ငါ့မိန်းကလေးဖြစ်ပေး
Vol. 103 Ch. 1433
ထိုနေ့တွင် ရှီမာယူယူသည် အခန်းထဲတွင် ရှီမာလျူရွှမ်နှင့် စကားပြောနေ ရင်းနှင့် မြို့ဝန်ရောက်လာသည်ဟု ကြေညာသံနှင့်အတူ တံခါးခေါက်သံကြား လိုက်ရသည်။
“သူတကယ်ပဲ လာတာပဲ” မူစစ်သည် အနည်းငယ်အံ့ဩသွားသည် “ဆရာ သူက ဘယ်လိုသိပြီးရောက်လာတာလဲ”
“သူက မြို့နာမည်ကိုတောင်မှ လိမ္မော်သီးမြို့လို့ပြောင်းလိုက်သေးတာပဲ အဲဒါက သူ့ရဲ့ လိမ္မော်သီးကိုချစ်တဲ့စိတ်က ထိပ်ဆုံးကိုရောက်နေတာကိုပြလိုက် တာပဲ၊ ပြောစရာတောင်မလိုဘူးလေ ကြီးကြပ်သူက ရုတ်တရက်ကြီး ထိပ်တန်း အဆင့် လိမ္မော်သီးတွေ အဲလောက်အများကြီးယူလာတော့ အရင်းအမြစ်ကိုမေး မှာပဲလေ” ရှီမာယူယူ ပြောလိုက်သည် “လိမ္မော်သီးကိုရူးသွပ်တဲ့လူကတော့ လိမ္မော်သီးကို အလွယ်တကူအများကြီးရလိုက်တော့ သေချာပေါက် တံခါးအထိ ရောက်လာမှာပေါ့”
“ဆရာ တမင်လုပ်လိုက်တာလား” မူစစ် မေးလိုက်သည်။
“ငါက ချင့်ချိန်ပြီးမှလုပ်တာတော့မဟုတ်ဘူး ဒါပေမဲ့ လိမ္မော်သီး ကျင်း တစ်ထောင်ရောင်းလိုက်တော့ မှန်းမိသွားတယ်” ရှီမာယူယူ ပြုံးလိုက်သည် “တစ်စုံတစ်ခုပေါ်မှာ အဲလောက်ကြီး ချစ်တတ်တဲ့သူက ဘယ်လိုပုံလဲဆိုတာကို ငါလည်းသိချင်တယ်”
မြို့တစ်မြို့လုံးကို ဖိနှိပ်နိုင်သည်မှာ သေချာပေါက် ရိုးရှင်းသည့်သူမဟုတ် နိုင်ပေ။
“သမီး သွားလိုက်တာကောင်းမယ် ဘယ်လိုပဲဖြစ်ဖြစ် အဲလူက မြို့ဝန်လေ အကြာကြီးမစောင့်ခိုင်းနဲ့” ဟွမ်ရင်ရင်သည် သူမကို တိုက်တွန်းလေသည်။
“ဟုတ်ကဲ့ပါ အဘွား”
ရှီမာယူယူသည် အောက်ထပ်ဆင်းသွားလိုက်ရာ ထိုအချိန်တွင် ဧည့်သည်၌ မည်သည့်ဧည့်သည်မှရှိမနေပေ။ ခမ်းနားသော ဝတ်ရုံဝတ်ဆင်ထား သော လူကြီးတစ်ယောက်သည် အလွန်အရည်အသွေးမြင့်သော ခုံတွင်ထိုင်နေ သည်။
ထိုထိုင်ခုံသည် ဤနေရာတွင် အရင်ကမရှိပေ။ သူကိုယ်တိုင် ယူလာသည် မှာသေချာသည်။
လှေကားမှ ခြေသံကိုကြားသည်နှင့် ထိုလူသည် ခေါင်းလှည့်ကြည့်ရာ ဖမ်းစားနိုင်သော မျက်နှာကြောင့် ရှီမာယူယူသည် ခေတ္တမျှမှင်တက်သွားလေ သည်။
မင်းဆက်တွေတောင် ကျရှုံးနိုင်တဲ့ အလှတရားပဲ။
သူမသည် ဝူလင်းယူ၏ ချောမောလှသော မျက်နှာကိုကျင့်သားရ သော်လည်း လန်ကျုံး၏ မျက်နှာနှင့် ဩဇာရှိသောအကြည့်ကိုမြင်လိုက်ရသည့် အချိန်တွင် မတတ်သာဘဲ စိတ်ထဲမှသက်ပြင်းချမိသည်။
“ဒီလောက် အရသာရှိတဲ့ လိမ္မော်သီးတွေ ရောင်းလိုက်တာ မိန်းကလေး တစ်ယောက်ဖြစ်နေမယ်လို့ ထင်မထားဘူး၊ အရေတွန့်နေတဲ့ အဘွားကြီး တစ် ယောက်လို့ ထင်နေတုန်းပဲ” လန်ကျုံးသည် နွမ်းလျပြီး လေးနက်သောအသံဖြင့် ပြောလေသည်။
“လိမ္မော်သီးမြို့ဝန်က အံ့ဩရလောက်အောင် လွှမ်းမိုးမှုရှိတဲ့ လူကြီး လူ ကောင်းတစ်ယောက်ဖြစ်မယ်လို့ ထင်မထားဘူးပဲ” ရှီမာယူယူသည် လှေကားမှ ဆင်းလာပြီး လန်ကျုံးဆီသို့ ခဏနှင့်ရောက်သွားလေသည် “မြို့ဝန်လန်က ဒီ မိန်းမငယ်လေးဆီကို ဘာလို့လာတာလဲဆိုတာ သိလို့ရမလား၊ ကိစ္စတစ်ခုခုများ ရှိလို့လား”
လန်ကျုံးသည် ထိုင်ခုံတွင်ထိုင်နေကာ ရှီမာယူယူ၏ ရှင်းလင်းသော အကြည့်ကို မြင်နေရသည်။ သူမ၏ ပထမဆုံးအကြည့်သည် တစ်ခဏမျှ မှင်တက်သွားသော်လည်း သူ့ကိုကြည့်သည့်အကြည့်မှာ ကြည်လင်နေသည်။
သူ့ကိုကြည့်နိုင်သည့်မိန်းကလေးမှာ အနည်းငယ်သာရှိသည်။ ထိုအရာ သည် သူ့ကိုသက်တောင့်သက်သာဖြစ်စေသည်။
“မင်းက လိမ္မော်သီးရောင်းလိုက်တဲ့သူလား” သူ မေးလိုက်သည်။
“ဟုတ်ပါတယ် မြို့ဝန်လန်က လိမ္မော်သီးကြိုက်တယ်ဆိုတာကြားလို့ပါ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မလည်း ဝယ်လာတာ လက်ထဲရှိနေတာနဲ့ပါ၊ ပြောရင်းနဲ့ မြို့ဝန်လန်က ဈေးကောင်းပေးတာပဲ ယူယူက ကျေးဇူးတင်ပါတယ်” ထိပ်တန်းအဆင့် ကျောက်သုံးထောင်လောက်ပင် အလွယ်တကူရှာနိုင်သည်ကို တွေးလိုက်လျှင် စိတ်ထဲတွင် အလွန်ပျော်မွေ့ကာ သူမမျက်နှာတွင်လည်း အပြုံး ဖြစ်ပေါ်လာသည်။
လန်ကျုံးသည် သူမ၏ တောက်ပသော အပြုံးကိုကြည့်ပြီ အနည်းငယ် ငေးငိုင်သွားသည်။
သူမက… လှလည်းလှတာပဲ။
သူသည် လှပသောမိန်းကလေးများကို မြင်ဖူးသည်။ သို့သော် သူ့ကို သက်တောင့်သက်သာဖြစ်အောင် လုပ်နိုင်သည်မှာ သူမသည် ပထမဆုံးဖြစ် သည်။
“မြို့ဝန်လန် လိမ္မော်သီးရောင်းတဲ့လူ ဘယ်လိုပုံစံရှိလဲဆိုတာ ကြည့်ရုံတင် လာတာလား” ရှီမာယူယူ မေးလိုက်သည်။
“မဟုတ်ဘူး ငါ လိမ္မော်သီးဝယ်ဖို့လာတာပါ” လန်ကျုံး ပြောလိုက်သည် “ဒါပေမဲ့ အဲဒါက အရင်ရည်ရွယ်ချက်ပါ”
“ဒါဆို အခုရည်ရွယ်ချက်ကဘာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အခုရည်ရွယ်ချက်က…” လျန်ကျုံးသည် သူမကို ပြုံးပြလိုက်သည် “အခု မင်းကို ငါ့မိန်းကလေးဖြစ်စေချင်တယ်”
“ဘာပြောတယ်”
ရှီမာယူယူသည် မှင်တက်သွားသည်။ သူ့ကိုယ်ရံတော်များလည်း ငေးငိုင် သွားကာ အပေါ်ထပ်အခန်းမှ လူများပင် ကြက်သေသေသွားလေသည်။
သူမကို သူ့မိန်းကလေး လုပ်ခိုင်းနေတာလား။ သူတို့ဆရာက မိန်းကလေး တွေကို မကြိုက်ဘူးမလား။
မိန်းကလေးတွေ အကုန်လုံးက အတုအယောင်ဖြစ်ပြီး သူတို့ကိုကြည့်ရုံနဲ့ တင် မျက်လုံးနာတယ်လို့တောင် ပြောခဲ့သေးတယ်လေ။
ဒါပေမဲ့ အခုမှတွေ့ပြီး တစ်ချက်နှစ်ချက်ပဲ ကြည့်ရသေးတဲ့ မိန်းကလေးကို ဒီလိုစကားတွေပြောနေတာလား။
ရှီမာယူယူသည် ဆွံ့အသွားကာ သတိပေးလိုက်သည် “မြို့ဝန်လန် နောက်နေတာလား၊ ကျွန်မတို့ အခုမှ ပထမဆုံးတွေ့ဖူးတာလေ”
“ငါတို့ တွေ့ဖူးတဲ့အကြိမ်အရေအတွက်က အရေးမကြီးပါဘူး၊ အရေးကြီး တာက ငါတို့ ကံတရားပဲ” လန်ကျုံးသည် ခုံမှထကာ သူမဆီသို့လာပြီး အနည်း ငယ်ကိုင်းကာ ပြောလိုက်သည် “ငါတို့က ရေစက်ပါတယ် ပထမဆုံးတွေ့ဖူး ပေမဲ့ အခါတစ်ထောင်တွေ့ဖူးသလိုပဲ”
ရှီမာယူယူ၏ နှုတ်ခမ်းတောင့်မှာ တွန့်သွားပြီး မတတ်သာဘဲ ပြောလိုက် သည် “မြို့ဝန်လန်ပြောတာ မြင်မြင်ချင်းချစ်မိသွားတာကိုလား”
“ဒါက မြင်မြင်ချင်းချစ်မိသွားတာလား၊ ငါတော့မသေချာဘူး၊ သေချာတာ တော့ ငါ မင်းအတွက် ခံစားလို့ရတယ်၊ အဲတော့ မင်းက ငါ့မိန်းကလေးဖြစ်ပေး ပါ” လန်ကျုံးသည် ပိုင်စိုးပိုင်နင်းပြောလေသည်။
“အာ…” ရှီမာယူယူသည် စိတ်ထဲမှ မျက်လုံးလှိမ့်မိသည်။ တကယ်ပဲ ပိုင်စိုးပိုင်နင်းလုပ်တတ်ပြီး ထင်ရာစိုင်းတာပဲ။
သာမန်လူသာဆိုလျှင် သူ့ကို ချောမောပြီး အစွမ်းအစရှိသောလူ ဖွင့်ပြော ပါက သေချာပေါက် အပျော်လုံးဆို့နိုင်သည်။
သို့သော် သူမသည် သာမန်လူမဟုတ်ပေ။
“တောင်းပန်ပါတယ် ကျွန်မမှာ ချစ်သူရှိပါတယ်” သူမသည် ပြုံးပြီး ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
လန်ကျုံးသည် သူမ ငြင်းလိမ့်မည်ဟု ထင်မထားသောကြောင့် ချက်ချင်းပင် မေးမြန်းလေသည် “သူက ငါ့ထက်ချောလို့လား”
“ကျွန်မ မျက်လုံးထဲမှာတော့ သူက အချောဆုံးပါပဲ” ရှီမာယူယူ ပြောလိုက် သည်။
“အဲတော့ သူက ရုပ်ဆိုးလို့လား”
“မဟုတ်ပါဘူး သူကြည့်ကောင်းပါတယ်၊ လူတစ်ယောက်ကို ရုပ်ရည်နဲ့ပဲ အကဲမဖြတ်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် ရှင်က သူ့လောက် မချောလို့ ရှင့်ကိုငြင်းတာမဟုတ်ဘူးလို့ ပြောတာပါ”
“ဒါဆို ဘာလို့လဲ”
“ကျွန်မ ပြောပြီးပါပြီ ကျွန်မစိတ်ထဲမှာ ရည်ရွယ်ထားတဲ့သူရှိနှင့်ပြီးသား ပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ သူ့ကိုသဘောကျတယ် တခြားသူတွေ ဘယ်လောက်ပဲ ကောင်းကောင်း ကျွန်မက စိတ်ပြောင်းမှာမဟုတ်ပါဘူး”
“ဒါပေမဲ့ လူတွေက ပြောင်းလဲတယ်မဟုတ်ဘူးလား၊ မင်းက သူ့ကို သဘောကျရင် ငါ့ကိုလည်း သဘောကျနိုင်တယ်လို့ဆိုလိုတာပဲ” လန်ကျုံး တွက်ချက်နေလေသည်။
“….”
ရှီမာယူယူသည် သူ လေးနက်နေပုံကိုကြည့်ပြီး ဒီလူရဲ့ စရိုက်က အဆင့်မနိမ့်ဘူးလားဟု တွေးနေမိသည်။ သူ့လိုလူသည် အချစ်စစ်ဆိုသည်ကို နားလည်မည်မဟုတ်ပေ။
“လူတစ်ယောက်ကို တကယ်သဘောကျရင် တခြားထူးချွန်တဲ့လူတွေ့ရင် တောင် စိတ်မပြောင်းပါဘူး၊ အဲလိုဖြစ်လာရင်လည်း အချစ်စစ်မဟုတ်လို့ပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အချစ်စစ်ဟုတ်လား အဲဒါဘာလဲ”
“အဲဒါက စိတ်ကဖြစ်တဲ့ခံစားချက်ပဲ ရှင်လိမ္မော်သီးစားရတာကို ကြိုက် သလိုပဲလေ စဉ်းစားလိုက်ရုံနဲ့တင် ပျော်တယ်၊ ဒါပေမဲ့ အခုရှင်နားလည်နိုင် မယ်လို့မထင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ရှင်ကအရင်ကမခံစားဖူးလို့ပဲ” ရှီမာယူယူ ပြောလိုက် သည် “ရှင်သဘောကျတဲ့လူတွေ့ရင် နားလည်လာလိမ့်မယ်”
“သဘောကျတဲ့လူလား” လန်ကျုံး၏ မျက်လုံးများသည် နားမလည်နိုင် တော့ပေ။ သူက အရင်တုန်းက သဘောကျတဲ့လူရှိဖူးလို့လား။
“မြို့ဝန်လန် လိမ္မော်သီးဝယ်ချင်ရင် ဆွေးနွေးလို့ရပါတယ်၊ တခြားကိစ္စ ဆိုရင်တော့ ကျေးဇူးပြုပြီးပြန်လိုက်ပါ”
“ကျွတ်…”
ဆိုင်တာဝန်ခံသည် သူမ လန်ကျုံးကိုထိုသို့ပြောလိုက်ချိန်တွင် လေအေး များရှိုက်သွင်းမိလေသည်။
သူ့ကိုအရင်က ထိုလေသံနှင့်ပြောသူများသည် မြို့တွင်ထပ်ပေါ်မလာနိုင် တော့ပေ။
သို့သော် လန်ကျုံးသည် သည်တစ်ကြိမ်တွင် ဒေါသမထွက်ပေ။ သူသည် သံသယများကို ဘေးဖယ်ကာ ပြောလိုက်သည် “မင်းမှာ ဘယ်လောက်ရှိလဲ”
“ဘယ်လောက်လိုချင်တာလဲ”
“မင်းမှာ တစ်သောင်းလောက်ရှိရင် နောက်ထပ်ဈေးတင်ပေးမယ်”
“ဟုတ်ပြီ အလုပ်ဖြစ်ပြီ”
ရှီမာယူယူ လက်ဝှေ့ယမ်းလိုက်သည်နှင့် လိမ္မော်သီးခြင်း တစ်ရာသည် ခန်းမကျယ်ကြီးတွင် ပေါ်လာသည်။
“ကျွန်မမှာ ဒီလောက်ပဲရှိတယ် ရှင်ထပ်လိုချင်တယ်လို့ပြောရင်တောင် ကျွန်မဆီမှာရှိတာအကုန်ပဲ” သူမ ပြောလိုက်သည်။
“ဒီမှာငွေချေမယ်” လန်ကျုံးသည် သူမကို ကျောက်ပြားကတ်ပေးပြီး နောက် လိမ္မော်သီးများကို သိမ်းကာ လှည့်ပြီး လက်အောက်ငယ်သားများနှင့် အတူ ထွက်သွားလေသည်။
သို့သော် သူတည်းခိုဆောင်မှထွက်သည်နှင့် လှည့်ပြီးအပေါ်တက်သွား သော ရှီမာယူယူ၏ နောက်ကျောပြင်ကိုကြည့်နေသည်မှာ သူ့စိတ်ကို မသိနိုင် တော့ပေ။
***