← Chapters

ကျုံးအဆိပ်ဘုံကုန်းမြေသို့ ဝင်ရောက်ခြင်း

Vol. 5 Ch. 67

ကျုံးအဆိပ်ဘုံကုန်းမြေသို့ ဝင်ရောက်ခြင်း

Vol. 5 Ch. 67

ချောင်ဝူးကန်သည် ကြောင်အစွာဖြင့် "မဖြစ်နိုင်တာ......ဒီကောင်က နတ်ဆိုးဓားဗိမ္မာန်သိုင်းကျင့်စဥ်ကို ဘာစွမ်းအင်မှမသုံးပဲ ဖျက်ဆီးပစ်လိုက်နိုင်တာလား " လို့ ရေရွတ်လိုက်၏။ချောင်ဝူးကန်သည် သူ့စွမ်းအားများ တိုးမြှင့်လိုက်ပြီး သူ့ရဲ့ဓားအား ပြန်ဆွဲယူလိုက်သည်။ ကျစ်ယန်သည် အေးစက်စွာ အကြည့်ဖြင့် "အခုငါ့အလှည့်ပဲ....." လို့ ရေရွတ်လိုက်သည်။

ရုတ်တရက် သူ့ရဲ့စွမ်းအင်များအားလုံး ချိတ်ပိတ်ခံလိုက်ရတဲ့အပြင် လှုပ်ရှား၍ မရတော့တဲ့အခါ ချောင်ဝူးကန်သည် ​​ကျောချမ်းသလို ခံစားလိုက်ရ၏။ အားလုံးကြည့်နေစဥ်အတွင်းမှာပဲ ချောင်ဝူးကန်းသည် စင်ပေါ်မှာတင် ပစ်လဲကျကာ သတိမေ့သွားလေသည်။ ကြည့်နေသော လူများအားလုံးသည် ကြောင်အသွားကြ၏။

ရန်လျောင်တစ်ယောက်ထဲကပင် ဘာဖြစ်ပျက်သွားခဲ့သည်ကို သိနေခဲ့သည်။ ရန်လျောင်သည် ကျစ်ယန်ကို ကြည့်၍ "ငယ်ငယ်ရွယ်ရွယ်.....စိတ်ဝိညဥ်ထိန်းချုပ်သူတစ်ယောက်ဖြစ်နေတဲ့အပြင် ကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်နေပြီပဲ " လို့ တီတိုးစွာ ရေရွတ်လိုက်၏။

ရန်လျောင်သည် စင်ပေါ်တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့ပြီး ချောင်ဝူးကန်းရဲ့ အခြေအနေကို စစ်ဆေးလိုက်သည်။ ရန်လျောင်သည် ဆေးတစ်လုံးအား ထည့်တိုက်လိုက်ပြီး ချောင်ဝူးကန်းအား ကုသပေးဖို့ ခေါ်ဆောင်သွားခိုင်းလိုက်၏။

ရန်လျောင်သည် ကျစ်ယန်ဘေးသို့ သွားလိုက်ပြီး "အငယ်လေး.......မင်းကတကယ်ပဲ မဆင်မခြင်လုပ်လိုက်တာပဲ ချောင်မျိုးနွယ်စုက မင်းကို အငြိုးထားတော့မှာ ကျိန်းသေတယ် " လို့ ပြောကာ လေပေါ်သို့ ပျံတက်၍ သူ့ရဲ့ ခေါင်းသုံးလုံးခြင်္သေ့ပျံကြီး စီးကာ ထွက်ခွာသွားခဲ့သည်။

အကြီးအကဲချန်အာသည် စင်ပေါ်သို့ ပြန်ဆင်းသက်လိုက်ပြီး "မင်းကမြူခိုးနီကျောင်းတော်ရဲ့ နတ်ဆိုး၁၀ယောက်ထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့မိဘူး " လို့ ချီးမွမ်းကာ ပြောဆိုလိုက်၏။ ကျစ်ယန်သည် ဘာမှမလုပ်လိုက်ရဘဲ အနိုင်ရရှိသွားသည်ဟု ထင်နေကြသော လူတစ်ချို့သည် မကျေမနပ်ဖြစ်နေကြလေသည်။

မြူခိုးနီကျောင်းတော်ရှိ အကြီးအကဲများထဲတွင် ချောင်မျိုးနွယ်စုမှ လူများပါဝင်နေခဲ့၏။ ဇောင်ထန်လို့ ခေါ်သောအကြီးအကဲသည် စင်ပေါ်ရှိ ကျစ်ယန်ကို ကြည့်ကာ"အကြီးအကဲယန်ဝူ.......ငါတို့ဒီတိုင်း လက်ပိုက်ကြည့်နေတော့မှာလား..." လို့ မေးလိုက်သည်။

ယန်ဝူလို့ ခေါ်သောအကြီးအကဲသည် တည်ငြိမ်စွာဖြင့် "ခုချိန်မှာ အဲ့ကောင်လေးက နတ်ဆိုး၁၀ယောက်ထဲက တစ်ယောက်ဖြစ်သွားတဲ့အတွက် ငါတို့အဆင့်နဲ့ လှုပ်ရှားလို့ မဖြစ်သေးဘူး ၊ မျိူးနွယ်စုရဲ့အကြီးအကဲတွေကို အရင်တင်ပြရမယ် " လို့ ပြောလိုက်သည်။

ဇောင်ထန်သည် သူ့ဒေါသစိတ်ကို ထိန်းချုပ်ပြီး ကျစ်ယန်အား သတ်ဖြတ်တော့မည်အကြည့်ဖြင့်ကြည့်ကာ "ငါကိုယ်တိုင်မင်းကို ဖမ်းပြီး နှိပ်စက်မှာမလို့ ကျုံအဆိပ်ဘုံကုန်းမြေထဲကနေ မင်းအသက်ရှင်ရက်ထွက်လာနိုင်ပါစေလို့ ငါဆုတောင်းနေမယ် " လို့ တီတိုးစွာ ရေရွတ်လိုက်၏။

ချန်အာသည် နတ်ဆိုး၁၀ယောက်အား ရွှေရောင်တံဆိပ်ပြားတစ်ခုစီနဲ့ မြေပုံအသေးလေး များ ထုတ်ပေးလိုက်ပြီး ကျုံးအဆိပ်ဘုံကုန်းမြေအကြောင်း ရှင်းပြလိုက်သည်။ ကျုံးအဆိပ်ဘုံကုန်းမြေတွင် ပိုင်းခြားထားသော နယ်မြေသုံးခုပင်ရှိ၏။ သားရဲတစ်ထောင်နယ်မြေ ၊ တုနိူင်းမဲ့ရတနာနယ်မြေ နဲ့ ကျုံးဧကရာဇ်နန်းတော်ပင် ဖြစ်သည်။

ကျစ်ယန်သည် မြေပုံအားကြည့်လိုက်တဲ့အခါ ထူးဆန်းသောအရာတစ်ခုအား သတိထားမိသွား၏။

မြေပုံထဲတွင် ကျုံးအဆိပ်ဘုံကုန်းမြေထဲရှိ ကျုံးဧကရာဇ်နန်းတော်ဟု ဖော်ပြထားသောနေရာသည် ရုပ်သေးနတ်ဘုရားဂိုဏ်းရဲ့ ရတနာတည်ရှိသော နေရာနဲ့ တစ်ထပ်ထဲပင် ဖြစ်နေခဲ့သည်။

ကျုံးဧကရာဇ်နန်းတော်နဲ့ ရုပ်သေးနတ်ဘုရားဂိုဏ်းသည် တစ်ခုခုစပ်ဆက်နေမည်လို့ ကျစ်ယန်သည် ခန့်မှန်းနေခဲ့၏။ ချန်အာသည် တည်ငြိမ်စွာဖြင့် လေပေါ်သို့ ပျံသန်းတက်လိုက်ပြီး သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ဝိညဥ်လှေကြီးကို ထုတ်လိုက်သည်။

နတ်ဆိုး၁၀ယောက်နဲ့ ချန်အာသည် ဝိညဥ်လှေကြီးဖြင့် ထွက်ခွာသွားတဲ့အခါ ကျန်ခဲ့သော ကျောင်းသားများမှာ ငေးမော၍ ကျန်ခဲ့ကြ၏။

ချန်အာသည် နတ်ဆိုး၁၀ယောက်အား သံမျက်နှာဖုံးများ ပေးအပ်၍ တပ်ဆင်ခိုင်းထားခဲ့သည်။

နေ့တစ်ဝက်သို့ ရောက်တဲ့အခါ ကျစ်ယန်တို့သည် လူများစွာ စုစည်းနေသော နေရာတစ်ခုကို ရောက်လာခဲ့၏။ ထိုနေရာကတော့ ကျုံးအဆိပ်ဘုံကုန်းမြေရဲ့ ဝင်ပေါက်ပင် ဖြစ်သည်။

ကျစ်ယန်သည် ဝိညဥ်လှေပေါ်မှပင် မိန်းကလေးတစ်ယောက်ကို တွေ့သည့်အခါ ပြုံးစွာဖြင့် "ရှို့ဟွာ......ကိုယ်တို့ပြန်ဆုံကြပြန်ပြီ" လို့ တီတိုးစွာ ရေရွတ်လိုက်၏။ လင်ရှို့ဟွာသည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီး "သူလဲ ဒီနေရာကို ရောက်နေတာလား " လို့ စိတ်ထဲကပင် ရေရွတ်လိုက်သည်။

နတ်ဆိုး၁၀ယောက်နဲ့ ချန်အာသည် ဝိညဥ်လှေပေါ်မှ ခုန်ဆင်းလာခဲ့၏။ ချန်အာသည် ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်း ၊ ကျုံးအင်ပါယာမျိူးဆက် နဲ့ စင်္ကြာဝဋ္ဌာအစီအရင်ဂိုဏ်းတို့ရဲ့ အကြီးအကဲများကို တွေ့လိုက်ရသည်။ သွမ်ချီလို့ ခေါ်သော အကြီးအကဲသည် ပြုံးစွာဖြင့် ချန်အာကို နှုတ်ဆက်လိုက်၏။

ထိုချိန်မှာပဲ လျှပ်စီးများတလပ်လပ်ထွက်ပေါ်နေသော မိုးကြိုးလျှပ်စီးအစီအရင်စက်ဝိုင်းကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအခါ မြူခိုးနီကျောင်းတော် ၊ ဘုံသုံးဆင့်ဧကရာဇ်နန်းတော် ၊ ကျုံးအင်ပါယာမျိူးဆက်နဲ့ စင်္ကြဝဋ္ဌာအစီအရင်ဂိုဏ်းတို့၏ ပါရမီရှင်များသည် အကြီးအကဲတွေကို အရိုအသေပြုကာ မိုးကြိုးလျှပ်စီးအစီအရင်စက်ဝိုင်းထဲကို ခုန်ဝင်သွားခဲ့ကြသည်။

ကျစ်ယန်တို့ နတ်ဆိုး၁၀ယောက်သည် နေရာတစ်ခုထဲကို တစ်စုတစ်စည်း ကျသွားခဲ့၏။ ကျစ်ယန်တို့ ရောက်ရောက်ချင်းမှာပဲ အဆင့်၃သားရဲများဖြစ်ကြတော့ နှင်းရေခဲဝံပုလွေများစွာသည် ချက်ချင်းရောက်ရှိလာခဲ့သည်။ ကျစ်ယန်တို့ နတ်ဆိုး၁၀ယောက် အဖွဲ့ထဲတွင် မိန်ကလေး၁ယောက်ပါဝင်နေခဲ့၏။

ချွေရှင်းဟု ခေါ်သောမိန်းမပျိုသည် ဝိညဥ်ပလ္လင့်အဆင့်၆စွမ်းအားကို ထုတ်လွှတ်၍ ဓားနှစ်ချောင်းကို ကိုင်ဆောင်ပြီး "ဒီနှင်းရေခဲဝံပုလွေတွေကို ငါတို့အတူဖြေရှင်းကြတာပေါ့ " လို့ ပြောလိုက်ပြီး ဦးဆောင်တိုက်ခိုက်လိုက်သည်။ ကျစ်ယန်သည်လည်း

သူ့ရဲ့ဓားကို ထုတ်လိုက်ပြီး နှင်းရေခဲဝံပုလွေတွေကို လိုက်လံရှင်းလင်းနေခဲ့၏။

အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ ကျစ်ယန်တို့ အနားတစ်ဝိုက်တွင် သေဆုံးသွားသော နှင်းရေခဲဝံပုလွေများသာ ကျန်ရှိတော့သည်။ ကျစ်ယန်တို့သည် ဓားပျံများဖြင့် အဖွဲ့လိုက်ရှေ့ကို ပျံသန်းလာခဲ့ကြ၏။ အလွန်ပင်စွမ်းအားပြင်းသော တိုက်ခိုက်သံများ ကြားရတဲ့အခါ ကျစ်ယန်တို့သည် ထိုနေရာကို ဦးတည်လိုက်သည်။

အပြာစင်းဝတ်ဆင်ထားသော လူ၁၀ယောက်အဖွဲ့သည် အလွန်ပင်သန်မာအားကောင်းသော အဆင့်၆သားရဲဖြစ်သည့် ရေခဲဓားခုတ်ပိုးကောင်နဲ့ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။ ကျစ်ယန်တို့အဖွဲ့ထဲမှ ဇီမာကွန်းလို့ ခေါ်သောလူသည် တိုက်ခိုက်နေသောအဖွဲ့ကို ကြည့်၍ "စီနီယာအကိုနွဲ့ကျန်းတို့ပဲ......"လို့ ပြောကာ အနီးကို ပျံသန်းသွားခဲ့သည်။

နွဲ့ကျန်းသည် လူကပ်လာသည်ကို သိတဲ့အခါ သူ့ရဲ့ဓားဖြင့် ရွယ်လိုက်ပြီး "ဒီရေခဲဓားခုတ်ပိုးကောင်က ငါတို့အရင်ရှာတွေ့ထားတာပဲ ၊ မင်းတို့ဒီနေရာက ခုချက်ချင်းထွက်သွားဖို့ ငါအကြံပေးပါရစေ" လို့ ပြောလိုက်၏။ ဇီမာကွန်းသည် သူ့ရဲ့သံမျက်နှာဖုံးအား ချွတ်လိုက်ပြီး "စီနီယာအကိုနွဲ့ကျန်း.......ကျွန်တော်ပါ " လို့ ပြောလိုက်သည်။

All Chapters