← Chapters

တခြားသူများ၏ မုန်းတီးမှုကိုခံရခြင်း

Vol. 103 Ch. 1435

တခြားသူများ၏ မုန်းတီးမှုကိုခံရခြင်း

Vol. 103 Ch. 1435

လေဟာပြင်သင်္ဘောပေါ်တက်သောအခါ လူတစ်ဦးစီသည် ဝင်ခွင့်ကတ် တစ်ခုစီပေးရမည်ဖြစ်ပြီး တံခါးကိုပွတ်ဆွဲလိုက်သည်နှင့် တံခါးပွင့်သွားမည်ဖြစ် သည်။

လေဟာပြင်သင်္ဘောပေါ်တွင် ကြာရှည်နေရမည်ဖြစ်သဖြင့် စီးနင်းသူများ ၏ ကိုယ်ရေးကိုယ်တာ သီးသန့်ဖြစ်ရေးနှင့် သက်တောင့်သက်သာဖြစ်စေရန် အတွက် အထူးတလည်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် လေဟာပြင် သင်္ဘောပေါ်တွင် ကျင့်ကြံနိုင်ကြသည်။ သူတို့တံခါးမှာ အလွယ် တကူပွင့်သွားပါက အနှောင့်အယှက်ဖြစ်နိုင်သည်။

ရှီမာယူယူသည် ဟွမ်ရင်ရင်၏ ရှင်းပြချက်ကို နားထောင်ပြီး အံ့ဩနေ သည်။ ထိုလေဟာပြင်သင်္ဘော၏ တည်ဆောက်ပုံမှာ အမှန်တကယ်ပင် အံ့ဩ ဖွယ်ရာဖြစ်ကာ တီထွင်သူကို သိချင်စိတ်ဖြစ်စေသည်။

“ဒီလေဟာပြင်သင်္ဘော တည်ဆောက်ရတာက အများကြီးကုန်မှာပဲနော်၊ အဲလိုဆိုရင် ဈေးနှုန်းက ဈေးမကြီးဘူးလို့ပြောလို့ရတယ်၊ ဒါပေမဲ့ ဒီသင်္ဘောက အရမ်းမရှညတော့ လူဘယ်နယောက်လောက် နေလို့ရလဲ”

ထိုသင်္ဘောသည် သူမ အရင်ဘဝက တိုက်တန်းနစ်သင်္ဘောလောက် မကြီးဘူးဟု ထင်သည်။ ထိုသင်္ဘောသည် တစ်ယောက်ချင်းစီအတွက် ဇိမ်ခံအခန်းသီးသန့်မရဘဲ လူတစ်ထောင်ကျော် နေထိုင်နိုင်သည်။ ယခု လေဟာ ပြင်သင်္ဘောပေါ်သို့ တက်ပြီးနောက်တွင် လူတစ်ဦးစီအတွက် အထူးဂရုစိုက်ပေး ကာ တစ်ခန်းရသည်ကို သိထားမိသည်။ ထို့ကြောင့် အကြမ်းဖျင်းတွက်ကြည့်ရာ ခရီးသည်အရေအတွက်သည် ထိုတစ်ဝက်ထက်နည်းမည်ဟု တွက်ချက်ရသည်။

“အင်း သမီးမှားသွားပြီ” ဟွမ်ရင်ရင် ပြုံးလိုက်သည် “ဒီလိုအလယ်အလတ် အရွယ်အစားနဲ့ လေဟာပြင်သင်္ဘောဆိုရင် လူ ရှစ်ထောင်ကနေ တစ်သောင်းနေ လို့ရတယ်”

“အဲလောက် အများကြီးလား” ရှီမာယူယူသည် တိတ်ဆိတ်နေရာမှ အော်လိုက်လေသည် “လေဟာပြင်ခွဲတာကို အခန်းထဲမှာသုံးလို့ရတာလား”

“ဟုတ်တယ် အပြင်ကကြည့်ရင် တံခါးတွေကပ်နေတယ်လို့ထင်ရပေမဲ့ အထဲမှတော့ လေဟာပြင်ခွဲထားတယ်၊ အဲဒါကြောင့် အခန်းတွေပိုရတယ်၊ ပြီးတော့ အကာအဝေးပေါ်မူတည်ပြီးတော့ ဈေးနှုန်းလည်း မတူကြဘူး၊ ငါတို့ သွားမယ့်ခရီးက သိပ်မဝေးတော့ ငါးထောင်ပဲကျတယ်၊ ပိုဝေးတဲ့ ခရီးဆိုရင် သုံးသောင်းကနေ လေးသောင်းကျသလို အဲ့ထက်လည်းပိုနိုင်တယ်”

ဟူး… သူတို့က ထိပ်တန်းအဆင့်ကျောက်တွေ အကြောင်းပြောနေတာပဲ။ လမ်းဘေးမှာရောင်းနေတဲ့ တရုတ်ဂေါ်ဖီထုပ်အကြောင်းပြောနေတာမဟုတ် ဘူး။

“သူဌေးတွေချည်းပါပဲလား” သူမသည် မတတ်သာဘဲ ရေရွတ်လိုက်လေ သည်။

“ဒါက တစ်ခါတရံခရီးသွားတာပဲလေ အဆင်ပြေပါတယ် ဘယ်သူမှ တစ်နေကုန်ထိုင်မနေကြဘူးလေ”

ရှီမာယူယူလည်း စဉ်းစားကြည့်သည်။ ထိုကဲ့သို့ခရီးသည် ယခုလို ဈေးနှုန်း နှင့်ဆိုလျှင်တောင် လက်ခံနိုင်သည်။ ထို့အပြင် လေဟာပြင်သင်္ဘောကို ဆောက် ရသည့် ကုန်ကျစရိတ်မှာလည်း မနိမ့်လှပေ။ ပြောရမည်ဆိုလျှင် ဘယ်ဟာမှ အလကားမရပေ။

“ဒီလေဟာပြင်သင်္ဘောပိုင်ရှင်က တကယ်ချမ်းသာမှာပဲ” သူမသည် တိုးညင်းစွာ သက်ပြင်းချလိုက်သည်။

“မင်းကြိုက်ရင် ငါ တစ်စင်းပို့ပေးမယ်” လန်ကျုံး၏ အသံသည် ရုတ်တရက် ထွက်လာသည်။ သူရုတ်တရက်ပေါ်လာမှုသည် အားလုံးကို လန့် သွားစေပြီး သက်ပြင်းချကာ အလန့်တကြားအော်မိသွားစေသည်။

ရှီမာယူယူသည် ဖမ်းစားနိုင်သော လန်ကျုံး၏ မျက်နှာကိုကြည့်ပြီး သူ မည်မျှသန်မာမလဲဆိုသည်ကို သိချင်လာသည်။

သူမ၏ အာရုံသိမြင်နိုင်စွမ်းသည် တခြားသူများထက် မြင့်ရာ သူသည် သူမထက်သန်မာလျှင်တောင် သူမသည် ကြိုသိနိုင်သည်။ သို့သော် ထိုလန်ကျုံး ပေါ်လာတိုင်းတွင် အမြဲတစေ တည်ငြိမ်နေသည်။ သူသာ သူမကို ချောင်းမြောင်း တိုက်ခိုက်ပါက သူမသည် ရှောင်နိုင်မည်မဟုတ်ပေ။

သူမသည် နှုတ်ခမ်းများကို ကိုက်ထားမိသည်။ သူမသည် ကျယ်ပြန့်သော သမုဒ္ဒရာထဲက ရေစက်တစ်စက်ကဲ့သို့ ခံစားရသည်။

သူမ အားကို ဖြစ်နိုင်သလောက် မြန်မြန်တိုးအောင်လုပ်ရမည် ထင်သည်။

“ဘာတွေ စဉ်းစားနေတာလဲ ငါ့ကမ်းလှမ်းချက်က မကောင်းလို့လား” လန်ကျုံးသည် သူမ စိတ်များလွင့်နေသည်ကို မြင်သောအခါ သူမအရှေ့တွင် လက်ကို ယမ်းပြလေသည်။

“မကောင်းပါဘူး” ရှီမာယူယူသည် သူ့ကို ဒေါသဖြင့် စိုက်ကြည့်လိုက် သည် “ဒီလေဟာပြင်သင်္ဘောက လိမ္မော်သီးမြို့မှာ စိုက်တယ်ဆိုပေမဲ့ ပိုင်ရှင်က ရှင်ဖြစ်စရာမလိုဘူးလေ၊ ကျွန်မကို ပေးဖို့ဘာအခွင့်ရှိလဲ၊ ပြီးတော့ ကျွန်မကြိုက် ရင်လည်း ကိုယ်ဘာသာ လုပ်နိုင်တယ် ရှင်ပို့ပေးစရာမလိုပါဘူး”

“ဟားဟား”

ဘေးတွင် အထင်သေးမှုရယ်သံများဖြင့် ပြည့်နှက်သွားပြီး လှောင်ပြောင် သည့်အသံများ ထွက်လာသည်။

“တကယ်ပဲ ထောင်လွှားတာပဲ၊ လေဟာပြင်သင်္ဘောက ဆောက်ချင်တာ နဲ့ ဆောက်လို့ရမယ်ထင်လား၊ ဦးနှောက်မရှိတာကလည်း ရှက်စရာတော့ မဟုတ်ပါဘူး”

ရှီမာယူယူ ခေါင်းလှည့်ကြည့်လိုက်ရာ သိပ်မဝေးသောနေရာတွင် ပန်းရောင်ဝတ်စုံဝတ်ဆင်ထားကာ ကြက်ဥပုံမျက်နှာရှိကာ သွယ်တန်းနေသော မေးရိုး အလွန်သိမ်မွေ့သော မျက်နှာအချိုးအစားနှင့် အမျိုးသမီးတစ်ယောက်ကို တွေ့လေသည်။ သူမသည် အလွန်စွဲမက်ဖွယ်ကောင်းလေသည်။ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်အရ မြင်သူတိုင်းကို ပြစ်မှုကျူးလွန် ချင်စိတ်ဖြစ်စေသည်။

သို့သော် ထိုမျှလောက်လှပသော မိန်းကလေးဖြစ်ပါလျက်နှင့် သူမ မျက်နှာတွင် မနှစ်မြို့သောမျက်နှာထားရှိကာ နားဝင်ဆိုးသော စကားများကို ပြောထွက်သည်။

သူမသည် ခေါင်းကို အသာအယာ ခါယမ်းမိသည်။ သူမက တကယ်ပဲ မျက်နှာလေးက နှမြောစရာပဲ။

သူမသည် ထိုမိန်းကလေးကိုလျစ်လျူရှုလိုက်သည်။ သို့သော် သူမဘေး မှတစ်ယောက်သည် လွှတ်ပေးရန် စိတ်ကူးမရှိသည့်ပုံဖြင့် ပြောလေသည် “မိန်းကလေးယန်း မသိဘူးလား အဲဒီအောက်ခြေကဟာတွေက အမြဲတမ်း မဟုတ်တာတွေပြောတာလေ၊ လေဟာပြင်သင်္ဘောကို ဆောက်မယ်ဆိုတဲ့ စကားကို သူ့ကိုယ်သူတောင် သတိမထားမိဘူး”

“ဒါပေမဲ့ အဲစကားတွေက လုံးဝအသုံးမဝင်တာတော့ မဟုတ်ဘူး” နောက် မိန်းကလေးတစ်ယောက် ပြောလေသည်။

“အိုး ယောင်ယောင် အဲလိုထောင်လွှားတဲ့ စကားတွေက ဘာအသုံးဝင်လို့ လဲ”

“အဲဒါက ရယ်ရအောင် ပြောရုံပဲမဟုတ်ဘူးလား” လီယောင်သည် ပြုံးပြီး ပြောလိုက်သည် “ငါတို့က အဲလိုစကားတွေကြားနေကျမဟုတ်ဘူး၊ သူမ ကြောင့်သာမဟုတ်ရင် ငါတို့ဒီနေ့ ဒီလိုပျော်ရပါ့မလား”

လီယောင်သည် ဆွဲဆောင်မှုရှိသော ပုံစံနှင့် ပါးစပ်ကိုအုပ်ကာ ရယ်မော လိုက်သည်။ သူမသည် ဟာသတစ်ခုကို ကြားလိုက်ရသလိုပင် ပြုမူလေသည်။

“ဟင်း” လှပသော မိန်းလေးယန်းရှီသည် သူတို့နှင့် သဘောတူသည့် အတိုင်း အေးစက်စွာနှာမှုတ်လေသည်။

ရှီမာယူယူသည် ယန်းရှီကိုကြည့်လိုက်သည်။ သို့သော် သူမ မျက်လုံးများ သည် ယူယူ့အပေါ်မကျရောက်ဘဲ အနောက်တွင်ရပ်နေသော လန်ကျုံးကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။

ရှီမာယူယူသည် လှည့်ပြီးလန်ကျုံးကို ကြည့်လိုက်သည်။ ပြီးနောက် ထို နှိမ့်ချမှု ဘာကြောင့်ရောက်လာသည်ကို သူမ နားလည်လိုက်သည်။

“ရှင်တို့က အသိတွေလား” သူမ မေးလိုက်သည်။

“မဟုတ်ဘူး မသိပါဘူး” လန်ကျုံးသည် ခေါင်းကိုရိုးရှင်းစွာပင် ခါယမ်း လေသည်။

သူသည် ထိုမိန်းမငယ်တစ်သိုက်ကို မြင်ဖူးသည်။ သို့သော် မည်သူမည်ဝါ ဆိုသည်ကို မသိပေ။

ယန်းရှီသည် ထိုစကားကြားသည်နှင့် မျက်နှာမှာမည်းနက်သွားလေ သည်။

သူမသည် အရင်က သူ့ကိုအလေးအနက်ထားကာ မိတ်ဆက်ခဲ့သည်။ အဲဒါကိုတောင် သူက မမှတ်မိဘူးလား။

လိမ္မော်သီးမြို့တော်၏ မြို့ဝန်သည် အေးစက်ကာ လွတ်လပ်စွာနေတတ် သော်လည်း မိန်းကလေးများကို စိတ်မဝင်စားဟု ပြောကြသည်။ သူမ ထိုနေရာ တွင် ဖြတ်သွားရာမှ အနည်းငယ်သိချင်လာသဖြင့် နေခဲ့ကာ သူ့ကိုတွေ့ရန် ဆင်ခြေပြုလုပ်လိုက်ခြင်းဖြစ်သည်။

ထိုစဉ်က သူသည် သူမကို စိတ်ဝင်တစားကြည့်ခဲ့သည်မှာ မှန်ပါလျက်နှင့် အခု သူမကို မသိဟု ပြောနေသည်။

သူ မိန်းကလေးအားလုံးကို ထိုအပြုအမူအတိုင်းလုပ်ပါက သူမ ကျော်သွား နိုင်သည်။ သို့သော် သူမ လေဟာပြင်သင်္ဘောပေါ်တက်ကတည်းကပင် သူမ သည် ထိုမိန်းမကို တောက်ပစွာပြုံးပြပြီး လေဟာပြင်သင်္ဘောပေးမည်ဟုပင် ပြောနေသေးသည်။

သာမန်လူသာ ထိုစကားကိုပြောပါက ရယ်ကြလိမ့်မည်။ သို့သော် သူ့တွင် ထိုအစွမ်းအစရှိသည်ကို ယန်းရှီသိသည်။ အကြောင်းမှာ သူ့သရုပ်မှန်ကို မသိ သော်လည်း သေချာပေါက်ရိုးရှင်းလိမ့်မည်မဟုတ်ဟု သူမ မိသားစုမျိုးနွယ်က တစ်ယောက်ပြောသည်ကို ကြားဖူးသည်။

သူမသည် ထိုမိန်းကလေးကို ထပ်ကြည့်လိုက်သည်။ သူမနှင့် မယှဉ်နိုင် သည့်အပင် ကိုယ်လုံးကိုယ်ပေါက်နှင့် ဝတ်စားပုံမှာလည်း သူမလောက် မကောင်းလှပေ။ ထို့ကြောင့် ထိုမိန်းကလေးသည် သူမလောက် နောက်ခံ ကောင်းမည်မဟုတ်ပေ။

ဒီလိုမိန်းကလေးက သူမကို ကျော်သွားပြီးတော့ လန်ကျုံးကလည်း သူမကို ပြုံးပြနေတာလား။

ရှီမာယူယူ သင်္ဘောတည်ဆောက်မည်ဟု ကြားလိုက်ရသည်နှင့် သူမ သည် မခံမရပ်နိုင်ဖြစ်ကာ နှာမှုတ်လိုက်သည်။

“မြို့ဝန်လန်၊ ကျွန်မတို့ကိုဘာလို့မမှတ်မိရတာလဲ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ တွေ့ခဲ့တာလေ” ပထမဆုံးစကားပြောသော မိန်းကလေးသည် စိတ်လောကာ ပြောလေသည်။

“ဟုတ်လား” လန်ကျုံးသည် မှတ်မိချင်ယောင်ဆောင်ပြီးနောက် အတည် ပြောလေသည် “ဒီမြို့ဝန်က တကယ်ပဲမိန်းကလေးတို့ သုံးယောက်ကို မမှတ်မိ ဘူးပဲ ဘယ်ကလာကြတာလဲ၊ ကျုပ်ရဲ့သူမတူတဲ့ရုပ်ရည်ကြောင့် ဒီကိုရောက် လာကြတာလား၊ အဲလိုဆိုရင် တကယ်မမှတ်မိဘူး ဘာလို့လဲဆိုတော့ အဲလို မိန်းကလေးတွေက အရမ်းများတယ်လေ”

ထိုစကားများသည်…. အလွန်ပင် ညှာတာမှုကင်းမဲ့သည်။

ရှီမာယူယူ၏ နှုတ်ခမ်းတောင့်မျာ တွန့်သွားသည်။ သူသည် သူမကို ပြောခြင်းမဟုတ်သော်လည်း အညှာတာမဲ့လွန်းသည်။ သူမသည် မျက်နှာချင်း ဆိုင်မှ မိန်းကလေးသုံးယောက်၏ နာကျင်မှုကို ခံစားနိုင်သည်။

သူတို့သည် သူ့ကိုစိတ်ဝင်စားနေသည်ကို မြင်နိုင်သော်လည်း သူတို့ အထင်ကြီးသူ၏ လှောင်ပြောင်ခြင်းကိုခံလိုက်ရသည်။ ထိုကဲ့သို့ခံစားချက်သည် မစဉ်းစားဘဲနှင့်တောင် အလွန်နာကျင်စေသော ခံစားချက်ဖြစ်သည်ကို သိနိုင် သည်။ သူတို့နှလုံးသားများကို မနာလိုမှုများနှင့် ဝမ်းနည်းမှုများဖြစ်သွားစေ နိုင်သည်။

***

All Chapters