ချောင်ဝူးကန်းနဲ့တိုက်ခိုက်ခြင်း
Vol. 5 Ch. 66
အကြီးအကဲချန်အာသည် စင်ပေါ်သို့ တက်လာခဲ့ပြီး
"အငယ်တန်းနဲ့ အကြီးတန်းတွေထဲမှာ မြူခိုးနီကျောင်းတော်ရဲ့ နတ်ဆိုး၁၀ယောက်ကို စိန်ခေါ်ရဲတဲ့သူတွေ စင်ပေါ်တက်လာခဲ့ " လို့ ပြောလိုက်၏။ နတ်ဆိုး၁၀ယောက်ဆိုသည်မှာ မြူခိုးနီကျောင်းတော်ရှိ အတော်ဆုံးကျောင်းသား၁၀ယောက်ပင် ဖြစ်သည်။
နတ်ဆိုး၁၀ယောက်ရဲ့ ခွန်းအားကို သိသောလူတစ်ချို့ကတော့ စိတ်ပျက်စွာဖြင့် ခေါင်းခါနေကြ၏။ သူတို့ရဲ့အရည်အချင်းနဲ့ နတ်ဆိုး၁၀ယောက်ရဲ့ တိုက်ကွက်၃ကွက်ကိုပင် ခံယူနိုင်မှာ မဟုတ်ဘူးလို့ ထင်မှတ်နေကြခြင်း ဖြစ်သည်။ ထိုချိန်မှာပဲ လူ၇ယောက်ကျော်သာ စင်ပေါ်သို့ တက်လာခဲ့၏။
၇ယောက်ထဲတွင် ၆ယောက်သည် အကြီးတန်းကျောင်းသားများပင်ဖြစ်ပြီး ကျစ်ယန်ကတော့ အငယ်တန်းကပင် ဖြစ်သည်။ အကြီးအကဲချန်အာသည် ကျစ်ယန်သာ ကြားနိုင်သောအသံဖြင့် "အငယ်လေး......မင်းစွမ်းအားသန်မာတာကို ငါသိပါတယ် ဒါပေမယ့် နတ်ဆိုး၁၀ယောက်ကို ယှဥ်ပြိုင်နိုင်ဖို့တော့ မဖြစ်နိုင်သေးဘူး " လို့ ပြောလိုက်၏။
အကြီးတန်းနဲ့ အငယ်တန်းမှ လူများသည်လည်း "အဲ့ကောင်ရူးနေတာများလား ၊ နတ်ဆိုး၁၀ယောက်ကို သူ့စိတ်ထဲ ၃နှစ်သားကလေးတွေလို့ ထင်နေတာလား.....ဟားဟား " လို့ အော်ဟစ်ဟာ လှောင်ပြောင်နေကြလေသည်။ လျန်ထင်သည် ကျေနပ်သောအပြုံးဖြင့် "ဆောက်ရူးကောင်.... မင်းဘယ်လိုရိုက်ခံရမလဲဆိုတာ စောင့်ကြည့်ရတာပေါ့ " လို့ ပြောလိုက်၏။
တိုက်ပွဲစင်တစ်ဝိုက်လုံးအလွန်ဆူညံနေသဖြင့် ရန်လျောင်သည် "တိတ်ကြစမ်း........"လို့ ပြင်းထန်သောအသံစွမ်းအင်လှိုင်းဖြင့် ပြောလိုက်သည်။ အားလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ပြီး တစ်ခွန်းမှ မဟရဲတော့ပေ။ အကြီးအကဲချန်အာသည် သူ့လက်ဖဝါးအတွင်းမှ စွမ်းအင်လုံး ၁၀လုံးကို ထုတ်လိုက်ပြီး ကျစ်ယန်တို့အား ရွေးချယ်ခိုင်းလိုက်၏။
စွမ်းအင်လုံးထဲတွင် နတ်ဆိုး၁၀ယောက်၏ နာမည်များ ပါရှိခြင်းဖြစ်ပြီး ရွေးချယ်လိုက်သော သူနဲ့ တိုက်ခိုက်ရမည် ဖြစ်သည်။ ကျစ်ယန်တို့သည် စွမ်းအင်လုံးများကို ရွေးချယ်လိုက်ကြ၏။ ကျစ်ယန်သည် ချောင်ဝူးကန်းဆိုသော အမည်ကို တွေ့လိုက်ရသည်။
အကြီးအကဲချန်အာသည် ကျစ်ယန်တို့ ၇ယောက်ရွေးချယ်လိုက်သော နာမည်များအား စစ်ဆေးလိုက်ပြီး ပြန်ဆင်းခိုင်းလိုက်၏။ အကြီးအကဲချန်အာသည် လေပေါ်သို့ ခုန်တက်လိုက်ပြီး "အကြီးတန်းက လောင်ရှန်းဟို နဲ့ နတ်ဆိုးတုံချန်း " လို့ ရေရွတ်လိုက်သည်။ လောင်ရှန်းဟိုနဲ့ တုံချန်းသည် စင်ပေါ်သို့ ပြိုင်တူခုန်တက်လာခဲ့၏။
တုံချန်းသည် ပြုံးစွာဖြင့် "မင်းရဲ့အဆင့်နဲ့ ငါ့ရဲ့ပြိုင်ဖက်ဖြစ်ဖို့ အရည်အချင်းမရှိသေးဘူး " လို့ ပြောလိုက်သည်။ လောင်ရှန်းဟိုသည် သူ့ရဲ့ လခြမ်းဓားနှစ်ချောင်းကို ပွတ်ဆွဲလိုက်ပြီး "အရည်အချင်းရှိမရှိ တိုက်ကြည့်မှ သိရမှာပေါ့" လို့ ပြောလိုက်ပြီး
တုံချန်းအား တည့်တိုက်ခိုက်လိုက်သည်။
တုံချန်းသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "ဆောက်ရူးပဲ......"လို့ ရေရွတ်ကာ လျင်မြန်သော အရှိန်နှုန်းဖြင့် လောင်ရှန်းဟိုရဲ့ နောက်ကို ရောက်သွားခဲ့၏။ လောင်ရှန်းဟိုသည် သူ့တိုက်ခိုက်လိုက်သောနေရာမှာ ဘာမှမရှိတော့တာကို သိလိုက်ရတဲ့ နောက်သို့ အမြန်လှည့်ကြည့်လိုက်သည်။
တုံချန်းသည် အပြာရောင်စွမ်းအင်များစုစည်းထားသော လက်သီးဖြင့် "ပေါက်ကွဲခြင်းလက်သီး...."လို့ ရေရွတ်ကာ လောက်ရှန်းဟိုအား ထိုးချလိုက်၏။ လောင်ရှန်းဟိုသည် တုံချန်းရဲ့လက်သီးတစ်ချက်နဲ့တင် စင်ပေါ်မှာ မေ့မြောသွားခဲ့သည်။ တုံချန်းသည် လက်တစ်ဖက် နောက်ပစ်၍ "အလကားကောင်...."လို့ ရေရွတ်ကာ စင်အောက်ကို ဆင်းသွားခဲ့၏။
အကြီးအကဲလင်းပင်သည် သတိလစ်သွားသော လောင်ရှန်းဟိုအား စင်အောက်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဆေးတစ်လုံးအား အမြန်ထုတ်တိုက်လိုက်သည်။ အကြီးအကဲချန်အာသည် စာလိပ်အားထုတ်ကြည့်လိုက်ပြီး "အကြီးတန်းကချင်းဖုန်နဲ့ နတ်ဆိုးယန်ရှောင်လင်း " လို့ ထပ်မံ ပြောလိုက်၏။
ချင်းဖုန်နဲ့ ယန်ရှောင်လင်းတို့သည် စင်ပေါ်သို့ တက်လာခဲ့သည်။ယန်ရှောင်လင်းသည် သူ့လက်ချောင်းများကို ချိုးလိုက်ပြီး "အကြီးအကဲချန်အာ....ကျွန်တော်တို့ စလို့ရပြီလား" လို့ မေးလိုက်၏။ အကြီးအကဲ ချန်အာသည် ခေါင်းငြိမ့်ပြလိုက်သည်နှင့် ယန်ရှောင်လင်းသည် "ဂျူနီယာညီလေး.....ငါက အချိန်ဆွဲတာကို အမုန်းဆုံးပဲ " လို့ ပြောကာ သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။
ချင်းဖုန်သည် တိုက်ခိုက်ရန် သူ့စွမ်းအားများကို ထုတ်လွှင့်နေချိန်တွင် မြေကြီးများသည် သူ့ရဲ့ခြေထောက်တစ်စုံအား ချုပ်နှောင်သွားခဲ့၏။ တစ်ချိန်ထဲမှာပဲ ယန်ရှောင်လင်းသည် လျှပ်တစ်ပြက် ချင်းဖုန်ရဲ့ ရှေ့ကို ရောက်ရှိလာခဲ့ပြီး "မြေကမ္ဘာခြေထောက်ကန်ချက် " လို့ ရေရွတ်ကာ ချင်းဖုန်အား ကန်ထုတ်လိုက်လေသည်။
ချင်းဖုန်သည် စင်အောက်သို့ ကျွမ်းထိုးမှောက်ပြန် ပျောက်ကျသွားခဲ့ပြီး ပါးစပ်မှ သွေးများပင် အန်လိုက်ရ၏။ ယန်ရှောင်လင်းသည် သူ့ခေါင်းအား ကိုင်ကာ ပြုံးရယ်ကာဖြင့် "ဟီး.....ငါကန်လိုက်တာ အားပါသွားပြီလား " လို့ ရေရွတ်ကာ စင်အောက်သို့ ခုန်ချသွားခဲ့သည်။
ဒီလိုပင် အကြီးတန်းနဲ့နတ်ဆိုး၆ယောက်ယှဥ်ပြိုင်ရာတွင် နတ်ဆိုး၆ယောက်လုံးဘက်မှသာ အနိုင်ရခဲ့၏။ နတ်ဆိုး၁၀ယောက်ရဲ့ စွမ်းအားမှာ တခြားကျောင်းသားများထက် အဆမတန်သာလွန်နေတဲ့အကြောင်း ကျစ်ယန်သည် သိလိုက်ရ၏။
အကြီးအကဲချန်အာသည် ကျစ်ယန်နဲ့ လူတစ်ယောက်ကို ကြည့်လိုက်ပြီး "နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ အငယ်တန်းက ကျစ်ယန် နဲ့ နတ်ဆိုးချောင်ဝူကန်း "လို့ ပြောလိုက်သည်။ ကျစ်ယန်သည် အေးဆေးပင် စင်ပေါ်သို့ တက်လာခဲ့၏။ ချောင်ဝူးကန်းသည် သူထိုင်နေသောနေရာမှ စင်ပေါ်သို့ ခုန်တက်လိုက်ပြီး "ငါချွေးထွက်အောင် လုပ်နိုင်မယ်ဆိုရင်တော့ ငါမင်းကို ကျေးဇူးတင်မိမှာအမှန်ပဲ " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ဘာတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေခဲ့၏။ အကြီးအကဲ ချန်အာသည် တိုက်ခိုက်လို့ ရပြီလို့ ကြေငြာလိုက်တဲ့အခါ ချောင်ဝူးကန်းသည် ဝိညဥ်ပလ္လင်အဆင့်၇စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ခွန်းလုံသည် ပြုံးစွာဖြင့် "အကိုဝူးကန်းက အသက်၂၅နဲ့ ဝိညဥ်ပလ္လင့်အဆင့်၇ကိုတောင် ရောက်ရှိနေပြီပဲ ၊ ခွေးကောင်စုတ် မင်းဘယ်လောက်ထိမောက်မာနိုင်မလဲ ကြည့်ရသေးတာပေါ့ " လို့ တီတိုးစွာ ရေရွတ်လိုက်၏။
အားလုံးသည် ကျစ်ယန်ရှုံးမယ်လို့ မျှော်လင့်နေကြသည်။ ရန်လျောင်ကတော့ ကျစ်ယန်ရဲ့ စွမ်းအားအဆင့်ကို စစ်ဆေးလို့ မရသဖြင့် အံအားသင့်နေခဲ့၏။ ခွန်းလုံသည် သူ့ရဲ့ဓားရှည်အားထုတ်ခိုက်ပြီး "ဓားဝိညဥ်ခွဲဖြာခြင်းကျင့်စဥ်" လို့ ရေရွတ်ကာ ကျစ်ယန်အား တိုက်ခိုက်လိုက်သည်။
ကျစ်ယန်သည် သူ့နားရောက်လာသော ဓားဝိညဥ်စွမ်းအားများကို အလွယ်တကူ ရှောင်ရှားလိုက်၏။ ချောင်ဝူးကန်းသည် ကျစ်ယန်သာကြားနိုင်သောအသံဖြင့် "မင်းမှာ အရည်အချင်းရှိသားပဲ ၊ ဒါပေမယ့် မင်းက ချောင်မျိုးနွယ်စုကို ရန်ရှာရဲတဲ့အတွက် ငါမင်းကို ရှင်းလင်းပစ်ရမယ် " လို့ ရေရွတ်လိုက်သည်။
ချောင်ဝူးကန်းသည် သူ့ရဲ့ဓားအား လက်နှစ်ဖက်ဆုပ်ကိုင်လိုက်ပြီး "နတ်ဆိုးဓားဗိမ္မာန်ကျင့်စဥ် "လို့ ပြောရင်း ကျစ်ယန်အနားသို့ လျှပ်စီးအလျင်ကဲ့သို့ခုန်လွှားကာ အပေါ်ယံမှ တိုက်ခိုက်လိုက်၏။ ကျစ်ယန်ရဲ့ ခေါင်းပေါ်တွင် ဧရာမအနက်ရောင်ဓားဝိညဥ်ကြီးကို တွေ့လိုက်ရတဲ့အခါ ချောင်ဝူးကန်းသည် ကျစ်ယန်အား သတ်ပစ်ဖို့ ရည်ရွယ်ချက်ရှိနေသည်ကို အားလုံးသည် သိလိုက်ကြလေသည်။
ကျစ်ယန်သည် သူ့အားသတ်ဖြတ်လိုစိတ်ရှိမှန်း သိသွားတဲ့အခါ ပြုံးလိုက်ပြီး သူ့ရဲ့လက်ဖဝါးဖြင့် အေးဆေးပင် ခုခံလိုက်၏။ကျစ်ယန်သည် ချောင်ဝူးကန်းရဲ့ ဓားအား လက်ဖြင့် အေးဆေးပင် ခုခံလိုက်မယ်လို့ မထင်ထားခဲ့ကြပေ။