← Chapters

ဈေးကြီးတဲ့လိမ္မော်သီး

Vol. 103 Ch. 1432

ဈေးကြီးတဲ့လိမ္မော်သီး

Vol. 103 Ch. 1432

“အဟွတ် အဟွတ်”

ရှီမာရှုံ့ချီသည် လူမြင်ကွင်းဖြစ်သည်ဟု ချောင်းနှစ်ချက်ဟန့်ကာ သူတို့ကို သတိပေးလိုက်သည်။

“လျှောက်မလုပ်နဲ့တော့” ရှီမာယူယူသည် သူ့လက်ကိုပုတ်ထုတ်လိုက် သည် “ဘယ်လောက်ကြာမှာလဲ”

“ကိုယ်ဇာမဏီနိဗ္ဗာန်မီး အခြေအနေကိုကြည့်ရင်းနဲ့ ပြန်လည်မွေးဖွား ခြင်းမီးတောက်က ဖုံးကွယ်နေတဲမျိုးနွယ်တွေမှာရှိလားဆိုတာ လူလွှတ်ပြီးစစ် ခိုင်းရမယ် ပြီးတာနဲ့ပြန်လာမှာပါ သိပ်မကြာပါဘူး” ဝူလင်းယူ ပြောလိုက်သည်။

“နတ်ဆိုးမျိုးနွယ်ဘက်ကရော”

“အဲဘက်က အခုတော့ ကိုယ်မရှိလည်း ဘာမှမဖြစ်ပါဘူး” ဝူလင်းယူ ပြော လိုက်သည် “ကိုယ့်ကိုစောင့်နေ မကြာခင်ပြန်လာမယ်”

“အင်း ဟုတ်ပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း ဝင်ကြတာပေါ့” ရှီမာရှုံ့ချီသည် ဝူလင်းယူ သူ့မြေးမလေးကို တွယ်ကပ်နေသည်ကို သဘောမကျလှသဖြင့် စကားဖြတ်ပြောလိုက်သည်။

ရှီမာယူယူသည် ဝူလင်းယူကိုစိုက်ကြည့်ပြီး ပေါ့ဆမှုအတွက် အပြစ်တင် လေသည်။

သူတို့သည် မြို့အဝင်ပေါက်သို့လာပြီး ဝင်ကြေးပေးလိုက်သည်။ လူတစ် ယောက်ကို ထိပ်တန်းအဆင့်မြင့်ကျောက် နှစ်တုံးပေးရသည်မှာ ဈေးမြင့်သည် ဟုပြောရသည်။

ရှီမာရှုံ့ချီ ဝင်ကြေးပေးနေချိန်တွင် ရှီမာယူယူသည် ဘေးတွင်ရပ်ပြီး လှည့်ပတ်ကြည့်နေသည်။ သူမသည် ဆိုင်းဘုတ်ကိုမြင်သောအခါ ပြောလိုက် သည် “လူတစ်ယောက် ဝင်ခွင့်အတွက် ထိပ်တန်းအဆင့်ကျောက် နှစ်တုံး၊ လိမ္မော်သီးက ကျင်း ၁၀၀ လား”

“ဟားဟား…”

ရုတ်တရက် သူမ ရယ်လိုက်သောအသံကြောင့် ဒေါသကြီးသော မျက်လုံး များရောက်လာကြသည်။

“အဟွတ် အဟွတ်…” သူမသည် စိတ်ပြန်ထိန်းပြီးပြောလိုက်သည် “လိမ္မော်သီးကို ဝင်ကြေးအစားပေးလို့ရလား”

“ရတာပေါ့ ဒီမှာရှင်းရှင်းကြီးရေးထားတာပဲ”

“လူတစ်ယောက်အတွက် ကျင်း ၁၀၀ လား”

“ဟုတ်တယ် ထိပ်တန်းအဆင့်ဆိုရင်တော့ အလေးချိန်ကို သဘောတူညီ ချက်အရ ညှိလို့ရတယ်၊ ဒါပေမဲ့ အရည်အသွေးမကောင်းရင်တော့ မရဘူး”

“သဘောတူတယ်” ရှီမာယူယူ ပြောလိုက်သည် “အဘိုး ကျောက်တွေ မသုံးနဲ့ လိမ္မော်သီးသုံးရအောင် လိမ္မော်သီး ကျင်း ၁၀၀ က ထိပ်တန်းအဆင့်မြင့် ကျောက် နှစ်တုံးနဲ့အစားထိုးလို့ရတယ် ဈေးသက်သာတယ်”

“အဘိုးတို့က လိမ္မော်သီးကိုဘယ်ကရမှာလဲ”

တစ်ချက်တွေးလိုက်သည်နှင့် အားလုံးရှေ့တွင် လိမ္မော်သီးခြင်းများ ပေါ် လာသည်။

“ကြည့်လိုက်ပါ ဒါကိုသုံးလို့ရမလား” သူမသည် ဝင်ကြေးကောက်နေ သော စာရေးကို ပြောလိုက်သည်။

ကြီးကြပ်သူ ရောက်လာသည်။ နှစ်ပေါင်းများစွာအတွင်းတွင် သူသည် မြို့ဝန် နှင့်အတူ လိမ္မော်သီးများစွာကို မြင်ဖူးသည်။ လိမ္မော်သီး သူ့ရှေ့တွင် ရောက်သည်နှင့် ချက်ချင်းပင် အရည်အသွေးကို စိစစ်နိုင်သည်။

“ဒီလိမ္မော်သီးတွေက ဘယ်ကရတာလဲ” သူသည် ရှီမာယူယူကို စိတ်လှုပ် ရှားစွာဖြင့် ကြည့်ပြီးမေးလေသည်။

ဒီလောက်မွှေးတဲ့အနံ့၊ လှလိုက်တဲ့အရောင်နဲ့ ချောမွေ့တဲ့အခွံ… သူသည် ကြည့်လိုက်သည်နှင့် အရည်အသွေးထိပ်တန်းအဆင့်ရှိသည်ဟု သိလိုက်သည်။

အနည်းဆုံးတော့ အရင်က ဒီလောက်ကောင်းတဲ့ လိမ္မော်သီးမတွေ့ဖူးဘူး။

“ဒီကိုမလာခင်ဝယ်ခဲ့တာ ဘယ်လိုလဲ ဒီလောက်ဆို ဝင်ကြေးလောက်ပြီ လား” ရှီမာယူယူသည် ဘာမှမဖြစ်သလိုမေးလိုက်သည်။

“လောက်တယ် လောက်တယ်” ကြီးကြပ်သူ ခေါင်းညိတ်လိုက်သည်။ ထို ထိပ်တန်းအဆင့် လိမ္မော်သီးများသည် အနည်းဆုံး ကျင်း တစ်ထောင်လောက်ရှိ သည်။ ဒါတွေနဲ့ဆိုရင် မြို့ဝန်ကို ဒီလအတွက် မဖြေရှင်းနိုင်မှာ မစိုးရတော့ဘူး။

“ဒါဆိုလည်း ကောင်းပြီလေ ကျွန်မတို့ကို ဖြတ်သန်းခွင့်ပေးပါ”

“သူတို့ကိုပေးလိုက်” ကြီးကြပ်သူသည် စားရေးကိုလက်ဝှေ့ယမ်းပြလိုက် ပြီး သူ့မျက်လုံးများသည် လိမ္မော်သီးများမှ အကြည့်မခွာနိုင်ပေ။

ဘေးမှ ဝန်ထမ်းတစ်ယောက်သည် သူတို့ကို ဖြတ်သန်းခွင့်ပေးလိုက်ပြီး ရှီမာယူယူသည် အပေါင်းအဖော်များနှင့်အတူ မြို့ကိုဝင်ကြလေသည်။ မြို့သို့ ဝင်ပြီးမကြာခင်တွင် ကြီးကြပ်သူနောက်မှလိုက်မှီလာသည်။

“မိန်းကလေး မိန်းကလေး”

ရှီမာယူယူ ရပ်ပြီး သူ့ကိုလှည့်ကြည့်ကာ မေးလိုက်သည် “ကိစ္စများရှိလို့ လား”

ကြီးကြပ်သူသည် တလေးတစား လက်အုပ်ချီအား မေးလေသည် “မိန်းကလေး လိမ္မော်သီးများထပ်ရှိဦးမလားလို့ မေးချင်လို့ပါ၊ မြို့ဝန်က အဲအတွက် ဈေးကြီးကြီးပေးမှာပါ”

ရှီမာယူယူသည် သူမောဟိုက်နေသည်ကို ကြည့်ပြီး တစ်လမ်းလုံးနောက် မှလိုက်လာခဲ့သည်မှာ သိသာနေသည်။

တခြားသူ၏ ပိုင်နယ်ဖြစ်သဖြင့် ဆက်ဆံရေးကောင်းကောင်းရှိထားခြင်း သည် ကောင်းသည်။ ထို့အပြင် ဝိညာဉ်စေတီအတွင်းတွင် လိမ္မော်သီးများစွာရှိ သောကြောင့် သူ့ကိုပေးလိုက်လျှင် နစ်နာခြင်းမရှိနိုင်ပေ။

သို့သော် သူမတွင် အစွန်းရောက်ပြီး မကောင်းသည့် ရည်ရွယ်ချက်ရှိသည် ဟု အထင်မခံလိုသဖြင့် မေးလိုက်သည် “အင်း ကျွန်မတို့က လိမ္မော်သီးမြို့တော် ရောက်နေပြီး ရှင့်တို့မြို့ဝန်ကလည်း လိမ္မော်သီးကို အဲလောက်ကြိုက်မှတော့ နည်းနည်းရောင်းတာပေါ့ ဘယ်လောက်မှန်းထားလဲမေးပါရစေ”

“ကျင်း ၁၀၀ ကို ထိပ်တန်းကျောက်သုံးတုံး ပေးပါမယ် ဘယ်လိုလဲ” ကြီးကြပ်သူသည် ကြောင့်ကြစွာဖြင့် မေးလေသည်။

အရင်ကဆိုလျှင် ဝိညာဉ်လိမ္မော်သီးကို ရောင်းသည့်လူတချို့ရှိပြီး သူတို့ သည် ဈေးမြင့်ပြောရာတွင် အာကျယ်တတ်ကြသည်။ ထို့ကြောင့် သူမနှင့် ဈေးညှိသည့် အခွင့်အလမ်းကို အစပြုသည့်အနေနှင့် ဈေးမြင့်မြင့်မပေးပေ။

သို့သော် ရှီမာယူယူ တစ်ခါတည်းသဘောတူလိုက်မည်ဟု သူ ထင်မထား ပေ။

“ကောင်းပြီလေ ရှင် ဘယ်လောက်လိုချင်တာလဲ”

သူမ မေးခွန်းသည် ကြီးကြပ်သူကို မှင်တက်စေသည်။

ဘာလဲ.. သူမ အများကြီးပေးမယ်ဆိုတဲ့ သဘောလား။

“ကျင်း တစ်ထောင်လောက်ရှိလား” ကြီးကြပ်သူသည် တောင့်တင်းစွာဖြင့် စိုးရိမ်သောအပြုအမူဖြင့်မေးလေသည်။

ရှီမာယူယူသည် ခေတ္တမျှ မှင်တက်သွားမိသည်။ သူမ စိတ်ထဲတွင်တော့ ဒီမြို့ဝန်က လိမ္မော်သီးကိုရူးသွပ်ပြီး ထိပ်တန်းအဆင့် ကျောက်တွေကို အလွယ် တကူသုံးတာပဲ ဟုတွေးနေမိသည်။

“ရတာပေါ့” သူမ လက်ဝှေ့ယမ်းလိုက်သည်နှင့် လိမ္မော်သီး ၁၀ ခြင်းသည် ကြီးကြပ်သူရှေ့တွင် ပေါ်လာသည်။

ကြီးကြပ်သူသည် လိမ္မော်သီး ၁၀ ခြင်းကိုမြင်သောအခါ မျက်လုံးများ အရောင်တောက်လာသည်။ ထို့နောက်တွင် ထိပ်တန်းအဆင့် ကျောက် သုံးတုံး အမြန်ထုတ်ကာ ရှီမာယူယူကိုပေးပြီး လိမ္မော်သီးအားလုံးကို သိမ်းလိုက်လေ သည်။

သူသည် စိတ်ခံစားချက်ကောင်းသွားကာ ရှီမာယူယူကို စိတ်ချမ်းမြေ့သော မျက်လုံးများဖြင့် ကြည့်လေသည်။ ထို့နောက် သူသည် မေးလေသည် “မိန်းကလေးတို့က လိမ္မော်သီးမြို့တော်ကိုဘာလာလုပ်ကြတာလဲ သိပါရစေ”

“အိုး ကျွန်မတို့ လေဟာပြင်သင်္ဘောသုံးဖို့လာတာပါ” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။

“အိုး လေဟာပြင်သင်္ဘောလား ဒါဆို ဘယ်ကိုသွားမှာလဲ”

“ပြည်နယ် ၄၆ ကိုပါ”

“ကံမကောင်းစွာနဲ့ပဲ ဒီနေ့ စီးစရာ လေဟာပြင်သင်္ဘောမရှိပါဘူး” ကြီးကြပ်သူသည် သူတို့ကို ကြင်နာစွာဖြင့် သတိပေးလေသည်။

“ဘာလို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“အခုတော့ ဘာလေဟာပြင်သင်္ဘောမှမရှိပါဘူး၊ နောက်လေဟာပြင် သင်္ဘောရောက်ဖို့ နှစ်ရက်လောက်ကြာပါဦးမယ်” ကြီးကြပ်သူ ပြောလိုက်သည် “လေဟာပြင်သင်္ဘောသုံးချင်ရင် နှစ်ရက်လောက်စောင့်ရပါမယ်”

“ပြည်နယ် ၃၅ ကိုသွားချင်ရင်ရော”

“အဲဒါကတော့ မြန်ပါမယ် တကယ်တော့ အဲဒီကိုသွားမယ်ဆိုရင် ဒီနေ့ပဲ လေဟာပြင်သင်္ဘောကို သုံးရပါမယ်၊ ဒီနေ့လွတ်သွားရင်တော့ နောက်တစ်ခု ရောက်ဖို့ လတစ်ဝက်လောက် စောင့်ရပါမယ်” ကြီးကြပ်သူပြောလိုက်သည်။

“လတစ်ဝက်လောက် ဟုတ်လား” ရှီမာယူယူသည် ဝူလင်းယူအား စိတ်မသက်သာစွာဖြင့် ကြည့်လိုက်သည်။

ပညာရှိစံအိမ်တော်သည် သူ့ကို အရေးတကြီး ဆင့်ခေါ်ခဲ့သည်။ သူသာ နောက်ထပ် ၁၅ ရက်ထပ်စောင့်ရပါပြီး လမ်းတွင်နှောင့်နှေးနေသည်ကိုပါ ထပ် ပေါင်းလိုက်ပါက ပညာရှိစံအိမ်တော်သည် ဝူလင်းယူကို နောက်ကျသည့် အတွက် အပြစ်တင်နိုင်သည်။

“အစ်ကိုအရင်သွားနှင့်လိုက်ပါလား ဘယ်လိုပဲဖြစ်ဖြစ် ညီမတို့လည်း နောက်နှစ်ရက်နေရင်သွားမှာပဲ” ရှီမာယူယူသည် တွန့်ဆုတ်သော အပြုံးဖြင့် ပြောလေသည်။

ဝူလင်းယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ကိုယ် စောစောသွားပြီး စောစောပြန်လာမယ်”

“ကောင်းပါပြီ” ရှီမာယူယူသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည် “ညီမ စောင့်နေပါမယ်”

သူသည် သွားရန်တွန့်ဆုတ်နေသော်လည်း ပညာရှိစံအိမ်တော်ကို ဖြစ်နိုင် သလောက် မြန်မြန်သွားချင်ပြီး ဇာမဏီနိဗ္ဗာန်သတင်းကို စုံစမ်းချင်နေပြီဖြစ် သည်။

“ဒီကနေ လေဟာပြင်စင်မြင့်နဲ့က ဝေးသေးတယ်၊ အဲဒီကိုလိုက်ဖို့ခိုင်း လိုက်ပါမယ်”

“မလိုပါဘူး ကျုပ်တို့က ဒီကိုရောက်ဖူးတယ် အဲဒါကြောင့် မစိမ်းပါဘူး၊ ကျေးဇူးအများကြီးတင်ပါယ်” ရှီမာရှုံ့ချီ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ရှင်လည်းအလုပ်တွေများနေမှာပဲ ကျွန်မတို့ မနှောင့်ယှက် တော့ပါဘူး” ရှီမာယူယူလည်း ယဉ်ကျေးစွာပင် ပြန်ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းပါပြီ နှုတ်ဆက်ပါတယ်”

ကြီးကြပ်သူသည် ရတနာများရထားသဖြင့် စာရင်းသွင်းရမည်ဖြစ်ရာ ထပ်မနေလိုတော့ဘဲ အမြန်ထွက်သွားလေသည်။

ရှီမာယူယူသည် သူ၏ စိုးရိမ်နေသော အမူအရာကိုကြည့်ပြီး မြို့ဝန်၏ အကျင့်စရိုက်ကို အကြမ်းဖျင်းခန့်မှန်းမိလိုက်သည်။

သူမမှားဘူးဆိုလျှင် ဒီကထွက်မသွားခင် မြို့ဝန်နှင့် တွေ့နိုင်ချေများသည်။

ရှီမာယူယူနှင့် တခြားသူများ ဝူလင်းယူကိုပို့ပြီးနောက်တွင် နောက်နှစ်ရက် နေရန် တည်းခိုဆောင်ရှာကြလေသည်။

နှစ်ရက်ကျန်သေးရာ သူတို့သည် စောင့်နေရင်းနှင့်ပင် အချိန်မကုန်လိုပေ။ သူမ ထင်ထားသည့်အတိုင်းပင် သူမ ထွက်မသွားခင်တွင် မြို့ဝန်လန်ကျုံးနှင့် တွေ့ရလေသည်။

***

All Chapters