← Chapters

ဧကရာဇ်ချင်းဒေါင်၏ ကြိုတင်ခန့်မှန်းချက်

Vol. 103 Ch. 1440

ဧကရာဇ်ချင်းဒေါင်၏ ကြိုတင်ခန့်မှန်းချက်

Vol. 103 Ch. 1440

ဧကရာဇ်ချင်းဒေါင်…

သူမ ထိုအရာကို သိလိုက်ချိန်တွင် သူ့ကိုတွေ့ခဲ့သော ကောင်းကင်မျှော်စင် ကအဖြစ်ကို အသိစိတ်မှ မြင်လိုက်ရသည်။

သူသည် သူမ မျက်လုံးရှေ့တွင် ရှင်းရှင်းလင်းလင်းပင် ပျောက်ကွယ်သွား ကာ တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်လှံတံထဲသို့ဝင်သွားကာ ကျန်တစ်ပိုင်း သည် သူမခန္ဓာကိုယ်ထဲသို့ဝင်သွားသည်ကို မြင်ခဲ့ရသည်။

ထိုအရာ သူမခန္ဓာကိုယ်ထဲသို့ဝင်သွားပြီးနောက်တွင် မည်သည့် သက်ရောက်မှုမှ မခံစားရပေ။ ထို့ကြောင့် သူမ သူ့ကိုမေ့လုနီးပါးပင်ဖြစ်နေလေ ပြီ။

သို့သော် အခုချိန်တွင် သူပေါ်လာသည်ကို သူမ ထပ်မြင်လိုက်ရသည်။ သူသည် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာရုံသာမကဘဲ သူမကို ပြုံးပြပြီး သူမ   တွင် လုပ်ရမည့်အရာများရှိကာ သူမကို သူစောင့်နေမည်ဟုပင် ပြောခဲ့သည်။

သူမတွင် လုပ်ရမည့်ကိစ္စများရှိသေးသည်။ သူမ ထိုအရာကို သိသည်။ ကောင်းကင်မျှော်စင်ပေါ်တွင် ပြောခဲ့သည့်စကားများကို သူမ မမေ့သေးပေ။ သို့သော် သူပြောသည့်အရာမှာ အခုချိန်တွင်တော့ သူမ ဘာမှမလုပ်နိုင်သေးပေ။

ဒါပေမဲ့ သူက သူမကိုစောင့်မယ်လို့ပြောခဲ့တယ်မလား။ သူက သူမကို ဘယ်မှာစောင့်မှာလဲ။ ဘာလို့စောင့်မှာလဲ။

သူမသည် ပေါ်လာသော ထင်ယောင်ထင်မှားဟု မထင်မိပေ။ သူမသည် သူ့ကို မတွေးမိသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။ အခု ဤနေရာကို ရောက်မှပင် သွေးလေချောက်ချားသည်မှာ မဖြစ်နိုင်ပေ။

ထိုအရာသည် သူနှင့် ပတ်သတ်နိုင်သည်။

ဧကရာဇ်ချင်းဒေါင် ပျောက်ကွယ်ပြီးနောက်တွင် သူမသည် ကောင်းချီး ပေးခံရပြီးဖြစ်သည်။ ထို့ကြောင့် သည်တစ်ကြိမ်တွင် သူ သူမကို ကူညီလိုက် ခြင်း ဖြစ်မည်။

ဧကရာဇ်ချင်းဒေါင်…

သူမသည် ထိုနာမည်ကို စိတ်ထဲမှ တစ်ခါပြန်ရေရွတ်ရင်း နောက်ပိုင်း အခွင့်အရေးရှိလျှင် သူ့အကြောင်းလေ့လာမည်ဟု ဆုံးဖြတ်လိုက်သည်။

အခန်းထဲတွင် အတန်ကြာနေပြီးနောက်တွင် ရှီမာယူယူ ကြည့်ရသည်ကို ပင် အနည်းငယ်ငြီးငွေ့သည့်ပုံပေါက်လာသည်။

တူညီသောမြင်ကွင်းသည် သူမရှေ့တွင် အချိန်တစ်ခုကြာအောင် ပေါ်လာ ရာ အသစ်အဆန်းမဖြစ်တော့ပေ။

ထိုနေရာတွင်ရှိစဉ်တွင် လန်ကျုံးသည် သူမကို ပြိုင်ပွဲဝင်ပြိုင်မလားဟု မေးခဲ့သည်။ ရှီမာယူယူသည် ခေါင်းခါပြီး ပြောခဲ့သည် “ကျွန်မက အဲလိုပြိုင်ပွဲ တွေကို စိတ်မဝင်စားပါဘူး အိမ်ပဲပြန်ချင်တာပါ”

သူမသည် ဖခင်ဖြစ်သူကို ကုသမည့်နည်းကို ရှာရန် မျိုးနွယ်ကို ပြန်ချင်သည်။

“ဒါနဲ့ ဟိုသုံးယောက်က ရှင့်ကြောင့် လာတယ်ဆိုတာ သိသာနေတာ၊ အဲတော့ ရှင်ကျွန်မတို့နောက်လိုက်ချင်ရင် ကျွန်မကိုပြဿနာမဖြစ်ပါစေနဲ့” ရှီမာယူယူသည် သူ့ဘက်လှည့်ကာ အသေအချာပင် သတိပေးလိုက်သည်။

လန်ကျုံးသည် သူမကိုကြည့်လိုက်ရာ သူမ၏ လေးနက်သောအမူအရာကို မြင်သောအခါ သူမ နောက်ပြောင်ခြင်းမဟုတ်သည်ကို သိလိုက်ရသည်။

ဒါပေမဲ့ သူက ဘယ်တုန်းက သူမကိုပြဿနာဖြစ်စေလို့လဲ။

သို့သော် ရှီမာယူယူ၏ အကြည့်ကိုမြင်ပြီးနောက်တွင် ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ ခေါင်းညိတ်လေသည်။

“ရှင်သဘောတူရင် လုပ်ရမယ် မဟုတ်ရင်…”

မဟုတ်ရင်… သူမသည် စကားဆက်မပြောပေ။ သို့သော် ထိုစကား၏ အဓိပ္ပာယ်ကို အားလုံး သိမည်ဟုယုံကြည်သည်။

သို့သော် သူမသည် ဉာဏ်ရည်မြင့်မားသော်လည်း နားလည်နိုင်စွမ်း နည်းပါးသော အရည်အချင်းရှိသူနှင့်တွေ့လိုက်ရာ သူမ ဆက်ပြောမည့်အရာမှာ ခြိမ်းခြောက်မှုဖြစ်မည်ဟု မထင်လိုက်ပေ။

ထို့ကြောင့် သူ ယုံကြည်ချက်ရှိရှိဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် သူမ နောက်လိုက်သွားပြီး မည်သည့်ပြဿနာမှဖြစ်စေမည်မဟုတ်ပေ။

ဟုတ်ပြီလေ မင်း ဒုက္ခရောက်ရင်တောင် သူ့ကိုမြင်တာနဲ့ ရှောင်သွားလို့ရ တာပဲ။

အားလုံးသိတဲ့အတိုင်းပဲ သူက ပြဿနာများဆုံရာလေ။

ရှီမာယူယူသည် ရှီမာလျူရွှမ်ကို သူ့အခန်းဆီသို့ အရင်ပို့လိုက်ပြီး ယနေ့ကိစ္စကို ပြန်စဉ်းစားရန် သူမ အခန်းသို့ပြန်လိုက်သည်။

“ယူအာ အဲလူနောက်ကလိုက်တာကို တကယ်ခွင့်ပြုဖို့လုပ်ထားတာလား” ရှီမာလျူရွှမ် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “သမီး ဒီကိစ္စကို သေချာ စဉ်းစားပြီးပါပြီ၊ လန်ကျုံးရဲ့သရုပ်မှန်က သမီးတို့သိထားတဲ့ လိမ္မော်သီးမြို့တော် ရဲ့ မြို့ဝန်ဆိုတာလောက် မရိုးရှင်းပါဘူး၊ သမီးတို့ကအခုမှပြန်ရောက်တာလေ အဘိုးနဲ့တခြားသူတွေက အိမ်မှာ လုပ်ပိုင်ခွင့်မရှိကြတော့ဘူး၊ တစ်ခုခုရှိရင် သူ့ကိုသွားရှာလို့ရသေးတယ်၊ သူက အကူအညီပေးမှာပါ သူက လိုက်လာချင်မှ တော့ ဘာမှဆုံးရှုံးစရာမရှိပါဘူး”

“ဒါပေမဲ့ သူလိုက်တာက ပြဿနာရှိသေးတယ်” ရှီမာလျူရွှမ် ပြောလိုက် သည်။

သူ့စိတ်အားထက်သန်ပုံနဲ့ ယန်းရှီတို့က လူသတ်မယ့် စိတ်ဘယ်လိုလုပ် မရှိဘဲနေမလဲ။ လန်ကျုံး သူမဘေးမှာရှိနေသရွေ့ မိန်းကလေးယန်းရှီကလည်း နောက်ကလိုက်နေမှာပဲ။

ရှီမာယူယူ ပြုံးလိုက်သည် “အဖေ တစ်ခုလိုချင်ရင် တစ်ခုကိုတော့ လက်လျော့ရမှာပဲလေ၊ အဲဒီပြဿနာလောက်လေးကတော့ ဘာမှမဟုတ်ပါ ဘူး”

“ဒါပေမဲ့ သမီးကို အဲဒီကိစ္စတွေကြားကို ဆွဲမချချင်ဘူး”

“အဲဒါကြောင့် သူ့ကိုပြဿနာမဖြစ်စေနဲ့လို့ ပြောလိုက်တာလေ” ရှီမာယူယူ ပြောလိုက်သည် “ဟုတ်ပါပြီ အဖေ မစိုးရိမ်ပါနဲ့ သမီးက အဲဒီပြဿနာကို ဂရုမစိုက်ပါဘူး၊ စာအုပ်ကိုပဲ သေချာသွားဖတ်လိုက်ပါ သမီး ဒီနေ့ သဘောပေါက်လာတဲ့ဟာကို စုစည်းဖို့သွားလိုက်ဦးမယ်”

ရှီမာလျူရွှမ်သည် သူမ၏ လွှမ်းမိုးနိုင်စွမ်းကို သဘောကျသည်။ သို့သော် ကျဉ်းမြောင်းသော ဘောင်အတွင်းတွင် သူမခိုလှုံရေပြီး အစီအစဉ်များကိုပင် စောစီးစွာစတင်ခဲ့ရသည်ကို တွေးမိလျှင် စိတ်မကောင်းဖြစ်မိသည်။

သူတို့ ပြန်သွားချိန်တွင် နောက်ကျောကို စောင့်ကြည့်ပေးမည့် မိသားစု ရှိသွားသော်လည်း သူတို့မည်သည့်အရာကို ရင်ဆိုင်ရမလဲဆိုသည်ကို မသိသေး ပေ။ ရှီမာမိသားစုသည် သူတို့ကို ကြိုဆိုသည်နှင့် နွေးထွေးသည်ဟု မဆိုလိုပေ။

ယွိခဲ့လော့အား အဆိပ်ခတ်ခဲ့သည့် တရားခံအား ရှာမတွေ့သေးပေ။ သူတို့ သာ တွေ့ရှိပါက တချို့လူများကို အသုံးချရန်လိုလာလိမ့်မည်။ ရှီမာမိသားစုက ခွင့်ပြုပါ့မလား။

သူမသည် ရွှမ်းယွမ်ဆိုင်မှလူနှင့် စေ့စပ်ထားပြီး ရွှမ်းယွမ်ဆိုင်သည် ရှီမာ မျိုးနွယ်ထက် ပိုအားကောင်းသည်။

ရှီမာယူယူသည် အခန်းဆီသို့ပြန်ကာ အတန်ကြအောင် အာရုံစုစည်းလိုက် သည်။ သို့သော် မည်သည့်သဲလွန်စမှမရသဖြင့် အခန်းထဲတွင် နောက်ထပ် တည်ဆောက်မှုတစ်ခုလုပ်ကာ စတင် တရားထိုင်တော့သည်။

ရှီမာယူယူ၏ တရားထိုင်ပုံသည် တခြားသူများနှင့် ကွဲပြားသည်။ နောက် ရက်များတွင် သူမသည် အခန်းထဲမှ ခြေတစ်လှမ်းမှမခွာပေ။ သူမနှင့် အနီးကပ် နေချင်သူများလည်း သူမအနား ကပ်မရတော့ပေ။

သူတို့သာ သူမနှင့် မကပ်နိုင်ပါက သတင်းလည်းရတော့မည်မဟုတ်ပေ။

ယန်းရှီ ထိုသတင်းကို လီယောင်ဆီမှ ကြားသောအခါ နှာခေါင်းရှုတ်လေ သည်။

“သူမ ကြောက်နေလို့ပဲမဟုတ်ဘူးလား အဲဒါကြောင့် ပုန်းဖို့ဆုံးဖြတ်လိုက် တာလေ” ဖန်ချီ ပြောလိုက်သည်။

“ဟင်း သူမ ဘယ်လောက်တွင်းအောင်းနိုင်မလဲ ကြည့်ကြတာပေါ့” ယန်းရှီ ပြောလိုက်သည် “သူမက အခန်းထဲမှာပုန်းအောင်းပြီး ပြန်ထွက်မလာ ဘူးပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဆင်းရမယ့်အချိန်ကျရင်တော့ ထွက်လာရမှာပဲ”

“ဒါနဲ့ သူမ သတင်းစုံစမ်းတုန်းက တခြားသတင်းတွေလည်းကြားခဲ့ရ တယ်” ဖန်ချီ ပြောလိုက်သည်။

“ဘာလဲ”

“ပြည်နယ် ၅၀ ကလူနဲ့ ပြည်နယ် ၄၉ ကလူတွေလည်း ဒီလေဟာပြင် သင်္ဘောမှာပါတယ်တဲ့” ဖန်ချီ ပြောလိုက်သည်။

သူတို့ ရှင်းရှင်းလင်းလင်းမပြောကြသော်လည်း သူမ ပြောသည့်လူနှစ် ယောက်ကို ယန်းရှိနှင့် လီယောင်တို့ သိကြသည်။

“သူတို့ တကယ်ပဲ ထွက်လာတာလား” ယန်းရှီ၏ မျက်လုံးမှာ ဒေါသများ တောက်ပသွားပြီး ထိုလူနှစ်ယောက်အကြောင်း ပြောလိုက်သည်နှင့် စိတ်ဆိုး သွားသည်မှာ သိသာနေသည်။

“သူတို့လည်း ပြည်နယ် ၆၄ ကိုသွားမယ်လို့ကြားတယ်” ဖန်ချီ ထပ်ပေါင်း ပြောလေသည်။

“သူတို့လည်း ပြည်နယ် ၆၄ ကိုသွားကြမှာလား၊ ဒီညီလာခံအတွက်ပဲထင် တယ်၊ ဒါပေမဲ့ သူတို့ အကျင့်နဲ့ဆိုရင် အရင်တုန်းက ဒါကိုစိတ်မဝင်စားပါဘူး ဒီတစ်ခါကျမှ ဘာလို့ဝင်ပါဖို့ စိတ်ဝင်စားသွားတာလဲ” လီယောင်သည် အံ့ဩ သွားကာ မေးရုံအပြင်မတတ်နိုင်တော့ပေ။

“သေချာတာတော့ သူတို့ စိတ်ဝင်စားတာတစ်ခုခုရှိနေလို့ပဲ” ယန်းရှီ ပြောလိုက်သည် “သူတို့နှစ်ယောက် စိတ်ဝင်စားတဲ့ပစ္စည်းကိုတော့ နည်းနည်း သိချင်တယ်၊ ငါတို့ သွားပြီး ဒီညီလာခံကိုကြည့်ကြတာပေါ့၊ မထင်မှတ်ထားတဲ့ အံ့ဖွယ်ရာတွေ ငါတို့ကိုစောင့်နေနိုင်တယ်”

“အဲတော့ ငါတို့လည်း တက်ကြမှာလား” လီယောင် မေးလိုက်သည်။

သူမသည် ပြည်နယ် ၆၄ တွင် ဆင်းရန်ဆုံးဖြတ်လိုက်သော်လည်း ယန်းရှီ သည် အစပိုင်းတွင် ညီလာခံတက်ရန် အစီအစဉ်မရှိပေ။ သို့သော် ထိုနှစ်ယောက် သွားမည်ဟု ကြားပြီးနောက် ချက်ချင်း စိတ်ပြောင်းသွားလေသည်။

သူတို့ မကြာခင် ဆင်းရတော့မည်ဟု ရှီမာယူယူ ခံစားမိသည်နှင့် တရားထိုင်ရာမှ ဖြည်းဖြည်းချင်း အာရုံပြန်စုယူလိုက်သည်။ သူမ တံခါးဖွင့်ပြီး ခြေချလိုက်သည်နှင့် လန်ကျုံးသည် အနက်ရောင်ဝတ်ဆင်ထားပြီး အေးစက် သောပုံစံရှိသော မိန်းကလေးတစ်‌ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးသည် ရှီမာယူယူထွက်လာသည်ကို မြင်သောအခါ မချုပ်တည်းနိုင်ဘဲ တည့်တည့်စိုက်ကြည့်လေသည်။

“သူမလား” ထိုမိန်းကလေး မေးလိုက်သည်။

“ဟုတ်တယ်” လန်ကျုံး ပြန်ဖြေလိုက်သည်။ သူအမူအရာသည် ရေးရေး သာဖြစ်သော်လည်း တခြားမိန်းကလေးနှင့်တွေ့လျှင် စိတ်မပါသည်ကို သူမ မြင်နိုင်သည်။

ဒီမိန်းကလေးကဘယ်သူလဲ။

***

All Chapters