← Chapters

အခန်း (၇၄)

Vol. 6 Ch. 74

အခန်း (၇၄)

Vol. 6 Ch. 74

ချီလီရွာတွင် ကိုယ်ပိုင်ကျောင်းမရှိပေ။ ရွာရှိကလေးများသည် ပညာသင်ကြားလိုပါက ရပ်ရွာမူလတန်းကျောင်းသို့သာ သွားနိုင်သည်။

စည်းမျဉ်းများအရ သာ့ချောင်သည် မူလက စက်တင်ဘာလတွင် ကျောင်းသားသစ်အဖြစ် စာရင်းသွင်းမည်ဖြစ်သည်။

သို့သော် ရွှယ်ချွမ်က သာ့ချောင်ကို စာဖတ်တတ်အောင် သင်ပေးသည့်အခါ သူမက အလွန်ထက်မြက်ကြောင်း တွေ့ရှိခဲ့သည်။ တရုတ်၊ သင်္ချာ ဘာသာအားလုံးကို တစ်ခေါက်တည်း ရသည်။

လင်မယားနှစ်ယောက်က ဆွေးနွေးပြီးနောက် ကြန့်ကြာမနေနိုင်တော့ဘူးဟု ခံစားရသည်။ ထိုသို့ဖြင့် ကျောင်းမစခင် ရက်အနည်းငယ်အလိုမှာ သူတို့က ရပ်ကွက်မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးအိမ်ကို မုန့်နှစ်ထုပ်နှင့် သွားကြသည်။

ကျောင်းအုပ်လီသည် မူလက တွန့်ဆုတ်နေပြီး စည်းကမ်းများကို လိုက်နာမည်ဟု ပြောခဲ့သည်။ သို့သော် ကျောင်းအုပ်ကြီး၏ဇနီးသည် မုန့်နှစ်ထုပ်ကို မျက်စိမှ မလွတ်ဘဲ မုန့်ထုပ်ကို လက်ခံလိုက်သည်။

ကျောင်းအုပ်ကြီးလီသည် မိန်းမကြောက်သည်။ ဇနီးသည်က လေတစ်ချက် မလည်ဘဲ မုန့်များကို ယူသွားသည်အား သူ ကြည့်နေသည်။ စိတ်ပြောင်းရန်ကလွဲ၍ သူ့ထံ၌ ရွေးချယ်စရာမရှိတော့ပေ။ ဆုံးဖြတ်ချက်မချမီ သာ့ချောင်၏အဆင့်ကို စမ်းသပ်ရမည်ဟု သူက ပြောသည်။

သူသည် ချောင်မိသားစုကို ရုံးသို့ ခေါ်သွားပြီး သာ့ချောင်အတွက် ပထမတန်း စာမေးပွဲ စာရွက်နှစ်စုံ ယူလိုက်သည်။

သာ့ချောင်သည် ပထမတန်းဖတ်စာအုပ်များနှင့် ဒုတိယတန်းဖတ်စာအုပ်များ၏ တစ်ဝက်ကို ပြီးမြောက်ပြီးဖြစ်သည်။ ထို့ကြောင့် စာမေးပွဲစာရွက်ရပြီးနောက် အိတ်ကပ်ထဲမှ ခဲတံတစ်ချောင်းကို ထုတ်ကာ မဆိုင်းမတွ စတင်ဖြေဆိုသည်။

စာရွက်နှစ်စုံသည် စုစုပေါင်း တစ်နာရီခွဲကြာသည်။

၎င်းက ပထမတန်းစာမေးပွဲစာရွက်ပင်။ ကျောင်းအုပ်လီသည် ၎င်းကို သူ့ဘာသာသူ အမှတ်ပေးရန် ပြဿနာမရှိပေ။ အမှတ်ပေးရန် မည်သည့်ဆရာကိုမှ မခေါ်ဘဲ ကိုယ်တိုင်ကိုယ်ကျ စစ်သည်။

သူက စာမေးပွဲစာရွက်ကို ကောက်ယူပြီး စစ်ဆေးသည်။ သပ်ရပ်သော လက်ရေးကို မြင်သောအခါ သူ့မျက်လုံးများက တောက်ပလာသည်။

ကျောင်းအုပ်လီတွင် ပထမတန်းတက်နေသည့် မြေးနှစ်ယောက်ရှိသည်။ ကလေးနှစ်ယောက်ရေးသည့် စာလုံးများက ကြက်​ယက်ထားသည်နှင့် တူသည်။ လုံးဝနားမလည်နိုင်ပေ။

မဆိုးပါဘူး။ ငယ်ငယ်ရွယ်ရွယ်နှင့် သေသေသပ်သပ် ရေးတတ်သည်က ရှားသည်။

စုစုပေါင်း တစ်လကျော်သာ စာသင်ခဲ့ရကြောင်း အဘိုးအဘွားများထံမှ ကြားသိရသည်။ သူမ၏ အဖွားပြောသည့်အတိုင်း ဉာဏ်ကောင်းလျှင် သူမကို လက်ခံရန် စဉ်းစားပြီး ထိုအချိန်၌ သူမကို ကောင်းစွာ သင်ပေးနိုင်သည်။

၎င်းကိုတွေးပြီး ကျောင်းအုပ်ကြီးလီ၏ ရင်တွင်းရှိ တုန်လှုပ်ချောက်ချားမှုများက ပျောက်ကွယ်သွားသည်။

မကြာမီ စာမေးပွဲစာရွက်နှစ်စုံကို အမှတ်ပေးပြီးသည်။

သပ်ရပ်သော ရာနှုန်းပြည့် နှစ်ခုကို ကြည့်ပြီး ကျောင်းအုပ်လီ၏ မသက်မသာ အရိပ်အယောင် အနည်းငယ်က လုံးဝ ပျောက်ကွယ်သွားသည်။

ကျောင်းအုပ်လီက သူ့ခေါင်းပြောင်ကို ထိပြီး ပြုံးလိုက်သည်။ "ဒီကလေးက မဆိုးဘူး၊ ကောင်းတယ်။ သူမကို နှစ်ရက်အတွင်း ကျောင်းကို သတင်းပို့ခိုင်းလိုက်။ ပထမတန်းပြီးပြီဆိုတော့ ဒုတိယတန်းကို ​တက်ခိုင်းလိုက်။ တကယ်လို့ မလိုက်နိုင်ရင် ပထမတန်းကို ပြန်နေပေါ့"

ထိုသို့ဖြင့် ပြေလည်သွားသည်။

စာရင်းသွင်းသည့်နေ့က ရောက်လာသည်။

သာ့ချောင်သည် သူမအဖိုး ပြုလုပ်ထားသည့် အစိမ်းရောင် ကျောင်းလွယ်အိတ်ကို လွယ်သွားသည်။ ၎င်းပေါ်တွင် လူလေးသုံးဦးဖြင့် ချယ်လှယ်ထားသည်။

သူမ၏ အဘိုး၊ အဖွားနှင့် သူမတို့ ဖြစ်သည်။ ၎င်းကို သူမ၏ အဖေမြင်ပြီးနောက် အချိန်တော်ကြာ စိတ်မကောင်းဖြစ်ခဲ့သည်။

အိတ်အတွင်းတွင် ခဲတံနှစ်ချောင်း၊ ခဲဖျက်တစ်ခုနှင့် စာအုပ်တစ်အုပ်တို့ ပါဝင်သည်။

အိုး မှန်တယ်! ယနေ့က ကျောင်းစတက်သည့် ပထမဆုံးနေ့ ဖြစ်သည်။ သူမသည် အလှဆုံးအဝတ်အစားအသစ်ကို ဝတ်ရမည်။ သူမ၏ဆံပင်ကို ချောမွေ့စွာ ဖြီးပြီး ကျစ်ဆံမြီးနှစ်ခု ချည်ထားသည်။

သူမသည် မှန်ရှေ့၌ ရပ်လိုက်သောအခါ ချစ်စရာကောင်းသည့် ကောင်မလေးတစ်ယောက် ချက်ချင်းပေါ်လာသည်။

သာ့ချောင်သည် သူမ၏ ၀တ်စားဆင်ယင်မှုကို အလွန်ကျေနပ်နေသည်။ သူမ၏ ခေါင်းပေါ်က ကျစ်ဆံမြီးတွေကို ဆက်ဆွဲနေသည်။ ဂုဏ်ယူပြီး ချစ်စရာကောင်းသည့် အသွင်အပြင်က လူတိုင်း၏ မျက်နှာကို နီရဲသွားစေသည်။

သို့သော်လည်း ဝမ်ချွမ်ကျီသည် သာ့ချောင်၏ ခေါင်းမှ ခြေဖျားအထိ ပစ္စည်းအသစ်အဆန်းများကို ၀တ်ဆင်ထားသည်ကို တွေ့ရသောအခါ အလွန်စိတ်မသက်မသာဖြစ်မိသည်။

"အိုး၊ တချို့လူတွေရဲ့ဘဝတွေက ကောင်းတယ်။ အဝတ်အစားအသစ်တွေ၊ ဖိနပ်အသစ်တွေ၊ ကျောင်းလွယ်အိတ်အသစ်တွေနဲ့။ ငါတို့ရဲ့သနားစရာကောင်းတဲ့ အန်းပင်းက လွန်ခဲ့တဲ့ သုံးနှစ်က ကျောင်းလွယ်အိတ်ကို အခုထိ လွယ်နေရတုန်းပဲ!"

ဝမ်ချွမ်ကျီက သူမခေါင်းကို မထုတ်ပိုးနိုင်ပေ။

အန်းပင်းသည် ချောင်မိသားစု၏ တစ်ဦးတည်းသော မြေးဖြစ်ကြောင်း ထင်ရှားသည်။ ယောက္ခမတို့က သူ့ကို အလိုလိုက်သင့်သည်။

သို့သော် အန်းပင်းကို အလိုလိုက်ရမည့်အစား သာ့ချောင်ဆိုသည့် ဘေးဆိုးကို အလိုလိုက်ကြသည်။ ၎င်းက သူမကို ပြောမိစေသည်။

အရင်တုန်းက မြို့ထဲ၌ အိမ်ဝယ်ရန် ယွမ် ၅၀၀ ထုတ်ယူသည့် ကိစ္စရှိသေးသည်။ ယခုချိန်ထိ ထိုကိစ္စကို သူမ၏ စိတ်ထဲ၌ စွဲမနေသေးပေ။ ယခု အဝတ်အစားအသစ် ဝတ်ထားသည်ကို မြင်လိုက်ရသောအခါ မျက်စိဆံပင်မွှေး စူးသွားသည်။

အဒေါ်ကြီးက သူမအကြောင်းပြောနေသည်အား သာ့ချောင်က သိသည်။ ထို့ကြောင့် သူမက လမ်းလျှောက်လာပြီး ညင်သာစွာ ပြောလိုက်သည်။

"အဒေါ်ကြီး၊ သမီးရဲ့ ကျောင်းလွယ်အိတ်ကို နှစ်အနည်းငယ်ကြာအောင် သုံးရမယ်လို့ အဖိုးနဲ့ အဖွားက ပြောဖူးတယ်။ နောက်နှစ်မှာ ကျောင်းလွယ်အိတ်အသစ်ရတော့မှာ မဟုတ်ဘူး"

သူမဆိုလိုသည်မှာ သူမ၏အစ်ကိုဝမ်းကွဲအစ်ကို၏ ကျောင်းလွယ်အိတ်သည် လွန်ခဲ့သော သုံးနှစ်က ကျောင်းလွယ်အိတ် အသစ်ဖြစ်ပြီး သူမ၏ ကျောင်းလွယ်အိတ်ကို အနည်းဆုံး သုံးနှစ်အထိ အသုံးပြုသွားရမည် ဖြစ်သည်။ ထိုအချိန်တွင် ကျောင်းလွယ်အိတ်အသစ်ဖြစ်တော့မည် မဟုတ်ပေ။

ဝမ်ချွမ်ကျီက သူမကို စိုက်ကြည့်လိုက်သည်။ "နင်စကားအရမ်းပြောနေတာပဲ။ ငါနင့်ကိုမပြောဘူး။ လမ်းဖယ်ပေး။ ငါအိမ်မှုကိစ္စတွေ လုပ်နေကို မရှုပ်နဲ့!"

ချန်ချောင်ချောင်သည် သူမယောက်ျားနှင့်အတူ စီရင်စုမြို့သို့ သွားသည်။ အိမ်မှုကိစ္စအများစုက သူမပခုံးပေါ်သို့ ကျသွားသည်။ တွေးလေလေ ဒေါသပိုထွက်လေလေဖြစ်သည်။

မီးဖိုသို့ရောက်သောအခါ ဇွန်းကြီးကို အိုးထဲသို့ အတင်းပစ်ချလိုက်သည်။ အိုးထဲရှိ ရေနွေးဆူများက သူမ၏ မျက်နှာပေါ်သို့ ကျသွားသည်။ ၎င်းက သူမကို နာကျင်စွာနှင့် ခုန်ပေါက်စေသည်။ "အိုး…"

ချောင်အိမ်ဟောင်းမှ ထွက်လာသည့် ကလေးများက ၎င်းကိုကြားသော်လည်း အလေးအနက်မထားပေ။

အန်းပင်းက ရယ်မောပြီး ပြောသည်။ "အမေက ဝက်သတ်တဲ့ ပုံစံကို ထပ်ပြီး လုပ်နေတယ်!"

ချောင်တုန်းယင်က ပခုံးတွန့်လိုက်ပြီး ပြောသည်။ "ဒီတစ်ကြိမ်က ဘာကြောင့်လဲ မသိဘူး?"

ကလေးများထဲတွင် ချောင်တုန်းဟယ်သာလျှင် မျက်လုံးထဲ၌ စိုးရိမ်မှုအရိပ်အမြွက်ပြနေသည်။

ဤအချိန်တွင် မိသားစုက ကျောင်းသွား၊ လယ်ကွင်းကို သွားကြသည်။ ဝမ်ချွမ်ကျီက ခဏတာ ငိုကြွေးနေသော်လည်း ဘယ်သူမှ သူမကို လာမမေးကြပေ။

ဒေါသထွက်နေသည်!

ချောင်ရှို့ကျီသည် ကလေးများနှင့် ရပ်ရွာမူလတန်းကျောင်းသို့ တစ်နာရီခန့် လမ်းလျှောက်ခဲ့သည်။

အနီးရှိ ထုတ်လုပ်ရေးအဖွဲ့များတွင် မူလတန်းကျောင်း မရှိပေ။ ထို့ကြောင့် ယနေ့တွင် လာရောက်စာရင်းသွင်းသူ အများကြီးရှိသည်။

အားလုံးက သာ့ချောင်ကို မြင်သောအခါတွင် မကြည့်ဘဲ မနေနိုင်ကြပေ။ အဓိက အားဖြင့် သူမသည် အလွန်တရာမှ တောက်ပနေပုံရသည်။

ဤကာလအတွင်း လူအများစုသည် မီးခိုးရောင်ကို ၀တ်ဆင်ကြသည်။ အချို့လူများ၏အဝတ်အစားများသည် ဖာထေးထားသည်။ သူမတွင် အဝတ်အစားအသစ်များ၊ ဖိနပ်အသစ်နှင့် ကျောင်းလွယ်အိတ် အသစ်တို့ ရှိသည်။

တကယ်ကို မျက်စိကျစရာပင်။

မနာလိုစရာပင်။ သူတို့လည်း အဝတ်အစားအသစ်၊ ဖိနပ်အသစ်နှင့် ကျောင်းလွယ်အိတ်အသစ်ကို လိုချင်ကြသည်...

စာရင်းသွင်းပြီးသည်နှင့် ကလေးများက သူတို့ကိုယ်ပိုင် အတန်းကို သွားကြသည်။

ချောင်တုန်းဟယ်က သာ့ချောင်၏ လက်ကို ကိုင်လိုက်ပြီး ပြောသည်။ "အစ်မက ငါးတန်းရဲ့ အခန်းလေးမှာ နေတာ။ ပြဿနာတစ်ခုခုရှိရင် အစ်မကိုရှာဖို့ အဲဒီကို သွားလို့ရတယ်။ ကျောင်းပြီးရင် ပေါ့ပေါ့တန်တန် လမ်းလျှောက်မနေနဲ့။ အစ်မတို့ကို စောင့်နေ။ အတူတူပြန်​ကြမယ်​ နားလည်​လား?"

သာ့ချောင်က နာခံစွာ ခေါင်းညိတ်လိုက်သည်။ "သိပါတယ်၊ ညီမလေး လိုက်မလည်ဘူး"

ချောင်တုန်းယင်သည် အေးစက်သော အစ်မကဲ့သို့ ပြုမူသည်။ သူမ၏ လက်ကို သာ့ချောင်၏ ပခုံးပေါ်တင်လိုက်ပြီး ပြောသည်။

"တစ်စုံတစ်ယောက်က ညီမလေးကို အနိုင်ကျင့်ရဲရင် အစ်မနာမည်ကို ပြောလိုက်။ ညီမလေးကို ဘယ်သူမှ မလုပ်ရဲဘူးဆိုတာ သေချာတယ်။ ​နားလည်လား?"

သာ့ချောင်က ခေါင်းညိတ်ပြပြန်သည်။ "ဟုတ်ကဲ့၊ အစ်မယင်!"

အစ်မနှစ်ယောက်လုံး စကားပြောကြသည်ကို အန်းပင်းက မြင်ပြီး စကားမပြောလျှင် မရဟု ခံစားရလေသည်။

သူက ခေါင်းကို ပွတ်သပ်ပြီး ပြောခဲ့သည်။ "ညီမလေးသာ့ချောင်၊ တစ်ယောက်ယောက်က်က ညီမလေးကို ငါ့ဝမ်းကွဲညီမလားလို့ မေးရင် မဟုတ်ဘူးလို့ပြော"

သာ့ချောင်က အံ့ဩသွားသည်။ "ဘာလို့ အဲ့လို ပြောရမှာလဲ?"

"ဘာလို့လဲဆို​တော့ ညီမလေးက ငါလို ဥဥတဲ့ မျိုးနွယ်​လို့ လူတိုင်းက ထင်​ကြလိမ့်​မယ်​။ ဟားဟား..."

ဆယ်ကြိမ်တွင် ရှစ်ကြိမ်၊ အန်းပင်း၏ စာမေးပွဲများသည် သုညနှစ်ထပ်ကွမ်း ဖြစ်သည်။ အခြား ပေါ့လျော့သူများနှင့်အတူ ဥ-ဥ မျိုးနွယ်စုဟု ခေါ်သည်။

ချောင်တုန်းယင်က သူ့ကို ခြေထောက်နှင့် ကန်လိုက်သည်။

"ရှက်နေမယ့်အစား နင်ကဂုဏ်ယူနေတာပဲ။ ညီမလေးသာ့ချောင်၊ သူ့ကို အတုယူမနေနဲ့!"

ချောင်ရှို့ကျီသည် ကလေးများ၏ စည်းလုံးညီညွတ်မှုနှင့် ခင်မင်ရင်းနှီးမှုကို ကြည့်နေသည်။ ထို့​နောက် သူမသည် ယုံကြည်မှုအပြည့်ဖြင့် ထွက်ခွာသွားသည်။

ကျောင်းတံခါးဝသို့ လျှောက်သွားသောအခါ စာရင်းသွင်းရန် ရောက်လာသော ဖန်မိသားစုကို တိုးမိသည်။ သူတို့၏ နောက်တွင် ရှောင်ချောင်က မွဲခြောက်ခြောက်မျက်နှာနှင့်။

ရန်သူများဆုံသည့်အခါ သူတို့၏မျက်လုံးများက နီရဲနေသည်။

ဖန်မိသားစုက ချောင်ရှို့ကျီကိုတွေ့သောအခါ ကြက်မစင်နှင့် လိမ်းခံရသည့်ကိစ္စကို သတိရသွားသည်။ မုန်းတီးမှုများနှင့် အံကြိတ်ကြသည်။ သို့သော် သူတို့သည် မရှေ့တက်ဝံ့ကြပေ။

သူတို့သည် မတိုက်ဝံ့ရုံသာမက ချောင်ရှို့ကျီက ရုတ်တရတ် ရိုက်နှက်မည်ကိုလည်း ကြောက်ကြသည်။ တစ္ဆေတစ်ကောင်က သူတို့ကို လိုက်ဖမ်းနေသလို ချက်ခြင်း ပြေးထွက်သွားသည်။

ရှောင်ချောင်သည် သူမ၏ အဖွားကို မြင်သောအခါ အံ့သြမှုများက မျက်လုံးထဲတွင် တောက်ပလာသည်။

အရင်တုန်းက ကျောင်းစတက်လျှင် ချောင်အိမ်ရှိကလေးများက သူတို့ဘာသာသူတို့ စာရင်းသွင်းရန် လာကြသည်။ သူမအဖွားက သူတို့နှင့် ဘယ်တော့မှ လိုက်မသွားပေ။ ဒီအခု သူဘာလို့လာတာလဲ?

သူမသည် မျက်မှောင်ကြုတ်ပြီး ရုတ်တရက် သူမ၏ နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ခံစားလာရသည်။

ဒါမဖြစ်နိုင်ဘူး...

မကြာခင်မှာပင် သူမ၏ အတွေးကို အတည်ပြုလိုက်သည်။

အားလပ်ချိန်အတွင်း သူမသည် အိမ်သာသွားရာလမ်းမှ ပြန်လာသော ကလေးမလေးတစ်ဦးကို ဝိုင်းရံထားသည့် ကလေးတစ်စုကို ပြင်လိုက်သည်။ လပတ်လည်၌ ကြယ်များက ဝန်းရံထားသလိုပင်။

"သာ့ချောင်၊ နင့်ရဲ့ ကျောင်းလွယ်အိတ်က အရမ်းလှတယ်။ ဘယ်မှာဝယ်ခဲ့တာလဲ?" ဟု တစ်ယောက်ယောက်ပြောသံကို ကြားသည်အထိ သူမ သတိမဝင်မိပေ။

သာ့ချောင်?

သာ့ချောင်၏ နှလုံးခုန်သံက ကျဆင်းသွားပြီး သူမ ခေါင်းကို လှည့်ကြည့်လိုက်သည်...

သာ့ချောင်သည် အဝတ်အစားအသစ်ကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် ကျစ်ဆံမြီးနှစ်ချောင်းနှင့် ကျစ်ဆံမြီးတစ်ခုစီတွင် သစ်တော်သီးပုံသဏ္ဌာန် ကတ္တီပါပန်းပွင့်ကို သူမမြင်လိုက်ရသည်။

သူမ၏ မျက်နှာသည် ဖြူစင်ပြီး ပန်းနုရောင်ရှိသည်။ သူမသည် လူတိုင်းနှင့် စကားပြောသောအခါ နှုတ်ခမ်းထောင့်များက ချိုမြသော အပြုံးများ သယ်ဆောင်လာကြသည်။

ပျော့ပျောင်းပြီး ပါးလွှာသည့် ကလေးအုပ်စုထဲတွင် သူမက မင်းသမီးလေးလိုပင်။ တောက်ပလွန်းသဖြင့် မျက်စိပင် နာသည်။

ရှောင်ချောင်က မသိစိတ်ဖြင့် သူမ၏ အဝတ်အစားများကို ငုံ့ကြည့်နေလိုက်သည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက မနှစ်က အဝတ်အစားများ ဖြစ်သည်။ အချိန်ကို ရေတွက်ကြည့်လျှင် သိပ်မကြာသေးပေ။

အရင်က သာ့ချောင်သည် သူမ မဝတ်ချင်သည့် အဝတ်အစားကိုသာ ဝတ်ရသည်။ ကျောင်းမစခင် နှစ်စဥ်ချုပ်သည့် အဝတ်အစားနှင့် ဖိနပ်အသစ်များကို သူမသာ ရသည်။

သို့သော် ချောင်အိမ်မှ ထွက်သွားပြီးကတည်းက သူမသည် အဝတ်အစား သို့မဟုတ် ဖိနပ်အသစ်ကို တစ်ခါမျှ မ၀တ်ခဲ့ရပေ။

ပိုဆိုးသည်က သူမအဖွားသည် ဖန်ရုံလျန်နှင့် ဖန်ရုံရော့ကို ဝမ်မိသားစုဆီ ပို့လိုက်သည်။ အိမ်အလုပ် အားလုံးက သူမပုခုံးပေါ်ကျသွားသည်။ မျက်လုံးဖွင့်ပြီးကတည်းက နေ့တိုင်း အလုပ်လုပ်ရပြီး ညဘက် မှောင်သွားသည့်တိုင်အောင် အဆုံးမရှိပေ။

သူမ၏ လက်များသည် မူလက နူးညံ့ပြီး ချောမွတ်သည်။ သို့သော် ယခုအခါ အသားမာများတွေ့လာရသည်။

ဤအကြောင်းကို ပိုတွေးလေလေ သူမ၏ နှလုံးသားက ပိုနာကျင်လေလေ၊ ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိလေလေ ဖြစ်သည်။

သူမသည် ဝတ္ထုအဖြစ်သို့ ကူးပြောင်းပြီး ပြန်လည်မွေးဖွားခဲ့သည်။ သူမသည် ကံကောင်းခြင်း၏ ဇာတ်လိုက်ဖြစ်သည်မှာ ထင်ရှားသည်။

ပျော်ရွှင်မှုကို ခံစားရသူသည် သူမဖြစ်သင့်သည်။ ယခု ကြယ်တွေ ဝန်းရံထားသည့် လကလည်း သူမသာ ဖြစ်သင့်သည်။ သာ့ချောင် မဟုတ်ပေ။

သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ သာ့ချောင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူမ၏ စိတ်ထဲတွင် မကောင်းသော အတွေးတစ်ခု ဝင်လာသည်။

စာအုပ်ထဲ၌ ဇာတ်လိုက်တစ်ယောက်သာ ရှင်သန်နိုင်လျှင် ထိုလူက သူမပဲ ဖြစ်ရမည်။

သူမပဲ ဖြစ်ရမည်။

All Chapters