← Chapters

အခန်း (၇၀)

Vol. 6 Ch. 70

အခန်း (၇၀)

Vol. 6 Ch. 70

အားလုံးက စားပွဲပေါ်ကို မျက်စိရောက်သွားကြသည်။ စားပွဲရုတ်တရက် ကွဲသွားမည်ကို အနည်းငယ် စိုးရိမ်မိသည်။

ချောင်ရှို့ကျီက ချွေးမနှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"အားလုံးကို အစုငါးခုခွဲထားတယ်။ တစ်ခုက ငါနဲ့ နင်တို့အဖေအတွက်ပဲ၊ ကျန်တာက နင်တို့ လေးစုအတွက်ပဲ။ အနည်း၊အများ ဘယ်သူမှ မရှိဘူး။ ထင်မြင်ချက်ရှိလား?"

ချောင်ကျန်းကော် - "အမေ၊ အဖေတို့ စားဖို့ အားလုံးယူထားလိုက်ပါ။ ကျွန်တော်တို့မှာ ဘာသဘောထားမှ မရှိဘူး"

ချောင်ကျန်းကျွင်းနှင့် ချောင်ဟုန်းရှက ထောက်ခံပြီး ခေါင်းညိတ်လိုက်သည်။

ချန်ချောင်ချောင်က စကားမပြောပေ။

ဝမ်ချွမ်ကျီသာ ရင်တွင်း၌ မကျေမနပ် ခံစားလိုက်ရသည်။

တရားမျှတသည်ဟု ထင်ရသော်လည်း သူတို့၏ ပထမအိမ်ထောင်စုအတွက် လုံးဝ တရားမျှတမှုမရှိပေ။

အခြားအိမ်ထောင်စုများတွင် ကလေးတစ်ဦးသာ ရှိသည်။

ချောင်ကျန်းကော်နှင့် ချောင်ဟုန်းရှတို့က ကွာရှင်းပြီပြီ။ သူတို့အိမ်ထောင်စု၌ လူနှစ်ယောက်သာ ရှိသည်။ ပထမအိမ်ထောင်စုတွင် လူငါးဦးရှိသော်လည်း ကလေး သုံးဦးပါဝင်သည်။

ဒုတိယအနေနှင့် ချောင်မိသားစု၏ တစ်ဦးတည်းသော ရွှေမြေးကို မွေးဖွားခဲ့ပြီး နောက်တစ်ယောက် ကိုယ်ဝန်ရှိနေသည်။ ဘာပဲဖြစ်ဖြစ် အထူးဂရုစိုက်မှု ခံယူသင့်သည်။ သူမ၏ ယောက္ခမနှင့်ဆိုလျှင် မဖြစ်နိုင်ပေ။

သူမက တကယ်စိတ်ဆိုးသွားသည်!

သို့သော် ယခုအချိန်တွင် ယောက္ခမ၏ ဆိုးရွားသည့်ဘက်ကို မရောက်ဝံ့သေးပေ။ သူမ၏ ဒေါသကို ဗိုက်ထဲသို့ ပြန်မျိုချလိုက်သည်။

ချောင်ရှို့ကျီသည် ဝမ်ချွမ်ကျီက မကျေမနပ်ဖြစ်နေသည်ကို သတိပြုမိသွားသည်။ အဲ့တော့ ဘာဖြစ်လဲ?

ထိုအရာများသည် သူမ၏ ပစ္စည်းများ ဖြစ်သည်။ သူမက လိုချင်သလို ခွဲပေးနိုင်သည်။ နည်းလွန်းလျှင် သူတို့ကိုယ်တိုင် ဝင်ငွေရှာနိုင်သည်။

ချွေးမနှစ်ယောက်က သန့်ရှင်းရေးလုပ်ပြီး အတူတူ ပန်းကန်ဆေးရန် သွားကြသည်။

ချောင်ရှို့ကျီက သူမသမီးကို ယနေ့ အိမ်ထောင်စုစာရင်းကိစ္စနှင့် ပတ်သက်ပြီး မေးခဲ့သည်။ "ကျောက်မိသားစုက ဒီနေ့ သမီးကို အခက်တွေ့စေခဲ့လား?"

ချောင်ဟုန်းရှက ခေါင်းခါလိုက်သည်။ သူမမျက်လုံးထဲတွင် မေးခွန်းအမှတ်အသားများ ပေါ်လာသည်။ "အဲ့လို မဟုတ်ဘူး။ ကျောက်မိသားစုက ဒီနေ့ အရမ်း နာခံပြီး လိုက်နာခဲ့တယ်"

ထို့ကြောင့်​ လိုက်လျောခြင်းသည် သူတို့မိသားစု၏ စရိုက်နှင့် လုံးဝမတူပေ။

"ဘာဖြစ်တာလဲ?" ချောင်ရှို့ကျီက ထပ်မေးသည်။

ချောင်ဟုန်းရှက ခေါင်းခါလိုက်သည်။ "ဘာမှမဖြစ်ပါဘူး"

ခေဖာင်ဟုန်းရှက ဘာမှမပြောချင်သည်ကို မြင်သောအခါ ချောင်ရှို့ကျီက ဆက်မမေးတော့ပေ။

ချောင်ကျန်းကျွင်းသည် သူ့မိဘများကို အနည်းငယ်ကြည့်ကာ ခေါင်းကို မော့လိုက်သည်။ လင်းဟွေ့က သူ့ကိုရှာရန် လာကြောင်း ပြောချင်သော်လည်း ပါးစပ်မဖွင့်နိုင်ခဲ့ပေ။

အဆုံးတွင် အစ်ကိုကြီးဖြစ်သူက သူ့ကို ချောင်အိမ်ငယ်လေးဆီ ပြန်သယ်သွားသည်အထိ မပြောခဲ့ပေ။

ကလေးတစ်ယောက်က တုံ့ဆိုင်းနေပြီး နောက်တစ်ယောက်ကတော့ အတူတူပင်။

ချောင်ရှို့ကျီသည် လူအနည်းငယ်က ညဘက်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။ ထိုမှပင် သူမ အာရုံများ ပြန်လည်ရရှိလာသည်။ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ခင်ပွန်းသည်နှင့် အကြည့်ဆုံမိသွားသည်။

ရွှယ်ချွမ်က အနားရောက်လာပြီး သူမ၏ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်စကားဆိုသည်။ "သားသမီးတွေ မြေးတွေ သူတို့ကိုယ်ပိုင် ကောင်းချီးရှိတယ်။ ကြီးပြင်းလာပြီ။ အများကြီးကို ကိုယ်တိုင် ကိုင်တွယ်တတ်ဖို့ သင်ယူရမယ်"

ချောင်ရှို့ကျီက ခေါင်းညိတ်ပြသည်။ "ရှင်ပြောတာ မှန်တယ်။ ဒါပေမယ့် ကလေးတစ်ယောက်ကို အသက်တစ်ရာအထိ ပြုစုပျိုးထောင်ရင် ကိုးဆယ့်ကိုးနှစ်က စိုးရိမ်နေရမယ်။ မိဘက ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲ?"

နှစ်ယောက်သား လက်ချင်းတွဲကာ အခန်းထဲသို့ လျှောက်သွားကြသည်။ ရွှယ်ချွမ်က သူမကို ကန်ပေါ်သို့ ဖိထားပြီး သူမ၏ပုခုံးများကို ကိုယ်တိုင်ကိုယ်ကျ နှိပ်နယ်ပေးသည်။

"လုံလောက်ပါပြီ။ အဲဒါကို ဆက်မတွေးနဲ့တော့။ သာ့ချောင်က နည်းနည်းတော့ ကွာခြားပုံရတယ်"

ယနေ့တွင် ဝမ်ချွမ်ကျီ၏ သုံးဆယ့်ကိုးနှစ်ခွဲဒီဂရီသည် ရုတ်တရက် ပိုမိုကောင်းမွန်သွားသည်။ လုပ်ငန်းစဉ်များ ပြတ်တောက်သွားသော်လည်း ဒီကိစ္စက စိစစ်မှုကို မခံနိုင်ပေ။

တစ်ယောက်ယောက်က ၎င်းကို အာရုံစိုက်လျှင် ထိုထဲ၌ ထူးဆန်းနေသည်ကို တွေ့လိမ့်မည်။

ချောင်ရှို့ကျီကိုယ်တိုင် အံ့ဩစရာများ ကြုံဖူးသဖြင့် ဒီအရာများကို သူမ မကြောက်ပေ။ "အရင်က သံသယရှိခဲ့ဖူးတယ်။ ဒီကလေးရဲ့ စကားထစ်တာက အရမ်းပြင်းထန်ပြီး ရုတ်တရက် ပိုကောင်းလာတယ်။ သူ့ခန္ဓာကိုယ်နဲ့ အသားအရည်လည်း ရှိလာတယ်။ ကျွန်မတို့ရဲ့ ဖျားနာနေတာလည်း ကောင်းလာတယ်"

ရွှယ်ချွမ်က ခေါင်းညိတ်လိုက်သည်။ "ယိမင်နဲ့ ရာစုနှစ် သက်တမ်းရှိတဲ့ လင်ဇီးရိုင်း ကိစ္စ ရှိသေးတယ်။ စတိုးဆိုင်ကို သွားတဲ့ကိစ္စရောပဲ"

လူများကို ကယ်တင်သည်က သာမန်ကိစ္စပင်။ သို့သော် ဆရာကြီးကို ကယ်တင်ခြင်းသည် လွယ်ကူသည့် ကိစ္စမဟုတ်ပေ။

ချောင်ရှို့ကျီ၏ မျက်နှာပေါ်တွင် အနည်းငယ်လေးနက်မှု ပေါ်လာသည်။ "ဒီကလေးက စွန့်စားခန်းတွေ ကြုံရမှာကို ငါကြောက်တယ်။ အဲဒါကို မပြောချင်ဘူးဆိုတော့ သူ့အတွက် ဖုံးထားလိုက်ရအောင်"

ယခုအချိန်တွင် နေရာတိုင်းတွင် အကြီးလေးကောင်က ဖျက်ဆီးခံနေရသည်။ ဒီကလေးက ကံကောင်းသည့် ကြယ်ပွင့်ဖြစ်ကြောင်း ကောလာဟလများ ထွက်ပါက သူမအတွက် ကောင်းမွန်သည့် အရာ မဟုတ်ပေ။

ရွှယ်ချွမ် - "မင်းပြောတာ နားထောင်မယ်"

ချောင်မိသားစုသည် နှစ်ရက်ကြာ ငြိမ်သက်နေခဲ့သည်။ သို့သော် သုံးရက်အကြာတွင် ချောင်ကျန်းမင်ပြန်လာခြင်းကြောင့် ဤငြိမ်သက်မှုက ပျက်ပြားသွားခဲ့သည်။

.....

ချောင်ကျန်းမင်ပြန်ရောက်ချိန်တွင် ချောင်အိမ်ဟောင်းရှိလူတိုင်း အိပ်ရန်ပြင်ဆင်နေကြပြီ ဖြစ်သည်။

ရုတ်တရက် အပြင်ဘက်မှ "ဒုန်း"ခနဲ အသံကို ကြားရပြီး ချောင်ရုံရော့၏ ဟောင်သံ​ကိုပင် ကြားရသည်။

"ကျန်းကော်၊ သူခိုးရှိလား?" ဝမ်ချွမ်ကျီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ချောင်ကျန်းကော်က သူ့မိန်းမကို ကြည့်ပြီး နှုတ်ခမ်းက ဘယ်ဘက်သို့ စောင်းကာ ပြန်ဖြေသည်။ "မိန်းမရေ၊ စိတ်မပူနဲ့။ ပန်းသူခိုးရှိရင်တောင် မင်းကို မျက်စိထဲ ထည့်မှာ မဟုတ်ဘူး"

အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရှိသည့်အခါ သူမ၏ စိတ်က အလွန်ထူးဆန်းလာသည်ဟု သူ့အမေက ပြောခဲ့သည်။ ယခု သူ လေးလေးနက်နက် နားလည်နေပြီ။

လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သူက မည်သို့ပြောရမည်ကို မသိကြောင်း သူ့မိန်းမက ပြောသည်။ သူ့ပါးစပ်ကို ဖွင့်သောအခါ လူများကို ရူးစေသည်ဟု ဆို၏။ သူအရမ်းစိတ်မကောင်းဖြစ်ရသည်။ သူသည် အမြဲတမ်း ရိုးသားပြီး အမှန်တရားကို အမြဲပြောတတ်သူဖြစ်သည်။

ဗိုက်ထဲက ကလေးအတွက်ကြောင့် လူများက ဘယ်လို ချော့သလဲဆိုသည်အား သိနိုင်ရန် ရွာထဲက ပျင်းရိသူများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

အနှစ်သာရ၏ တစ်စိတ်တစ်ပိုင်းကို ကျွမ်းကျင်နေပြီဟု သူ ခံစားရသည်။ ပထမဦးစွာ သူသည် ပါးစပ်စောင်းကာ ပြောသင့်သည်။ ဒုတိယအနေနှင့် သူက ဟာသလုပ်ရမည်။ ခုနက သူပြောခဲ့သည့်စကားက အရမ်းကောင်းသည်ဟု ခံစားရသည်။

ဝမ်ချွမ်ကျီ - "..."

F*ck off!

ဒီလူက ဘယ်လိုလုပ်ပြီး လုပ်နိုင်တာလဲ? ပါးစပ်ကိုဖွင့်လိုက်တိုင်း ပျားအုံကဲ့သို့ သူမနှလုံးသားကို ထိုးဖောက်သည်။

သူမကို ရူးလောက်အောင် လုပ်သည်!

ချန်ချောင်ချောင်သည် ကန်စားပွဲအနားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏ ပါးစပ်က တဆတ်ဆတ်တုန်နေသည်။

သေစမ်း၊ သူမ ဘာလုပ်ရမလဲ? သူမက အရမ်းရယ်ချင်နေပြီ။

အခုနက အစ်ကိုအကြီးဆုံး၏ ပုံစံသည် ဝက်ရူးပြန်ရောဂါဖြစ်ပုံရသည်။ သို့သော် သူသည် အလွန်မိုက်သည်ဟု ထင်ပုံရသည်။

"ဝု ဝု..."

အပြင်ဘက်တွင် ချောင်ရုံရော့က ပို၍ ကျယ်လောင်စွာ ဟောင်လိုက်သည်။ ၎င်းသည် သုံးလအောက် ခွေးကလေးဖြစ်သော်လည်း သူစိမ်းများ၏မျက်နှာတွင် အလွန်ရက်စက်ဆဲဖြစ်သည်။

"လိမ်လိမ်မာမာနေ ရုံရော့။ ဟောင်နေတာ ရပ်လိုက် ပြန်လာရင် အသားပေးမယ်"

ချောင်ကျန်းမင်က အိမ်၌ ခဏသာ နေခဲ့သည်။ အဝါရောင်ခွေးကလေးက သူ့ကို မေ့နေပြီဟု ထင်ရသည်။

ယခု မရပ်မနား ဟောင်နေသည်ကို မြင်သောအခါ အိမ်နီးနားချင်းများ၏ အာရုံကို ဆွဲဆောင်မည်အား ကြောက်သဖြင့် ပူပူနွေးနွေး ဒယ်အိုးပေါ်က ပုရွက်ဆိတ်များလို စိုးရိမ်နေရသည်။

ချောင်ရှို့ကျီက ထွက်လာသောအခါ သူမ၏ သားထွေးသည် ခွေးလေးကို စိတ်လှုပ်ရှားစွာ ချော့နေသည်ကို တွေ့လိုက်ရသည်။ "ကျန်းမင်၊ နင်လား?"

ချောင်ကျန်းမင်က သူ့အမေလာနေသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချပြီး တုံ့ပြန်လိုက်သည်။ "အမေ၊ ကျွန်တော်ပဲ။ မြန်မြန်ဟောင်တာကို ရပ်လိုက်။ ဒီခွေးမိုက်က ကျွန်တော့်ကို မကြာသေးဘဲနဲ့ မေ့သွားပြီ!"

ချောင်ရှို့ကျီက ချောင်ရုံရော့ကို စာကြောင်းအနည်းငယ် ဆုံးမသည်။

ချောင်ရုံရော့က ဝမ်းနည်းစွာ "အာ ဝု" ဟု အော်သည်။ မြေပြင်ပေါ်တွင် လှဲချလိုက်ပြီး စိုစွတ်နေသည့် မျက်လုံးကြီးများနှင့် အမျိုးသမီးပိုင်ရှင်ကို ကြည့်လိုက်သည်။

၎င်းက ပြောနေပုံရသည်။ အိမ်ကြည့်ဖို့ အရမ်းကြိုးစားပေးတာကို မင်းက ငါ့ကို သင်ပေးသေးတယ်။ ဒီကလေးက စိတ်မကောင်းဖြစ်ရတယ်။

ချောင်ကျန်းကော်သည် သူ့ညီငယ်၏ သူခိုးနှင့်တူသော အသွင်အပြင်ကို ကြည့်ပြီး တိုးတိုးလေးမေးသည်။ "ပဉ္စမညီလေး၊ တံခါးကို ဘာလို့ မသုံးတာလဲ? နံရံကို ကျော်တက်စရာ မလိုဘူး"

ချောင်ကျန်းမင်က သူ့အစ်ကိုအကြီးဆုံးကို တွန်းလိုက်ပြီး ပြောသည်။ "ဝင်သွားပြီး အထဲမှာ ပြောရအောင်"

လူတိုင်းက သူ့ကို ဒီလိုမြင်လိုက်သည့်အခါ စိတ်ထဲမှာ ဗုံသံလေးတွေ မြည်သွားသလို ခံစားလိုက်ရသည်။

အထူးသဖြင့် ဝမ်ချွမ်ကျီပင်။ သူမ၏ စိတ်ထဲ၌ ပြဇာတ်ကြီးတစ်ခု ပေါ်လာသည်။

အငယ်ဆုံးမောင်လေးကို ပိုကြည့်လေ၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူဆိုးတစ်ယောက်ဟု ပိုမြင်လာလေပင်။

အငယ်ဆုံးမောင်လေးက တစ်ယောက်ယောက်ကို သတ်ခဲ့တာလား?

ဒါမှမဟုတ် ရောင်းလိုအားနဲ့ ဝယ်လိုအား သမဝါယမဆီက တစ်ခုခုခိုးယူခဲ့တာလား?

ဤအကြောင်းကို သူမ ပိုတွေးလေ၊ ပိုကြောက်လာလေ ဖြစ်သည်။ သူမယောက်ျားနှင့် ယောက္ခမတို့က မိသားစုကို စောစောစီးစီး ခွဲခွာရန် အဆိုပြုခွင့် မရခဲ့သဖြင့် ပိုပြီး စိတ်မကောင်းဖြစ်ရသည်။

အားလုံးဝင်လာပြီးနောက် ချောင်ကျန်းမင်သည် တံခါးများနှင့် ပြတင်းပေါက်များကို တင်းကျပ်စွာပိတ်လိုက်သည်။ ထို့နောက် သူ့ရင်ဘတ်မှ အနက်ရောင်အ၀တ်စဖြင့် ထုပ်ထားသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။

အနက်ရောင်အ၀တ်စကို ဖွင့်လိုက်သောအခါ အထဲ၌ ဆီစက္ကူအလွှာတစ်ခုရှိနေသည်။ လူတိုင်း၏ နှလုံးသားက မြှင့်တင်သွားကြသည်။

ဆီစိမ်စက္ကူကို ဖယ်လိုက်သည့်အခါ နောက်ဆုံး အကြောင်းအရာက ပေါ်ပေါက်လာသည်... ဆယ်တန် ငွေစက္ကူ အထုပ်ကြီးနှစ်ခု!

အားလုံး၏ မျက်လုံးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူတို့၏ ပါးစပ်က ကျယ်လွန်းသဖြင့် ဥများကိုပင် သွင်းလို့ရသည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် လင်ဇီးရိုင်းကို စျေးကြီးကြီးဖြင့် ရောင်းချနိုင်မည်ဟု မှန်းဆခဲ့ကြသော်လည်း ငွေကြေးများစွာကို တွေ့လိုက်ရသည့်အတွက် အလွန်တုန်လှုပ်သွားကြသည်။

ဝမ်ချွမ်ကျီသည် တံတွေးကို ပါးစပ်ထဲမျိုချလိုက်ပြီး အသက်ရှုမဝသလို ခံစားလိုက်ရသည်။ "အမေ၊ ပိုက်ဆံအများကြီးပဲ!"

ပြောပြီး​နောက်​ မျက်​လုံး​လေးမှိတ်​ကာ လဲကျသွားသည်။

ဝမ်ချွမ်ကျီသည် အကြောင်းနှစ်ရပ်ကြောင့် မူးလဲသွားသည်။

ပထမမှာ သူမ၏ ဘဝ၌ ပိုက်ဆံအများကြီး မမြင်ဖူးသည့်အတွက် အလွန် စိတ်လှုပ်ရှားသွားသည်။ ဒုတိယအနေနှင့် သူမကိုယ်တိုင်လည်း ကြောက်လန့်နေခဲ့သည်။

သူမ မှန်းဆထားသည်က မှန်သည်ဟု သူမထင်ခဲ့သည်။ အငယ်ဆုံးမောင်လေးက တကယ်ပြစ်မှုကျူးလွန်ခဲ့သည်။

ပိုက်ဆံအများကြီးခိုးလျှင် ဖမ်းမိသောအခါ သေနတ်နှင့် ပစ်သတ်ခံရမှာ သေချာသည်။ ဝေးဝေးပြေးရမည့်အစား ပိုက်ဆံပြန်ယူလာသည်။ ဤသည်မှာ သူနှင့်အတူ တစ်မိသားစုလုံးကို သင်္ဂြိုဟ်ခြင်းပင်။

ချောင်ကျန်းကော်သည် အလွန်စိတ်လှုပ်ရှားပြီး မှိန်းမောနေသည်။ ဇနီးဖြစ်သူ မူးလဲသွားသည်ကို မြင်သောအခါ ချက်ချင်းပြန်သက်သာလာစေပြီး လဲလျောင်းရန် ကန်ဘောင်ဆီ ခေါ်သွားလိုက်သည်။

ချောင်ရှို့ကျီက မေးသည်။ "ပဉ္စမသား၊ စုစုပေါင်း ပိုက်ဆံဘယ်လောက်ရှိလဲ?"

ချောင်ကျန်းမင်၏ မျက်လုံးသည် လူတိုင်းအပေါ်သို့ ဝေ့သွားကာ ပြောလိုက်သည်။ "စုစုပေါင်း ယွမ်နှစ်ထောင်...!"

ယွမ် နှစ်ထောင်!

All Chapters