← Chapters

ထူးဆန်းသောဝိညဥ်ခန္ဓာကိုယ်

Vol. 5 Ch. 64

ထူးဆန်းသောဝိညဥ်ခန္ဓာကိုယ်

Vol. 5 Ch. 64

ရွဲ့ထောင်သည် ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းတွင် သာမန်အကြီးအကဲတစ်ဦးဖြစ်ခဲ့သည်မှာ အလွန်ကြာလှပြီ ဖြစ်သည်။ သူဂိုဏ်းသားဖြစ်စဥ်ကတည်းမှ ယခုထိပင် တာဝန်တစ်ခုအား အမြဲထမ်းဆောင်ရ၏။ ထိုတာဝန်ကတော့ ရုပ်သေးနတ်ဘုရားဂိုဏ်းနဲ့ဆက်နွယ်သူသမျှကို အမြစ်ဖြတ်လိုက်လံသုတ်သင်နေရခြင်းပင်ဖြစ်သည်။

သူသည် တာဝန်ကိုသာ ထမ်းဆောင်နေရခြင်းဖြစ်ပြီး အကြောင်းအရင်းကို မသိရှိကြောင်း ပြောပြလိုက်၏။ ကျစ်ယန်သည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး သူ့နဲ့ ကျွန်သခင်စာချုပ်ချုပ်ဆိုထားဖို့ ရွဲ့ထောင်အား ပြောလိုက်သည်။ ရွဲ့ထောင်သည် မငြင်းဝံသည့်အပြင် ကျစ်ယန်ရဲ့စွမ်းအားကို မြင်တွေ့ဖူးသဖြင့် သူ့ရဲ့သွေးစက်အား ထုတ်ပေးလိုက်၏။

ကျစ်ယန်သည် ရွဲ့ထောင်အား ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းသို့ ပြန်ခိုင်း၍ အရေးကြီးကိစ္စများစုံစမ်းခိုင်းလိုက်သည်။ ရှောင်ဟူဖေနဲ့ အခြားမိန်းကလေးတစ်ယောက်သည် ကျစ်ယန်ရဲ့အခန်းရှေ့ကို ရောက်ရှိလာခဲ့ပြီး "မင်္ဂလာပါ စီနီယာအကို.....အကြီးအကဲချန်အာက ခေါ်ခိုင်းလိုက်လို့ပါ " လို့ ပြောလိုက်၏။

ကျစ်ယန်သည် တံခါးအပြင်ဘက်သို့ ထွက်လာခဲ့ပြီး

သူ့အားလမ်းပြပေးဖို့ ပြောလိုက်သည်။ ကျစ်ယန်နဲ့ရှောင်ဟူဖေတို့သည် အကြီးအကဲချန်အာနေသော နေရာကို မရောက်ခင် လမ်းတွင် လူ၁၀ယောက်ကျော်ရဲ့ ဖြတ်တားခြင်းကို ခံလိုက်ရသည်။ ထို၁၀ယောက်ထဲတွင် လျန်ထင်ပါဝင်နေခဲ့၏။

လျန်ထင်သည် မကျေနပ်သည့်လေသံဖြင့် "အကိုခွန်းလုံ.....ညီလေးကို ဒဏ်ရာရအောင်လုပ်တာ အဲ့ကောင်ပဲ " လို့ ကျစ်ယန်အား ပြောလိုက်သည်။ ခွန်းလုံဆိုသောလူသည် လက်တစ်ဖက်နောက်ပစ်၍ "မင်းဒီနေရာက ထွက်သွားချင်ရင် ငါနဲ့ငါညီလေးကို အကြိမ်တစ်ရာဒူးထောက်ပြီးမှ သွားလို့ရမယ် " လို့ လေသံပြတ်သားစွာဖြင့် ပြောလိုက်၏။

ရှောင်ဟူဖေသည် ခွန်းလုံအား ပြန်ပြောချင်ပေမယ့် ပြန်မပြောရဲသေးပေ။ ခွန်းလုံရဲ့ နောက်ခံအင်အားမှာ မြူခိုးနီကျောင်းတော်ကိုပင် ကျော်လွန်သောကြောင့် ဖြစ်၏။ ကျစ်ယန်သည် အေးစက်စွာအကြည့်ဖြင့် ခွန်းလုံရှေ့သို့ လျှပ်တစ်ပြက်ပင် ရောက်သွားခဲ့ပြီး လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။

ခွန်းလုံသည် ဘာမှန်းမသိလိုက်ဘဲ မြေပြင်ပေါ်ကို ပစ်လဲကျသွားခဲ့၏။ အားလုံးသည် ကြောင်အသွားကြလေသည်။ မြူခိုးနီကျောင်းတော်ရဲ့ အကြီးအကဲများတောင် ခွန်းလုံကို မထိရဲကြပေ။ ကျစ်ယန်သည်

သူ့လက်အား ခါလိုက်ပြီး "နောက်တစ်ခေါက်ဆိုရင်တော့ မင်းရဲ့ခြေလက်တွေကို ရိုက်ချိုးပစ်ရလိမ့်မယ် " လို့ ပြောကာ ထွက်ခွာသွားခဲ့၏။ ရှောင်ဟူဖေတို့နှစ်ယောက်လည်း ကျစ်ယန်နောက်အား ပြေးလိုက်သွားခဲ့သည်။

ခွန်းလုံသည် ထွက်ခွာသွားသောကျစ်ယန်ကို ကြည့်ရင်း "ငါ့ကိုထိရဲတဲ့အတွက် မကြာခင် ၊ မင်းရဲ့ခွေးအသက်ကို နှုတ်ယူရလိမ့်မယ် " လို့ ကြိမ်းဝါးရင်း ကျန်ခဲ့၏။ အကြီးအကဲချန်အာသည် ကျစ်ယန်ကို တွေ့တဲ့အခါ "အငယ်လေး......မင်းရောက်လာပြီလား " လို့ မေးလိုက်သည်။ ကျစ်ယန်သည် ချန်အာကို ရိုသေစွာဖြင့် နှုတ်ဆက်လိုက်၏။

ထို့နောက် ချန်အာသည် မြူခိုးနီကျောင်းတော်နဲ့ ပက်သက်သော အကြောင်းအရာများကို ပြောပြလိုက်သည်။ မြူခိုးနီကျောင်းတော်ရှိ ပညာသင်တိုင်းသည် အများစုမှာတော်ဝင်မျိုးနွယ်စုများ ဖြစ်ကြပြီး အနည်းစုကတော့ ပါရမီရှင်များနဲ့အင်အားတောင့်တင်းသော ဂိုဏ်းများမှ ရောက်ရှိလာခြင်းပင် ဖြစ်၏။

ကျစ်ယန်ရဲ့စွမ်းအားသည် ကျောင်းတော်ရဲ့ ပါရမီရှင်များထက်သာလွန်နေသဖြင့် ကျစ်ယန်ရဲ့ နောက်ခံအင်အားမှာ သာမာန်မဖြစ်နိုင်​ဘူးဟု ချန်အာသည် ထင်မှတ်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ချန်အာသည် မြူခိုးနီကျောင်းတော်ထဲကို ဝင်ရောက်ဖို့ ကျစ်ယန်အား ဖိတ်ခေါ်လိုက်၏။

ကျစ်ယန်သည် မြူခိုးနီကျောင်းတော်မှာပဲ ပုန်းကွယ်နေပြီး သူ့ရဲ့စွမ်းအားများကို မြှင့်တင်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ကျစ်ယန်သည် မြူခိုးနီကျောင်းတော်ကို ဝင်မည်ပြောတဲ့အခါ ချန်အာသည် ရေခဲတောင်ကြားတွင် လိုက်ဖက်မည့်ကျင့်စဥ်အား ကျောင်းသားသစ်များနဲ့အတူ သွားယူဖို့ ပြောလိုက်၏။

ရေခဲတောင်ကြားဆိုသည်မှာ အဖိုးတန်ကျင့်စဥ်များ တည်ရှိသော နေရာတစ်ခုပင် ဖြစ်သည်။ ရေခဲတောင်ကြားသည် မြူခိုးနီကျောင်းတော်ရဲ့ အထွပ်အမြတ်နေရာတစ်ခုဆိုလည်း မမှားပေ။ ကျစ်ယန်သည် အကြီးအကဲချန်အာကို အရိုအသေပြု၍ နှုတ်ဆက်လာခဲ့၏။ ကျစ်ယန်သည် အကြီးအကဲချန်အာ လမ်းညွှန်လိုက်သော နေရာတစ်ခုရှိသို့ ရောက်ရှိလာခဲ့သည်။

လူ၁၀ယောက်ကျော်သည် ကွင်းပြင်နေရာတစ်ခုတွင် အတူရပ်နေ​ကြ၏။ လင်းပင်ဟုခေါ်သော အမျိူးသမီးအကြီးအကဲသည် ကျစ်ယန်ကို တွေ့တဲ့အခါ "မင်းက အကြီးအကဲချန်အာ လွှတ်လိုက်တဲ့ကောင်လေးလား " လို့ မေးလိုက်သည်။ ကျစ်ယန်သည် ရှေ့သို့လှမ်းလာခဲ့ပြီး "မင်္ဂလာပါ.....အကြီးအကဲလင်းပင် " လို့ နှုတ်ဆက်လိုက်၏။

လင်းပင်သည် မြူခိုးနီကျောင်းတော်ရဲ့ ဆရာအကြီးအကဲတစ်ယောက်ပင် ဖြစ်သည်။ လင်းပင်သည် အားလုံးအား ပတ်ကြည့်လိုက်ပြီး " လူစုံပြီဆိုတော့ မင်းတို့အားလုံးငါ့နောက်လိုက်ခဲ့ " လို့ ပြောလိုက်၏။ လူ၁၀ယောက်ကျော်လောက်သည် လင်းပင်ခေါ်ရာနေရာတစ်ခုကို ရောက်ရှိလာခဲ့သည်။

နေရာပြောင်းရွေ့ခြင်းအစီအရင်တစ်ခုအား ကျစ်ယန်တို့သည် တွေ့လိုက်ရ၏။ လင်းပင်သည် ပန်းပွင့်သဏ္ဍာန်တည်ရှိသောအစီအရင်ပေါ်သို့ ရပ်လိုက်ပြီး အားလုံးကို ခေါ်လိုက်သည်။ ကျစ်ယန်တို့အားလုံးသည် ပန်းပွင့်သဏ္ဍာန်အစီအရင်ပေါ်သို့ ရပ်လိုက်ပြီးနောက် ပန်းပွင့်ကြီးသည် စတင်လည်ပတ်၍ သွားခဲ့၏။

စက္ကန့်ပိုင်းအတွင်းမှာပဲ ကျစ်ယန်တို့အဖွဲ့သည် အလွန်အေးခဲသော နေရာတစ်ခုကို ရောက်ရှိခဲ့သည်။ ထိုနေရာကတော့ ရေခဲတောင်ကြားဟု အမည်တွင်ပြီး အဖိုးတန်ရတနာကျင့်စဥ်များ ရှိသော နေရာတစ်ခုပင် ဖြစ်၏။ လင်းပင်သည် အဖိုးတန်ရတနာကျင့်စဥ်များနဲ့ ပက်သက်ပြီး အနည်းငယ်ရှင်းပြလိုက်သည်။

ရေခဲတောင်ကြားတွင် ရှိသော ကျင့်စဥ်များအား အဆင့်၃ဆင့် ခွဲခြားထား၏။ အပြာရောင်အဆင့်ကျင့်စဥ်သည် နတ်ဝိဇ္ဇာအဆင့်ကျင့်စဥ်ဖြစ်သည်။ အနီရောင်အဆင့်ကျင့်စဥ်သည် သူတော်စင်ဘိုးဘေးအဆင့်ကျင့်စဥ်ပင် ဖြစ်၏။ ရွှေဝါရောင်ကျင့်စဥ်သည် နတ်ဘုရားအဆင့်ကျင့်စဥ်ပင် ဖြစ်သည်။

သို့သော် မြူခိုးနီကျောင်းတော်တွင် အကြီးအကဲများကပင် သူတော်စင်ဘိုးဘေးကျင့်စဥ်ကို ရအောင် မယူနိုင်ပေ။ ရေခဲတောင်ကြားအတွင်း၌ ရှိသောကျင့်စဥ်များတွင် အကာအကွယ်စွမ်းအားများ ပါရှိသောကြောင့်ပင် ဖြစ်၏။ လင်းပင်သည် ကျင့်စဥ်များအကြောင်းရှင်းပြပြီးနောက် သင့်တော်သောကျင့်စဥ်ကိုသာ ယူခဲ့ဖို့ ပြော၍ သူ့ရဲ့စွမ်းအားကို ရေခဲတောင်ကြီးရဲ့ နံရံအား ပစ်သွင်းလိုက်လေသည်။

ရေခဲတောင်ကြီးရဲ့ နံရံတွင် လူတစ်ကိုယ်စာ အက်ကွဲကြောင်းရာကြီး ပေါ်လာခဲ့၏။ကျစ်ယန်တို့သည် လင်းပင်ကို အရိုအသေပြု၍ ရေခဲတောင်၏ အက်ကွဲကြောင်းရာကြီးထဲသို့ ခုန်ဝင်သွားခဲ့ကြသည်။ ကျစ်ယန်တို့သည် အထဲရောက်သည့်အခါ အရောင်ခွဲခြားသတ်မှတ်ထားသော ကျင့်စဥ်များကို တွေ့လိုက်ရ၏။

ထို့အပြင် ကျစ်ယန်တို့သည် ရေခဲတောင်ကြားအတွင်းကို တစ်ကွဲတစ်ပြားရောက်သွားခြင်းပင် ဖြစ်သည်။ ကျစ်ယန်သည် ကျင့်စဥ်များအား လိုက်လံဖတ်ရှုနေရင်း အနက်ရောင်အဆင့်သတ်မှတ်ထားသော ကျင့်စဥ်တစ်ခုကို တွေ့လိုက်ရ၏။ ကျစ်ယန်သည် သူ့လက်ဖြင့် ဆုပ်ကိုင်ယူမည့်ချိန်တွင် လူခန္ဓာကိုယ်ဝိညဥ်စွမ်းအင်ကြီးတစ်ခုသည် ကျင့်စဥ်အတွင်းမှ ထွက်ခွာလာခဲ့သည်။

All Chapters