← Chapters

မြူခိုးနီကျောင်းတော်

Vol. 5 Ch. 63

မြူခိုးနီကျောင်းတော်

Vol. 5 Ch. 63

ကျစ်ယန်သည် တခြားသော အကြီးအကဲများ မထွက်လာခင် ရွဲ့ထောင်အား ထိန်းချုပ်ကာ အဝေးတစ်နေရာအား ခေါ်ဆောင်သွားခဲ့၏။ လင်ရှို့ဟွာနဲ့ အဖိုးအိုတစ်ယောက်သည် ဧကရာဇ်ကျားအစွယ်တောင်ထိပ်ကို ရောက်လာတဲ့အခါ အားလုံးမှာ သေဆုံးနေပြီအကြောင်း သိလိုက်ရသည်။

အဖိုးအိုသည် တည်ငြိမ်စွာနဲ့ပင် "ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းရဲ့ တောင်ထိပ်သခင်တွေကို အချိန်ခဏအတွင်းမှာ သတ်နိုင်တယ်ဆိုတော့ တစ်ဖက်လူရဲ့ အင်အားက သေးငယ်မှာ မဟုတ်တာ သေချာတယ် " လို့ ပြောလိုက်၏။ကျစ်ယန်ရဲ့ စွမ်းအားမှာ ခုလောက်ထိကြောက်ဖို့ကောင်းမည်လို့ လင်ရှို့ဟွာသည် မထင်မှတ်ထားပေ။

ဂိုဏ်းအကြီးအကဲကြီးများ လိုက်လံစုံစမ်းနေပြီဖြစ်၍ ကျစ်ယန်လွတ်မြောက်နိုင်ဖို့ မျှော်လင့်နေခဲ့သည်။

တောင်ထပ်သခင်များသေဆုံးသွားသည်ဟု သတင်းကြားတဲ့အခါ ဂိုဏ်းချုပ်ဖြစ်သူ ဖန်ရှီးယောင်သည် သူ့ရဲ့ဆရာအကြီးအကဲဖြစ်သော ဂိုဏ်းဘိုးဘေးကြီးအား "ဆရာ......ဒီကိစ္စက ရုပ်သေးနတ်ဘုရားဂိုဏ်းနဲ့ ပက်သပ်နေမလား " လို့ ပြောလိုက်၏။

ကျွမ်လုံထင်သည် ခေါင်းခါ၍ "မဖြစ်နိုင်ဘူး.....ရုပ်သေးနတ်ဘုရားဂိုဏ်းနဲ့ဆက်နွယ်သူအားလုံးကို ငါအပြတ်ရှင်းပြီးသွားပြီပဲ ၊ ငါတို့ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းကို ကျူးကျော်ရန်စရဲတဲ့အတွက် တန်ရာတန်ကြေးကို ပြန်တောင်းရလိမ့်မယ် " လို့ ပြောကာ သူ့တပည့်ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

တခြားတစ်ဖက်မှတော့ ကျစ်ယန်သည် အလွန်ဝေးလံသော နေရာကို ပျံသန်းလာခဲ့ပြီးနောက် မြေပြင်ပေါ်ကို သက်ဆင်းလိုက်၏။ ရွဲ့ထောင်သည်

နီညိုရောင်မြူခိုးများ ဖုံးလွှမ်းနေသော နေရာမျိုးရောက်တဲ့အခါ ကြောက်လန့်သွားခဲ့သည်။

ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ဝင်ကာ ​တခြားသူများကို သတ်ဖြတ်ခြင်းဖြင့် ရရှိလာသောကျင့်ကြံခြင်းစွမ်းအားကို စုပ်ယူ၍ နေခဲ့၏။

တစ်နာရီကျော်ကြာပြီးနောက် ကျစ်ယန်ရဲ့ မျက်လုံးများမှာ ပြန်ပွင့်လာခဲ့ပြီး "ငါနောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ပြီ" လို့ ရေရွတ်လိုက်သည်။ ရွဲ့ထောင်သည် ဘေးပတ်ဝန်းကျင်ကို တချိန်လုံး ကြောက်လန့်နေခဲ့တဲ့အခါ "အကြီးအကဲရွဲ့ထောင်က.....ဒီနေရာကို ရောက်ဖူးလို့လား " ဟု ကျစ်ယန်သည် မေးလိုက်၏။

ရွဲ့ထောင်သည် ဟိုဘက်ဒီဘက်ကြည့်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် "မြူခိုးနီကျောင်းတော်ကို မင်းမကြားဖူးဘူးလား " လို့ ပြောလိုက်သည်။

မြူခိုးနီကျောင်းတော်ဆိုသည်မှာ တိုင်းပြည်အနှံအပြားရဲ့ မင်းမျိုးမင်းနွယ်တွေနဲ့ ပါရမီရှင်များစွာကို ပြုစုပျိုးထောင်ပေးသောကျောင်းတော်ပင် ဖြစ်၏။

အနီရောင်မြူခိုးများသည် တဖြည်းဖြည်း ထူထပ်လာတဲ့အခါ ရွဲ့ထောင်သည် ပစ်လဲကျသွားသည်။

မြူခိုးနီများသည် သဘာဝအလျောက်ဖြစ်ပေါ်နေသည်မဟုတ်ဘဲ လူများဖန်တီးထားသော အဆိပ်ဖြစ်မှန်း ကျစ်ယန်သည် သိလိုက်ရ၏။ ထိုချိန်မှာပဲ နက်ပြာရောင်ဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့သည် ဓားပျံများစီးလာကာ ကျစ်ယန်တို့ ရှိရောက်ရှိလာခဲ့သည်။ ရှောင်ဟူဖေလို့ ခေါ်သော မိန်းကလေးသည် "ဆရာတူအကိုလျန်တင် ငါတို့အကြီးအကဲတွေကို အရင်သတင်းပို့သင့်တာ မဟုတ်ဘူးလား " လို့ မေးလိုက်၏။

လျန်တင်သည် မကျေနပ်သော အကြည့်ဖြင့် မိန်းကလေးရှောင်ဟူဖေကို ကြည့်လိုက်ပြီး "ကိစ္စတိုင်းကို အကြီးအကဲတွေကို တင်ပြနေရမှာလား " လို့ လေသံခပ်မာမာဖြင့် ပြောလိုက်သည်။ ရှောင်ဟူဖေသည် ခေါင်းငုံသွားခဲ့ပြီး တစ်ခွန်းမှ ပြန်မပြောရဲပေ။

လျန်တင်သည် ကျစ်ယန်အား ခြေအစခေါင်းအဆုံးကြည့်လိုက်ပြီး "ဒီနေရာက မြူခိုးနီကျောင်းတော်ရဲ့ ပိုင်နက်ဆိုတာ မင်းသိရဲ့လား " လို့ မေးလိုက်၏။ ကျစ်ယန်သည် လျှပ်စီးအလျင်ဖြင့် လျန်တင်တို့အဖွဲ့နောက်ကို ရောက်ရှိသွားခဲ့ပြီး "မင်းတို့၅ယောက်ထဲမှာ ဘယ်သူမှာ ဖြေဆေးပါလဲ " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် သူတို့အားလုံးရဲ့နောက်ကို လျှပ်တစ်ပြက်ရောက်ရှိသွားတဲ့အခါ ၅ယောက်လုံးသည် နောက်သို့ လျင်မြန်စွာလှည့်လိုက်ကြ၏။

လျန်ထင်သည် ဝိညဥ်နယ်ပယ်အဆင့်၇ စွမ်းအားကိုထုတ်လွှင့်လိုက်ပြီး "ငါတို့ရှိကဖြေဆေးလိုချင်နေတာဆိုတော့ မင်းကသေချင်နေတာလား " လို့ မေးလိုက်သည်။ ကျစ်ယန်သည် လျှပ်စီးအလျင်နှုန်းဖြင့် လျန်ထင်ရဲ့ လည်ပင်အားဆုပ်ကိုင်ကာ သစ်ပင်တည့်တည့်အား ဆွဲလွှင့်ပစ်လိုက်၏။ တခြားကျန်ရှိသေးသူများသည် ချက်ချင်းပင် ဒူးထောက်သွားကြပြီး ဖြေဆေးသည် သူတို့အကြီးအကဲ၌သာ ရှိကြောင်း တုန်တုန်ရီရီဖြင့် ပြောလိုက်ကြသည်။

ထိုချိန်မှာပဲ အသက်၅၀ကျော်လူတစ်ယောက်သည်

ရှောင်ဟူဖေတို့အဖွဲ့ရဲ့ ရှေ့ကို ရောက်လာခဲ့ပြီး ကျစ်ယန်အား ဖြေဆေးပုလင်းပေးကာ"အငယ်လေး..... မြူခိုးနီကျောင်းတော်ကို ဘာကိစ္စကြောင့် ရောက်ရှိလာတာလဲမသိဘူး " လို့ ​ပြုံးစွာဖြင့် မေးလိုက်၏။ လျန်ထင်တို့သည် ထိုလူအား "မင်္ဂလာပါ.....အကြီအကဲချန်အာ " လို့ နှုတ်ဆက်လိုက်ကြသည်။

ကျစ်ယန်သည် သူ့ရှေ့ရှိ လူမှာ မြူခိုးနီကျောင်းတော်ရဲ့ အကြီးအကဲမှန်းသိလိုက်ရတဲ့အတွက် "မင်္ဂလာပါ.......အကြီးအကဲ ၊ ကျွန်တော်တို့က သာမန်ကျင့်ကြံသူတွေပါ ၊ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းက လူတွေရဲ့ လိုက်လံသတ်ဖြတ်နေလို့ ပြေးလွှားရင်း ဒီနေရာကို ရောက်ရှိလာတာပါ " လို့ ပြောလိုက်၏။

လျန်ထင်သည် ဒေါသထွက်စွာဖြင့် ကျစ်ယန်အားလက်ညိုးထိုးကာ "အကြီးအကဲချန်အာ.......ကျွန်တော်ထင်တာ မမှားရင် ဒီကောင်က မြူခိုးနီကျောင်းတော်ကို စုံးစမ်းဖို့ ရောက်လာတာပဲ

ဖြစ်ရမယ် " လို့ ပြောလိုက်လေသည်။ ချန်အာသည် လျန်ထင်အား မျက်စောင်းထိုးကာ ကြည့်လိုက်တဲ့အခါ လျန်ထင်သည် ခေါင်းငုံသွားခဲ့၏။

အကြီးအကဲချန်အာသည် ပြုံးစွာဖြင့် "အငယ်လေး......မင်းမြူခိုးနီကျောင်းတော်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းကလူတွေ လိုက်သတ်မှာ စိုးရိမ်စရာမလိုတော့ဘူး " လို့ ပြောလိုက်၏။ မြူခိုးနီကျောင်းတော်သည် ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းနဲ့ ရန်သူတွေ ဖြစ်နိုင်တယ်လို့ ကျစ်ယန်သည် ယူဆလိုက်သည်။

ချန်အာသည် မြူခိုးနီကျောင်းတော်ကို ခေတ္တလိုက်လံနေဖို့ ပြောလိုက်ပြီး ထွက်ခွာသွားခဲ့၏။ အကြီးအကဲချန်အာသည် ကျောင်းတော်သို့ ပျံသန်းသွားလာရင်း "ငါတို့ကျောင်းတော်မှာ သန်မာတဲ့လူများများပိုရှိလေ ပိုကောင်းလေပဲ " လို့ တွေးတောနေခဲ့၏။ ကျစ်ယန်သည် ဖြေဆေးလုံးအား ရွဲ့ထောင်ကို တိုက်လိုက်ပြီး "ငါရဲ့ကျင့်ကြံမှုအဆင့်နဲ့ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းတစ်ခုလုံးကို ရင်ဆိုင်ဖို့ မဖြစ်နိုင်သေးဘူး " လို့ ရေရွတ်လိုက်သည်။

ရွဲ့ထောင်နိုးလာတဲ့အခါ အခန်းတစ်ခန်းကို ရောက်ရှိနေတာ သိလိုက်ရပြီး သူ့ဘေးနားတွင် ကျစ်ယန်ကိုတွေ့လိုက်ရ၏။ ရွဲ့ထောင်သည် အံ့အားသင့်စွာဖြင့် "ငါတို့ဘယ်ရောက်နေတာလဲ " လို့ မေးလိုက်သည်။

ကျစ်ယန်သည် မြူခိုးနီကျောင်းတော်ကို ရောက်ရှိနေကြောင်းပြောလိုက်တဲ့အခါ ရွဲ့ထောင်သည် ကြောက်လန့်သွားခဲ့၏။

မြူခိုးနီကျောင်းတော်နဲ့ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းမှာ ကမ္ဘာရန်သူများ ဖြစ်ကြသည်။ ရွဲ့ထောင်သည် တောင်သခင်အဆင့်ကို ရောက်ရှိနေသည်မှာ မကြာသေးသဖြင့် ချန်အာသည် သတိမထားမိခဲ့ပေ။ ရွဲ့ထောင်မှာ ဧကရာဇ်ကျားစွယ်တောင်သခင်မှန်းသိလျှင် သူ့အားချက်ချင်း လာရောက်သတ်ဖြတ်ကြမည်ဖြစ်၏။

ကျစ်ယန်သည် ပြုံးစွာဖြင့် "အကြီးအကဲရွဲ့ထောင်.....ရုပ်သေးနတ်ဘုရားဂိုဏ်းနဲ့ပက်သက်ပြီး ကျွန်တော်ကို ပြောပြလို့ရပြီလား " လို့ မေးလိုက်သည်။ ရွဲ့ထောင်သည် ရွေးစရာလမ်း မရှိတော့ပေ။ သို့ဖြစ်၍ သူသိထားသော အကြောင်းအရာများကို ပြောပြလိုက်၏။

All Chapters