အခန်း (၆၆)
Vol. 6 Ch. 66
သူတို့အားလုံးက ဆင်းရဲသည့် မိသားစုမှ မွေးဖွားလာကြသည်။ ကလေးကို တကယ်သတ်လိုက်လျှင် သူတို့၏ ဘဝတင်မကဘဲ သူတို့မိသားစုတွေလည်း ဒုက္ခရောက်မည်။
ထို့ကြောင့် ယခုအချိန်တွင် ချောင်ရှို့ကျီသည် သူတို့၏ မျက်လုံးထဲတွင် ပြန်လည်မွေးဖွားလာသည့် မိဘများကဲ့သို့ ဖြစ်နေသည်။ သူတို့၏ ကျေးဇူးရှင်ကြီးပင်။
လူတိုင်းက သူတို့၏ အာရုံကို ပြန်ရောက်သွားကြသည်။ အချို့က ချီးကျူးကြပြီး အချို့က အဒေါ်ကြီးကို ရှုတ်ချကြသည်။
"ဒါက ဘယ်လိုလူလဲ? ရက်စက်တဲ့ နှလုံးသားရှိတဲ့လူပဲ၊ ရဲစခန်းမှာ အလုပ်လုပ်နေတဲ့ သားတစ်ယောက်မွေးရတာ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားနေတာလဲ?"
"မှန်တယ်။ မတော်တဆ ဝင်တိုက်မိလို့ သူ့အသက်ကို လိုချင်နေတယ်။ ဒီလိုလူမျိုးကို ဖမ်းသင့်တယ်။ လမ်းမပေါ်မှာ ပစ်သတ်ရမယ်"
(T/N: တရုတ်မှာ အဲ့ဒီအချိန်တုန်းက ပြည်သူတွေကို ဥပမာပေးတဲ့အနေနဲ့ အပြစ်ကြီးတဲ့လူတွေကို လမ်းမပေါ်မှာ ပစ်သတ်တယ်။ အခုဆိုရင်တော့ ရုပ်ရှင်မင်းသား၊မင်းသမီးတွေကို အခွန်ရှောင်တဲ့ကိစ္စဘာညာမှာ carrer ပျက်တဲ့အထိ လုပ်သလိုမျိုးပေါ့။ )
"ဒီကလေးလေးရဲ့အဝတ်အစားတွေက သပ်သပ်ရပ်ရပ်ဝတ်စားထားတာကို ကြည့်ကြည့်။ သူက မိသားစုကောင်းတစ်ယောက်ရဲ့ ကလေးဖြစ်ကောင်းဖြစ်နိုင်တယ်။ တကယ်ဖြစ်လာရင် သူ့သားက ရဲစခန်းမှာ ကိုင်တွယ်နိုင်မလားဆိုတာ ငါကြည့်ချင်တယ်"
အဒေါ်ဝကြီးက ရူးသွားလုနီးပါး ထိတ်လန့်သွားသည်။
ထိုအချိန်တွင် သူမသည် လုံးဝ ဒေါသ ထွက်နေသည်။ ထို့နောက် ကလေးက ဝင်တိုက်သွားသဖြင့် မတွေးဘဲ သူ့ကို တွန်းထုတ်လိုက်သည်။ သူ့ကိုသတ်ရန် ဘယ်တုန်းကမှ မတွေးမိပေ!
ရှန်းထျန်းရုံ၏ မိသားစုသည်လည်း သူတို့၏ အာရုံကို ပြန်ရလာကြသည်။ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ကျော်ရှိ အဘွားအိုနှင့်အတူ အမျိုးသမီးငယ်လေးက ယိုင်နဲ့နဲ့လမ်းလျှောက်လာသည်။
အဘွားအိုက ကလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ ငိုခဲ့သည်။ "မင်း၊ မင်း အဖွားကို သေအောင် ခြောက်နေတယ်"
အမျိုးသမီးငယ်သည် ချောင်ရှို့ကျီဆီသို့ လျှောက်လာပြီး လေးလေးနက်နက် ဦးညွှတ်ကာ ပြောခဲ့သည်။
"ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်။ အဒေါ့်ကြောင့်သာမဟုတ်ရင် ကျွန်မ တူလေးသေလိမ့်မယ်..."
စကားပြောနေရင်း မျက်လုံးများက နီရဲလာသည်။
သူမသည် ယခုပင် ထျန်းရုံ၏ ခေါင်းဆီသို့ ဦးတည်နေသည့် သစ်သား ဗီရိုကို တွေ့လိုက်ရသဖြင့် ခြေထောက်များက ပျော့ခွေသွားသည်။
ရှန်မိသားစု၏ တတိယမျိုးဆက်တွင် ထျန်းရုံသည် တစ်ဦးတည်းသောသားဖြစ်သည်။ ထျန်းရုံသာ တစ်ခုခုဖြစ်ခဲ့လျှင် သူမ၏ မိဘများနှင့် ယောက်မ သည်းခံနိုင်မည် မဟုတ်ပေ။ အကျိုးဆက်များက မတွေးရဲစရာပင်။
ထို့ကြောင့် ဒီအချိန်တွင် တစ်ဖက်သားကို ဦးညွှတ်ရန် သူမကို ဒူးထောက်ခိုင်းလျှင်ပင် ဆန္ဒရှိသည်!
ချောင်ရှို့ကျီက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ "ကျေးဇူးတင်စရာ ဘာမှ မရှိပါဘူး။ ဒါပေမယ့် အနာဂတ်မှာ မင်း အာရုံစိုက်ဖို့ လိုတယ်။ နောက်တစ်ကြိမ် ကံကောင်းဖို့ မလွယ်ဘူး!"
ယနေ့ သူမတို့သာ မတွေ့လျှင် ဒီကလေး ဒုက္ခရောက်မှာ သေချာသည်။
မိန်းမပျိုသည် စိတ်မသက်မသာဖြစ်စရာ စကားလုံးများကို မတွေ့ရပေ။ သူမက တူညီသော ခံစားချက်ဖြင့် ခေါင်းညိတ်ပြခဲ့သည်။
"အဒေါ်၊ မသွားပါနဲ့ဦး။ ခဏနေရင် ကျွန်မတို့ တစ်မိသားစုလုံး ကျေးဇူးတင်မယ်။ အခုတော့ အမှိုက်ကို အရင်ရှင်းလိုက်မယ်"
ပြောပြီးသည်နှင့် လှည့်ပြီး အဒေါ်ဝကြီးဆီ လျှောက်သွားသည်။ သူမက လက်ကို မြှောက်ပြီး ပါးရိုက်လိုက်သည်။ "ကံကောင်းလို့ ကျွန်မတူလေး ဘာမှမဖြစ်ဘူး။ မဟုတ်ရင် ဒီကိစ္စကို ပါးရိုက်ရုံနဲ့ ဖြေရှင်းလို့ မရဘူး!"
အဒေါ်ဝကြီးသည် ဖြူစင်သော အသားအရေနှင့် မျက်နှာပေါ်တွင် အသားများစွာရှိသည်။ ပါးရိုက်လိုက်သည်နှင့် သူမ၏ မျက်နှာပေါ်တွင် တောက်ပသည့်လက်ဝါးရာတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။
အဒေါ်ဝကြီးက ဝက်သတ်သလိုပင် အော်သည်။ မိန်းမငယ်၏ ဆံပင်ကို ဆွဲယူလိုက်သည်။ "ခွေးမ ငါ့ကို ရိုက်ရဲလား! ငါ့ကို ရိုက်ရဲလား!"
သို့သော် သူမ၏လက်က မိန်းမပျိုကို မထိမီ ချောင်ရှို့ကျီက ထပ်မံဖမ်းလိုက်သည်။
အဒေါ်ကြီးက ဒေါသထွက်ပြီး သူမ၏ပါးပြင်က တုန်ယင်နေသည်။ "နင် ငါ့ကိုအခုချက်ချင်းလွှတ်လိုက်။ ငါ့သား လာတဲ့အခါ နင်တို့အားလုံးကို ကြည့်ကောင်းအောင် လုပ်ပေးမယ်!"
ချောင်ရှို့ကျီသည် သူမနှင့် လေကုန်မခံချင်ပေ။ အဒေါ်၏ လက်ကို ထူးဆန်းသောထောင့်သို့ လှည့်လိုက်သည်။
အဒေါ်ဝကြီးက ဝက်သတ်သကဲ့သို့ ထပ်မံ၍ အော်ပြန်သည်။ "အားးး... လွှတ်! သေအောင် နာတယ်!"
ဤမြင်ကွင်းကို လူတိုင်းမြင်သောအခါ သန်မာသော အမျိုးသမီးတစ်ဦးသည် သစ်သားဗီရိုကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ထားသည်အား ပြန်မြင်ယောင်မိသဖြင့် အဒေါ်ဝကြီးအတွက် ဖယောင်းတိုင်တစ်တိုင်ကို တိတ်တဆိတ် ထွန်းညှိထားပေးကြသည်။
အမျိုးသမီးငယ်က ချောင်ရှို့ကျီကို ထပ်ခါတလဲလဲ ကျေးဇူးတင် စကားပြန်ပြောသည်။ "အဒေါ်၊ အကြိမ်တစ်သန်းလောက် ကျေးဇူးတင်ပါတယ်၊ ကျွန်မက သူမကို ရဲစခန်း ပို့ဖို့စီစဉ်ထားတယ်။ ကျွန်မတို့အတွက် ရှင်းချက်ထုတ်ဖို့ အဒေါ်ကို ဒုက္ခပေးရဦးမယ်"
ချောင်ရှို့ကျီသည် အဒေါ်ဝကြီး၏လက်ကို ခါလိုက်ပြီး ပြဿနာမရှိဟု ခေါင်းညိတ်ပြသည်။
ထိုအချိန်တွင် အရပ်ရှည်ရှည် လူတစ်ယောက် ဝင်လာပြီး ပတ်ပတ်လည်ကို လှမ်းကြည့်သည်။
အဒေါ်ဝကြီးက ထိုလူကိုမြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ "ချိန်ချန်ရေ၊ အမေ ဒီမှာ။ အမေ့ကို လာကယ်ပါဦး။ အမေ့ကို အနိုင်ကျင့်နေတယ်။ ယုတ်ညံ့တဲ့ ရွှံ့ခြေထောက်အားလုံးကို ဖမ်းပြီး ဒီနေ့ ထောင်ထဲထည့်ရမယ်!"
အဒေါ်ဝကြီး၏သား လောင်ချိန်ချန်သည် အမြဲတစေ မိဘကျေးဇူးသိတတ်သူ ဖြစ်သည်။ သူ့အမေ၏ အသံကိုကြားသောအခါ ချက်ခြင်း ပြေးသွားခဲ့သည်။
သူ့အမေ၏ မျက်နှာပေါ်ရှိ လက်ဝါးရာကို မြင်သောအခါ သူက ဒေါသထွက်ကာ စိုးရိမ်တကြီးနှင့် မေးသည်။ "အမေ၊ အမေ့ကို ဘယ်သူက အနိုင်ကျင့်တာလဲ?"
အဒေါ်ဝကြီးက ချောင်ရှို့ကျီကို ညွှန်ပြသည်။ "ဒီရွှံ့ခြေထောက်။ ခုနက သူမက ဆရာကြီးလို့ ပြောလိုက်တယ်။ ဖွီ၊ သူက သူတောင်းစားလို ဝတ်ထားပြီး လှည့်စားဖို့ ထွက်လာချင်နေတာ။ ပြီးတော့ ဒီခွေးမကလည်း အမေ့ကို ပါးရိုက်တယ်"
မည်သူပင်ဖြစ်စေ အမေဖြစ်သူက ထိုသို့ အရိုက်ခံရသည်ကို မြင်သောအခါ သည်းမခံနိုင်ပေ။
"မေမေ၊ စိတ်မပူနဲ့။ ငါ ဒီကိစ္စကို ယူပြီး သူတို့ကို သင်ခန်းစာ ပေးမယ်" လောင်ချိန်ချန်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။
လောင်ချိန်ချန်၏ ဒေါသတကြီး ဘုရင်ခုန်း အမူအရာကို လူတိုင်းမြင်သောအခါ သန်မာသော မိန်းမနှင့် မိန်းမငယ်အတွက် စိုးရိမ်နေကြသည်။
လောင်ချိန်ချန်က သူ့အမေကို ရိုက်နှက်သည့် နှစ်ယောက်ကို ဖမ်းရန် လှည့်ကြည့်လိုက်သည်။ သို့သော် သူ လှည့်ကြည့်လိုက်သည်နှင့် အမျိုးသမီးငယ်ကို မြင်ပြီး လန့်ဖျပ်သွားသည်။ "မစ္စ...မစ္စရှန်း..."
သူမသားက မဖမ်းသေးဘဲ သူသိပုံရသလို ကြည့်နေသောအခါ အဒေါ်ဝကြီးက မိန်းမငယ်လေးကို ဒေါသတကြီးနှင့် ကြည့်ပြီး ပြောလိုက်သည်။ "ချိန်ချန်၊ သားသိလား?"
လောင်ချိန်ချန်၏ နဖူးပေါ်မှ အေးစက်သော ချွေးများက ကျဆင်းလုနီးပါးဖြစ်နေပြီ။
အဒေါ်ကြီးသည် သားဖြစ်သူထံမှ အဖြေတစ်စုံတစ်ရာ မရခဲ့သဖြင့် ချက်ခြင်းပင် နှလုံးသားထဲတွင် မှန်းဆချက်တစ်ခု ရှိလာသည်။
သူမသားက အလွန်တော်သည်။ သူမသားကို သွေးဆောင်ရန် ကြိုးစားသည့် လိပ်ပြာများစွာ ရှိသည်။ ဤမိန်းမငယ်က သူတို့ထဲက တစ်ယောက်ဖြစ် မည်။
၎င်းကိုတွေးရင်း သူမက ပိုပိုပြီး ဂုဏ်ယူလာသည်။ "ချိန်ချန်၊ အမေပြောမယ်။ ဒီလိုမိန်းမမျိုးက မိခင်ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ မင်း သူ့ကို မရွေးရဘူး!"
လောင်ချိန်ချန်၏ မျက်နှာတွင် အဆင်မပြေမှုများ နက်ရှိုင်းလာသည်။ "အမေ၊ အမေထင်သလိုမဟုတ်ဘူး!"
"အမေ ဘာထင်လို့လဲ? သူက မင်းကို အရှက်မဲ့စွာ နှောက်ယှက်ခဲ့တာဖြစ်မယ်။ မင်းက ကြင်နာတတ်တော့ အရှက်မဲ့တဲ့ မိန်းမတွေကို ဘယ်လို ငြင်းပယ်ရမှန်းမသိဘူး။ အမေ မင်းကို ကူညီပေးမယ်"
အဒေါ်ကြီးက မေးစေ့ကို မြှောက်ထားသည်။ အဖတ်မလုပ်သော ဘုရင်မတစ်ပါးကဲ့သို့ပင် သူမသည် မိန်းမပျိုကို ကြည့်ခဲ့သည်။
"မင်းရဲ့ စရိုက်လက္ခဏာ၊ အသွင်အပြင်နဲ့ ငါတို့ လောင်မိသားစုရဲ့ တံခါးကို ဘယ်တော့မှ ဝင်မှာ မဟုတ်ဘူး။ ငါတို့ လောင်မိသားစုရဲ့ ချွေးမ တစ်သက်လုံး ဖြစ်မှာ မဟုတ်ဘူး"
အမျိုးသမီးငယ်က သရော်လိုက်သည်။ "လူတိုင်းက မရှင့်ရဲ့သားကို စွဲလန်းနေတယ်လို့ ထင်နေတာလား?"
အဒေါ်ဝကြီးက ဒေါသထွက်သွားသည်။ "နင် ခွေးမ…"
လောင်ချိန်ချန်၏ မျက်နှာသည် နီမြန်းသွားပြီး အော်လိုက်သည်။ "အမေ၊ မပြောနဲ့တော့!"
အဒေါ်ဝကြီးက လုံးဝ အေးခဲသွားသည်။
သူမသားက ကြီးပြင်းလာပြီး သူမကို ကြမ်းတမ်းသည့် စကားတစ်ခွန်းမှ မပြောဖူးပေ။ ယခု သူက ဒီခွေးမ ကြောင့် သူမကို အော်သည်။
ထို့အပြင် သူမက အိမ်ထဲသို့ မဝင်ရသေးပေ။ အိမ်ထဲကို ဝင်ခွင့်ပြုရင် အနာဂတ်မှာ ဘယ်လိုဖြစ်မလဲ?
"ခွေးမ ငါ့သားကို မြူဆွယ်ရဲတယ်လား? ငါနင့်ကို အသေရိုက်မယ်!" သူမသည် အမျိုးသမီးငယ်ကို ဖမ်းကိုင်တော့မည်ဖြစ်သော်လည်း အမျိုးသမီးငယ်ကို မထိခင် အတင်းပြန်ဆွဲခံရသည်။
သူမက နောက်ဆုတ်ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။
သို့သော် ဒီတစ်ကြိမ်တွင် သူမကို ဆွဲသူမှာ ချောင်ရှို့ကျီမဟုတ်ဘဲ သူမ၏ အဖိုးတန်သားဖြစ်သည်။
သူမ၏ သားကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
"အမေ!" လောင်ချိန်ချန်၏ ဦးရေပြားသည် သူ့အမေ၏ အကြည့်ကြောင့် ထုံနေသည်။
သို့သော် သူ့အမေက ဆက်ပြီး ရိုင်းစိုင်းသည့် စကားများကို ဆက်ပြောနေမည်အား ကြောက်သဖြင့် အံကြိတ်ရုံသာ တတ်နိုင်သည်။
"ဒီသခင်မလေးရှန်းက ကျွန်တော်တို့ လက်ထောက်အကြီးအကဲရဲ့ ညီမလေး။ မိုက်မဲတဲ့ စကားတွေ ဆက်မပြောနဲ့!"
လက်ထောက် အကြီးအကဲရဲ့ ညီမ...?
ဆိုလိုတာက... သူမတွန်းထုတ်လိုက်တဲ့ ကလေးက သူ့သားရဲ့ အထက်အရာရှိရဲ့ တစ်ဦးတည်းသော သားလား?
အဒေါ်ကြီး၏ အမြင်အာရုံသည် မည်းမှောင်လာသည်။
အမျိုးသမီးငယ်က သရော်လိုက်သည်။ "ရဲစခန်းထဲဝင်လာတဲ့ စာရေးလေးက ဒီလောက် မာနကြီးရဲတာလား? သူ့လက်အောက်ငယ်သားတွေကို ဘယ်လိုဆုံးမထားလဲ ကျွန်မ အစ်ကိုကို မေးရဦးမယ်"
ဖရဲစေ့စားနေသူ အားလုံး ဝမ်းသာသွားကြသည်။
အဒေါ်ကြီးက မာနကြီးနေသည်။ လူတိုင်းက သူမသားက ရာထူးကြီးမြင့်သည့် သူတစ်ယောက်ဟု ထင်ကြသော်လည်း စာရေးလေးတစ်ယောက်သာ ဖြစ်နေသည်။
လူများက သူတို့၏ သွားကြီးများကို ပေါ်သည်အထိ ရယ်အောင်လုပ်သည်။
ထို့ကြောင့် အကြောင်းပြချက်မရှိဘဲ ဟန်ဆောင်မနေပါနှင့်။ ဟန်ဆောင်ခြင်းသည် မိုးကြိုးထိမှန်နိုင်သည်။
လောင်ချိန်ချန်က ဆက်တိုက်တောင်းပန်နေသည်။
"မစ္စရှန်း၊ တောင်းပန်ပါတယ်။ အမေက စိတ်မကောင်းလို့ပါ။ သူမ မသိတဲ့အရာတွေကို လုပ်လေ့ရှိတယ်။ ဒီတစ်ခါတော့ ခွင့်လွှတ်ပါ!"
အမျိုးသမီးငယ်က အေးစက်စွာ ပြုံးလိုက်သည်။ "ခွင့်လွှတ်ဖို့လား? ဒီနေ့ ဒီအဒေါ်ကြောင့်သာ မဟုတ်ရင် ငါ့တူလေးက အခု သေသွားလောက်ပြီ!"
လောင်ချိန်ချန်သည် ချွေးအေးများဖြင့် စိုရွှဲနေသည်။
သူသည် တန်ခိုးမရှိသော စာရေးသာဖြစ်သည်။ ရဲစခန်းထဲဝင်ရန် သူ့မိသားစုက အဆက်အသွယ် ရှာရန် ပိုက်ဆံအများကြီးကုန်သည်။
သူသည် ရဲစခန်း၌ ခြေကုပ်မရသေးသကဲ့သို့ သူ့အမေက ဒုရဲမှူး၏ သားကို သတ်လုနီးပါးပင်။ သူက ပြီးသွားပြီ!
မကြာခင်မှာင် အမျိုးသမီးငယ်၏ အစ်ကို ရှန်းရှိခိုင်က ရဲအရာရှိများနှင့် ရောက်လာခဲ့သည်။
လောင်ချိန်ချန်နှင့် သူ့အမေကို ရဲစခန်းဆီသို့ ပထမဆုံး ခေါ်ဆောင်သွားခိုင်းသည်။ ကျန်သည့်ကိစ္စများကို ပြန်သွားသည့်အခါ ရှင်းမည်။
၎င်းကို ပြေလည်အောင် ဖြေရှင်းပြီးနောက် သူက ချောင်ရှို့ကျီကို ကျေးဇူးတင်စကား ပြောသည်။ "ဒီက အဒေါ်၊ ကျေးဇူးအများကြီး တင်ပါတယ်။ အဒေါ်က ကလေးကိုပဲ မဟုတ်ဘူး၊ ကျွန်တော်တို့ မိသားစုကို ကယ်ခဲ့တာ!"
ထျန်းရုံကို မွေးဖွားစဉ်က ဇနီးသည်၏ ခန္ဓာကိုယ် ပျက်စီးသွားခဲ့သည်။ သူမသည် ဤဘဝတွင် ထပ်မံမွေးဖွားနိုင်တော့မည် မဟုတ်ဟု ခန့်မှန်းမိသည်။
ဇနီးသည်နှင့် ခိုင်မာသောဆက်ဆံရေးရှိပြီး ကွာရှင်းပြတ်စဲပြီး နောက်အိမ်ထောင်ပြုရန် ဘယ်သောအခါမှ မတွေးခဲ့ပေ။ တစ်နည်းဆိုရသော် ထျန်းရုံသည် သူတို့၏ တစ်ဦးတည်းသောသား ဖြစ်လာမည်ဖြစ်သည်။
အကယ်၍ သူမက ဒီနေ့ ထျန်းရုံကို မကယ်တင်ခဲ့လျှင် ရှန်းမိသားစုက ကွဲသွားလိမ့်မည်။
တစ်ဖန် ချောင်ရှို့ကျီက ဘာမှမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး အခြားသူ၏ နေအိမ်သို့ ဖိတ်ကြားချက်ကို ငြင်းဆိုလိုက်သည်။
နောက်ကျသွားပြီ။ ယခု မပြန်လျှင် ညဘက်၌ အိမ်ပြန်ရမည်။
သူမက စိတ်ပိုင်းဖြတ်ထားသည်ကို တွေ့လိုက်ရသဖြင့် ရှန်းမိသားစုက အတင်းအကြပ် မလုပ်ပေ။ သို့တိုင် သူတို့က သူမ၏လိပ်စာကို တောင်းရမ်းပြီး ရက်အနည်းငယ်အတွင်း လူကိုယ်တိုင်လာရောက်၍ ကျေးဇူးတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဘွားအိုရှန်းက သူမသမီး ရှန်းလင်းလင်းကို ဘီစကွတ်၊ သကြားလုံးနှင့် လိမ္မော်သီးစည်သွတ်ဘူးအများကြီးဝယ်ပေးရန် ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင် ချောင်ရှို့ကျီက မငြင်းခဲ့ပေ။
သူမသည် အချိန်ဖြုန်းသည်ဟု ထင်သောကြောင့် အခြားသူများကဲ့သို့ တွန်းလိုက်၊ ပို့လိုက် မကြိုက်ပေ။
သာ့ချောင်နှင့် သူမ၏အဖွား ထွက်ခွာသွားခြင်းနှင့်ပတ်သက်၍ မပျော်ဆုံးသူမှာ ရှန်းထျန်းရုံ ဖြစ်သည်။