အစပိုင်းမှာ စိတ်ထားကောင်းဖော်ပြထားခြင်း
Vol. 103 Ch. 1438
လန်ကျုံး သူမကိုရယ်ပြနေသည်ကို ရှီမာယူယူမြင်သောအခါ ချက်ချင်းပင် မျက်နှာမည်းသွားလေသည်။
သူက တကယ်ပဲ အခွင့်အရေးတိုင်းကို ဆုပ်ကိုင်နေတာပဲ။
ပြောစရာပင်မလိုပေ… သူသည် မိန်းကလေးသုံးယောက်ကိုပါ ခေါ်လာခဲ့ သည်။ သူတို့ သူမကိုကြည့်သည့် အကြည့်များသည် သူမခန္ဓာကိုယ်တွင် အပေါက်များဖြစ်သွားမတတ် ထိုးဖောက်ကြည့်ကြလေသည်။
ရှီမာယူယူ လျှောက်သွားပြီး ပန်းကန်များကို စားပွဲပေါ်တင်ပြီး ပြောလိုက် သည် “အဖေ ဟိုမှာသွားထိုင်ရအောင်”
ရှီမာလျူရွှမ်သည်ပြုံးပြီး အားနာစွာဖြင့်ခေါင်းညိတ်ကာ မတ်တတ်ရပ် ပြီးနောက် ရှီမာယူယူဘေးသို့သွားလိုက်သည်။
“အဖေ ဒီဟာက စားကောင်းတဲ့ပုံပဲ သမီးထပ်သွားယူပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း ဟုတ်ပြီ”
“အဖေ ဒီဝိညာဉ်အသီးက တကယ့်ကိုထိပ်တန်းအဆင့် ဝိညာဉ်အသီးဖြစ် တဲ့ပုံပဲ ထမင်းစားပြီးရင် နည်းနည်းစားပေးတာ ကောင်းတယ်”
“အင်း ဟုတ်ပါပြီ”
“အဖေ ထမင်းစားပြီးရင် ကုန်းပတ်ပေါ်သွားရအောင်”
“အင်း ဟုတ်ပြီ”
ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့သည် ထမင်းစားရင်းနှင့် စကားပြောကြပြီး သူတို့ကို ကြည့်နေသူများကို လုံးဝလျစ်လျူရှုထားသည်။
သို့သော် ဘေးတွင်ထိုင်နေသူသည် ရိုးရိုးရှင်းရှင်း ပွဲကြည့်ပရိသတ်မဟုတ် သည့်ပုံပင် အရှက်မရှိစွာဖြင့် သူတို့စကားကို ဝင်ပြောလေသည်။
“ကုန်းပတ်ပေါ်သွားမလို့လား ငါလည်း ခဏနေရင် ကုန်းပတ်ပေါ်သွားမှာ အတူသွားကြတာပေါ့”
“…”
ရှီမာယူယူသည် မျက်လုံးလှိမ့်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
လန်ကျုံးသည် နိုးကြွားစွာဖြင့်လာပြီး ရှီမာယူယူအနီးသို့ကပ်ကာ ပြော လေသည် “အပြင်ကိုမြင်ရမယ့်နေရာကို ငါသိတယ်”
ရှီမာယူယူသည် လန့်သွားကာ ခေါင်းလှည့်ပြီးမေးလိုက်သည် “တကယ် လား”
“ဒါပေါ့ ငါက မင်းကိုဘယ်တုန်းကလိမ်ဖူးလို့လဲ” လန်ကျံဒးသည် ပြုံးပြီး ပြန်ဖေလေသည်။
“ဟုတ်ပြီ ဒါဆို ရှင်အတူလိုက်ခဲ့ပေါ့” ရှီမာယူယူ သဘောတူလိုက်သည်။
ဘေးတွင် ဝိညာဉ်အသီးစားနေကြသော မိန်းကလေးသုံးယောက်သည် သူတို့စကားကို ကြားသည်နှင့် ခါးဆန့်သွားကြပြီး လီယောင်ကို တစ်ပြိုင်နက် ကြည့်ကြလေသည်။
လီယောင်သည် သူတို့၏ လျှို့ဝှက်ကြံစည်မှုကို နားလည်ထားပြီး ဝိညာဉ် အသီးနှစ်လုံးစားပြီးသည်နှင့် ထကာ ရှီမာယူယူ၏ စားပွဲဆီသွားပြီး ထိုင်လိုက် သည်။
“မင်္ဂလာပါ မင်းနာမည်က ယူယူလား ငါ တကယ်တောင်းပန်ပါတယ် ဟိုရက်က ကုန်းပတ်ပေါ်မှာတုန်းက ငါတို့ မင်းကို မလှောင်သင့်ဘူး” လီယောင် သည် သူမကို တောင်းပန်သလိုကြည့်လေသည် “ငါတို့ကိုခွင့်လွှတ်နိုင်မလား”
ရှီမာယူယူသည် သူမကို ကြည့်လိုက်သည်။ သူမသည် စိတ်ရင်းနှင့် ပြော သည့်ပုံပေါက်အောင် ကြိုးစားထားသော်လည်း သူမမျက်လုံးထဲမှ အထင်သေး မှုကို မြင်နေရသည်။
သို့သော် သူမသည် အတွင်းပိုင်းဒေသကို ရောက်သည်မှာမကြာသေး သဖြင့် တခြားသူများနှင့် အလွယ်တကူ ရန်သူမဖြစ်ချင်ပေ။
“ဒါက ပြဿနာကြီးမဟုတ်ပါဘူး” သူမသည် တက်ကြွမှုမရှိဘဲ အသာအယာပင် တုံ့ပြန်လိုက်သည်။
“ဆိုလိုတာက… မင်း ငါတို့ကိုခွင့်လွှတ်တယ်ပေါ့” လီယောင်သည် ပြုံးပြီးပြောလိုက်သည် “ငါ့နာမည်က လီယောင် ပြည်နယ် ၅၀ လီမိသားစုကပါ၊ မင်းကရော မြို့ဝန်လန်က မင်းကိုယူယူလို့ ခေါ်တာကြားလိုက်တယ်”
“ရှီမာယူယူ” ရှီမာယူယူသည် အကျဉ်းချုံးသာ ပြောလိုက်ပြီး သူမ နောက်ခံကိုထည့်မပြောပေ။
လီယောင်သည် စိတ်ထဲမှ နှာမှုတ်မိသည်။ ဟင်း… သူမက ပြည်နယ် ၆၄ ကဆိုတာကို သိနေတာကို… သူ့ရှေ့မှာ ပြောဖို့ကို တကယ်ရှက်နေတာဖြစ် မယ်။
နင် မပြောရင်တောင် ငါက နင့်နောက်ခံကိုသိတယ် ဟင်း… ရှေ့ဆိုရင် တော်တော် ဟန်ဆောင်တတ်တာပဲ။
“ရှီမာမိသားစုက သခင်မလေးဖြစ်နေတာကိုး” လီယောင် ပြောလိုက် သည် “ဒါကသခင်မလေးယန်း ယန်းရှီလေ ပြည်နယ် ၁၆ ကယန်းမိသားစုက ပြီးတော့ သခင်မလေးဖန် ဖန်ချီတဲ့ ငါနဲ့ပြည်နယ်တစ်ခုတည်းမှာရှိတဲ့ ဖန်မိသားစုကပဲ”
ရှီမာယူယူ ကြည့်လိုက်ရာ သူတို့သူမကို ပြုံးပြသည်ကို မြင်သည်နှင့် သာမန်ကာလျှံကာပင် ပြုံးပြလိုက်သည်။
ယန်းရှီ ရောက်လာပြီး သူတို့နှင့်အတူဝင်ထိုင်ကာ နှစ်လိုဖွယ်ကောင်း သောအသံဖြင့် ပြောလေသည် “သခင်မလေးရှီမာ ငါတို့တွေ လေဟာပြင် သင်္ဘောပေါ်မှာတွေ့ကြတယ်ဆိုတော့ ရေစက်လို့ပြောလို့ရတာပေါ့”
“အင်း ရေစက်ပေါ့” ရှီမာယူယူသည် ထောက်ပြလိုက်သည်။
“သခင်မလေးရှီမာက ဘယ်ကိုသွားမလဲမသိဘူး” ယန်းရှီ မေးလိုက်သည်။
“ပြည်နယ် ၆၄ ကိုပါ”
“ပြည်နယ် ၆၄ လား တိုက်ဆိုင်လိုက်တာ ငါတို့လည်းအဲဒီကိုသွားကြမလို့ ပဲ ကြည့်ရတာ တစ်နေရာတည်းမှာဆင်းရမယ်ထင်တယ်” ယန်းရှီ ပြောလိုက် သည်။
“အိုး မင်းက ပြည်နယ် ၁၆ ကမဟုတ်ဘူးလား”
“ပြည်နယ် ၆၄ မှာညီလာခံရှိတယ်လေ ငါတို့က ဖိတ်စာရထားတော့ အဲဒီကိုသွားပြီးမှ ပြန်လာကြမှာ” ယန်းရှီ ပြောလိုက်သည်။
“အိုး”
ရှီမာယူယူသည် သူမ တက်ရောက်မည့်အကြောင်းကို သိချင်စိတ်မရှိဘဲ တုံ့ပြန်မှုသည်လည်း ထိုင်းမှိုင်းနေသောကြောင့် စကားကို မည်သို့ဆက်ရမည်ကို ရုတ်တရက်မသိတော့ပေ။
ကံကောင်းစွာပင် ဘေးတွင်ရှိသော လီယောင်သည် သူမကိုကယ်တင် လိုက်သည်။
“သခင်မလေးရှီမာ မင်းက ပြည်နယ် ၆၄ ကမဟုတ်ဘူးလား၊ ဒီညီလာခံ အကြောင်းသိရမှာပေါ့၊ အဲဒါက မိန်းကလေးတွေအတွက် အဂ္ဂိရတ်ပြိုင်ပွဲလို့ ကြားမိတယ်” လီယောင်ပြောလိုက်သည်။
“မိန်းကလေးတွေအတွက် အဂ္ဂိရတ်ပညာပြိုင်ပွဲဟုတ်လား” မိန်းကလေး တွေအတွက် အထူးတလည်ပြင်ထားတဲ့ အဂ္ဂိရတ်ပြိုင်ပွဲတကယ်ရှိတာလား။
သူမ အနည်းငယ်အံ့ဩမိသည်။ သူမ အရင်က တစ်ခါမှမကြားဖူးပေ။
“အိုး အဲအကြောင်းကို မသိထားဘူးလား” သည်တစ်ကြိမ် လီယောင် မျက်နှာမှ အံ့ဩမှုသည် အစစ်အမှန်ဖြစ်သည်။ ပြည်နယ် ၆၄ ကမိသားစုမျိုးနွယ် ကလူတစ်ယောက်က တကယ်ပဲ ဒီပြိုင်ပွဲကိုမသိထားဘူးလား။
ရှီမာယူယူသည် ခေါင်းယမ်းကာ ပြောလိုက်သည် “ငါက ပြန်မလာတာ နှစ်တွေကြာနေပြီ၊ ငါအခုမှပြန်လာပြီးတော့ မရောက်ဖူးသေးဘူး၊ သူတို့က ဘာလို့ မိန်းကလေးတွေအတွက် အဂ္ဂိရတ်ပြိုင်ပွဲကျင်းပတာလဲ”
“တကယ်တော့ မရှိဘူး” ယန်းရှီ ပြောလိုက်သည်။
“မရှိဘူးလား”
“အင်း အင်း”
“ဒါပေမဲ့ မိန်းကလေးတွေအတွက် အဂ္ဂိရတ်ပြိုင်ပွဲလို့ ပြောလိုက်တယ် မလား” ရှီမာယူယူသည် ရှုပ်ထွေးလာသည်။
“အဲဒါက ညီလာခံရဲ့ တစ်စိတ်တစ်ပိုင်းပဲ” လီယောင် ပြောလိုက်သည် “ညီလာခံက တကယ်တော့ မိန်းကလေးတွေစုဝေးတာပဲ၊ ဒါပေမဲ့ အဂ္ဂိရတ်ပညာ နဲ့ တခြားပြိုင်ပွဲတွေလည်း အမျိုးမျိုးရှိလိမ့်မယ်”
“အိုး…”
“အရင်တုန်းကတော့ စုဝေးတုန်းကို တစ်ယောက်နဲ့တစ်ယောက် သင်ယူ ခဲ့ကြတယ်တဲ့၊ ဒါပေမဲ့ အခုတော့ မိန်းကလေးတွေကြားက ပြိုင်ပွဲဖြစ်သွားတာ ပဲ၊ မူလရည်ရွယ်ချက်နဲ့လုံးဝ လမ်းလွဲသွားတာပေါ့” လီယောင် ရှင်းပြလေသည်။
“ဪ အဲလိုလား” ရှီမာယူယူ နောက်ဆုံးတွင် နားလည်သွားလေသည်။
“သခင်မလေးရှီမာ တစ်ခုလောက်မေးလို့ရမလား မင်းရဲ့ထူးချွန်မှုက ဘာလဲ” ဖန်ချီမေးလိုက်သည်။
“အိုး အကုန်လုံး ဟိုနည်းနည်း ဒီနည်းနည်းပါပဲ” ရှီမာယူယူ ပြောလိုက် သည်။
“ကြည့်ရတာ သခင်မလေးရှီမာရဲ့ ပါဝင်ပတ်သတ်မှုက ကျယ်ပြန့်တယ် ထင်တယ်” လီယောင်သည် ချီးကျူးလိုက်သော်လည်း စိတ်ထဲတွင်တော့ ဆန့်ကျင်ဘက်ဖြစ်နေသည်။
အကုန်လုံး ဟုတ်လား။
သူမသည် လေဟာပြင်သင်္ဘောကို ကိုယ်တိုင်ဆောက်မည် ဆိုသကဲ့သို့ပင် စကားကြီးစကားကျယ်ပြောတတ်သည်ဟုတွေးပြီး သူတို့သုံးယောက်သည် စိတ်ထဲတွင် လှောင်ပြောင်လိုက်ကြသည်။
“အဲတော့ သခင်မလေးရှီမာက ဒီပြိုင်ပွဲတွေကိုဝင်ပြိုင်မယ့်ပုံပဲ”
“အခြေအနေပေါ်မှာ မူတည်ပါတယ်” ရှီမာယူယူသည် မည်သည့်အရာကို မှ ကတိမပေးပေ။ သူမ စိတ်ဝင်စားသည့် အရာတစ်ခုခုတွေ့ပါက ကြည့်ရှုနိုင် သည်။
“ယူယူ ပြိုင်ပွဲမှာ ဝင်ပြိုင်သည်ဖြစ်စေ မပြိုင်သည်ဖြစ်စေ ငါက မင်းဘေး မှာရှိနေမယ်” လန်ကျုံး ပြောလိုက်သည် “မင်းသွားတဲ့နေရာကို ငါလည်းသွား မှာပဲ”
ရှီမာယူယူသည် ထိုသုံးယောက်တွဲ၏ မျက်နှာမှာ အချိန်မရွေး မျက်နှာဖုံး ကွာကျနိုင်သည့်အလား ရုတ်တရက်ပြောင်းသွားသည်ကို မြင်လိုက်ရသည်။ သူမ သည်တစ်ကြိမ်ကိုသာ ငြင်းဆန်လိုက်ပါက နောက်ထပ် တွန့်ခေါက်ရာရှိ သည့်ဇာတ်လမ်းတစ်ခုဖြစ်သွားပေဦးမည်။
“ဟုတ်ပြီ ကျွန်မဘဝကို ဝင်မနှောင့်ယှက်သရွေ့ ရှင်လုပ်ချင်တာလုပ်ပါ”
သူတို့ စကားပြောနေချိန်တွင် ရှီမာလျူရွှမ်သည် စားသောက်ပြီးကာ သူမ သည် သူ့ကိုခေါ်လိုက်သည်နှင့် လန်ကျုံးသည် သူတို့ကို အပြင်ရှုခင်းကြည့်ရန် ဖိတ်ကြားလေသည်။
“မြို့ဝန်လန် ကျွန်မတို့လည်း အပြင်ကရှုခင်းကိုသိချင်တယ်လေ၊ ကျွန်မတို့ကို အတူခေါ်သွားနိုင်မလား” ယန်းရှီသည် မေတ္တာဖြင့်ပြည့်ဝကာ တောက်ပနေသော မျက်လုံးများဖြင့် သူ့ကိုကြည့်လေသည်။ ရှီမာယူယူသာ ထိုအရာကို ဖော်ပြရပါက ‘အရာအားလုံးမှာ အလှရှိတယ် ဒါပေမဲ့လူတိုင်း အဲဒါ ကိုမမြင်နိုင်ဘူး’
ဒီလိုမိန်းကလေးတွေက ဘေးဒုက္ခတွေရဲ့ အစေ့ဖြစ်တာပဲ။
သို့သော် လန်ကျုံးသည် သူမစကားနောက် လိုက်မပါဘဲ ချက်ချင်းပင် ငြင်းဆန်လေသည် “အဲဒီနေရာက လူအများကြီးအတွက်ကျ သေးလွန်းတယ်၊ ယူယူ ဦးလေးရှီမာ သွားကြတာပေါ့”
ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့သည် ထိုစကားကိုကြားသောအခါ နှုတ်ခမ်း တွန့်သွားကြလေသည်။
ဦးလေးရှီမာ ဟုတ်လား။ ရှီမာလျူရွှမ်က သူ့ထက် အသက်ကြီးနေဖို့မလို ဘူးမလား။ ရှီမာယူယူ၏ ခန့်မှန်းချက်အရ သူသည်လည်း အသက်ကြီးနေပြီ။
သူက အရှက်မရှိ ‘ဦးလေးရှီမာ’ လို့ခေါ်သေးတယ်။ ဘယ်လိုများခေါ်ရဲ တာလဲ။
***