဲ့၏။ နေရာတစ်ခုကို ရောက်တဲ့အခါ ရွဲ့ထောင်သည် ကျစ်ယန်ရဲ့ နောက်တွင် လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး

"အငယ်လေး.....မင်းကျောက်နက်ရတနာကို ယူသွားတယ်ဆိုတာ တကယ်ပဲလား " လို့ မေးလိုက်သည်။

ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ ခေါင်းငြိမ့်ပြလိုက်၏။ ရွဲ့ထောင်ရဲ့မျက်နှာတွင် တစ်စုံတစ်ရာအားစိုးရိမ်ပူပန်နေသလို ဖြစ်သွားခဲ့ပြီး "စိတ်တော့မကောင်းပါဘူးအငယ်လေး.....ငါ့ကို အဲ့ဒီကျောက်နက်ပြန်ပေးလို့ရမလား "လို့ ပြောလိုက်သည်။ ကျစ်ယန်သည် ပြုံးလိုက်ပြီး "အကြီးအကဲကတောင်းဆိုမှတော့ အငယ်လေး မငြင်းဝံပါဘူး " လို့ ပြောကာ ကျောက်နက်အား ထုတ်ပေးလိုက်၏။

ကျစ်ယန်လက်ရှိကိုင်ဆောင်ထားသော ကျောက်နက်သည် ကွဲကြေသွားသောကျောက်နက်အပိုင်းအစများအား ပေါင်းစပ်ခြင်းအစီအရင်ဖြင့် ပြန်လည်ဖန်တီးထားခြင်းပင်ဖြစ်သည်။ ရွဲ့ထောင်သည် ကျောက်နက်အား သေချာကြည့်လိုက်ပြီး သိုလှောင်ကွင်းထဲကို ထည့်သိမ်းလိုက်၏။

ထို့နောက် ရွဲ့ထောင်သည် ကျစ်ယန်အား ခေါ်ဆောင်လာသော လူ၄ယောက်အား မျက်လုံးဖြင့် အရိပ်အကဲပြလိုက်သည်။ ထိုအခါ လေးယောက်လုံးသည် သူတို့လက်ဖဝါးမှ ဓားများထုတ်လိုက်ပြီး စွမ်းအင်ကိုယ်စီအသက်သွင်းကာ လေပေါ်သို့ ခုန်တက်လိုက်၍ ကျစ်ယန်အား ခုတ်ချလိုက်ကြ၏။

သို့သော် သူတို့လေးယောက်လုံးသည် ကျစ်ယန်ရဲ့၁ပေခန့်အကွာခန့်မှာပဲ ရပ်တန့်သွားကြပြီး "ဆရာ.....ကယ်ပါအုံး"လို့ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ကျစ်ယန်သည် ပြုံးလိုက်ပြီး "အကြီးအကဲရွဲ့ထောင်.....ဝိညဥ်ပလ္လင်အဆင့်၅တိုက်ခိုက်ရေးသမား၄ယောက်လောက်နဲ့ ကျွန်တော်ကို သတ်ချင်နေတာလား" လို့ မေးလိုက်သည်။

ရွဲ့ထောင်သည် ကျစ်ယန်အား မယုံကြည်နိုင်စွာဖြင့် "မင်းကစိတ်ဝိညဥ်ထိန်းချုပ်သူဆရာတစ်ယောက်လား " လို့ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ ကျစ်ယန်သည် ခြေတစ်လှမ်း လှမ်းလိုက်တဲ့အခါ ၄ယောက်လုံးသည် ပေါက်ကွဲထွက်ကာ သေဆုံးသွားလေသည်။ ရွဲ့ထောင်သည် သူလက်သပ်တပည့်၄ယောက် သေဆုံးသွားတဲ့အခါ "ငါထင်တဲ့အတိုင်းပဲ မင်းကဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်း

ကို အကြံအစည်နဲ့ရောက်လာတာပဲ " လို့ ပြောလိုက်၏။

သာမန်အဂ္ဂိရတ်ပညာရှင်လေးတစ်ယောက်က ရှေးဟောင်းဂိုဏ်းကြီးအား တစ်ယောက်ထဲလာရဲတဲ့အတွက် ရွဲ့ထောင်သည် အစောထဲကပင် မသင်္ကာပေ။ ထို့အပြင် ကျစ်ယန်သည် ချောင်အင်ပါယာမျိုးနွယ်စုရဲ့ ကျောက်နက်ကို ယူဆောင်သွားသဖြင့် သူထင်သလိုဖြစ်နေပြီဖြစ်၍ ကျစ်ယန်အား အပြတ်ရှင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပင် ဖြစ်၏။

ရွဲ့ထောင်သည် လေပေါ်သို့ တက်သွားခဲ့ပြီး သူ့လက်ချောင်းများ လှုပ်ရှားလိုက်တဲ့အခါ ​​ရွဲ့ထောင်ရဲ့ဘေးတွင် လင်းထိန်နေသော ကျောက်တုံးများစွာပေါ်လာခဲ့သည်။ ရွဲ့လောင်သည် အေးစက်စွာအသံဖြင့် "အငယ်လေး.....မင်းရဲ့ ကလေးအတွေးလောက်နဲ့ ငါ့ကို လှည့်စားချင်နေတာလား " လို့ ပြောကာ ကျစ်ယန်အား တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။ ကျစ်ယန်သည် အေးဆေးပင် ပြုံးလိုက်ပြီး "အကြီးအက​​ဲရွဲ့ထောင် တစ်ခုခုမေ့နေပြီထင်တယ် "လို့ ပြောလိုက်၏။

ရွဲ့ထောင်သည် သူ့ရဲ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ရုတ်တရက်ပျောက်ကွယ်သွားတဲ့အခါ မြေပြင်ပေါ်သို့ ခွေးကျ ကျသွားခဲ့သည်။ ရွဲ့ထောင်သည် စွမ်းအားများ ထုတ်ဖော်ကြည့်သော်လည်း မရတော့တဲ့အခါ "မင်းငါ့ကို ဘာလုပ်လိုက်တာလဲ " လို့ ဒေါသထွက်စွာဖြင့် မေးလိုက်၏။

ကျစ်ယန်သည် ရွဲ့ထောင်ရှေ့သို့ လျှပ်တစ်ပြက်ရောက်သွားခဲ့ပြီး ရွဲ့ထောင်ခေါင်းအား တက်နင်းချကာ "ကျွန်တော်က အကြီးအကဲရွဲ့ထောင်ရဲ့အသက်ကျေးဇူးရှင်ဖြစ်သလို ၊ အကြီးအကဲရွဲ့ထောင်ရဲ့အသက်ကို အချိန်မရွေးနှုတ်ယူလို့ ရတယ်ဆိုတာ မမေ့နဲ့ " လို့ ပြောလိုက်သည်။ ရွဲ့ထောင်သည် ကျစ်ယန်စကားကို နားလည်သွားခဲ့ပြီး "မင်းက နတ်အလင်းဆေးလုံး ဖော်စပ်သူလား.... " လို့ မေးလိုက်၏။

အဆင့်၄အထက်ဆေးလုံးများတွင် အခြားဆေးလုံးများနဲ့ မတူညီသော အချက်များရှိသည်။ ဆေးလုံးဖော်စပ်သူသည် သူ့ရဲ့ဆေးလုံးအား အလိုရှိသလိုဆောင်ရွက်နိုင်ခြင်းပင် ဖြစ်၏။လက်ရှိမှာ ရွဲ့ထောင်သည် ကျစ်ယန်ဖော်စပ်ထားသော နတ်အလင်းဆေးလုံးအား သောက်ထားသဖြင့် ကျစ်ယန်၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားခြင်းပင်ဖြစ်သည်။

ကျစ်ယန်သည် ရွဲ့ထောင်အား လွှတ်ပေးလိုက်ပြီး "အကြီးအကဲရွဲ့ထောင်အသက်ရှင်ချင်သေးရင်......ခုချိန်ကစပြီး.ကျွန်တော်နဲ့ ပူးပေါင်းပါ ၊ မဟုတ်ရင်တော့ အကြီးအကဲရွဲ့ထောင်ရဲ့ဘဝက ဒီနေ့အဆုံးသတ်ပြီပဲ " လို့ အသံတိုးတိုးလေး ပြောလိုက်၏။ ရွဲ့ထောင်သည် သူ့လိုဧကရာဇ်ကျားစွယ်တောင်ထိပ်သခင်တစ်ယောက်မှ အသက်၂၀သာကျော်သေးသော လူငယ်လေးအား ကြောက်ရလိမ့်မည်လို့ မမျှော်လင့်ထားပေ။

ရွဲ့ထောင်သည် ထလိုက်ပြီး "ကောင်းပြီ......မင်းငါ့ရှိရောက်လာတာ ဘာလိုချင်လို့လဲ "လို့ မေးလိုက်၏။

ကျစ်ယန်သည် ရွဲ့ထောင်ရဲ့နောက်သို့ သွားလိုက်ပြီး "ရုပ်သေးနတ်ဘုရားဂိုဏ်းနဲ့ ပက်သက်တဲ့သတင်း " လို့ ပြောလိုက်သည်။ ကျစ်ယန်စကားကြောင့် ရွဲ့ထောင်သည် ကြောက်လန့်သွားခဲ့ပြီး "ရုပ်သေးနတ်ဘုရားဂိုဏ်းအကြောင်းကို မင်းလိုလူငယ်လေးက ဘယ်လိုလုပ်သိနေတာလဲ " မေးလိုက်၏။

ထိုချိန်မှာပဲ ကောင်းကင်ယံမှ လူများစွာသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရွဲ့ထောင်သည် "ဟားဟားဟား.....အငယ်လေး မင်းသေဖို့ အချိန်တန်ပြီ" လို့ ရယ်မောကာ အော်ဟစ်လိုက်၏။

ရွဲ့ထောင်သည် အချက်ပြအစီအရင်အား အသက်သွင်းကာ အားလုံးကို ဆင့်ခေါ်ပြီးသွားပြီ ဖြစ်သည်။

တောင်စွယ်ငါးခုရဲ့ အကြီးအကဲများမှာပင် နတ်ဝိဇ္ဇာအဆင့်၆ အဆင့်၇ကိုပင် ရောက်ရှိကြသေး၏။ လင်ရှို့ဟွာသည် ကျစ်ယန်ရဲ့အခြေအနေကို သိသွားတဲ့အခါ လူတစ်ယောက်အား အမြန်ရှာဖွေဖို့ ထွက်ခွာသွားခဲ့သည်။ ကျစ်ယန်သည် မဆိုင်တဲ့လူအားလုံးဘေးဖယ်ကြ မဟုတ်ရင်တော့ "ငါ့အဆိုးမဆိုနဲ့ " လို့ ကျယ်လောင်စွာ ပြောလိုက်၏။

ရွဲ့ထောင်သည် ဒေါသသံဖြင့် "အကြီးအကဲတို့ ဒီကောင်လေးက ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းရဲ့ လို့ဝှက်ချက်ကို သိနေတဲ့အတွက် သူ့ကို အရှင်ဖမ်းသင့်တယ် " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြီး ရုပ်သေးရုပ်အား အသက်သွင်းကာ "တစ်ယောက်မှ အရှင်မထားနဲ့ " လို့ စေခိုင်းလိုက်၏။

ရုပ်သေးရုပ်သည် လျှပ်တစ်ပြက်အတွင်းမှာပဲ ကျစ်ယန်အနားကို ချဥ်းကပ်လာသော လူများအားလုံးကို အစအနမကျန် သတ်ပစ်လိုက်လေသည်။ နတ်ဝိဇ္ဇာအဆင့်ရှိသော အခြားတောင်ထိပ်သခင်လေးယောက်သည် နတ်သူငယ်အဆင့်စွမ်းအားမှန်း သိရှိသွားတဲ့အခါ အရပ်အသီးသီးကို ထွက်ပြေးလေ၏။

သို့သော် သူတို့ရဲ့ရှေ့တွင် ကျစ်ယန်ရဲ့ ကိုယ်ပွားများပေါ်လာခဲ့ပြီး တစ်ယောက်မှ မလွတ်မြောက်ခဲ့ပေ။ တောင်ထိပ်သခင်များဖြစ်ကြသော နတ်ဝိဇ္ဇာအဆင့်ကကျင့်ကြံသူ၄ယောက်ရဲ့ အလောင်းများသည် ကောင်းကင်ယံမှ ပြုတ်ကျလာခဲ့၏။

ရွဲ့လောင်သည် ကျစ်ယန်မှာ သူ့ဘေးရောက်ရှိလာတဲ့အတွက် နောက်သို့ပင် ပစ်လဲကျသွားပြီး တရွက်တိုက်နောက်ဆုတ်ကာ "မဟုတ်ဘူး မဟုတ်ဘူး..... မင်းကဘယ်သူလဲ ဘာလို့ အဲ့လောက်စွမ်းအား ကြီးနေရတာလဲ " လို့ ကြောက်လန့်စွာဖြင့် ပြောလိုက်သည်။

All Chapters