← Chapters

မြေလိပ်ဌက်သားရဲ

Vol. 5 Ch. 69

မြေလိပ်ဌက်သားရဲ

Vol. 5 Ch. 69

ရီချင်းမော်သည် လေပေါ်သို့ ပျံတက်လိုက်ပြီး ကျစ်ယန်အား သတ်ဖြတ်တော့မည်အကြည့်ဖြင့် ကြည့်ကာ"ဆရာတူအမရှို့ဟွာအနားကို ကပ်ရဲတဲ့အတွက် ငါမင်းကိုအရှင်ထားဖို့ မဖြစ်နိုင်တော့ဘူး " လို့ ပြောကာ ဓားဝိဇ္ဇာသူတော်စင်ကျင့်စဥ်အား အသက်သွင်းလိုက်၏။

ရီချင်းမော်ရဲ့ နောက်ကွယ်တွင် စွမ်းအားအရှိန်အဝါတောက်ပနေသော ဧရာမအနီရောင်ဓားမကြီး ကိုင်ဆောင်ထားသော နတ်ဘုရားဝိညဥ်ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအခါ တိုက်ခိုက်နေသော လူများသည် ရပ်တန့်၍ သွားကြပြီး စွမ်းအားများပြင်းထန်စွာ ထွက်ပေါ်နေသော နတ်ဘုရားဝိညဥ်ကြီးအား ကြည့်လိုက်ကြ၏။

ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်ရှိသော ရီချင်းမော်ကိုတောင် ရန်စရဲလိမ့်မည်လို့ မမျှော်လင့်ထားကြပေ။ ယန်ရှောင်လင်းသည် ကျစ်ယန်အား ထွက်ပြေးဖို့ အော်ဟစ်နေခဲ့၏။ ရီချင်းမော်သည် သူ့ရဲ့ဓားဖြင့် ကျစ်ယန်အား ညွှန်လိုက်သည်နှင့် နတ်ဘုရားဝိညဥ်ကြီးသည် ဧရာမဓားမကြီးဖြင့် ကျစ်ယန်တည့်တည့်သို့ ခုတ်ချလိုက်လေသည်။

ကျစ်ယန်သည် တည်ငြိမ်စွာဖြင့် သူလက်သီးအား ဆုပ်လိုက်တဲ့အခါ ကျစ်ယန်ရဲ့ လက်မောင်းတစ်ခုလုံးတွင် သံကွင်းများ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်ဧရာမနတ်ဘုရားဝိညဥ်ကြီးသည် ကျစ်ယန်နောက်တွင် ထွက်ပေါ်လာခဲ့၏။ အာလုံးသည် အလွန်ပင် အစွမ်းထက်သောကျင့်စဥ်တွေကို မြင်တွေ့နေရသဖြင့် မျက်တောင် မခတ်ဘဲ ကြည့်နေကြလေသည်။

ကျစ်ယန်သည် သူ့ရဲ့ ညာဘက်လက်သီးဖြင့် ရီချင်းမော်ကို ရွယ်၍ ထိုးချလိုက်၏။ ထိုအခါ ဧရာမနတ်ဘုရားဝိညဥ်ကြီးရဲ့ ညာဘက်လက်သီးသည် ဧရာမအနီရောင်ဓားမကြီးနဲ့ ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။

ရီချင်းမော်သည် သူ့ရဲ့စွမ်းအားများ တဖြည်းဖြည်းကျဆင်းလာသည်ကို သိတဲ့အခါ "မဖြစ်နိုင်တာ.....မင်းက ဘယ်လိုလုပ်ပြီး ငါ့လို အမွေခံသားတော်ထက် သာလွန်နိုင်မှာလဲ " လို့ ရေရွတ်လိုက်၏။

ဧရာမအနီရောင်ဓားမကြီးသည် တဖြည်းဖြည်းအက်ကွဲကြောင်းများ ပေါ်လာတဲ့အခါ ကြည့်နေသောလူများသည် မယုံနိုင်ဖြစ်နေကြလေသည်။ ရီချင်းမော်သည် ဆေးလုံးတစ်လုံးအား အမြန်သောက်ချလိုက်ပြီး သူ့ရဲ့စွမ်းအားကို တိုးမြှင့်လိုက်၏။ ကျစ်ယန်သည် သူ့စွမ်းအားကို ၅၀ရာခိုင်နှုန်းတောင်မသုံးရသေးပေ။

ကျစ်ယန်သည် သူ့စွမ်းအားကို တိုးမြှင့်လိုက်တဲ့အခါ ဧရာမနတ်ဘုရားဝိညဥ်ကြီးရဲ့ လက်သီးကြီးသည် ဧရာမအနီရောင်ဓားမကြီးအား ကြေမွအောင်ဖျက်ဆီးပစ်လိုက်ပြီး ရီချင်းမော်ရှိသို့ ကျရောက်သွားခဲ့၏။ ရီချင်းမော်သည် အခြေအနေမဟန်မှန်းသိတဲ့အခါ ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်လိုက်သည်။

မလွတ်မြောက်နိုင်မှန်း သိတဲ့အခါ ရီချင်းမော်သည် ကြောက်လန့်စွာဖြင့် "ငါ့ကိုမသတ်ပါနဲ့.....ငါ့ကိုမသတ်ပါနဲ့ " လို့ အော်ဟစ်လိုက်လေသည်။ ယီချန်း ၊ လောင်ရဲ့နဲ့ တခြား၂ယောက်သည် ရီချင်းမော်ကို ကယ်ရန် အမြန်ပြေးလွှားလိုက်၏။ သို့သော် နတ်ဘုရားဝိညဥ်ကြီးရဲ့ လက်သီးသည် ရီချင်းမော်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ရီချင်းမော်သည် ပြာမှုန့်ပါမကျန်သေဆုံးသွားသည်ကို မြင်လိုက်ကြရတဲ့အခါ အားလုံးမှာ ဆွံ့အသွားကြ၏။ ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်ရှိသူအာ အမှန်တကယ်သတ်ပစ်နိုင်မည်လို့ ဘယ်သူမှ မထင်ထားကြပေ။ ယီချန်း ၊ လောင်ရဲ့ နဲ့ တခြား၂ယောက်သည် ရီချင်းမော်လို နတ်ဝိဇ္ဇာအဆင့်၃ကျင့်ကြံသူကို သတ်ပစ်နိုင်တဲ့ စွမ်းအား ရှိသော ကျစ်ယန်အား ကြောက်လန့်သွားကြ၏။

၄ယောက်လုံးသည် သူ့တို့စွမ်းအားကို တိုးမြှင့်ကာ အရပ်လေးမျက်နှာကို ပျံသန်း၍ ထွက်ပြေးသွားကြလေသည်။ ကျစ်ယန်သည် မူလကတည်းကပင် ကိုယ်ပွားများကို စေလွှတ်ထားသဖြင့် ရီချင်းမော်ရဲ့ သိုလှောင်ကွင်းလက်စွပ်ကိုသာ စစ်ဆေးကြည့်လိုက်၏။

ရီချင်းမော်ရဲ့ သိုလှောင်ကွင်းလက်စွပ်ထဲတွင် ​များစွာသော ရတနာများ ရှိနေလိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားမိပေ။ ကျစ်ယန်သည် သူ့ရဲ့ဓာပျံအား ထုတ်လိုက်ပြီး အားလုံး ရှေ့မှ ပျောက်ကွယ်သွားခဲ့၏။ နွဲ့ကျန်းသည် ထွက်ခွာသွားသော ကျစ်ယန်ကို ကြည့်ရင်း "မာကွန်း......သူကဘယ်သူလဲ "လို့ မေးလိုက်သည်။

ဇီမာကွန်းသည် သူ့ခေါင်းအား ကုတ်လိုက်ရင်း "စီနီယာအကိုနွဲ့ကျန်း....သူနာမည်က ကျစ်ယန်ဆိုတာပဲ ငါသိတယ် " လို့ ဖြေလိုက်၏။ နွဲ့ကျန်းသည် ရေခဲဓားခုတ်ပိုးကောင်ရဲ့ အမြူတေကို စုပ်ယူကာ သိမ်းလိုက်ပြီး "ကျုံးအဆိပ်ဘုံကုန်းမြေက ပြန်ထွက်ခွာပြီးရင် မင်းတို့မြူခိုးနီကျောင်းတော်ကို ငါကျေးဇူးလာဆပ်ပါ့မယ် " လို့ ပြောပြီး သူ့လူများနဲ့ ထွက်

ခွာသွားခဲ့သည်။

ကျစ်ယန်ရဲ့ကိုယ်ပွားများသည် ယီချန်းတို့ ၄ယောက်အား သတ်ဖြတ်ပြီးနောက် ကျစ်ယန်သည် သန်မာအားကောင်းသော ကျင်ကြံခြင်းစွမ်းအားများကို ထပ်မံရရှိသွားခဲ့၏။ ကျစ်ယန်သည် ဓားပျံဖြင့် ပျံသန်းနေချိန်တွင် လင်ရှို့ဟွာသည် ကျစ်ယန်ဘေးနံရံတွင် လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး "ရှင်ကျွန်မကို လိုက်ရှာနေတာလား....." လို့ တည်ငြိမ်အေးစက်စွာဖြင့် မေးလိုက်သည်။

ကျစ်ယန်သည် ပျံသန်းခြင်းကို ရပ်တန့်လိုက်ပြီး "ရှို့ဟွာ......ငါသူတို့ကို မသတ်ရင် ခုချိန်သေရမယ့်လူက ငါပဲ " လို့ ပြောလိုက်၏။ လင်ရှို့ဟွာသည် ကျစ်ယန်ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်ပြီး " ရှင်ဒဏ်ရာ ရထားသေးလား "လို့ မေးလိုက်သည်။

လင်ရှို့ဟွာသည် သူတို့ဂိုဏ်းမှာ မကောင်းမှန်းသိသော်လည်း ရုန်းမထွက်နိုင်သော အကြောင်းအရင်းတစ်ခုပင် ရှိ၏။ သို့ဖြစ်၍ ကျစ်ယန်လုပ်ရပ်အား အပြစ်မမြင်ခဲ့ပေ။ ကျစ်ယန်သည် လင်ရှို့ဟွာရဲ့ လက်အား ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။

လင်ရှို့ဟွာသည် ကျစ်ယန်အား ဖက်ထားလိုက်ပြီး မျက်ရည်လေးများဝဲနေခဲ့၏။ ကျစ်ယန်သည် သူ့ရဲ့လက်ချက်ဖြင့် အစအနပါမကျန်သေဆုံးသွားပြီဖြစ်ကြောင်း ဧကရာဇ်ကျားစွယ်တောင်ထိပ်သခင်ဖြစ်သော ရွဲ့ထောင်သည် ဂိုဏ်းအကြီးအကဲများအား

လျှောက်တင်ထားခြင်းဖြစ်သည်။ ကျစ်ယန်သေပြီဟု ကြားသည့်ရတဲ့အခါ လင်ရှို့ဟွာသည် ဝမ်းနည်းကြေကွဲနေခဲ့၏။

ကျစ်ယန်သည် လင်ရှို့ဟွာရဲ့ နဖူးလေးကို နမ်းနေခဲ့သည်။ ရုတ်တရက် ကျစ်ယန်တို့ ရောက်ရှိနေသော မြေကြီးသည် အက်ကွဲလာသဖြင့် ၂ယောက်လုံးသည် နောက်သို့ အတော်ဝေးဝေးခုန်ချလိုက်၏။ မြေကြီးအတွင်းမှ ​ဧရာမ​လိပ်ကြီးတစ်ကောင်ထွက်ပေါ်လာခဲ့သည်။

ထိုသားရဲကတော့ အဆင့်၆သားရဲဖြစ်သော ​မြေလိပ်ဌက်ကြီးပင် ဖြစ်၏။ ​မြေလိပ်ဌက်ကြီးသည် ကျစ်ယန်တို့ ၂ယောက်အား စားသောက်နေချင်သည့်အတွက် ပါးစပ်အတွင်းမှ သားရည်များကျနေခဲ့သည်။ ထိုချိန်မှာ အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် အဖွဲ့တစ်ဖွဲ့သည် ကျစ်ယန်တို့ ဘေးရှိရောက်ရှိလာခဲ့၏။

ထိုအဖွဲ့ကတော့ စင်္ကြဝဋ္ဌာအစီအရင်ဂိုဏ်းသားများပင် ဖြစ်သည်။ စင်္ကြာဝဋ္ဌာအစီအရင်ဂိုဏ်းရှိ ယွမ်လင်းလို့ ခေါ်သောလူသည် လင်ရှို့ဟွာကို တွေ့တဲ့အခါ လိုချင်တပ်မက်မှုများ ဖြစ်ပေါ်လာခဲ့၏။ ယွမ်လင်းသည် သူ့ရဲ့ဓားအသေးလေးအား ဆော့စကားကာ "ကောင်စုတ်လေး......မိန်းမလှလေးအနားက ထွက်သွားစမ်း ၊ မဟုတ်ရင်တော့ ငါရဲ့ ငမန်းရိုးဓားအကြောင်းမင်းသိစေရမယ် " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ယွမ်လင်းလက်ထဲရှိ ဓားအား ကြည့်လိုက်ပြီး "တကယ်ပဲ အဆင့်၁၀ ရေငမန်းသားရဲရဲ့ အရိုးပဲ ၊ ငါရဲ့ဓားနဲ့သာ ပေါင်းစပ်သန့်စင်လိုက်မယ်ဆိုရင် နဂိုထက်စွမ်းအားပိုပြင်းလာမှာ အသေအချာပဲ " လို့ တီတိုးစွာ ရေရွတ်လိုက်၏။

မြေလိပ်ဌက်သားရဲကြီးသည် အတောင်ပံကြီးခတ်ကာ လေပေါ်သို့ တဖြည်းဖြည်း ပျံတက်လိုက်ပြီး စားစရာလူများ တိုးလာတဲ့အတွက် ပျော်မြူးနေခဲ့၏။ တုံလုံလို့ ခေါ်သောလူသည် "ဆရာတူအကိုယွမ်လင်း.....ကျွန်တော်တို့ ဒီသားရဲကြီးကို အရင်ဖြေရှင်းရင်ကောင်းမယ်ထင်တယ် " လို့ ပြောလိုက်သည်။

All Chapters