ထောင်လွှားပြီး ဇွတ်တရွတ်နိုင်တဲ့ သခင်မလေး
Vol. 103 Ch. 1436
“ကြည့်ရတာ ရှင်တို့က မိတ်ဆွေဟောင်းတွေထင်တယ် အဲလိုဆိုရင် ကျွန်မ မနှောင့်ယှက်သင့်ဘူး” ရှီမာယူယူပြောပြီးသည်နှင့် လက်ထဲမှ နံပါတ် ကတ်ကို ကြည့်ပြီးလှည့်ကာ မည်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ သူမအခန်းဆီသို့ လျှောက်သွားလိုက်သည်။
“အာ… ယူယူ မသွားလိုက်ပါနဲ့ စောင့်ပါဦး” လန်ကျုံးသည် သူတို့ကို တစ်ချက်ပင်မကြည့်ဘဲ ချက်ချင်းပင် ရှီမာယူယူနောက် ပြေးလိုက်လေသည်။
“ဟင်း အဲလူကဘယ်သူလဲ သူမ နောက်ခံကိုသွားစုံစမ်းလိုက်” ယန်းရှီ၏ မျက်လုံးများသည် အေးစက်နေသည်။
လန်ကျုံးရဲ့ အထင်ကြီးလေးစားမှုကို ခံရတဲ့အဲမိန်းကလေးက ဘယ်လောက် တန်ခိုးကြီးလဲ သိချင်နေပြီ။
“သခင်မလေးယန်း အဲလိုမိန်းမပျက်ကြောင့် ဘာလို့စိတ်ရှုပ်ခံနေမှာလဲ၊ ကြည်လိုက်တာနဲ့ သူမ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ သိသာတယ်၊ သူမက သေချာပေါက် မိသားစုကြီးက မိန်းကလေးမဖြစ်နိုင်ဘူး၊ သူမ ဘယ်အသိုက်က ပေါက်လာလဲ ဘယ်သူသိမှာလဲ”
“ဟင်း မြန်မြန်သွားစုံစမ်းလိုက် ဒါနဲ့ လန်ကျုံးဘယ်သွားတာလဲဆိုတာ လည်း စုံစမ်းလိုက်” ယန်းရှီသည် ထိုမိန်းကလေးကို ကြည့်ရုံသာကြည့်ပြီး မည်သည့် စကားမှ ထပ်မပြောတော့ပေ။
သူမကို မိန်းမပျက်လို့ခေါ်ရင် သူတို့ကကျဘာတွေလဲ။ ဆိုလိုတာက သူတို့ က မိန်းမပျက်ကိုတောင် မယှဉ်နိုင်ဘူးလား။
သူမက တကယ်ကိုပဲ ဦးနှောက်မရှိဘူး။
“ယောင်ယောင်…” ဖန်ချီသည် ယန်းရှီဒေါသထွက်သွားသည်ကို ခံစားမိ သဖြင့် လီယောင်ကို အကူညအညီမဲ့စွာကြည့်လိုက်သည်။
လီယောင်သည် ခေါင်းခါလိုက်သည်…. ဟူး… ဒီဖန်ချီကတော့ တကယ် ကိုပဲ အရိပ်အကဲမသိဘဲ ဒီလိုအချိန်မှာ ဘယ်လိုစကားပြောရမယ်ဆိုတာကို မသိ ဘူးပဲ။
သို့သော် သူငယ်ချင်းဖြစ်သူ ဝမ်းနည်းနေသည်ကိုကြည့်ပြီး သူမ မခံသာ တော့ဘဲ ဖျောင်းဖျလိုက်သည် “သခင်မလေးယန်းက အမြဲတမ်းဒီလိုပဲလေ၊ အရမ်းကြီး မစိုးရိမ်ပါနဲ့၊ နင့်မိသားစုက သတင်စုံစမ်းတာ အရမ်းတော်ကြတယ် မလား၊ ဒီအခွင့်အရေးကိုယူပြီး အဲလူရဲ့ သရုပ်မှန်တဲ့ မြို့ဝန်လန် ဘယ်သွားမလဲ ဆိုတာကို စုံစမ်းလိုက်ပေါ့”
“အင်း ငါ့ကိုသာအပ်ထားလိုက်တော့ ငါအကုန်လုံးစုံစမ်းပြီး သခင်မလေး ယန်းကိုစိတ်မပျက်စေရဘူး” ဖန်ချီအာမခံလေသည်။
“ငါတို့မိသားစုနှစ်ခုက ဒီအချိန်ကိုထွက်လာရတဲ့ ရည်ရွယ်ချက်ကို နင် လည်းသိပါတယ် ငါတို့ သူမကိုကပ်နိုင်ရင် ငါတို့ရည်မှန်းချက်တွေပြည့်ပြီး မိသားစုကိုလည်း ကယ်နိုင်မယ်” လီယောင် ပြောလိုက်သည်။
“ငါ နားလည်ပါတယ်” ဖန်ချီခေါင်းညိတ်လိုက်သည်။
သူတို့အားလုံးသည် ခဏနှင့်ပင် သက်ဆိုင်ရာအခန်းရှေ့သို့ ရောက်သွား ကြသည်။ သူတို့အခန်းများသည် အလယ်တွင်ရှိကာ တစ်ခန်းနှင့်တစ်ခန်း ဘေးချင်းကပ်လျက်ဖြစ်သည်။
ရှီမာယူယူ တံခါးဖွင့်လိုက်ချိန်တွင် လန်ကျုံးသည် မျက်နှာချင်းဆိုင်တွင် နေသည်ကို သိလိုက်ရသည်။
လန်ကျုံးသည် သူမ သူ့ကိုကြည့်နေပုံကိုကြည့်ပြီး သူ၏ဆွဲဆောင်မှုအရှိ ဆုံး အပြုံးပြုံးလိုက်လေသည်။
“အင်း အံ့ဩစရာပဲနော် ငါတို့က အခန်းနီးနားချင်းတောင်ဖြစ်နေသေး တယ်၊ အခုကစပြီး စောင့်ရှောက်ပေးပါဦး” သူသည် နှစ်လိုဖွယ်ကောင်းသော အသံဖြင့် ပြောလေသည်။
ရှီမာယူယူသည် မျက်လုံးလှိမ့်ပြလိုက်သည်။ အခန်းများသည် သင်္ဘော ပေါ်တက်သည့် နံပါတ်စဉ်အလိုက်ခွဲဝေပေးသည်ကို မှတ်မိသေးသည်။ သူမ နောက်ကလူသည် သူမဟုတ်သည်မှာတော့ အသေအချာမှတ်မိသည်။
ရုတ်တရက် ရှေ့ရောက်လာပြီး မတော်တဆတွေ့သလိုလုပ်တာ ဘယ်သူ ကယုံမှာလဲ။
သူမသည် သူ့ကိုလျစ်လျူရှုကာ သူမ၏ အရင်ဘဝမှ ဟိုတယ်များနှင့် ဆင်တူသည့် တံခါးကတ်ပေါက်တွင် ကတ်ကိုပွတ်ဆွဲလိုက်သည်။
သူတို့ အစောပိုင်းက ပြောခဲ့သည့်အတိုင်းပင် အခန်းသည် အပြင်မှကြည့် လျှင် သေးငယ်ပုံပေါ်သော်လည်း တံခါးပွင့်လာသည်နှင့် အထဲမှနေရာသည် ကျယ်ဝန်းလှသည်။ သာမန်အခန်းနှင့် ကွာခြားမှုမရှိလှပေ။ အထဲတွင် ပြင်ဆင် ထားသည်များမှာ နှစ်လိုဖွယ်ရာပင်ဖြစ်သည်။
သူမဝင်သွားပြီးနောက်တွင် အခန်းထဲမှ ဝိညာဉ်စွမ်းအင် ထူထဲမှုကို ခံစား မိသည်။ ပြီးနောက် လေဟာပြင်ခွဲခြားထားသော်လည်း သဘာဝမကျခြင်းမျိုး မဟုတ်ပေ။
သူမ အခန်းကိုလှည့်ပတ်ကြည့်ရာ စိတ်တိုင်းကျစပ်စုပြီးနောက် ရှီမာလျူရွှမ်၏ အခန်းသို့သွားကာ အဆင်ပြေမပြေကြည့်ပြီးသည်နှင့် သူမ အခန်းသို့ပြန်လာလိုက်သည်။
သူမ အခန်းသို့ပြန်လာသည်နှင့် လေဟာပြင်သင်္ဘောသည် စတင်ထွက်ခွာ လေသည်။ သူမသည် စင်္ကြံသို့အမြန်ပေးသွားလိုက်ရာ သင်္ဘောကိုယ်ထည် ပတ်ပတ်လည်တွင် လှိုင်းဂယက်ငယ်များကို မြင်လိုက်ရသည်။ လှိုင်းဂယက် များသည် သင်္ဘောကိုယ်ထည်ကို ကာကွယ်ထားပြီး လောဟာပြင်ကိုဖြတ်ရာ တွင် လမ်းလွဲသွားခြင်းမရှိတော့ပေ။
သို့သော် ထိုလှိုင်းဂယက်များကြောင့် အပြင်ဘက်မှ မြင်ကွင်းကို မမြင်ရ တော့ပေ။
သူမ အပြင်ကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သင်္ဘော ရုတ်တရက် ပြင်းထန်စွာလှုပ်ခတ်သွားပြီး လျင်မြန်စွာပင် ပြန်ငြိမ်ကျသွားသည်ကို ခံစားရ သည်။
ထိုတည်ငြိမ်မှုသည် လေဟာပြင်ထဲသို့ အောင်မြင်စွာဝင်သွားသည်ကို ပြသနေသည်။
သူမ လေဟာပြင်သင်္ဘောကို စိတ်ဝင်စားမှုသည် ခဏသာကြာတော့ သည်။ လေဟာပြင်အထဲမှ မြင်ကွင်းကိုမမြင်ရသည်ကို သေချာသည်နှင့် သူမ လှည့်ထွက်ပြီး အခန်းသို့ပြန်လာလိုက်သည်။
တစ်ချိန်တည်းမှာပင် လေးထပ်မြောက်ရှိ အခန်းထဲတွင် လီယောင်နှင့် ဖန်ချီတို့သည် ယန်းရှီနှင့် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
“သခင်မလေးယန်း ပြည်နယ် ၆၄ ရှီမာမိသားစုက အဲမိန်းမအကြောင်း စုံစမ်းပြီးသွားပြီ” ဖန်ချီ ပြောလိုက်သည်။
“ရှီမာမိသားစုဟုတ်လား ရှီမာယူယူလား”
“မြို့ဝန်လန်က သူမကိုယူယူလို့ခေါ်လိုက်သလိုပဲ” ဖန်ချီ ပြောလိုက် သည်။
“ရှီမာယူယူ ဒီနာမည်က ရင်းနှီးတယ်လို့ ဘာလို့ခံစားနေရတာလဲ” လီယောင် မျက်မှောင်ကြုတ်လိုက်သည်။
“သူမကို သိလို့လား” ဖန်ချီ မေးလိုက်သည်။
“ရှီမာယူယူ… ရှီမာယူယူ…” လီယောင်သည် ရှီမာယူယူ၏ အမြဲတစေ ရင်းနှီးနေသော နာမည်ကို ရေရွတ်လိုက်သည်။ သို့သော် မည်သည့်နေရာတွင် ကြားခဲ့ရသည်ကို မမှတ်မိနိုင်ပေ။ အတန်ကြာအောင် စဉ်းစားပြီးနောက်တွင် သူမ ထအော်လေသည် “ဘယ်မှာကြားခဲ့လဲဆိုတာ မှတ်မိပြီ”
“ဘယ်မှာလဲ” ယန်းရှီနှင့် ဖန်ချီတို့ နှစ်ယောက်လုံး ကြည့်လိုက်ကြလေ သည်။
“ရေခဲတိမ်တိုက်နန်းတော်က ချေမှုန်းခံလိုက်ရပြီလို့ ငါ့အဖေပြောတာ ကြားလိုက်တယ်၊ သူ အဲဒီမှာပြောသွဦးတာပဲ၊ ထိပ်တန်းတောင်ကြားက ကောင်းကင်ခွဲနတ်ဆိုးဓားသတင်းလွှင့်လိုက်တော့ သူတို့က တခြားသူတွေရဲ့ ပစ်မှတ်ဖြစ်သွားတာတဲ့” လီယောင် ပြန်ဖြေလေသည်။
“ထိပ်တန်းတောင်ကြားလား အဲဒါကဘယ်လိုအင်အားစုလဲ”
“အဲဒါက အလယ်ပိုင်းဒေသမှာ တည်ထောင်ထားတာမကြာသေးတဲ့ အင်အားစုလို့တော့ ကြားတယ်” လီယောင် ပြောလေသည် “အဲတုန်းက အဖေက ထိပ်တန်းတောင်ကြားရဲ့ တောင်ကြားဒုသခင်က ရှီမာယူယူလို့ခေါ် တယ်လို့ ပြောလိုက်တဲ့ပုံပဲ”
“သူမ.. သူမက တကယ်ပဲ အပြင်ကလာတာပဲ အဲဒါကြောင့် နွမ်းပါးတဲ့ပုံ ပေါက်နေတာ” ဖန်ချီ နှာမှုတ်လိုက်သည်။
ယန်းရှီမျက်လုံးထဲမှ အထင်သေးမှုမှာ သိသာလွန်းသည်။ သူမက အတွင်းပိုင်းဒေသက လူမဟုတ်တာကို မြို့ဝန်လန်ကို လာပြီးဆွဲဆောင်ရဲသေး တယ်။
“သူမ အကြောင်း ဘယ်လောက်သလဲ” သူမ လီယောင်ကို မေးလိုက် သည်။
လီယောင်သည် ခေါင်းယမ်းကာ ပြောလိုက်သည် “အဲတုန်းက အဖေ ပြောတာပဲ ကြားလိုက်တာ၊ ပြီးတာနဲ့ တခြားကိစ္စတွေပြောလိုက်တော့ အဲလူ အကြောင်းကို ထပ်မပြောတော့ဘူး”
“ငါတို့က လေဟာပြင်သင်္ဘောပေါ်ရောက်နေပြီး အဲလူအကြောင်းကို ထပ်မစုံစမ်းနိုင်တာတော့ နှမြောစရာပဲ၊ ငါတို့ သင်္ဘောပေါ်က ဆင်းရင်တော့ ရှီမာယူယူ အကြောင်းကို ပိုအသေးစိတ်စုံစမ်းရမယ်” ဖန်ချီ ပြောလိုက်သည်။
“ထားလိုက်ပါတော့ အခုမှစတည်ထောင်တဲ့ အပြင်ဘက်က အင်အားစု တစ်ခုရဲ့ တောင်ကြားဒုသခင်တစ်ယောက်ပဲကို ငါတို့ သိအောင်လုပ်ဖို့ မတန် ဘူး” ယန်းရှီသည် တိုးညင်းစွာပြောလိုက်သည် “ငါတို့အားထုတ်မှုနဲ့မတန်တဲ့ လူတွေက သေရမှာပဲ”
ဖန်ချီနှင့် လီယောင်တို့နှစ်ယောက်လုံးသည် စိတ်ထဲမှလန့်သွားကြကာ ယန်းရှီကို တအံ့တဩကြည့်ကြလေသည်။
သူမ လန်ကျုံးကို ပထမဆုံးတွေ့စဉ်က ရိုးရှင်းသော သိချင်စိတ်တစ်ခုသာ ဖြစ်သည်ကို သူတို့သိထားကြသည်။ သို့သော် သူ့ကိုမြင်လိုက်သည်နှင့် အမှန် တကယ်ပင် သဘောကျသွားလိမ့်မည်ဟု ထင်မထားပေ။
ပြီးနောက် သူသည် သူမကို တည့်တည့်ပင်မကြည့်ပေ။
ထို့ကြောင့် လန်ကျုံး ရှီမာယူယူကို ပြုံးပြနေသည်ကိုမြင်သောအခါ သူမ ဒေါသထွက်ခြင်းဖြစ်သည်။
သူမသည် မိသားစုကြီးမှ သခင်မလေးမဟုတ်သဖြင့် လန်ကျုံး၏ အာရုံကို ဖမ်းစားနိုင်သည်မှာ ယန်းရှီအတွက် မပျော်ရွှင်စရာဖြစ်သည်။ ထိုကဲ့သို့လူ တစ် ယောက်အတွက် ယန်းရှီသည် သနားကြင်နာမှုမရှိတတ်ပေ။
မင်းက ငါ့ကိုမပျော်အောင်လုပ်မှတော့ မင်းကိုပျက်စီးအောင်လုပ်ပေးရမှာ ပေါ့။
ရှီမာလျူရွှမ်၏ အခန်းတွင် စာဖတ်နေသော ရှီမာယူယူသည် ရုတ်တရက် နှာထချေလေသည်။
“ဘာဖြစ်လို့လဲ နေမကောင်းဘူးလား” ရှီမာလျူရွှမ်သည်လည်း စာဖတ် နေရာမှ သူမနှာချေသံကိုကြားသည်နှင့် ခေါင်းမော့ပြီးမေးလေသည်။
အရင်ကလေဟာပြင် သင်္ဘောစီးလှင် မည်သည့်ပြဿနာမှဖြစ်ပေ။ ရှီမာယူယူသည် ပထမဆုံးစီးခြင်းဖြစ်သဖြင့် သူ အနည်းငယ်စိုးရိမ်နေသည်။
ရှီမာယူယူသည် နှာခေါင်းကိုပွတ်ကာ ပြုံးလိုက်သည် “အဆင်ပြေပါတယ် တစ်ယောက်ယောက်တော့ သမီးကိုလွမ်းနေပြီထင်တယ်”
ရှီမာလျူရွှမ်သည် ပြုံးပြီးနောက် သူမဖတ်နေသည့်စာအုပ်ကို ကြည့်ပြီး ပြောလိုက်သည် “လက်နက်ကိရိယာသန့်စင်မှုစာအုပ်ဖတ်နေတာလား”
***