← Chapters

လေဟာပြင်သင်္ဘော

Vol. 103 Ch. 1434

လေဟာပြင်သင်္ဘော

Vol. 103 Ch. 1434

ရှီမာယူယူသည် အခန်းသို့ပြန်လာသည်နှင့် မူစစ် ချက်ချင်းမေးလေသည် “ဆရာ မြို့ဝန်က အကျင့်ဆိုးတယ်လို့ ဆိုင်တာဝန်ခံပြောတာ ကြားလိုက်ရတယ် သူ့ကို ဒီလိုငြင်းလိုက်ရင် ဘာမှတော့မဖြစ်လောက်ပါဘူးနော်”

“ဒါဆိုရင် သူ့တောင်းဆိုချက်ကို လက်ခံစေချင်တာလား” ရှီမာယူယူ ပြန်မေးလိုက်သည်။

“မဟုတ်ပါဘူး သေချာပေါက် မဟုတ်ဘူးပေါ့” မူစစ် အော်လေသည်။

“ဒါဆိုလည်း အဲဒါပဲလေ၊ သူ ဒေါသထွက်တာမထွက်တာထက် အဖြေက တော့ အဲအတိုင်းပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုဆိုမှတော့ ဘာကိုစိတ်ရှုပ် ခံနေတော့မှာလဲ၊ တစ်ခါတလေကျ ခိုင်မာမှဖြစ်မယ့်ကိစ္စတွေရှိတယ် နားလည် ပြီလား”

မူစစ်သည် အတွေးများစွာဖြင့် ပြည့်နေပြီးမှ နားလည်စွာဖြင့် ခေါင်းညိတ် လိုက်လေသည်။

ပြီးဆုံးသွားမည့်ကိစ္စများရှိသလို ဘယ်တော့မှ အဆုံးမရှိမည့် ကိစ္စများ လည်းရှိသည်။ တစ်ခါလုပ်ပြီးသည်နှင့် နောက်ပြန်မလှည့်နိုင်သည့် အလွန်ဆိုး ဝါးသည့်ကိစ္စများလည်းရှိသည်။

သူမ အစောပိုင်းကပြောသလိုပင် လူတစ်ယောက်ကို သဘောကျလျှင် တခြားတစ်ယောက်‌ ပေါ်လာလျှင်လည်း စိတ်ပြောင်းမည်မဟုတ်ပေ။

သူမသည် ဝူလင်းယူတစ်ယောက်တည်းကိုသာ ချစ်သည်….

“ဟုတ်တယ် တချို့ကိစ္စတွေက အရှိကိုအရှိတိုင်းထားရမယ်၊ ငါတို့တွေက ထွက်သွားမှာဆိုတော့ အဲဒါကိုအရမ်းကြီးစိတ်ထဲမထားပါနဲ့” ရှီမာရှုံ့ချီ အကြံပြု လိုက်သည် “သမီးက သူတို့ကိုဒီအတွက်နဲ့ ပြစ်မှားမိရင်တောင် ဒီမှာမနေတော့ ပြဿနာကြီးမဟုတ်ဘူး”

“လန်ကျုံးက ကျွန်မတို့ကို ဒီလိုနေရခက်မယ့် အခြေအနေထဲကို ဆွဲမသွင်းသင့်ဘူးလို့ ထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူက အမှောင် ထဲမှာ မကောင်းမှုလုပ်တဲ့လူတော့မဟုတ်ဘူးထင်တယ်၊ သူ ဒီကိစ္စကြောင့် ရှင်း ချင်တယ်ဆိုရင် အဲနေရာမှာပဲဖြစ်မှာပေါ့၊ ဘာမှမဖြစ်ဘူးဆိုတော့ အဆင်ပြေမှာ ပါ”

“လေဟာပြင်သင်္ဘောက မနက်ဖြန်မနက်ရောက်လိမ့်မယ်၊ ဒီကနေသွား တဲ့အချိန်ကျရင် ဘာမှမဟုတ်တော့ဘူး” ဟွမ်ရင်ရင် ပြောလိုက်သည်။

“အင်း”

နောက်နေ့မနက်တွင် သူတို့သည် လေဟာပြင်သင်္ဘောစိုက်မည့် စင်မြင့် ဆီသို့ ရောက်လာကြသည်။ ရှီမာယူယူ ကြည့်လိုက်သည်။ ကြီးမားသော စင်မြင့် သည် ကျယ်ပြန့်သောနေရာတွင်ထားရှိထားသည်။ စင်မြင့်ကို တိုင်များဖြင့် ကာရံထားကာ တစ်ခုချင်းဆီသည် တိမ်များကြားထဲသို့ တက်သွားလေသည်။

“အဲဒါတွေက စွမ်းအားတိုင်တွေပဲ လေဟာပြင်သင်္ဘောစိုက်တော့မယ်ဆို ရင် အဲဒီစွမ်းအားတိုင်တွေက လေဟာပြင်ငြိမ်ဖို့အတွက် ထိန်းထားပေးတယ်၊ အဲဒါကြောင့် လေဟာပြင်သင်္ဘောက စင်မြင့်ကိုစိုက်လာရင်ပိုပြီးဘေးကင်း တယ်” ရှီမာရှုံ့ချီသည် သူမ တိုင်များကိုစိတ်ဝင်စားနေသည်ကို မြင်သည်နှင့် ရှင်းပြလေသည်။

“လေဟာပြင် ဝင်ပေါက်က ငြိမ်ရဲ့လား” ရှီမာယူယူ မေးလိုက်သည်။

“တည်ဆောက်မှုတွေနဲ့ လေဟာပြင်ဝင်ပေါက်တွက် စွမ်းအားနဲ့ထိန်းထား တာ ဒါပေမဲ့ လေဟာပြင်သင်္ဘောက အဲလိုမဟုတ်ဘူး၊ လေဟာပြင် ပျက်ပြယ် တာကို ဖြတ်ဖို့ဆိုရင် ဒီစွမ်းအားတိုင်တွေလိုတယ်”

“အဲလိုလား” ရှီမာယူယူသည် အလွန်စွဲမက်ဖွယ်ရာကောင်းသော စွမ်းအားတိုင်များကို ကြည့်လိုက်သည် “ဒီလေဟာပြင်သင်္ဘောအတွက် အရေး အကြီးဆုံးပစ္စည်းတွေက ဒီစွမ်းအားတိုင်တွေဖြစ်တဲ့ပုံပဲ”

“မင်း ဒီကိုပထမဆုံးလာပြီး ဒါကိုအခုမှ ပတ်သတ်ရတာကို အရေးကြီးဆုံး ပစ္စည်းကိုခွဲခြားနိုင်မယ်လို့ထင်မထားဘူးပဲ” လန်ကျုံး၏ အသံသည် အနောက်မှ ထွက်လာရာ အရှေ့မှလူများလန့်သွားလေသည်။

ရှီမာယူယူသည် လှည့်ကြည့်ရာလန်ကျုံးကိုမြင်သောအခါ မထိန်းနိုင် တော့ဘဲ ရုတ်တရက် ပြောလိုက်သည် “ရှင်က ဒီကိုဘာလို့လာတာလဲ”

သူတို့အနောက်မှ စကားပြောသူမှာ လန်ကျုံးဖြစ်နေသည်။ သူသည် သူမကို ပြုံးပြပြီးပြောလိုက်သည် “မင်း ဒီလေဟာပြင်သင်္ဘောစီးမယ်လို့ ကြား လို့လာတာပဲ”

ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့သည် သူပြဿနာလာရှာမည်စိုးသဖြင့် နိုးကြား စွာ ကြည့်နေကြသည်။

“အဲတော့ ရှင်က ကျွန်မတို့ကို အထူးတလည်လာရှာတာပေါ့၊ တခြားကိစ္စ ရှိလို့လား” ရှီမာယူယူသည် ခေတ္တမျှတွေဝေပြီးနောက် ဆက်ပြောလေသည် “လိမ္မော်သီးတွေထပ်လို့ချင်ရင် ကျွန်မမှာမရှိတော့….”

သူမသည် လိမ္မော်သီး ကျင်း တစ်ထောင်ထုတ်ပေးပြီးပြီဖြစ်သည်။ သူမ ထပ်ထုတ်ရလျှင် တခြားသူများ သံသယဝင်မည်ကိုစိုးရသည်။

“မဟုတ်ဘူး ဒီတစ်ခါ လိမ္မော်သီးဝယ်ဖို့လာတာမဟုတ်ဘူး” လန်ကျုံး သည် ရိုးသားစွာ ပြောလေသည်။

“ဒါဆိုဘာလို့လာတာလဲ”

“မင်းကိုလာရှာတာ”

ရှီမာယူယူ နှုတ်ခမ်းတွန့်သွားသည်။ သူမကို လာရှာတာဟုတ်လား။ သူ့ ရည်ရွယ်ချက်က အဲဒါလား။

သို့သော် သူမ မစဉ်းစားရသေးခင်မှာပင် လန်ကျုံးသည် ဆက်ပြောလေ သည် “မနေ့က မင်းပြောတာလေ… ငါ ပြန်သွားပြီးတော့ စဉ်းစားကြည့်လိုက် တာ မင်းပြောတဲ့ သဘောကျတယ်ဆိုတာကို ငါတကယ်မသိဘူး အဲဒါကြောင့် ငါ ဆုံးဖြတ်လိုက်တယ်… ငါ မင်းနောက်လိုက်ချင်တယ်”

ဘာ…

ရှီမာယူယူသည် သူ့ကိုကြည့်လိုက်ပြီး နားကြားမှားသလားဟု ခံစားရ သည်။

သူက ဟာသလုပ်ဖို့ ဒီကိုလာတာလား။ သူမ နောက်လိုက်မယ်ဟုတ်လား။ ဘာလို့လဲ။

“ကျွန်မ ရှင့်ကိုရောင်းလိုက်မှာကို မကြောက်ဘူးလား၊ မဟုတ်ရင် တခြား မကောင်းတဲ့ အကြံအစည်ရှိမှာကိုမကြောက်ဘူးလား”

“မကောင်းတဲ့ အကြံအစည်လား”

“ဟုတ်တယ်” ရှီမာယူယူ သူ့ကိုကြည့်လိုက်သည် “ကြည့်လေ ရှင်က လိမ္မော်သီးစားရတာကို ဒီလောက်ကြိုက်တာ၊ ကျွန်မမှာဘာလို့ လိမ္မော်သီး အများကြီးရှိနေရတာလဲ၊ ဒီအချက်က သံသယဝင်စရာမကောင်းဘူးလား၊ ကျွန်မတို့က အခုမှတွေ့တာကို ကျွန်မနောက်လိုက်ဖို့ ရှင်ကစဉ်းစားပြီးနေပြီ၊ နောက်ထပ် သံသယဝင်စရာတစ်ခုလို့မထင်ဘူးလား၊ ကျွန်မက ရှင်အာရုံစိုက် မိအောင် တမင်လာတာဆိုရင် ရှင်က ထောင်ချောက်ထဲကျသွားပြီမဟုတ်ဘူး လား”

“….”

ရှီမာယူယူသည် သူစကားပြောသည်ကိုပင် မစောင့်တော့ဘဲ ဆက်ပြော လေသည် “အဲတော့ ရှင်နိုးနိုးကြားကြားနေပြီး ကျွန်မနဲ့ခပ်ခွာခွာနေပါ”

လန်ကျုံးသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမ စကားများကို ကြား ပြီးနောက် သူ တွေဝေသွားသည်။ ထို့နောက်တွင် သူ ရယ်မောလိုက်ရာ ဖြတ်သွားသောသူများ လှည့်ကြည့်ကြလေသည်။

“ဘာကိုရယ်တာလဲ” ရှီမာယူယူ သူ့ကို စိုက်ကြည့်လိုက်သည်။

“ဟားဟား မင်းက တကယ်ပဲ ချစ်စရာကောင်းတာပဲ ရှီမာယူယူ”

သူ သူမနာမည်ကို ပြောလိုက်ချိန်တွင် သူတို့အံ့ဩရမည့်အလှည့်ဖြစ်သွား သည်။

မနေ့က သူမသည် နာမည်ကိုသာပြောခဲ့ကာ မျိုးရိုးနာမည်မပြောခဲ့ပေ။ ဘယ်လိုများ သိသွားတာပါလိမ့်။

သူတို့ တည်းခိုဆောင်မှာနေတုန်းက သူတို့နာမည်တွေ မပြောခဲ့ဘူးလေ။

“ကျွန်မ နာမည်ကိုဘယ်လိုသိတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“မင်းက အလယ်ပိုင်းဒေသမှာနာမည်ကြီးတယ်လေ၊ သေချာပေါက် လည် မေးလိုက်တာနဲ့ အကုန်သိနေပြီ” လန်ကျုံး ပြောလိုက်သည် “မင်းက အခုမှ အလယ်ပိုင်းကနေ အတွင်းပိုင်းဒေသကိုလာတာ ပြောပါဦး မင်းက ငါ့ကို ဘာ မကောင်းတဲ့ အကြံအစည်တွေရှိနေတာလဲ”

“….”

ရှီမာယူယူ ဆွံ့အရမည့်အလှည့်ဖြစ်သွားသည်။ ထိုလူသည် သူမ အကြောင်းများကို ထိုမျှလျှင်မြန်စွာ သိသွားလိမ့်မည်ဟု ထင်မထားပေ။

သူမ သူ့သရုပ်မှန်ကို သိချင်သဖြင့် သူ့ကိုကြည့်လိုက်သည်။

သူမ အတွင်းပိုင်းဒေသကိုလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူသည် တစ်ရက်တည်းနှင့်ပင် သူမ အကြောင်းကို ရယူနိုင်ခဲ့သည်။ ထိုသည်မှာ သာမန် မြို့ဝန်လုပ်နိုင်သည့်အရာ မဟုတ်ပေ။

ရှီမာရှုံ့ချီပြောသည်ကို စဉ်းစားကြည့်လျှင် သူ့ကို မည်မျှပင် ပြဿနာရှာ စေကာမူ သူသည် ရှင်းထုတ်ပစ်နိုင်သည်။

ကြည့်ရသည်မှာ တစ်နေရာမှပေါ်လာသော ထိုမြို့ဝန်၏ နောက်ကွယ် တွင် တခြားအင်အားစုများရှိနိုင်သည်။

သူ၏ ရွှင်လန်းနေသော မျက်နှာကိုကြည့်ပြီး သူမသည် အေးစက်စွာ နှာမှုတ်ကာ ပြောလိုက်သည် “ရှင်က တကယ်ပဲ ကျွန်မအကြောင်းကို စုံစမ်း လိုက်တာပဲ၊ ဒါဆိုရင် တခြားသူတွေ ဒီလိုလုပ်တာကို အရမ်းမုန်းတဲ့အကြောင်း လည်းသိမှာပေါ့၊ မြို့ဝန်လန် နှုတ်ဆက်ပါတယ် နောက်ကို မတွေ့ပါစေနဲ့”

ရှီမာယူယူ ပြောပြီးသည်နှင့် သူ့ကိုလျစ်လျူရှုကာ စောင့်ဆိုင်းဧရိယာသို့ လှည့်ထွက်လျှောက်သွားလေသည်။

ထိုအချိန်တွင် လေဟာပြင်မှ တုန်ခါသံများထွက်လာပြီး တုန်ခါမှုပါ ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် စွမ်းအားတိုင်များဘေးမှ စင်မြင့်သည် မြင့်တက် သွားပြီး အလင်းတန်းများဖြာကျရာ အားလုံးသည် မျက်လုံးပိတ်လိုက်ကြသည်။

ရှီမာယူယူနှင့် တခြားသူများ အလိုလိုမျက်လုံးပိတ်ရာမှ အလင်းများ ပျောက်ကွယ်သွားသောအခါ မီတာဆယ်ဂဏန်းအမြင့်ရှိပြီး ရာဂဏန်းအရည်ရှိ သော သင်္ဘောတစ်စင်းသည် ပလက်ဖောင်းပေါ်တွင်ပေါ်လာသည်။

“ဒါက လေဟာပြင်သင်္ဘောပဲ…” ရှီမာယူယူသည် သင်္ဘောကို အံ့အားသင့် စွာဖြင့် ကြည့်လေသည်။

ရေထဲတွင် ခရီးသွားမည့် သင်္ဘောဆိုပါက သူမ များများစားစား တွေး‌နေ မည်မဟုတ်ပေ။ သို့သော် ထိုသင်္ဘောသည် ပျက်ပြယ်စေသောယာဉ်ဖြစ်သည်။ ထိုအရာသည် ရှုပ်ထွေးပြီး ထိန်းချုပ်ရန် ခက်ခဲလှသည်။

“ကျွန်မတို့ နာရီဝက်ပဲနေလို့ရမယ်၊ ကျောက်တွေအသင့်ပြင်ထားပြီး တန်းစီထားကြပါ” ကုန်းပတ်ပေါ်တွင် အဖြူဝတ်ထားသော အမျိုးသမီးထွက် လာပြီး အောက်မှလူများကို ကြည့်လိုက်သည်။ သူမ အကြည့်မှာ ထူးခြားသည်။

ရှီမာယူယူသည် တခြားသူများနှင့်အတူ လျှောက်သွားလိုက်သည်။ သူတို့ အလှည့်အရောက်တွင် ရှီမာရှုံ့ချီသည် လူငါးယောက်စာအတွက် ကျောက်များ ကို ကမ်းပေးလိုက်သည်။ ရှီမာယူယူ သင်္ဘောပေါ်တက်ပြီးနောက်တွင် လူတစ်ယောက်လျှင် ထိပ်တန်းအဆင့်ကျောက် ငါးထောင်ကျသင့်သည်ကို သိ လိုက်ရသည်။

ငါးယောက်စာဖြစ်ရာ ထိပ်တန်းအဆင့်ကျောက် ၂၅,၀၀၀ ကျသင့်လေ သည်။ လေဟာပြင်သင်္ဘောသည် သာမန်လူစီးနိုင်သည့်အရာမဟုတ်သည်နှင့် တူသည်။

အတွင်းပိုင်းဒေသတွင် ကျောက်များသည် တန်ဖိုးမရှိပေ။ လန်ကျုံး လိမ္မော်သီး ဝယ်သည့်ဈေးမှာ မမြင့်ပေ။ ဈေးမြင့်သည်ဟု သူမတစ်ယောက် တည်း၏ အထင်သာဖြစ်သည်။

***

All Chapters