← Chapters

အခန်း (၇၈)

Vol. 6 Ch. 78

အခန်း (၇၈)

Vol. 6 Ch. 78

ချောင်အိမ်ဟောင်း။

ချောင်ရှို့ကျီသည် ကုတင်ပေါ် လှဲချလိုက်သည်။

ရွှယ်ချွမ်က မေးသည်။ "ဒီနေ့ မင်းဘာဖြစ်တာလဲ? မင်းစိတ်ထဲမှာ တစ်ခုခုရှိနေတာလား?"

ချောင်ရှို့ကျီက သက်ပြင်းတစ်ချက်ချလိုက်သည်။ "ပဉ္စမသား သွားတာ တစ်လလောက်ရှိပြီ၊ ဒါပေမယ့် သူပြန်မလာသေးဘူး။ အရမ်းစိတ်မသက်မသာဖြစ်နေတယ်။ တစ်ခုခုတော့ဖြစ်လာမယ်လို့ ကျွန်မ ခံစားနေရတယ်"

ရွှယ်ချွမ်က ပြောသည်။ "မဖြစ်ပါဘူး။ ကောင်းကင်ဘုံက လူကောင်းတစ်ယောက်ကို ကူညီပေးတယ်။ သူတို့ ဘေးကင်းကင်းနဲ့ ပြန်လာလိမ့်မယ်"

သို့သော်လည်း ချောင်ရှို့ကျီက မျက်မှောင်ကြုတ်ကာ ပြောသည်။ "ပဉ္စမသား ထွက်သွားတဲ့နေ့မှာ သာ့ချောင်က သူမရဲ့ ပဉ္စမဦးလေးရဲ့လက်ကို ဆွဲပြီး မသွားဖို့ တိုက်တွန်းခဲ့တယ်။ သာ့ချောင်ရဲ့ ထူးဆန်းတာ တွေးပြီး ပဉ္စမ​သားကို အချိန်ပြောင်းဖို့ ဆွဲဆောင်ခဲ့သေးတယ်။ ဒါပေမယ့်…"

"ဒါပေမယ့် ပဉ္စမသားက နားမထောင်ဘူး မဟုတ်လား?" ရွှယ်ချွမ်က သူမစကားကို ဆက်ပြောခဲ့သည်။

သူတို့၏ သားသမီးငါးယောက်တွင် အကြီးဆုံးက နုံအတတ်ဆုံးဖြစ်ပြီး မိဘတွေ၏ စကားကို အများဆုံးနားထောင်သည်။ ဒုတိယသားက မပြတ်သားသော်လည်း နားချနိုင်သေးသည်။

အငယ်သုံးယောက်က တစ်ယောက်ထက် တစ်ယောက် ပိုခေါင်းမာသည်။

ယိမင်လေးသည် ပထမဆုံးအကြိမ် မြစ်ထဲသို့ တွန်းချခံရသောအခါတွင် သူတို့က သူမအား ကွာရှင်းရန် အကြံပြုခဲ့သည်။ သို့သော်လည်း သူမ၏ နှလုံးသားသည် ပျော့ပျောင်းလာပြီး ကျောက်ကျဲဖန်ကို ခွင့်လွှတ်လိုက်သည်။

ချောင်ဟုန်းမေကမူ သူမကိုယ်တိုင် အိမ်ထောင်ပြုရန် ဆုံးဖြတ်ခဲ့သည်။ လက်ရှိတွင် သူမ၏ စိတ်သဘောထားသည် ချောင်မိသားစုကို ရန်သူအဖြစ် သဘောထားသည်။

ချောင်ကျန်းမင်ကမူ ငယ်စဉ်ကတည်းက သူ့မွေးချင်းတွေထဲ၌ ဉာဏ်အရှိဆုံးနှင့် စွမ်းရည်အရှိဆုံးဖြစ်သည်။ သို့သော် အရည်အချင်းရှိသူများသည် မာနကြီးပြီး တဇွတ်ထိုး အဆန်ဆုံးလည်း ဖြစ်သည်။

ချောင်ရှို့ကျီက သက်ပြင်းချလိုက်သည်။ " 'ကလေးတစ်ယောက်ကို နှစ်တစ်ရာ ပြုစုပျိုးထောင်ရင် ကိုးဆယ့်ကိုးနှစ်က စိတ်ပူနေရတယ်! ဆိုတဲ့ စကားလုံးက မှန်တယ်။ နောက်ဘဝတစ်ခုရှိရင် ကလေးတစ်ယောက်ပဲ မွေးရအောင်။ သားသမီးတွေများရင် ကျွန်မတို့ စိတ်မပူနိုင်ဘူး!"

ရွှယ်ချွမ်က ရယ်မောသည်။ "အိုကေ၊ နောက်ဘဝရှိရင် ငါတို့မှာ တစ်ယောက်ပဲရှိမယ်။ မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ယောက်တည်းတော့ လုံလောက်ပြီ"

သို့သော် ချောင်ရှို့ကျီက ပြောသည်။ "မိန်းကလေးတစ်ယောက်ရရင် ပိုကောင်းတယ်။ သာ့ချောင်လို နူးညံ့သိမ်မွေ့တဲ့ ကလေးမျိုး"

ရွှယ်ချွမ်၏ အပြုံးသည် ပို၍ နူးညံ့လာသည်။ သူ့မျက်လုံးထဲ၌ အလိုလိုက်ခြင်းများ ပြည့်နေသည်။ "သာ့ချောင်လေးက တကယ်ကို ချစ်ဖို့ကောင်းတယ်"

သာ့ချောင်သည် ပထမအကြိမ် ကျောင်းတက်သောအခါတွင် သူမသည် အတန်းတစ်ခုကျော်သွားကာ အတန်းပြောင်းကျောင်းသား ဖြစ်လာသည်။ သူမသည် လူတိုင်းနှင့် လိုက်လျောညီထွေ မဖြစ်နိုင်တော့မည် သို့မဟုတ် အသုံးမဝင်တော့မည်ကို စိုးရိမ်နေမိသည်။

မမျှော်လင့်ဘဲ နှစ်ရက်အတွင်း သူမသည် လူတိုင်းနှင့် ခင်မင်သွားသည်။ ယခု သူမသည် ဆရာများနှင့် အတန်းဖော်များ၏ အချစ်ဆုံး ဖြစ်လာသည်။

ကျောင်းကပြန်လာတိုင်း ကျောင်းအကြောင်းပြောတတ်သည်။ သူမ၏ မျက်နှာငယ်လေးသည် နီမြန်းနေပြီး ပျော်ရွှင်မှုအပြည့် ရှိသည်။

ခင်ပွန်းဖြစ်သူနှင့် စကားပြောပြီးနောက် ချောင်ရှို့ကျီ၏ စိတ်အခြေအနေသည် အနည်းငယ် ပိုကောင်းလာသည်။ အကြိမ်အနည်းငယ် လှသည့်ပြီးနောက် နောက်ဆုံးတွင် အိပ်ပျော်သွားသည်။

နောက်နေ့ တနင်္ဂနွေ။ အတန်းတက်ရန်မလိုပေ။ သာ့ချောင်က တောက်ပနေပြီး ချောင်အိမ်ဟောင်းသို့ အစောကြီး ရောက်လာသည်။

ဝမ်ချွမ်ကျီသည် သာ့ချောင်ကိုမြင်သည်နှင့် တပြိုင်နက် စိတ်မသက်မသာခံစားရသည်။ "နင်ဘာလို့ ဒီကိုထပ်ရောက်နေတာလဲ?"

သာ့ချောင်က အသံတိုးတိုးလေးဖြင့် ပြောသည်။ "အဒေါ်ကြီး၊ အဘိုးနဲ့အဖွားကို တွေ့ဖို့ လာတာ။ ဒါ သမီးရဲ့ အဘိုးနဲ့အဘွားရဲ့အိမ်ပဲ။ သမီးဒီကို လာပိုင်ခွင့်ရှိတယ်။ အဒေါ်ကြီး ဒီလိုလုပ်နေရင် သမီး အဘိုးနဲ့အဘွားကို ပြန်ပြောမယ်!"

ဝမ်ချွမ်ကျီက ဒေါသအရမ်းထွက်သွားသည် "မိမစစ် ဖမစစ်ကလေး။ နင် ငါ့ကို ခြိမ်းခြောက်ရဲတယ်၊ ငါဘယ်လိုလုပ်မယ်ဆိုတာ ကြည့်စမ်း..."

သူမ၏ ယောက္ခမက အခန်းထဲမှ ထွက်လာသည်အထိ အော်ဟစ်နေသည်။ သူမက နောက်ဆုံးစကားကို ချက်ခြင်းမျိုချလိုက်သည်။

"အိုး သာ့ချောင်၊ နင်က ဘာလို့ အရမ်းချစ်စရာကောင်းနေတာလဲ? အဒေါ်ကြီးက မင်းကို သကြားလုံးတွေ နောက်မှ ပေးမယ်။ အခု အဒေါ်ကြီး အိမ်မှုကိစ္စတွေ လုပ်တော့မယ်။ အဲဒီကို သွားကစားနေနော်"

ထိုစကားကို ပြောပြီးနောက် လှည့်ပြေးသွားသည်။

သို့သော် လမ်းတစ်ဝက်တွင် ​ သူမ၏ ခြေတစ်ချောင်းသည် ကြက်မစင်ပေါ် နင်းမိကာ ချော်လဲသွားသည်။ ဖင်ထိုင်လျက် လဲကျလုနီးပါးပင်!

ဘာကြောင့်နီးပါးဖြစ်ခဲ့ရတာလဲ? အဘယ်ကြောင့်ဆိုသော် သူမဘေးနားရှိ တိုင်ကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားသောကြောင့် ပြုတ်ကျခဲ့ခြင်း မရှိပေ။

မကြာခင်မှာပင် ချောင်အိမ်ဟောင်းမှ သူမ၏ ဝက်သတ်သံ ထွက်ပေါ်လာသည်။ "အိုးး...အိုးး, ကျန်းကော်၊ လာကူညီပေးပါဦး။ ငါ့လက်မှာ သစ်စစိုက်သွားတယ်။ နာတယ်!"

တိုင်ပေါ်၌ သစ်သားစ ပေါ်နေသည်ကို မသိပေ။ သူမသည် တိုင်ကို ပွေ့ဖက်လိုက်သောအခါ သစ်သားစသည် သူမ၏ လက်ဖဝါးထဲသို့ တိုက်ရိုက် ထိုးကျသွားသည်။ နာကျင်မှုက သူမကို ငိုစေသည်!

ချောင်ကျန်းကော် ထွက်လာပြီး သူ့မိန်းမမျက်နှာကို မြင်လိုက်ရသည်။ "မိန်းမ၊ မင်းမျက်နှာမှာ အမာရွတ် ၃ ခုက ရယ်စရာကောင်းတယ်။ မြင်တိုင်း ရယ်ချင်တယ်"

ဝမ်ချွမ်ကျီ - "..."

အရင်က သူမမျက်နှာကို ရေနွေးနှင့် ပက်မိပြီး အပူလောင်ဒဏ်ရာ သုံးချက် ပေါ်လာသည်။ ငရဲနှင့် တူပြီး နာသည်!

ပို၍ ယားယံသည်က အရည်ကြည်ဖု (၃) လုံး ပျောက်ကင်းပြီးနောက် သိသာထင်ရှားသည့် အမာရွတ် (၃) ခု ကျန်ခဲ့သည်။

သုံးခုလုံး၏ နေရာများသည် အလွန်အချိုးကျသည်။ ၎င်းတို့က မျက်နှာပေါ်၌ ပေါ်နေသည်မှာ...

"နိုင်ငံသုံးနိုင်ငံက ကွဲလွဲနေပုံပဲ" ချောင်ကျန်းကော်က ဆက်ပြောသည်။

ဝမ်ချွမ်ကျီ - "..."

သူမသည် ဒေါသအလွန် ထွက်ကာ သွေးအန်လုနီးပါးပင်။ "ဒီအခုချိန်ထိရယ်လို့ မပြီးသေးဘူး။ ဘယ်လောက်ကြာကြာ ရယ်နေမှာလဲ?"

ချောင်ကျန်းကော် - "အမာရွတ်တွေ ပျောက်သွားရင် ငါ မရယ်တော့ဘူး"

ဝမ်ချွမ်ကျီ - "..." သူပြောသည့် စကားအရ ဒီဘဝ၌ ပြီးသွားမည့်ပုံ မပေါ်ပေ။

"အဘိုး၊ အဘိုးမိသားစုရဲ့ ချစ်စရာကြီး လာပြီ!" သာ့ချောင်သည် သူမ၏ အဖိုးကို ရှာရန် သွားသည်။

ကျောင်းစတက်နေပြီဖြစ်သော်လည်း သူမနှင့် ဝမ်းကွဲအစ်မတုန်းဟယ်တို့သည် အတန်းမရှိသောအခါတွင် သူမ၏အဖိုးနှင့် ပန်းထိုးခြင်းကို သင်ယူနေကြဆဲဖြစ်သည်။

သူမ၏ လက်ချောင်းများသည် တိုလွန်းသည်။ သူမလက်ထဲရှိ အပ်များက မနာခံပေ။ သူမလိုချင်သည့်ပုံစံကို အမြဲတမ်း ပုံဖော်၍ မရပေ။

သူမအဘိုးကို တကယ်ပင် မနာလိုပေ။

အဘိုး၏လက်များသည် သေးသွယ်ပြီး ကြည့်ကောင်းသည်။ အခြားလူအိုများ၏ လက်များနှင့် မတူပေ။ သူတို့အားလုံး၌ အသက်အရွယ် အစက်များ ရှိကြသည်။ ညိုမည်းသော အသားအရေနှင့် ရှုံ့တွနေ၏။ လုံးဝ ရုပ်​မ​ကောင်းပေ!

ပိုအရေးကြီးသည်က သူ့အဖိုး၏ လက်များက အရမ်းလက်သွက်သည်။

ပန်းတစ်ပွင့်ကို ချက်ခြင်း ပန်းထိုးသည်။ ထို့နောက်နောက် ကြက်မအိုကြီး။ သူတို့က သိသိသာသာ အစစ်အမှန်နှင့်တူပြီး လှသည်။

ဝမ်းကွဲအစ်မတုန်းဟယ်လည်း တော်သည်။ သူမအဘိုးဖြစ်သူက သူမကိုယ်လုံး၌ အပ်ရှည်များ ပါနေသည်ဟု ဆိုသည်။ တစ်နာရီမပြည့်မီတွင် သူမသည် လှည့်ပတ်နေပြီဖြစ်သည်။ အစ်မတုန်းဟယ်လောက် စိတ်မရှည်ပေ။

အိုး၊ စိတ်ရှုပ်လိုက်တာ။

သို့သော် သူမအဖွားက လူတိုင်း၌ သူတို့ကိုယ်ပိုင် အားသာချက် ရှိသည်ဟု ဆိုသည်။ သူမ၏ တောက်ပသည့်အချက်က ချစ်စရာကောင်းသည်။ ထို့အပြင် သူမ၏ အရောင်တွဲစပ်မှုက အလွန်ကောင်းသည်။

သူမအဖိုးက သူမသည် အရောင်များကို သဘာဝအတိုင်း အာရုံခံစားတတ်သည်ဟု ဆိုသည်။ အနာဂတ်မှာ အခွင့်ရေးရှိလျှင် ပုံဆွဲနည်းကို သင်ပေးမည်။

အကြံကောင်းတစ်ခုဟု သူမထင်သည်သည်။ သူမကြိုက်သည့်အရာများကို ဆွဲနိုင်သည်။

"ညီမလေးသာ့ချောင်၊ လာပြီလား၊ မြန်မြန်ဝင်လာ" သာ့ချောင်၏ အသံကို ကြားသောအခါ ချောင်တုန်းဟယ်က ဝမ်းသာအားရတုံ့ပြန်သည်။

"လာမယ်။ လာမယ်။ ချစ်စရာကြီး ချက်ခြင်းဝင်လာမယ်!"

"ဖွီ..."

ချောင်တုန်းဟယ်က သူမ၏ ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။ ညီမလေးက ချစ်ဖို့ကောင်းလွန်းသည်ဟု ခံစားရသည်။

သူမ ကြီးပြင်းလာသည့်အခါ အရေကို ထူခဲ့သည်ကို မှတ်မိပြီး ရှက်နေမလားဟု ချောင်တုန်းဟယ်က တွေးမိသည်။

မနက်ခင်း၌ ပန်းထိုးပညာသင်ယူပြီးနောက် နေ့လည်စာစားရန် အိမ်ဟောင်း၌ နေသည်။ ထို့နောက် ဝမ်းကွဲအစ်မ နှစ်ယောက်နှင့် အတူ ထမင်းစားပြီး တစ်ရေးတစ်မော အိပ်သည်။

နာရီဝက်လောက်ကြာသောအခါ သာ့ချောင်က အိပ်မက်မက်နေရင်း ရုတ်တရက် မျက်ရည်ကျလာသည်။ ဤအရာက သူမအနားရှိ ချောင်တုန်းဟယ်နှင့် ချောင်တုန်းယင်ကို ထိတ်လန့်သွားစေသည်။

"ညီမလေးသာ့ချောင်၊ ညီမလေး သာ့ချောင်၊ ဘာဖြစ်နေတာလဲ?" ချောင်တုန်းဟယ်က အနည်းငယ် လန့်သွားသည်။

ချောင်တုန်းယင်က သူမ၏ အစ်မကို တားလိုက်သည်။ "အစ်မ၊ သူမကို မတွန်းနေနဲ့။ အဖိုးနဲ့ အဖွားကို သွားခေါ်လိုက်မယ်"

စကားပြီးသည်နှင့် ကုတင်ပေါ်မှ အမြန်ထပြီး အဖို အခန်းဆီ ပြေးသွားသည်။

မကြာခင်မှာပင် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က ပြေးလာကြသည်။

သာ့ချောင်က ငိုနေတုန်းပင်။ မျက်လုံးလေးများကို တင်းတင်းမှိတ်ထားရင်း သူမ၏မျက်နှာလေးမှာ နီမြန်းနေသည်။ သူမ၏ ရှည်လျားပြီး ထူထပ်သော မျက်တောင်များသည် စိုစွတ်နေ၏။ ပဲစေ့အရွယ် မျက်ရည်များက မျက်လုံးမှ ဆက်တိုက် စီးကျနေသည်။

၎င်းကို ချောင်ရှို့ကျီ မြင်လိုက်သည်နှင့် ထိတ်လန့်သွားသည်။

သူမက လျှောက်လာကာ သာ့ချောင်ကို ပွေ့ချီပြီး မျက်နှာကို ဖြည်းဖြည်းလေးပုတ်ကာ ခေါ်နှိုးသည်။ "သာ့ချောင်၊ ဒါအဖွားပဲ၊ မြန်မြန်နိုးတော့..."

အကြိမ်အနည်းငယ်ခေါ်ပြီးနောက် သာ့ချောင်သည် အိပ်မက်ဆိုးမှ နိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အဖွားကိုတွေ့လိုက်သည်။

သူမက "ဝါး"ခနဲ ငိုပြီး ပြောခဲ့သည်။ "အဖွား၊ ညီမလေးဝမ်အာကို ခေါ်သွားတယ်လို့ အိပ်မက်မက်ခဲ့တယ်... ဝါး ဝါး... သမီး ဆက်ပြီး လိုက်ဖမ်းနေပေမယ့် သူတို့ကို လိုက်ဖမ်းလို့ မရဘူး..."

ချောင်ရှို့ကျီ၏ နှလုံးခုန်သံများ ဆက်တိုက် နစ်မြုပ်သွားသည်။

သူမအစိုးရိမ်ဆုံးအရာက နောက်ဆုံးတော့ ဖြစ်သွားပြီ။

သာ့ချောင်ကို နှစ်သိမ့်ပြီးနောက် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် အခန်းသို့ ပြန်လာကြသည်။

ချောင်ရှို့ကျီက ပြောသည်။ "ကျွန်မ ပဉ္စမနဲ့ သူ့မိန်းမကို ရှာဖို့ ပြည်နယ်မြို့ကို သွားချင်တယ်။ သူတို့ တစ်ခုခုဖြစ်သွားတယ်လို့ ကျွန်မ အမြဲခံစားနေရတယ်!"

ရွှယ်ချွမ်က သဘောမတူပေ။ "လူတွေအများကြီးဘဲ။ သူတို့ကို ဘယ်မှာရှာမှာလဲ? အပြင်သွားပြီးတော့ သူတို့ပြန်လာရင် တစ်ယောက်နဲ့တစ်ယောက် မလွဲသွားဘူးလား?"

ချောင်ရှို့ကျီက ခဏလောက်စဉ်းစားလိုက်သည်။ "ရှင်ပြောတာက အဓိပ္ပာယ်ရှိတယ်။ ကျွန်မ နောက်ထပ် လဝက်လောက်စောင့်မယ်။ ပဉ္စမသားဆီက ဘာသတင်းမှ မရသေးရင် ကျွန်မကို မတားနဲ့"

ရွှယ်ချွမ်က သူမ၏ လက်ကို ကိုင်ပြီး ပြောခဲ့သည်။ "ကောင်းပြီ ငါမင်းကို မတားဘူး။ အချိန်ကျရင် မင်းနဲ့လိုက်ခဲ့မယ်!"

...

တုန်းကျင်း တခါမှ မခံစားဖူးပေ။

ခင်ပွန်းဖြစ်သူကို ချုပ်ထားချိန်မှစ၍ ခင်ပွန်းသည်အတွက် အဆက်အသွယ်ရရန် နေ့တိုင်း ရှာနေခဲ့သည်။

သူမက တကယ်ကို ပြိုလဲတော့မည်။ လမ်းပေါ်တွင် မျက်နှာကို အုပ်ထားရင်း အကြိမ်များစွာ ငိုကြွေးမိသည်။

ထိုနေ့က ခင်ပွန်းဖြစ်သူကို မတားနိုင်ခဲ့သည့်အတွက် နောင်တရမိသည်။ သူတော်ကောင်းများက သူတို့၏ ကုသိုလ်ကောင်းမှု အတွက် ဆုပေးမခံရသည်ကိုပင် မကျေမနပ်ဖြစ်မိသည်။

သူမ၏ အစ်မနှင့် ခဲအိုတို့ နှစ်ယောက်လုံးက အလုပ်ကိစ္စနှင့် ခရီးထွက်နေပြီး ခဏတာ အဆက်အသွယ် မရပေ။

သူမသည် အရာအားလုံးကို တွေးတောပြီး ရှာဖွေနိုင်သမျှကို ရှာဖွေခဲ့သည်။ သူမက တကယ်ကို အဆုံးစွန်ထိ ရောက်သွားသည်။

သူမ မခံနိုင်တော့ဘူး!

တုန်းကျင်းက မျက်ရည်များကျပြီး မူးဝေလာချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်...

"ကျင်းအာ၊ ကျင်းအာ၊ တံခါးဖွင့်ပေး။ အစ်မကြီးပဲ!"

အစ်မ!

တုန်းကျင်း၏ မျက်လုံးက နီရဲလာပြီး မျက်ရည်များက စီးကျလာပြန်သည်။ သူမက ထပြီး တံခါးကိုဖွင့်လိုက်သည်။ တံခါးအပြင်ဘက်၌ ရပ်နေသည့် အစ်မဖြစ်သူကို မြင်သောအခါ မျက်ရည်များ ကျလာပြန်သည်။

တုန်းရွှယ်သည် သူမ၏ညီမကို ပွေ့ဖက်ကာ နှစ်သိမ့်နေသည်။

All Chapters