← Chapters

နောက်ထပ် တွင်းနက်ကြီးတစ်ခု

Vol. 103 Ch. 1431

နောက်ထပ် တွင်းနက်ကြီးတစ်ခု

Vol. 103 Ch. 1431

“ဖြတ်လမ်းတည်ဆောက်မှုလည်းရှိတယ်၊ ဒါပေမဲ့ အတွင်းပိုင်းဒေသက အကွာအဝေးက အရမ်းကြီးတယ်၊ ဖြတ်လမ်းတည်ဆောက်မှုစွမ်းအင်က အဲလောက်ရှည်တဲ့ အကွာအဝေးကို မထောက်ပံ့နိုင်ဘူး၊ အဲလောက် ရှည်တဲ့ အကွာအဝေးအတွက်ဆိုရင် လေဟာပြင်ဝင်ပေါက်နဲ့ ဖြတ်လမ်းတည်ဆောက်မှု က သူ့တို့ဘာသာ မထောက်ပံ့နိုင်ကြဘူး အဲဒါကြောင့် လေဟာပြင်သင်္ဘောလို တာပဲ” ရှီမာရှုံ့ချီ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလေသည်။

“အဲဒါကြောင့်ကိုး”

“လေဟာပြင်သင်္ဘောရဲ့ အပြင်ဘက်မှာ တည်ဆောက်မှုတစ်ခုရှိပြီး လေဟာပြင်ကိုဖြတ်တဲ့အချိန်ကျရင် လေဟာပြင်လိမ်မှာကို ကာကွယ်ပေးနိုင် တယ်” ဟွမ်ရင်ရင် ထပ်ပေါင်းထည့်လိုက်သည် “ဒါပေမဲ့ အဲဒါက ဆောက်ဖို့ကို အရမ်းဝေးကြီးလို့ အင်အားကြီးတွေလောက်မှာပဲရှိကြတယ်၊ အဘွားတို့တောင် မှ ခရီးသွားစရာရှိမှ သုံးကြတယ်”

“ဟုတ်လား၊ အခု ကျွန်မတောင် လေဟာပြင်သင်္ဘောကို ပိုသိချင်သွားပြီ” ရှီမာယူယူ ပြုံးပြီးပြောလေသည် “ဒါဆိုလည်း သွားကြမယ်လေ လေဟာပြင် သင်္ဘောစီးကြတာပေါ့”

ရှီမာရှုံ့ချီနှင့် တခြားသူများ ထိုနေရာသို့ရောက်ဖူးသဖြင့် မည်သည့် လေဟာပြင်သင်္ဘောကို အသုံးပြုသည်နှင့် မည်သည့်နေရာသို့ရောက်မည်ကို သိ ကြသည်။

သူသည် ရှီမာယူယူကို အနီးရှိ အကြီးဆုံးမြို့ဆီသို့ ဦးဆောင်ခေါ်သွားပြီး လမ်းပြသွားလေသည်။

ယခုအချိန်တွင် အလယ်နှင့်အပြင်ပိုင်းဒေသများသည် ကြီးမားလှပြီဟု ရှီမာယူယူ ထင်ထားသော်လည်း ထိုနှစ်ခုပေါင်းလျှင်တောင် အတွင်းပိုင်းဒေသ လောက်မကြီးသည်ကို တွေ့လိုက်ရသည်။

အတွင်းပိုင်းဒေသပင်လျှင် ပြည်နယ် ၈၁ ခုပိုင်းခြားထားပြီး ပြည်နယ် တစ်ခုချင်းစီသည် ကျယ်လွန်းသည်။ အသေးဆုံးပြည်နယ်ပင်လျှင် အပြင်ဒေသ ၏ တစ်ဝက်ရှိသည်။

ရှီမာယူယူ ထိုအကြောင်းကြားလိုက်သောအခါ အံ့အားသင့်စွာဖြင့် မျက်လုံးများပြူးလာသည်။

ပြည်နယ်များကို ဆက်သွဘ်ထားသည့် ဖြတ်လမ်းတည်ဆောက်မှုများ သည် အလွန်တရာဈေးကြီးသဖြင့် သာမန်လူများအတွက် မတတ်နိုင်ကြပေ။

“ဒီလောက်ကြီးမယ်လို့ ထင်မထားဘူး” သူမ အော်လိုက်သည်။

ထို ပြည်နယ် ၈၁ ခုသည် သူတို့ကိုယ်ပိုင်နာမည်များရှိကြသည်။ သို့သော် နောက်ပိုင်းတွင် လူများသည် နာမည်အစား နံပါတ်များကိုသာ ခေါ်တွင်ကြလေ သည်။ ၈၁ ပြည်နယ်၏ နာမည်များမှာ နံပါတ် ၁ မှ ၈၁ ဟုသာခေါ်ကြလေသည်။

နာမည်များကို ကျပန်းခေါ်ဆိုခြင်းမဟုတ်ဘဲ ပြည်နယ်တစ်ခုစီ၏ အရင်းအမြစ်အရ စီထားသည်ဟု ဆိုသည်။ နံပါတ်ငယ်လေ ထိုပြည်နယ်၏ အရင်းအမြစ်ပေါများပြီး ထိုနေရာရှိ အင်အားစုများအနက်တွင် အသန်မာဆုံး ဖြစ်လေသည်။

သေချာသည်မှာ အင်အားစုအားလုံးတော့ ထိုသို့မဟုတ်ပေ။ နံပါတ်စဉ် ကြီးသည့် ပြည်နယ်များတွင်လည်း အားကောင်းသော အင်အားစုများရှိကြ သည်။

“ရှီမာမိသားစုရှိတာက ဘယ်ပြည်နယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ပြည်နယ် ၆၄ မှာ”

တော်တော်လေး နောက်ရောက်တာပဲ။ ရှီမာယူယူ စိတ်ထဲမှရေရွတ်မိ သည်။

“အရင်တုန်းကတော့ ငါတို့လည်း အားကြီးတဲ့ မိသားစုတစ်ခုပဲ ဒါပေမဲ့ တဖြည်းဖြည်းနဲ့နောက်ကျကျန်ခဲ့တယ်၊ ငါတို့ရှေ့ကို အဲဒီအင်အားစုတွေဝင်လာ တော့ မတတ်သာဘဲ နောက်ဆုတ်ရတော့တာပဲ” ရှီမာရှုံ့ချီ ပြောလိုက်သည် “အရင်က ဂုဏ်သတင်းကြီးခဲ့တော့ ဘိုးဘေးတွေက နောက်ပိုင်းမျိုးဆက်တွေ ကို အဲနေ့ရက်တွေကိုပြန်ရောက်သွားစေချင်တယ်”

ရှီမာယူယူ အရှေ့မျှတမှုမြို့တော်အပြင်တွင် တွေ့ခဲ့သော အကြီးအကဲများ ကို မှတ်မိသေးသည်။ သူတို့သည် မိသားစုပြန်တိုးတက်ရန် မျှော်လင့်ချက်ဖြစ် ပြီး ဂုဏ်ကြီးသောနေ့ရက်များသို့ ပြန်ခေါ်ဆောင်သွားရန် ပြောခဲ့သည်။ အခု ပြန်စဉ်းစားကြည့်လျှင် အများစုသည် သူမကို ပြန်ခေါ်လာစေချင်ကြသည်။

ရှီမာလျူရွှမ်၏ ဝိညာဉ်ရှာဖွေသူအဖြစ် ကျော်ကြားသော အရည်အချင်း ကြောင့် သူ့ကို ဦးဆောင်သွားမည့်သူအဖြစ် အမြဲတစေမျှော်လင့်ထားကြသည်။ သို့သော် နောက်ဆုံးတွင် ယခုလိုဖြစ်သွားလိမ့်မည်ဟု သူတို့မထင်ထားကြပေ။ တခြားသူများ၏ အမြင်တွင် သူသည် အတိတ်တွင်ကျန်ခဲ့ပြီဖြစ်သည်။ သူသည် ကြီးကျယ်ခမ်းနားသောအရာများ မပြီးမြောက်ခင်တွင် ထွက်သွားခဲ့သော ပါရမီ ရှင်တစ်ဦးသာဖြစ်သည်။

ထို့ကြောင့်ပင် ထာဝရရှင်သန်သူနယ်မြေတွင်ရှိစဉ်က ရှီမာမိသားစုသည် အံ့ဖွယ်လက်နက်နှင့် အမွေခံပစ္စည်းများယူရန် စိတ်အားထက်သန်နေခြင်းဖြစ် သည်။ သို့သော် နောက်ဆုံးတွင် ထိုမျှော်လင့်ချက်မှာလည်း ပျောက်ဆုံးသွားခဲ့ သည်။ သူတို့အားလုံးလုပ်နိုင်သည်မှာ ရှီမာယူယူကို ကျန်ရှိသည့်မျှော်လင့်ချက် များထားရန်ဖြစ်သည်။

ရှီမာယူယူသည် ဆွံ့အသွားတော့သည်။ သူမ အပြင်တွင်ရှိစဉ်က တခြားသူများသည် ရှီမာမိသားစုကို လေးစားသမှုရှိသည်ကို တွေ့ခဲ့ရသည်။ သူတို့သည် အံ့ဩဖွယ်ရာဖြစ်ကာ အတွင်းပိုင်းဒေသများ၏ လေးစားလောက် စရာအင်အားစုဖြစ်သည်ဟု ထင်ထားသည်။ တကယ်တော့ ကျရှုံးနေသော မျိုးနွယ်ဖြစ်လိမ့်မည်ဟု မည်သူသိထားမည်နည်း။

အပြင်မှလူများသည် အတွင်းပိုင်းဒေသမှ သူတို့အားနည်းသည်ကို သိထား ကြသည်။ ထို့ကြောင့်ပင် သူတို့သည် အပြင်ထွက်ပြီး ပြဿနာမရှာကြပေ။

သူမသည် တွင်းထဲသို့ ပြန်ကျသွားကဲ့သို့ ခံစားရသည်။

သူမ တွင်းထဲသို့ ခုန်မိပြီကိုသိသည်နှင့် မျှော်လင့်ရတော့သည်မှာ တွင်းမနက်ရန်ဖြစ်သည်။

သွားသည့်လမ်းတစ်လျှောက် ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့သည် သူမကို အတွင်းပိုင်းဒေသ၏ သတင်းတချို့ပြောပြသည်။ သူမ သိလေလေ၊ အဆုံးမရှိဟု ခံစားမိလေလေဖြစ်သည်။

ဥပမာပြောရလျှင် အရင်က အားကောင်းသည်ဟု ထင်ထားခဲ့သော ရှီမာမိသားစုသည် တကယ်တော့ အတွင်းပိုင်းဒေသတွင် ထင်သလောက် အားမကောင်းပေ။

ဥပမာဆိုရလျှင် ပြည်နယ်တစ်ခုလုံးကို အုပ်စိုးသော အားကောင်းသည့် မိသားစုမျိုးနွယ် အင်စုတချို့ရှိကြသည်။ ထိုအရာတစ်ခုတည်းနှင့်တင် ထိုမိသားစုများ မည်မျှအားကောင်းကြောင်းကို သိနိုင်သည်။

သို့သော် ထိုအချက်သည် ပြည်နယ် ၄၉ အတွက်သာမှန်ကာ တခြား ပြည်နယ်တွင် အင်အားပြိုင်နေသော အင်အားစုများစွာလည်းရှိသည်။

သို့သော် သူတို့စကားအရ ထို ၄၉ ပြည်နယ်တွင် လွှမ်းမိုးနိုင်သော ပင်တိုင် အင်အားစုသည် ထိပ်တန်းပြည်နယ် ၁၀ ခုရှိအင်အားကြီးနှင့် ယှဉ်နိုင်သည်။ သူတို့ မလှုပ်ရှားချင်၍သာ ပြည်နယ် ၄၉ တွင်ကျန်နေလိုက်ခြင်းဖြစ်သည်။

“ဟူး…” သူမ စိတ်ထဲတွင် သက်ပြင်းချမိသည် “ထိပ်တန်းတောင်ကြား သာ အတွင်းပိုင်းဒေသမှာ အင်အားချဲ့ထွင်ရင် ကျွန်မသွားလို့ရမယ့်ပြည်နယ်က နောက်ဆုံးတော့…”

အတွေ့အကြုံများစွာရပြီးနောက်တွင် သူမသည် ကိစ္စများစွာကို ပြီးမြောက်အောင်မြင်သော အစွမ်းအစရှိသောလူအဖြစ် ခံစားခဲ့ရသည်။

သို့သော် သူမ စိတ်ထဲတွင်လည်း သစ္စာမရှိသောအတွင်းပိုင်းဒေသတွင် သူမ ကိုယ်ပိုင်ကမ္ဘာတည်ဆောက်မည်ဟု ဆုံးဖြတ်လိုက်သည်။

လမ်းတစ်လျှောက် နှစ်ရက်ကြာအောင် ခရီးသွားပြီးနောက်တွင် သူတို့ သည် ခရီးလမ်းဆုံးဖြစ်သော လိမ္မော်သီးမြို့တော်သို့ရောက်လေသည်။

“လိမ္မော်သီးမြို့တော်ဟုတ်လား ကျွန်မကိုတော့ ဒီလိုမပြောနဲ့နော်… မြို့ဝန်က လိမ္မော်သီးစားရတာ ကြိုက်တာလား” ရှီမာယူယူသည် မြို့ရိုးပေါ်တွင် ခမ်းနားစွာရေးထိုးထားသော ‘လိမ္မော်သီး’ ဆိုသည့် စာလုံးသုံးလုံးကိုကြည့်ပြီး ရယ်လိုက်သည်။

“ဘယ်လိုလုပ်သိတာလဲ” ရှီမာရှုံ့ချီသည် တအံ့တဩမေးလေသည် “အရင်က ဒီမြို့ကို လိမ္မော်သီးမြို့တော်လို့မခေါ်ဘူး၊ နောက်ပိုင်းကျ မြို့ဝန်က ဝိညာဉ်လိမ္မော်သီးစားရတာ ကြိုက်လွန်းလို့ နာမည်ကိုလိမ္မော်သီးမြို့တော်လို့ ပြောင်းလိုက်တာ”

“….”

ရှီမာယူယူ ဆွံ့အသွားလေသည်။ သူမသည် သမန်ကာလျှံကာ မှန်းလိုက် ခြင်းဖြစ်သည်။ သို့သော် မှန်သွားလိမ့်မည်ဟု မထင်မိပေ။

သူသည် လိမ္မော်သီးကို ကြိုက်လွန်းသဖြင့် နှစ်ပေါင်းထောင်ချီအသုံးပြုခဲ့ သော မြို့နာမည်ကိုပြောင်းခဲ့သည်။ မြို့ဝန်က ဇွတ်တရွတ်နိုင်တာပဲ။

“လက်ရှိ မြို့ဝန်ရဲ့ ဇစ်မြစ်ကိုဘယ်သူမှမသိဘူးလို့ ကြားတယ်၊ သူက အရင် မြို့ဝန်နဲ့အလောင်းအစားလုပ်ပြီးတော့ သူနိုင်သွားလို့ မြို့ဝန်ဖြစ်လာတာ ပဲ၊ သူမြို့ဝန်ဖြစ်သွားတော့ နေရာတိုင်းက လိမ္မော်သီးတွေရှာခိုင်းတယ် အနီးအနားက လိမ္မော်သီးတွေလည်း သူစားလို့ကုန်တာပဲ” ရှီမာရှုံ့ချီသည် အရင် တစ်ခေါက်က ကြားခဲ့သည့်အကြောင်းကို သူမကို ပြောပြနေသည်။

“အကုန်လုံးကို စားပစ်တာလား ဘယ်သူမှမငြင်းဘူးလား၊ သူတို့က အဲလို တဇွတ်ထိုးလုပ်တာကို လက်ခံလိုက်တာပဲလား” ရှီမာယူယူသည် တအံ့တဩ မေးလေသည် “ပြီးတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ မြို့ဝန်တစ်ယောက်ပဲ လေ သူ့လူတွေက နာခံလို့လား၊ သူတို့က သူ့စကားကိုနားထောင်တာပဲလား”

“သူ့စကားကို နားထောင်ကြတာပေါ့” ရှီမာရှုံ့ချီသည် ထိုအကြောင်းကို မစဉ်းစားမိဘဲ ချက်ချင်းဖြေမိတော့မလိုပင် “လူတစ်ယောက်က ပြဿနာရှာဖူး တယ်လို့ကြားတယ်၊ ဒါပေမဲ့ နောက်ပိုင်းသူဘာဖြစ်သွားလဲမသိဘူး လိမ္မော်သီး မြို့တော်က လူအကုန်လုံးက သူ့စကားနားထောင်သွားကြတာပဲ”

“သူက အရည်အချင်းတော့ရှိတာပဲ” ရှီမာယူယူ သုံးသပ်လိုက်သည်။

“သူက ဆူးပါပဲ” ဘေးမှဝူလင်းယူသည် ရှီမာယူယူ ထိုလူကို စိတ်ဝင်စား နေသည်ကို မြင်ပြီး အေးစက်စွာ နှာမှုတ်လေသည်။

“ဟား…” ရှီမာယူယူ ရယ်မောကာ သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ပြောလိုက်သည် “အစ်ကို့အသက်က ၃၀၀ လောက်ပဲရှိသေးတာ ဒါပေမဲ့ စကား တွေက အဘိုးကြီးလိုပဲ”

“ကိုယ်က သူ့ထက်ငယ်တယ် ကိုယ့်ကိုသာကြည့်နေလိုက်” ဝူလင်းယူ သည် ကျူးကျော်သလိုပြောလေသည်။

“…”

“ယူယူ ပညာရှိစံအိမ်တော်နဲ့ ရှီမာမိသားစုက ဆန့်ကျင်ဘက်မှာပဲ အဲဒါ ကြောင့် ဒီမှာလမ်းခွဲရလိမ့်မယ်၊ ကိုယ်က မင်းဘေးမှာမရှိရင်တောင် မင်းရဲ့ မျက်လုံးနဲ့နှလုံးသားထဲမှာ ကိုယ်ပဲရှိရမယ် သိပြီလား” ဝူလင်းယူသည် သူမ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ချောင်းများသည် သူမ နှလုံးသားကို ထိတွေ့ကာ အုပ်စိုးခြင်းကိုကြေညာလေသည်။

ရှီမာယူယူသည် သူ့လက်ကိုပုတ်ပြီး ပြောလိုက်သည် “ကျွန်မမျက်လုံးထဲ မှာ ဘယ်တုန်းကတခြားတစ်ယောက်ရှိလို့လဲ၊ ဟင်း အစ်ကိုအရမ်းအနိုင်ကျင့် ရင် တခြားလူရှာလိုက်မှာ”

“လုပ်ရဲလား” ဝူလင်းယူသည် သူ့လက်ကိုဆန့်ထုတ်ပြီး သူမမျက်နှာလေး ကို ညှစ်လေသည်။ သူမ မိသားစုမှ အကြီးများသာမရှိပါက သူမကို ချက်ချင်းပင် နမ်းလိုက်ချင်သည်။

***

All Chapters