ကျုံးအဆိပ်ဘုံကုန်းမြေ
Vol. 5 Ch. 65
ထိုဝိညဥ်ခန္ဓာကိုယ်ကြီးမှာ အလွန်ပင် အိုမင်းနေသော အဖိုးကြီးတစ်ယောက်ပင် ဖြစ်နေခဲ့၏။ ထိုအဖိုးကြီးသည် ကျစ်ယန်ခန္ဓာကိုယ်အား စစ်ဆေးကြည့်တဲ့အခါ ဝိညဥ်စွမ်းအားခံစားလို့ မရတဲ့အတွက် အံ့အားသင့်ခဲ့သည်။ ကျစ်ယန်သည် သူ့ရှေ့ရှိ ဝိညဥ်ခန္ဓာကြီးထံမှ ပြင်းထန်သော စွမ်းအားအရှိန်အဝါကို ခံစားနေရ၏။
အဖိုးကြီးသည် ကျစ်ယန်ဘေးနားအား ဝဲပျံလှည့်ပတ်လိုက်ပြီး "ကောင်ကလေး......မင်းက ဘယ်လိုလုပ်ပြီး ဒီအခန်းထဲကို ရောက်လာခဲ့မှန်းငါမသိပင်မယ့် ဒီအနက်ရောင်အဆင့် ကျင့်စဥ်ကလွဲရင် တခြားသော ကျင့်စဥ်တွေကိုပဲ ရွေးချယ်ဖို့ ငါအကြံပေးချင်တယ် " လို့ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
ကျစ်ယန်သည် လက်နှစ်ဖက်ပင်ဆုပ်ကာ "အငယ်လေး......အတင့်ရဲစွာနဲ့ အကြီးအကဲက ဘယ်သူလဲမေးချင်ပါတယ် " လို့ ပြောလိုက်၏။ အဖိုးအိုကြီးသည် ကျစ်ယန်အား လှည့်ပတ်ရင်း "ဟားဟားဟား.....ကောင်ကလေး ၊ ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး ၊ ဒီကျင့်စဥ်ကို မင်းရွေးချယ်မိရင်တော့ မင်းအတွက်အသုံးမဝင်ဘူးဆိုတာ ငါအာမခံရဲတယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ပြောင်းလဲခြင်းနိတ္တကျင့်စဥ် ဟုသော အမည်ကို စိတ်ဝင်စားနေသဖြင့် "အကြီးအကဲရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အငယ်လေး ဒီကျင့်စဥ်ကို ယူဖို့ ဆုံးဖြတ်လိုက်ပြီ " လို့ ပြတ်သားစွာ ပြောလိုက်၏။
ထိုအခါ အဖိုးအိုသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး သူ့လက်ချောင်းများကို လှုပ်ရှားကာ မှတ်ဥာဏ်ပုံရိပ်တစ်ချို့အား ကျစ်ယန်အား ပြသလိုက်သည်။
ပုံရိပ်ထဲတွင် လူတစ်ယောက်သည် သူ့လက်ဖဝါးပေါ်ရှိ အမှောင်စွမ်းအင်ရှိသော အနက်ရောင်စွမ်းအင် ၃လုံးနဲ့အတူ လူပေါင်းများစွာအား တိုက်ခိုက်နေခြင်းဖြစ်၏။ ထို့နောက် အဖိုးအိုသည် ပြောင်းလဲခြင်းနိတ္တကျင့်စဥ်မှာ သာမာန်ကျင့်စဥ်များနဲ့မတူဘဲ အမှောင်စွမ်းအင်ပါရှိသော အနက်ရောင်စွမ်းအား၃လုံး ပိုင်ရှင်သာ ကျင့်ကြံနိုင်တဲ့အကြောင်း ရှင်းပြလိုက်သည်။
ကျစ်ယန်သည် သူပိုင်ဆိုင်ထားသော အနက်ရောင်စွမ်းအင်လုံး၃လုံးကို ထုတ်ပြလိုက်တဲ့အခါ အဖိုးအိုသည် ဝမ်းနည်းသော အမူအယာအဖြစ်သို့ ပြောင်းလဲသွားပြီး "မင်းရှိမှာ တကယ်ပဲ ငါရဲ့ နိတ္တစွမ်းအင်လုံးတွေရှိနေတာလား " လို့ ပြောလိုက်၏။
ကျစ်ယန်သည် ထိုစွမ်းအင်လုံးများနဲ့ ပက်သက်၍ ဘာမှ မသိသေးတာကြောင့် အဖိုးအိုရှင်းပြတာကို နားထောင်နေခဲ့သည်။
နိတ္တစွမ်းအင်လုံးတစ်ခုချင်းစီတွင် ဂုဏ်သတ္တိသုံးခုရှိ၏။ ရေခဲ ၊ မီး နှင့် လျှပ်စီးမိုးကြိုးတို့ပင် ဖြစ်သည်။ ကျစ်ယန်လက်ထဲရှိ စွမ်းအင်လုံး ၃လုံးမှာ ဗလာသာ ဖြစ်နေသေး၏။ ထိုစွမ်းအင်လုံး ၃ခုအား အရင်ဆုံး အသက်သွင်းပြီးမှသာ ပြောင်းလဲခြင်းနိတ္တကျင့်စဥ်ကို ကျင့်ကြံနိုင်မည်ဖြစ်သည်။
အဖိုးအိုသည် ပြောင်းလဲခြင်းနိတ္တကျင့်စဥ်အား ကျစ်ယန်ထံသို့ လွဲပြောင်းပေးလိုက်ပြီး "အငယ်လေး.....ဒီနိတ္တစွမ်းအင်လုံးတွေနဲ့ ပြောင်းလဲခြင်းနိတ္တကျင့်စဥ်က မင်းကို အမြင့်ဆုံရောက်နိုင်အောင် ကူညီပေးလိမ့်မယ်လို့ ငါယုံကြည်တယ် " လို့ ပြောကာ ပျောက်ကွယ်၍ သွားခဲ့၏။
ကျစ်ယန်သည် ရေခဲတောင်ကြားမှ ပြန်လည်ထွက်ခွာလာခဲ့သည်။ထို့နောက် တခြားကျောင်းသားများသည်လည်း ရေခဲတောင်ကြားမှ ထွက်ခွာလာခဲ့၏။ လင်းပင်သည် တည်ငြိမ်စွာဖြင့် "မင်းတို့အားလုံးမှာ ကိုယ်ပိုင်ကျင့်စဥ်များ ရရှိသွားပြီဖြစ်တဲ့အတွက် လာမယ့်ကျုံးအဆိပ်ဘုံကုန်းမြေကို ဝင်နိုင်ခွင့် ရှိမရှိဆိုတာ မင်းတို့အပေါ်မူတည်သွားပြီ " လို့ ပြောလိုက်သည်။
ကျုံးအဆိပ်ဘုံကုန်းမြေဆိုတာ ပျက်စီးသွားသောကျုံးတိုင်းပြည်ရဲ့ ရတနာနယ်မြေတစ်ခုပင် ဖြစ်၏။
ရတနာလက်နက်များ ၊ အဆင့်မြင့်မှော်သားရဲကောင်များ ၊ ရှားပါးသောဆေးဖက်ဝင်များ ၊ ဆန်းကြယ်သောစွမ်းအားများ တည်ရှိသော နေရာတစ်ခုပင် ဖြစ်သည်။ ကျုံးအဆိပ်ဘုံကုန်းမြေကို ဝင်ရောက်ရန် ၁လခန့်ပင် လိုအပ်သေးသည့်အတွက်
ကျင့်ကြံခြင်းနဲ့ ကျင့်စဥ်ကို ထိပ်ဆုံးရောက်အောင် လေ့ကျင့်ထားဖို့ ပြောလိုက်သည်။
လင်းပင်သည် အားလုံးအား တံဆိပ်ပြားတစ်ခုစီ ပေးလိုက်၏။ မြူခိုးနီကျောင်းတော်တွင် ဝိညဥ်စွမ်းအင်ပေါများသော နေရာတွင် ကျင့်ကြံရေးမျှော်စင်တစ်ခု တည်ဆောက်ထားခြင်း ဖြစ်သည်။
လင်းပင်သည် ၁လအတွင်း ထိုကျင့်ကြံရေးအဆောင်တွင် လေ့ကျင့်ဖို့ စေလွှတ်လိုက်၏။
မြူခိုးနီကျောင်းတော်ရဲ့ ကျောင်းသားသစ်များသည် အခန်းများစွာ ပါသော ကျင့်ကြံခြင်းမျှော်စင်
ထဲတွင် ကိုယ်စီလေ့ကျင့်နေခဲ့သည်။ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲသို့ ဝင်လိုက်ပြီး နိတ္တစွမ်းအင်လုံး သုံးလုံးအား ထုတ်လိုက်၏။ ကျစ်ယန်သည် ဂုဏ်သတ္တိတစ်မျိူးဖြစ်သော နတ်မီးတောက်အား ထုတ်လိုက်ပြီး နိတ္တစွမ်းအင်လုံးထဲသို့ ထည့်သွင်းလိုက်သည်။
ကျစ်ယန်သည် နတ်မီးတောက် ထည့်သွင်းလိုက်တဲ့အခါ နိတ္တစွမ်းအင်လုံးသည် နတ်မီးတောက်ကို အလိုအလျောက်ကို စုပ်ယူနေခဲ့ပြီး အနက်ရောင်မှ ခရမ်းရောင်သို့ တဖြည်းဖြည်း ပြောင်းလဲနေခဲ့သည်ကို မြင်တွေ့လိုက်ရ၏။အချိန်သည် ၁ရက်မျှကြာမြင့်နေခဲ့ပြီးတဲ့နောက်မှတော့ နိတ္တစွမ်းအင်လုံးသည် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နတ်မီးတောက်ကို စုပ်ယူမှုမှာ လုံးဝရပ်တန့်သွားခဲ့သည်။
ကျစ်ယန်သည် နတ်မီးတောက်စွမ်းအင်ပါရှိသော နိတ္တစွမ်းအင်လုံးအား သူ့ခန္ဓာကိုယ်အား လှည့်ပတ်ကစားလိုက်ပြီး "မင်းတို့မှာ ဘယ်လိုစွမ်းအားမျိူးရှိလဲ ငါတကယ်ပဲ မြင်ချင်နေပြီ " လို့ ရေရွတ်လိုက်၏။ ထို့နောက် ကျစ်ယန်သည် ဘိုးဘေးသွေးကြောစွမ်းအားဖြစ်သော ရွှေရောင်လျှပ်စီးမိုးကြိုးအား ထုတ်လိုက်ပြီး နောက်ထပ်နိတ္တစွမ်းအင်
လုံးအတွင်းကို ထည့်သွင်းလိုက်လေသည်။
အချိန်သည် ၃ရက်ခန့်ပင် ကြာမြှင့်သွားခဲ့၏။ ကျစ်ယန်သည် သူ့ရဲ့စွမ်းအင်များစွာ ကျဆင်းသွားသဖြင့်
သူ့ဖော်စပ်ထားသော ဆေးတစ်လုံးအား သောက်လိုက်ပြီး စွမ်းအားများ ပြန်လည်ဖြည့်တင်းနေခဲ့၏။ အချိန်အနည်းငယ်ကြာပြီးနောက် ကျစ်ယန်ရဲ့ မျက်လုံးတစ်စုံသည် ပြန်ပွင့်လာခဲ့သည်။
ကျစ်ယန်သည် နိတ္တစွမ်းအင်လုံးတွေကို ကြည့်လိုက်ပြီး "နောက်ဆုံး နိတ္တစွမ်းအင်လုံးအတွက် ငါရေခဲစွမ်းအင်ပါတဲ့ ရတနာက ကျုံးအဆပ်ဘုံကုန်းမြေထဲမှာ ရှိပါစေလို့ ငါဆုတောင်းရမယ် " လို့ ရေရွတ်လိုက်၏။ ကျစ်ယန်သည် ၁လအတွင်း သူ့စွမ်းအင်များကို အခြေခိုင်မြစ်အောင် လေ့ကျင့်နေခဲ့သည်။
အချိန်၁လကြာပြီးတဲ့နောက် မြူခိုးနီကျောင်းတော်
ရဲ့ လေ့ကျင့်ရေးတိုင်ပွဲစင်နားတွင် ကျောင်းသားများ အကြီးအကဲများ အုံခဲနေခဲ့၏။ ရွဲ့ထောင်သည်လည်း ၁လအတွင်းမှာ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းနဲ့ ပက်သက်သောသတင်းများကို အမြဲပို့ဆောင်နေခဲ့သည်။
ကျုံးအဆိပ်ဘုံကုန်းမြေကို ဝင်ရောက်မည်မှာ မြူခိုးနီကျောင်းတော်တစ်ခုထဲပင် မဟုတ်ပေ။ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်း ၊ ကျုံးအင်ပါယာမျိူးဆက် နဲ့ စင်္ကြာဝဋ္ဌာအစီအရင်ဂိုဏ်းတို့ပင် ဖြစ်၏။ သို့ဖြစ်၍ မြူခိုးနီကျောင်းတော်သည်လည်း ပါရမီရှင်ကျောင်းသားများသာ စေလွှတ်နိုင်ဖို့ ပြိုင်ပွဲစီမံရခြင်းဖြစ်သည်။
ကျစ်ယန်တို့ ကြည့်နေစဥ်အတွင်းမှပဲ လူတစ်ယောက်သည် ခေါင်းသုံးလုံးပါသောခြင်္သေ့သားရဲကောင်ကြီးအား စီးလာခဲ့ပြီး တိုက်ပွဲစင်ပေါ်သို့ ခုန်ချလိုက်၏။ ထိုလူကို တွေ့တဲ့အခါ အကြီးအကဲများအားလုံးသည် ဒူးထောက်သွားကြပြီး "ခေါင်းဆောင်ရန်ကို အရိုအသေပြုပါတယ် " လို့ ပြောလိုက်သည်။
ထိုအခါ ကျောင်းသားများသည်လည်း လိုက်လံအရိုအသေပြုလိုက်၏။ ခေါင်းဆောင်ရန် ဆိုသည်မှာ မြူခိုးနီကျောင်းတော်ရဲ့ ဒုဥဣဋ္ဌတစ်ယောက်ပင် ဖြစ်ပြီး နတ်သူငယ်အဆင့်ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်သည်။ မြူခိုးနီကျောင်းတော်ရဲ့ ကျောင်းဥဣဋ္ဌမှာတော့ နှစ်ပေါင်းများစွာကတည်းကပင် ဂူအောင်းကျင့်ကြံနေပြီဖြစ်၍ အကြီးအကဲတစ်ချို့ကပင် မမြင်ဖူးကြပေ။
ခေါင်းဆောင်ရန်ဟုခေါ်သော ရန်လျောင်သည် တိုက်ပွဲစင်ပေါ်မှတဆင့် သူ့အတွက်စီစဥ်ပေးထားသော ထိုင်ခုံပေါ်သို့ လျှပ်တစ်ပြက်အတွင်းရောက်ရှိသွားခဲ့၏။