← Chapters

ရီချင်းမော်နဲ့တိုက်ခိုက်ခြင်း

Vol. 5 Ch. 68

ရီချင်းမော်နဲ့တိုက်ခိုက်ခြင်း

Vol. 5 Ch. 68

နွဲ့ကျန်းသည် သူ့ရဲ့ဓားအား ပြန်ရုတ်သိမ်းလိုက်ပြီး "ညီလေးမာကွန်းပဲ......" လို့ အေးဆေးစွာပင် ပြန်ပြောလိုက်၏။ ထိုချိန်မှာ ရေခဲဓားခုတ်ပိုးကောင်ရဲ့ တိုက်ခိုက်ချက်မှာ ပြင်းထန်လွန်းလှသဖြင့် နွဲ့ကျန်းတို့ အဖွဲ့ထဲရှိလူများသည် ဒဏ်ရာများပင် ရကာ သွေးများပင် အန်လိုက်ကြရသည်။

နွဲ့ကျန်းသည် သူ့လူများထိခိုက်သွားသဖြင့် သူ့ဓားအား လှုပ်ရှားလိုက်ပြီး "နတ်ဘုရားချီဓားကျင့်စဥ်"လို့ ရေရွတ်ကာ ရေခဲဓားခုတ်ပိုးကောင်အားတိုက်ခိုက်လိုက်၏။ နွဲ့ကျန်းရဲ့ အပေါ်ဘက်ရှိ စိမ်းပြာရောင်စက်ဝိုင်းအစီအရင်ထဲမှ သန်မာအားကောင်းသော ဓားချီအလင်းတန်ကြီးသည် ရေခဲဓားခုတ်ပိုးကောင်ရှိသို့ ကျရောက်သွားခဲ့သည်။

သို့သော် ရေခဲဓားခုတ်ပိုးကောင်ရဲ့ရှေ့ရှိ အဝါရောင်စက်ဝန်းလေးသည် သန်မာအားကောင်းသော ဓားချီအလင်းတန်ကြီးအား စုပ်ယူသွားခဲ့၏။ ရေခဲဓားခုတ်ပိုးကောင်များသည် တိုက်ခိုက်ရေးသာမက ကာကွယ်ရေးမှာလဲ အဆင့်မြင့်နေခဲ့သည်။ ဇီမာကွန်းသည် နွဲ့ကျန်းနားသို့ ကပ်လိုက်ပြီး "စီနီယာအကို......ငါတို့နှစ်ဖွဲ့ပေါင်းပြီး ဒီရေခဲဓားခုတ်ပိုးကောင်ကို တိုက်ခိုက်ကြရင် ဘယ်လိုလဲ" လို့ မေးလိုက်၏။

နွဲ့ကျန်းသည် ဇီမာကွန်းရဲ့ ပုခုံးအားပုတ်လိုက်ပြီး "ညီလေးမာကွန်း......မင်းစေတနာကို ငါနားလည်ပါတယ် ၊ ဒါပေမယ့် ငါတို့ကျုံးအင်ပါယာမျိူးဆက်မှာ လို့ဝှက်ချက်တွေ အများကြီးကျန်ပါသေးတယ် " လို့

ပြောလိုက်သည်။ နွဲ့ကျန်းသည် သူ့သိုလှောင်ကွင်းထဲမှ ရုပ်သေးရုပ်အား ထုတ်လိုက်ပြီး ရေခဲဓားခုတ်ပိုးကောင်ကို တိုက်ဖို့ စေခိုင်းလိုက်၏။

ကျိုးအင်ပါယာမျိုးဆက်ရဲ့ အဖွဲ့ဝင်တွေကပင် ရုပ်သေးရုပ်ကို မြင်တဲ့အခါ အံ့အားသင့်စွာဖြင့်

"ဆရာတူအကိုနွဲ့ကျန်းမှာ ရုပ်သေးရုပ်ရှိနေတာ ကောလဟာလမဟုတ်ဘူးပဲ " လို့ တီတိုးစွာဖြင့် ရေရွတ်လိုက်ကြသည်။ ဇီမာကွန်းနဲ့ တခြားလူသည်လည်း နတ်ဝိဇ္ဇာအဆင့်ရှိသောရုပ်သေးရုပ်နဲ့ ရေခဲဓားခုတ်ပိုးကောင်တို့ရဲ့ တိုက်ပွဲကို ကြည့်ရှု့နေကြ၏။

နွဲ့ကျန်းနဲ့ သူ့အဖွဲ့ဝင်များသည် အနီရောင်ဆေးလုံးများ သောက်သုံးလိုက်ကြပြီး ရေခဲဓားခုတ်ပိုးကောင်အား တစ်ပြိုက်နက်တိုက်ခိုက်လိုက်ကြသည်။ရေခဲဓားခုတ်ပိုးကောင်သည် အဖက်ပေါင်းစုံမှတိုက်ခိုက်ခံရသဖြင့် ခုခံကာကွယ်နိုင်မှုမရှိတော့ဘဲ မြေပြင်ကို ပြုတ်ကျကာ သေဆုံးသွားခဲ့၏။

သေဆုံးသွားသော ရေခဲဓားခုတ်ပိုးကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေခဲပြာရောင်ရှိသော သားရဲမှော်အမြူတေ ထွက်ပေါ်လာခဲ့သည်။ နွဲ့ကျန်းနဲ့ သူ့အဖွဲ့ဝင်များသည် အဆင့်၆ရေခဲဓားခုတ်ပိုးကောင်၏ သားရဲမှော်အမြူတေကို တွေ့ရှိလိုက်ရတဲ့အခါ ဝမ်းသာ၍ သွား၏။ နွဲ့ကျန်းတို့အဖွဲ့သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး သားရဲမှော်အမြူတေကို သိမ်းဖို့ လုပ်လိုက်သည်။

ထိုချိန်တွင် ထုထည်ကြီးမာသော ဓားကြီးတစ်ချောင်းသည် ရေခဲဓားခုတ်ပိုးကောင်ရဲ့ နားကို ကျရောက်လာခဲ့ပြီး "ကျွတ်ကျွတ်ကျွတ်.....သနားဖို့ကောင်တဲ့ ပုရွတ်ဆိတ်တွေပဲ ၊ မကြာခင်ငါရဲ့ သွေးတမန်ဓား လက်အောက်မှာသေဆုံးရတော့မှာလား " ဟုသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

နွဲ့ကျန်းသည် အဖက်ပေါင်းစုံကို လှည့်ပတ်ကြည့်လိုက်ပြီး "မင်းဘယ်သူလဲ.....သတ္တိရှိရင် ထွက်ခဲ့စမ်း သရဲလိုလို တစ္ဆေလိုလို လုပ်မနေနဲ့" လို့ ဒေါသအသံဖြင့် ကြိမ်းဝါးလိုက်သည်။

ကောင်းကင်ယံရဲ့ အမြင့်တစ်နေရာတွင် အနက်ရောင်တိမ်စိုင်များအတွင်းမှ လူတစ်ယောက်သည် ထွက်ပေါ်လာခဲ့ပြီး "ဟားဟားဟား......မင်းတို့လိုပုရွတ်ဆိတ်လေးက ငါ့ကိုမောက်မာစွာပြန်ပြောရဲတယ်ဆိုတော့ ငါသတ်တာကို မစောင့်နိုင်တော့ဘူးလား.....ဟားဟားဟား"လို့ အော်ရယ်​ကာ မြေကြီးတွင်စိုက်နေသော သူ့ရဲ့ဓားအား ပြန်စုပ်ယူလိုက်၏။

ကျစ်ယန်သည် ထိုလူကိုတွေတဲ့အခါ "လတ်စသတ်နော့ မင်းကို " လို့ အေးစက်သောအပြုံးဖြင့် ရေရွတ်လိုက်သည်။ လေပေါ်တွင် ရှိနေသောလူကတော့ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်း၏ ဧကရာဇ်ကျားစွယ်တောင်ထိပ်တွင် ကျစ်ယန်တွေ့ခဲ့သော ရီချင်းမော်ပင် ဖြစ်နေခဲ့၏။

ထိုလူသည် လေထဲတွင် အကူအညီပစ္စည်းမပါဘဲ ပျံသန်းနေသဖြင့် နတ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူမှန်း အားလုံးသည် သိလိုက်ရသည်။ နွဲ့ကျန်းသည် သူ့ရဲ့ရုပ်သေးရုပ်အား ထုတ်လိုက်ပြီး "မင်းဒီနေရာက အေးဆေးထွက်သွားလိုက် ၊ မဟုတ်ရင်တော့ သားရဲတစ်ထောင်နယ်မြေက မင်းရဲ့သင်္ချိုင်းနယ်မြေဖြစ်သွားမယ် " လို့ ပြောလိုက်သည်။

ရီချင်းမော်သည် လက်ခုပ်တီးလိုက်ပြီး "ယီချန်း ၊ လောင်ရဲ့.....ဒီကောင်တွေက ငါ့ကိုသတ်မလို့တဲ့...ဟားဟား" လို့ပြောကာ ရယ်မောလိုက်လေသည်။ ရီချင်းမော်ရဲ့ ဘေးနှစ်ဖက်တွင် ယီချန်းနဲ့ လောင်ရဲ့ဆိုသော လူ၂ယောက်ထွက်ပေါ်လာခဲ့၏။

ယီချန်းနဲ့လောင်ရဲ့သည်လည်း နတ်ဝိဇ္ဇာအဆင့်ရောက်ရှိနေသဖြင့် နွဲ့ကျန်းသည် "သေစမ်း.... ငါတို့အင်အားနဲ့ နတ်ဝိဇ္ဇာအဆင့်၃ယောက်ဆို ယှဥ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး " လို့ ရေရွတ်လိုက်သည်။ ဇီမာကွန်းသည် သူသေရမည်ကို ကြောက်ရွံ "စီနီယာအကိုနွဲ့ကျန်း.....ငါတို့ သူ့ကို သားရဲအမြူတေပေးလိုက်ရင် ကောင်းမယ်ထင်တယ် " လို့ ပြောလိုက်၏။

နွဲ့ကျန်းသည် ဒေါသထွက်စွာဖြင့် "ဆောက်ရူးကောင်.....ခုချိန်မှာ သားရဲအမြူတေပေးလိုက်ရင်တောင် ငါ့တို့ကို အလွတ်ပေးမယ်ထင်နေတာလား " လို့ ပြန်ပြောလိုက်သည်။ရီချင်းမော်တို့၄ယောက်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့၏။

ရီချင်းမော်သည် ပြုံးစွာဖြင့် "မင်းတို့အားလုံးရဲ့သိုလှောင်ကွင်းကို ထားခဲ့ပြီး အမြန်ဆုံးလစ်လိုက်တော့...."လို့ ပြောလိုက်သည်။ ကျစ်ယန်တို့ နတ်ဆိုး

၁၀ယောက်သည် အချင်းချင်းကြည့်၍ မထွက်သွားဖို့ အခြေအနေပြနေကြ၏။ နွဲကျန်းတို့ အဖွဲ့ထဲရှိ လူနှစ်ယောက်သည် သိုလှောင်ကွင်းလက်စွပ်အား ရီချင်းမောအား ပစ်ပေးကာ ဓားပျံဖြင့် ပျံသန်းထွက်ခွာလေသည်။

သို့သော်ထိုနှစ်ယောက်သည် အဝေးသို့ မရောက်ခင်မှာပဲ ဓားပျံပေါ်မှ ပျောက်ကျကာ သေဆုံးသွားကြ၏။ ဝိညဥ်ပလ္လင်အဆင့်၈ ရောက်ရှိနေသော လွီရန်နဲ့ ကျောက်ခန်းသည် ရီချင်းမော်နောက်သို့ ရောက်ရှိလာပြီး "စီနီယာအကိုချင်းမော်......ငါတို့ဒီလူတွေပါ တစ်ခါထဲရှင်းပစ်ရင် မကောင်းဘူးလား " လို့ ပြောလိုက်သည်။

ရီချင်းမော်သည် ကောင်းကင်အား ကြည့်ကာ "ဟားဟားဟား.....မင်းတို့လို ဂိုဏ်းစုတ်လေးတွေက ငါတို့ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းကို အမြဲအာခံနေခဲ့တာ ခုတော့ ဘာတက်နိုင်သေးလဲ " လို့ အော်ဟစ်ကာ ပြောဆိုလိုက်၏။

ရီချင်းမော်သည် ချက်ချင်းပင် တည်ငြိမ်သော အမူအယာအဖြစ်သို့ ပြောင်းလဲသွားပြီး "မင်းတို့အားလုံးအသက်ရှင်ချင်ရင်တော့ ငါနဲ့ ကျွန်သခင်ကျိန်စာ ချုပ်ဆိုရမယ် ၊ မဟုတ်ရင်တော့ တမလွန်ကနေ မင်းတို့စျာပနာပွဲကို ထိုင်ကြည့်ဖို့ပြင်ထား " လို့ ပြောလိုက်သည်။

ထိုချိန်တွင် လင်ရှို့ဟွာသည် လေပေါ်မှ ပျံသန်းလာခဲ့ပြီး "ချင်းမော်......နင်က ဆရာရဲ့ အမိန့်ကို အရင်ပြီးမြောက်အောင်မလုပ်ဘဲ ဘာလို့ ဒီမှာအချိန်ဆွဲနေတာလဲ " လို့ ပြောကာ ရှေ့သို့ ဆက်လက်ပျံသန်းသွားခဲ့၏။ ရီချင်းမော်သည် သူ့ရဲ့ဓားကြီးအား

ကိုင်ဆောင်လိုက်ပြီး "မင်းတို့နဲ့ ညှိနှိုင်းဖို့ အချိန်ကုန်ဆုံးသွားပြီ ၊ သွားသေလိုက်တော့ " လို့ ပြောကာ သူ့လူတွေအား တိုက်ခိုက်ဖို့ စေခိုင်းလိုက်သည်။

ကျစ်ယန်သည် ရီချင်းမော်ရဲ့ နောက်တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့ပြီး "ငါတို့နောက်တစ်ခေါက်ပြန်ဆုံကြပြန်ပြီနော် " လို့ ပြောကာ မျက်နှာဖုံးအား ချွတ်ချလိုက်၏။ ရီချင်းမော်သည် ကျစ်ယန်အား လှည့်ကြည့်လိုက်ပြီး "မင်းက မြူခိုးနီကျောင်းတော်ရဲ့ နတ်ဆိုး၁၀ယောက်ထဲက ၁ယောက်ဖြစ်နေလိမ့်မယ်လို့ ငါတကယ်မထင်ထားမိဘူး " လို့ ပြောလိုက်သည်။

All Chapters