← Chapters

ကျေးဇူးတင်ချင်ယောင်ဆောင်ခြင်း

Vol. 103 Ch. 1439

ကျေးဇူးတင်ချင်ယောင်ဆောင်ခြင်း

Vol. 103 Ch. 1439

လန်ကျုံးသည် သူတို့ကိုခေါ်ကာ မျက်နှာတွင် အမုန်းတရားများ အထင်း သားရေးထားသော မိန်းကလေးသုံးယောက်ကို ချန်ထားပြီး ထွက်လာခဲ့လေ သည်။

ထိုအကြည့်များသည် သတ်ဖြတ်ခြင်းဖြစ်ပါက ရှီမာယူယူသည် အကြိမ် ပေါင်းထောင်ချီ သေဆုံးနိုင်သည်။

“သခင်မလေးယန်း အဲဒီပြိုင်ပွဲက အရမ်းပျင်းဖို့ကောင်းတယ်လို့ မပြော ဘူးလား၊ အဲဒါကို တခြားတစ်ယောက်ကိုလွှဲထားပြီး ချက်ချင်းပြန်လာမယ်လို့ ပြောခဲ့တာမလား ဘာလို့ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ” ဖန်ချီသည် နားမလည်သော လေသံဖြင့် မေးလေသည်။

“အဲလိုပြိုင်ပွဲတွေက အမြဲတမ်းပျင်းစရာကောင်းနေတာလေ၊ ငါလည်း ဝင်ပါဖို့ အစီအစဉ်မရှိဘူး၊ ဒီအတိုင်းပဲ သူတို့နဲ့အတူ သင်္ဘောပေါ်ကဆင်းဖို့ အကြောင်းပြချက်တစ်ခုပဲ” ယန်းရှီသည် အေးစက်စွာနှာမှုတ်လေသည်။

“ဘယ်လိုလဲ”

“ဖန်ချီ နင် စဉ်းစားကြည့်ရင်သိလိမ့်မယ်၊ လေဟာပြင်သင်္ဘောပေါ်မှာ ဝိညာဉ်စွမ်းအင် သုံးဖို့ခွင့်မပြုထားဘူး အဲတော့ ငါတို့ဒီမှာလုပ်လို့မရဘူး၊ ရှီမာယူယူက ပြည်နယ် ၆၄ မှာဆင်းမှာဆိုတော့ ငါတို့လည်း လိုက်ဆင်းရမှာ ပေါ့” လီယောင်သည် အမှန်အတိုင်းပြောလိုက်လေသည်။

“အိုး… အဲလိုလား” ဖန်ချီသည် နောက်ဆုံးတွင် နားလည်သွားသည်။

လီယောင်သည် ယန်းရှီ၏ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးကို ငဲ့စောင်းကြည့်လိုက်ပြီး သူမနှုတ်ခမ်းထောင့်တွင် ထေ့ငေါ့သည့် အရိပ်အယောင် ဖြစ်သွားလေသည်။

သူတို့ကြားလိုက်သော သတင်းမှာ မြို့ဝန်လန်သည် ရှီမာယူယူနောက် လိုက်ကာ သူမသွားသည့်နေရာတိုင်း သူလိုက်မည်ဟူ၍ဖြစ်သည်။

ယန်းရှီရောက်လာကတည်းက သူမမျက်လုံးများသည် လန်ကျုံးဆီမှ တစ်ဖဝါးမှမခွာပေ။ ထိုသတင်းကိုကြားပြီးနောက် သူမလည်းသေချာပေါက် လိုက်ချင်မည်။

သေချာတာတော့ သူမ ထိုအကြောင်းကို ထုတ်မပြောတော့ဘူးလေ၊ မဟုတ်ရင် ယန်းရှီက သူမကိုပဲ ဒေါသပုံချလာမှာပဲ။

ယန်းရှီ၏ အမူအရာမှာ ပုပ်သိုးနေပြီး လက်သီးဆုပ်ထားသည်မှာ လက်သည်းများပင် လက်ဖဝါးထဲသို့ နစ်စိုက်နေပြီဖြစ်သည်။

သူမ သွားတဲ့နေရာ သူလိုက်မယ်ဆိုတော့ သူမ ဒီကမ္ဘာပေါ်မှာမရှိတော့ရင် ဘယ်လိုဖြစ်မလဲ။

ရှီမာယူယူသည် သူမအနောက်မှ လူသတ်မည့်အငွေ့အသက်ကို ခံစားမိ သည်။ သို့သော် စိုးရိမ်မှုမရှိပေ။ လေဟာပြင်သင်္ဘောပေါ်တွင် မည်သူမှ ဝိညာဉ်စွမ်းအင် မသုံးရဲကြပေ။

သားအဖနှစ်ယောက်သည် လန်ကျုံးနောက်လိုက်ပြီး ကုန်းပတ်ပေါ် ရောက်လာကြသည်။ သို့သော် လန်ကျုံးသည် ထိုနေရာတွင်ရပ်မသွားဘဲ လေးထပ်ထိ တစ်လျှောက်လုံးခေါ်လာပြီး ပထမဆုံးအခန်းသို့ဝင်သွားလိုက် သည်။

“ဒီမှာလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် ဝင်သွားလိုက်ရင် မြင်ရလိမ့်မယ်” လန်ကျုံးပြောလိုက်သည် “ဒါက ကြိုးအများကြီးဆွဲပြီးမှရနိုင်တဲ့ အခန်းသော့ပဲ ပိုက်ဆံတွေအများကြီး ကုန်သွားတယ်”

ရှီမာယူယူသည် သူ၏ စိတ်အားထက်သန်စွာအကြွေးတောင်းနေသည့် မျက်နှာကို သတိထား မသည့်ပုံမပေါ်ဘဲ မချီးကျူးသည့်အပြင် သူတို့ကို လော လိုက်သည် “အဲလိုဆိုမှတော့ တံခါးကိုမြန်မြန်ဖွင့်လိုက်ပါ”

လန်ကျုံးသည် ဒေါသထွက်ခြင်းမရှိဘဲ အထူးအခန်းကတ်ကိုထုတ်ပြီး ပွတ်ဆွဲလိုက်ရာ တံခါးပွင့်သွားလေသည်။

“ဝင်လို့ရပါပြီ”

အထဲတွင်တစ်ခုခုရှိ ပါက အမြန်ပင်လှုပ်ရှားနိုင်ရန် ရှီမာယူယူသည် ရှီမာလျူရွှမ်၏ လက်ကိုဆွဲထားလိုက်သည်။

သို့သော် အခန်းထဲသို့ဝင်လိုက်သောအခါ မှင်တက်သွားပြီး ငေးငိုင်စွာ ရပ် နေမိသည်။

ထိုအချိနတွင် သူမသည် လေဟာနယ်အတွင်းရပ်နေရသလိုပင်။ ဂြိုလ်များသည် မျက်စိရှေ့တွင်ရှိကာ တချို့မှာ တောက်ပနေသေးသည်။

သူမသည် ကမ္ဘာ၏ထိပ်ဆုံးတွင် ရပ်နေရသလိုထင်ရကာ ကျယ်ပြန့်ပြီး တောက်ပသော မိုးကောင်းကင်ကို ကြည့်နေရသည်နှင့်တူသည်။

သူမသည် မြင်လိုက်ရသည်ကို အံ့အားသင့်နေရာ ခန္ဓာကိုယ်ထဲမှ အလင်း ရောင်ဖျော့ဖျော့ထွက်ကာ ကြယ်များဖြင့်ပြည့်နေသော ကောင်းကင်နှင့် တစ် သားတည်းဖြစ်သွားသည်ကိုပင် သတိမထားမိလိုက်ပေ။

လန်ကျုံးနှင့် ရှီမာလျူရွှမ်တို့သည် သူမကို ကြည့်နေကြကာ မည်သူမှ အသံမထွက်ကြပေ။ သူမသည် ကောင်းချီးပေးခံရသည်နှင့်တူသည်။

ခဏအကြာတွင် ရှီမာယူယူ၏ ခန္ဓာကိုယ်မှ အလင်းဖျော့ဖျော့ပျောက် ကွယ်သွားပြီး အဝေးမှကြယ်များကို ရောင်ပြန်ဟပ်ကာ အလင်းမှုန်အဖြစ် ပြောင်းသွားလေသည်။

“အံ့ဩဖို့ကောင်းလိုက်တာ”

ရှီမာလျူရွှမ်နှင့် လန်ကျုံးတို့သည် ထိုကဲ့သို့ ထိုးဖောက်မြင်နိုင်သည်ကို မမြင်ဖူးကြသဖြင့် စိတ်ထဲမှ သက်ပြင်းချမိကြသည်။

“တကယ်ပဲ ကံတရားက ကောင်းချီးပေးတဲ့လူရှိတာပဲ” ရှီမာယူယူကို ကြည့်သော လန်ကျုံးအကြည့်များသည် တမ်းတသောအကြည့်များအဖြစ် ပြောင်းသွားလေသည်။

ထိုအလင်းမှုန်လေးများသည် ရှီမာယူယူကို အတန်ကြာအောင် လှည့်ပတ် ပြီးနောက် သူမခန္ဓာကိုယ်ထဲသို့ ဝင်သွားကြလေသည်။

အလင်းများအားလုံး ဝင်ပြီးနောက်တွင် မျက်လုံးပွင့်ကာ သတိပြန်ရလာ သည်။

ရှီမာယူယူ အသံရှုသံမှာ ပိုညင်သာလာသည်ကို လန်ကျုံးနှင့် ရှီမာလျူရွှမ် တို့ တွေ့လိုက်ရသည်။

“မင်းဒီမှာ ကောင်းချီးပေးခံရမယ်လို့ ထင်မထားဘူး ဂုဏ်ပြုပါတယ်” ပထမဆုံးအနေနှင့် လန်ကျုံးသည် သူ့ကိုသက်တောင့်သက်သာဖြစ်စေကာ သူမ သည်လည်း အမှန်တကယ် အရည်အချင်းရှိသူဆိုသည်ကို နားလည်သွားသည်။

ရှီမာယူယူသည် ကောင်းချီးပေးခံလိုက်ရသဖြင့် ခံစားချက်ကောင်းသွား သည်။ သူမသည် လန်ကျုံးကို ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်ပြီး စိတ်ရင်း ဖြင့်ပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် ရှင်သာ ကျွန်မကိုဒီကိုခေါ်မလာရင် ဒါကိုခံစားရမှာ မဟုတ်ဘူး” သူမသည် သူ့ကိုကြည့်ပြီး ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။

“ဒါက မင်းရဲ့အရည်အချင်းပါပဲ” လန်ကျုံးသည် အခွင့်အရေးမယူပေ “ဒီအခန်းကိုဝင်တဲ့လူတွေ အများကြီးရှီတယ် ဒါပေမဲ့ ထိုးထွင်းသိမြင်မှုကိုရတာ မင်းက ပထမဆုံးပဲ”

ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်မက ကံအရမ်းကောင်းတဲ့ပုံပဲ”

ထိုအရာမှာ ကံကောင်းခြင်းမဟုတ်ပေ။ လန်ကျုံးသည် စိတ်ထဲမှပြော လိုက်သောလည်း ထိုအကြောင်းကို ဆက်မပြောတော့ပေ။

ရှီမာယူယူသည် အပြင်မှ ကြယ်များပြည့်နေသောကောင်းကင်ကို တအံ့တဩကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည် “ဒီကနေ ဘယ်လိုလုပ် အပြင်ကိုကြည့်နိုင်တာလဲ ပြီးတော့ လုံးဝလည်းမမူးဘူး”

“ဒါကြောင့်လေ” လန်ကျုံးသည် အခန်းထဲမှ ကျောက်တုံးစင်္ကြံကို ညွှန်ပြလေသည်။

“ဒါလား”

ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့နှစ်ယောက်လုံး ကြည့်လိုက်ကြသည်။ ကျောက်စင်္ကြံသည် ထူးခြားမှုတစ်စုံတရာမရှိဘဲ အနီးကပ်ကြည့်လိုက်လျှင် ကြမ်းတမ်းပြီး အရစ်ကြောင်းများပင် ရှိနေသည်။

ထိုပစ္စည်းကြောင့် သူတို့က အပြင်ကရှုခင်းကိုမြင်ရတာလား။

“ဒါက ရှေးဟောင်း သတ္တုတွင်းဧရိယာကရတာပဲ၊ အဲဒါက ငါတို့ ပတ်ဝန်းကျင်က သံလိုက်စက်ကွင်းကို ပြောင်းလဲစေပြီး ဒီကအလင်းတန်းကို နှေးသွားစေတယ်၊ အဲဒါကြောင့် ကြည့်ရင်လည်းမမူးတာပဲ” လန်ကျုံးရှင်းပြလေ သည်။ “ဒါပေမဲ့ အဲဒါကြောင့်ပဲ ငါတို့မြင်နေရတဲ့အကုန်လုံးက အပြင်နဲ့တူမှာ မဟုတ်ဘူး”

ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။ အပြင်ဘက်တွင် မြန်ဆန်ကာ အထဲတွင် နှေးကွေးသည်။ သေချာပေါက် အားလုံးကို ပြနိုင်မည်မဟုတ်ပေ။

“ရတနာတစ်ပါးပဲ နောက်ကို လေဟာပြင်သင်္ဘောဆောက်မယ်ဆိုရင် ဒါကို တကယ်တူးယူချင်လိုက်တာ”

လန်ကျုံး၏ နှုတ်ခမ်းမှာ တွန့်သွားလေသည်။ သူမက လေဟာပြင် သင်္ဘော ဆောက်ဖို့ကိုတွေးနေတုန်းလား။

သူ သူမကိုမလှောင်ပြောင်သော်လည်း သူမစကားများကို စိတ်ထဲမှ မယုံကြည်သေးပေ။ သို့သော် သူမသည် သူသဘောကျသဖြင့် သူခံသာသည်။ ဒါပေမဲ့ သူမက အဲဒါကိုစဉ်းစားနေဦးမယ်လို့ ထင်မထားဘူးပဲ။

ပြီးတော့ ဒါကိုတူးသွားချင်တယ်လို့ပြောနေသေးတယ်၊ ဒီပစ္စည်းရဲ့ တန်ဖိုး ကိုရောသိရဲ့လား။

သူ မမေးခင်တွင် ရှီမာယူယူရေရွတ်သံကို ကြားလိုက်ရသည် “ဒါပေမဲ့ ဒီ ပစ္စည်းက အရမ်းတန်ဖိုးမြင့်မှာပဲ၊ တစ်ဖက်လူက ဒါကိုမျှဝေပေးချင်ပါ့မလား မသိဘူး၊ အလုပ်မဖြစ်ရင်ရော ယူသင့်ရဲ့လား”

“အဟွတ်” လန်ကျုံးသည် သူမ စကားများကြောင့် အံ့အားသင့်ပြီးပြော လိုက်သည် “ဒီသင်္ဘောပိုင်ရှင်က ဘယ်သူလဲသိလား”

“ဘယ်သူလဲ”

“ပြည်နယ် ၄၉ ကပဲ” လန်ကျုံးသည် နံပါတ်စဉ်ကိုသာပြောသော်လည်း အားလုံး သည် သူ၏ ဆိုလိုရင်းကို လူတိုင်းသိကြသည်။

“ပြည်နယ် ၄၉ ကပိုင်တာကိုး၊ အဘိုးပြောပုံအရ သူကဒါကို အရမ်းကို အားကောင်းကောင်းလုပ်ထားတာပဲ” ရှီမာယူယူသည် မေးစေ့ကိုထိလိုက်သည် “အဲလိုဆိုမှတော့ အချိန်တန်မှ ဒီအကြောင်းကိုပြောကြတာပေါ့”

လန်ကျုံး၏ နှုတ်ခမ်းထောင့်မှာတွန့်သွားသည်…. အဲတော့မှ ပြောကြ မယ်ဟုတ်လား။ တကယ်ပဲ အချိန်တန်ရင် လုယူမလို့လား။

သူမ လိုချင်တယ်ဆိုလည်း ဘာလုပ်နိုင်မှာလဲ။

“အဖေ အဲလိုနေရာတွေမှာလည်း တခြားသက်ရှိတွေ ရှိတယ်မလား” ရှီမာယူယူသည် လှုပ်နေသည့် ဂြိုလ်များကိုကြည့်ပြီး မေးလိုက်သည်။

“ဟုတ်တယ် အဲဒါတွေကို ‘အပြင်ပန်း’ လို့ခေါ်တယ်” ရှီမာလျူရွှမ် ပြော လိုက်သည် “ဒါပေမဲ့ အဲနေရာကို ဘယ်သူမှမရောက်ဖူးကြဘူး”

“ဘယ်သူမှမရောက်ဖူးဘူးလား”

“အဲနေရာက ငါတို့နဲ့အရမ်းအရမ်း ဝေးတယ်လေ” လန်ကျုံး ရှင်းပြလေ သည်။

အလွန်ဝေးကွာသဖြင့် သွားရန် နည်းလမ်းမရှိပေ။

“ထာဝရရှင်သန်သူနယ်မြေမှာတွေ့ခဲ့တဲ့လူတွေက အဲဒီနေရာကလား” ရှီမာယူယူ မေးလိုက်သည်။

သူမ အရင်ကပြောခဲ့သည်ကို ရှီမာလျူရွှမ် ကြားခဲ့ရသည်။ ထို့ကြောင့် သူမ မည်သည့်အကြောင်းပြောသည်ကို သူ သိသည်။

“အဲလိုဖြစ်နိုင်တယ်လို့လည်း စဉ်းစားကြည့်တယ် ဒါပေမဲ့ အဲဒါဘယ် နေရာလည်းမသိဘူး” သူ ပြောလေသည်။

ရှီမာယူယူသည် အပြင်ဘက်တွင် တောက်ပနေသော မီးအလင်းများကို ကြည့်ပြီး ထိုနေရာသည် သူတို့နှင့် ဆင်တူပြီး‌ ကောင်းကင်ဒွန့်မရောက်နိုင်သည့် နေရာဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

***

All Chapters