← Chapters

အခန်း (၈၂)

Vol. 7 Ch. 82

အခန်း (၈၂)

Vol. 7 Ch. 82

ချောင်ကျန်းကျွင်းသည် သူ့အစ်ကိုကြီး၏အကူအညီဖြင့် ချောင်အိမ်ဟောင်းသို့ ရောက်လာသည်။

လူတိုင်းက သူ့ကို ထိုသို့ မြင်သောအခါ အံ့အားသင့်ပြီး မတ်တပ်ရပ်လိုက်ကြသည်။

ချောင်ရှို့ကျီက ပထမဦးစွာ သူမအာရုံကို ပြန်ရလာပြီး အံ့သြသည့် အကြည့်နှင့် ပြောလိုက်သည်။ "အို..ဒုတိယ၊ မင်းခြေထောက်တွေ..."

ချောင်ကျန်းကျွင်းက ဝမ်းသာအားရနှင့် ပြောသည်။ "အမေ၊ ခြေထောက်နဲ့ လမ်းလျှောက်လို့ရတယ်။ အရင်က ခံစားချက်တွေ ပြန်ရလာပြီ။ အားလုံးကို အံ့အားသင့်သွားစေချင်တဲ့အတွက် ဘယ်သူ့ကိုမှ မပြောခဲ့ဘူး!"

ချောင်ကျန်းမင်က ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော်လည်း သူ၏ ဒုတိယအစ်ကိုက မတ်တပ်ရပ်နိုင်သည်ကို မြင်လိုက်ရသည့်အတွက် တကယ်ကို ဝမ်းသာမိသည်။

သာ့ချောင်သည် ပျံတက်သွားပြီး အဖေ့ခြေထောက်ကို ပွေ့ဖက်ကာ ပြောသည်။ "အဖေ၊ အခု လမ်းလျှောက်နိုင်ပြီ!"

ဤသည်မှာ အံ့ဩစရာပင်။

အဖေဖြစ်သူကို ကျောက်စိမ်းပုတီးစေ့ရေပေးခြင်းမှာ စမ်းကြည့်ခြင်း ဖြစ်သည်။ ဤမျှလောက်ထိ သက်ရောက်မှာရှိမည်ဟု မမျှော်လင့်ထားပေ။

သူမသည် ငါးလေးကို တကယ်ပင် ကျေးဇူးတင်နေမိသည်။ သူမသာ ဒီဘဝတွင် ငါးလေးကို ထပ်တွေ့နိုင်မယ်ဆိုလျှင်။

ချောင်ကျန်းမင်သည် ကလေး၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးလိုက်သည်။ "ဟုတ်တယ်။ အဖေ လမ်းလျှောက်နိုင်ပြီ"

နောင်တွင် ဤကလေးသည် ဤမျှလောက် ပင်ပင်ပန်းပန်း လုပ်ကိုင်ရမည် မဟုတ်ပေ။ သူသည် သူမ၏ ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည် မဟုတ်ပေ။

ချောင်ရှို့ကျီသည် စိတ်ထဲတွင် အပြည့်အ၀ ပျော်ရွှင်နေသည်။ သူမက ဝမ်ချွမ်ကျီီ အမိန့်ပေးလိုက်သည်။ "အကြီးဆုံးရဲ့ဇနီး၊ ဝက်ပေါင်ခြောက်နဲ့ မှိုနောက်တစ်ပန်းကန် သွားကြော်!"

အခေါ်ခံရသောအခါ ဝမ်ချွမ်ကျီက ဝမ်းသာလွန်းပြီး မျက်လုံးထောင့်နားက ကျီးကန်းခြေတွေ ပျံလုမတတ်ပင်။ "ကောင်းပြီ အမေ။ အခုချက်ချင်း သွားလိုက်မယ်!"

ကောင်းလိုက်တာ။ ဟင်းချက်နေရင်းနဲ့ ဝက်ပေါင်ခြောက်နည်းနယ်းလောက် ခိုးယူနိုင်တယ်။

ချန်ချောင်ချောင်က မတ်တပ်ထရပ်ပြီး ပြောခဲ့သည်။ "အစ်မအကြီးဆုံး၊ ကိုယ်ဝန်ရှိနေပြီ၊ ကျွန်မပဲ သွားလိုက်မယ်!"

အကယ်၍သာ ယခင်ကဆိုလျှင် ချန်ချောင်ချောင်သည် ထိုအလုပ်ကို လုပ်ဆောင်ရန် အစပြုမည် မဟုတ်ပေ။

ယခုမူ ဝမ်အာလေးကို ဆုံးရှုံးလိုက်ရပြီး သူမ၏ လူက သူမအား လျစ်လျူရှုလိုက်သောကြောင့် သူမသည် အနှစ်တစ်ထောင် အပြစ်သားတစ်ယောက်လို ခံစားနေရသည်။

သူမသည် ချောင်ကျန်းမင်နှင့် ကွာရှင်းရန် မလိုလားသောကြောင့် ချောင်မိသားစု၏ ကောင်းမွန်သော သဘောထားရရန် တစ်ခုခုကို အမြန်လုပ်လိုသည်။

ဝမ်ချွမ်ကျီက သူမ၏ မျက်လုံးနှင့် ညွှန်ပြပြီး တုံ့ပြန်သည်။ "မလိုဘူး ချောင်ချောင်၊ နင် အခုမှ ပြန်လာတာ။ ထိုင်လိုက်။ ဟင်းတစ်ခွက်ပဲ၊ မြန်မြန်ပြီးတယ်!"

ဒီတင်ပါးသေး ချန်ချောင်ချောင်။ အများအားဖြင့် သူမက ဒီလောက် တက်ကြွနေသည်ကို မတွေ့ရပေ။ သူမသည် ဝက်ပေါင်ခြောက်ကို ခိုးယူရန် ကြိုးစားနေခြင်း ဖြစ်ရမည်။

ချန်ချောင်ချောင်သည် တင်ပါးကြီးဝမ်ချွမ်ကျီ၏ အတွေးများကို ခန့်မှန်းနိုင်သည်။ သို့တိုင် သူမသည် ၎င်းအတွက် တိုက်ပွဲဝင်နေသည်။

"ကျွန်မ အိမ်အလုပ် မလုပ်တာ တစ်လလောက်ရှိပြီ။ အစ်မကြီးပဲ အလုပ်တွေ အကုန်လုပ်နေရတယ်။ အခု ကျွန်မ ပြန်လာပြီ၊ အကြီးဆုံး ယောင်းမ အနားယူလို့ရတယ်။ ကျွန်မ သွားလုပ်မယ်!"

"မဟုတ်ဘူး အမေ ကျွန်မကို သွားခိုင်း!"

"ဒါဆို ကျွန်​​မ အကြီးဆုံးယောင်းမနဲ့လိုက်​မယ်​!"

"မလိုပါဘူး၊ အကြော်ပန်းကန်က ဘယ်လိုလုပ် လူနှစ်ယောက်လိုမှာလဲ?"

သူတို့ နှစ်ယောက်က ရန်ဖြစ်ကြသည်။ မသိသူများအတွက်မူ ချောင်မိသားစု၏ ချွေးမနှစ်ယောက်က အလုပ်ကြိုးစားကြသည်ဟု ထင်ကြလိမ့်မည်။

ချောင်ရှို့ကျီက သည်းမခံနိုင်တော့ပေ။ "နင်တို့နှစ်ယောက်လုံး သွားစရာ မလိုတော့ဘူး။ ဟုန်းရှ၊ သွားကြော်လိုက်!"

ဝမ်ချွမ်ကျီ ပါးစပ်ထဲက အသားတွေ ပျံသွားပြီ။ ဒီတင်ပါးသေးမ!

ချန်ချောင်ချောင်သည် ဝမ်ချွမ်ကျီ၏ အကြည့်ကို သတိမထားမိလိုက်ပေ။ သူမ ခေါင်းကို လှည့်ကာ ယောက်ျားဖြစ်သူကို ကြည့်ခဲ့သည်။

သူတို့နှစ်ယောက်က အကြည့်ဆုံသွားသည်။ ခဏကြာသောအခါ ချောင်ကျန်းမင်က ခေါင်းကို လှည့်လိုက်သည်။

ချန်ချောင်ချောင်က စိတ်ပျက်စွာ ခေါင်းငုံ့လိုက်သည်။

ထမင်းစားချိန်ရောက်သောအခါ ပင်မအခန်း၏ ထမင်းစားပွဲသည် နှစ်ခြမ်းကွဲသွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။

ချောင်ကျန်းမင်မှလွဲ၍ ကျန်အားလုံး၏ မေးရိုးများသည် မြေပြင်ပေါ်သို့ ကျလုနီးပါးဖြစ်နေပြီဖြစ်သည်။

ချောင်ရှို့ကျီက အေးဆေးတည်ငြိမ်စွာပြောသည်။ "ဒီနေ့ အပြင်က ကျောက်စားပွဲပေါ်မှာ စားရအောင်။ နောက်မှ နောက်တစ်မျိုး လုပ်ခိုင်းလိုက်မယ်"

ကျိုးနေသည့် ဒီစားပွဲကို ချောင်ကျန်းကျွင်းက လုပ်ခဲ့သည်။ သူ့ခြေထောက်များက ယခုမှ ပြန်ကောင်းလာသဖြင့် သစ်သားအလုပ် မလုပ်နိုင်သေးသည်မှာ သေချာသည်။

ချောင်ကျန်းမင်၏ မိသားစုသည် ယနေ့ရောက်လာသောကြောင့် ချက်ပြီးသားအသားဟင်းသုံးမျိုးတွင် နောက်ထပ်အသားဟင်းတစ်ပွဲ ထပ်ထည့်သည်။

မိသားစုက နှုတ်ခမ်းကို ဆီနှင့် ဖုံးနေသည်။

စိတ်ဆိုးနေသော ချောင်ကျန်းမင်ပင်လျှင် အစားအစာများကို နောက်ထပ် ထပ်ယူမိသည်။

စားပြီးသည်နှင့် ချောင်ရှို့ကျီက ဝမ်အာလေး ပျောက်သွားသည့်အကြောင်းအား လူတိုင်းကို ပြောပြသည်။ ကြားပြီးနောက် လူတိုင်း တိတ်ဆိတ်သွားကြသည်။

စဉ်းစားတတ်သော ချောင်တုန်းဟယ်၏ မျက်လုံးများက နီရဲသွားသည်။ မျက်နှာကို အုပ်ပြီး ငိုတော့သည်။

သာ့ချောင်က ဝမ်းကွဲအစ်မ ငိုနေသည်ကို မြင်ပြီး အနားကို ပြေးသွားကာ နှစ်သိမ့်သည်။ "ဝမ်းကွဲအစ်မ မငိုနဲ့။ ဝမ်အာ ပြန်လာမှာ သေချာတယ်!"

သာ့ချောင်သည် တစ်နှစ်ပိုကြီးလာသော်လည်း သူမ၏အသံသည် ပျော့ပျောင်းနေသေးသည်။ ချည်သကြားလုံးကဲ့သို့ သိမ်မွေ့သည်။

ချောင်တုန်းဟယ်သည် ညီမလေးက နှစ်သိမ့်ပေးနေသည်ကို ကြားသောအခါ ငိုရန် ရှက်သွားသည်။ သူမက ခေါင်းကိုမော့ပြီး ညီမငယ်၏ မျက်နှာကို ညှစ်ပြီး တုံ့ပြန်သည်။

"ကောင်းပြီ။ ဝမ်းကွဲအစ်မ မငိုတော့ဘူး။ ဝမ်အာလေးကို အတူတူရှာရအောင်!"

ချောင်ကျန်းမင်သည် သာ့ချောင်၏ စကားကို ကြားသောအခါ မှိုင်းညို့နေသော မျက်လုံးများက တောက်ပလာသည်။ သူက သာ့ချောင်ကို စိုက်ကြည့်နေသည်။

သို့သော် သူ့အမေထံမှ အကြည့်စူးတစ်ချက်ကို ရရှိသောအခါ သူ့ကိုယ်သူ ထိန်းလိုက်သည်။

ရိုးသားစွာပြောရလျှင် ယခုချိန်ထိ ကံတရားနှင့် သရဲတစ္ဆေကဲ့သို့ အရာများကို သူမယုံသေးပေ။

သို့သော် သူသည် ကြိုး၏အဆုံးတွင် ရှိနေသည်။

ပြီးခဲ့သောလတွင် သူသည် အရာအားလုံးကိုကြိုးစားခဲ့ပြီး ဝမ်အာလေး၏ သတင်းကို ယခုထိမသိရသေးပေ။

ထို့ကြောင့် ဝမ်အာကို ပြန်ယူနိုင်လျှင် ထိုအရာများ ရှိနေကြောင်းကို သူ ကျေကျေနပ်နပ် ယုံကြည်မည်။

ဝမ်အာလေးသာ ပြန်လာနိုင်ပါက သူသည် အနာဂတ်တွင် သာ့ချောင်ကို ချီးကျူးလိုစိတ်ရှိသည်။ ဝမ်အာ ပြန်လာနိုင်သရွေ့ သူ ခံနိုင်ရည်ရှိမှာပါ...

ဝမ်ချွမ်ကျီသည် အစောပိုင်းက ဝမ်အာပျောက်ဆုံးသွားခြင်းအကြောင်းကို မသိခဲ့ပေ။ ယခု သူမသည် အပြစ်ရှိစိတ်ဖြင့် ချန်ချောင်ချောင်ကို စိုက်ကြည့်လိုက်သည်။

တင်ပါးသေး ချန်ချောင်ချောင်သည် တစ်လကြာ မတွေ့လိုက်သဖြင့် စက္ကူလူသားကဲ့သို့ ပိန်သွားသည့် အကြောင်းရင်းကို သူမ တွေးနေမိသည်။ ဒီလိုဖြစ်သွားခဲ့တယ်!

သူမက ကံမကောင်းဘူး။

မေ့လိုက်တော့။ နောက်တစ်ခါရှိရင် သူမကို အသားပေးကြော်လိုက်မယ်။

ချောင်ကျန်းကော်က ပြောသည်။ "ပဉ္စမညီလေး၊ အစ်ကိုကြီးက အရည်အချင်းသိပ်မရှိဘူး၊ ဒါပေမယ့် အစ်ကိုကြီးက တစ်ကိုယ်လုံး ကြံ့ခိုင်နေတယ်။ မင်းခဏအနားယူပြီးရင် အစ်ကိုကြီး ဝမ်အာလေးကိုရှာဖို့ မင်းနဲ့အတူသွားဖို့ ခွင့်တောင်းလိမ့်မယ်"

ချောင်ကျန်းကျွင်းကလည်း ပြောသည်။ "ပဉ္စမညီလေး၊ ငါ့ခြေထောက်တွေကြောင့် မင်းကို လောလောဆယ် ကူမရှာနိုင်သေးဘူး။ ဒါပေမယ့် ငါ့မှာ ပိုက်ဆံနည်းနည်းကျန်နေသေးတယ်။ မင်းလိုအပ်ရင် သုံးလိုက်!"

ချောင်ဟုန်းရှကလည်း ငြိမ်မနေပေ။ "အငယ်ဆုံးမောင်လေး၊ နင်လိုက်ရှာတဲ့အချိန် ငါ့ကို အကြောင်းကြားလိုက်။ နင်နဲ့လိုက်ခဲ့မယ်!"

ချောင်ကျန်းမင်၏ မျက်လုံးများက စိုစွတ်လာပြန်သည်။ ချဉ်ပြီး စိတ်မသက်မသာ ခံစားရသည်။

"အစ်ကိုကြီး၊ ဒုတိယ အကိုကြီး၊ တတိယ အစ်မ၊ ကျေးဇူးတင်ပါတယ်၊ အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်ပါတယ်!"

ချောင်ကျန်းကော်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည်။ "ငါတို့ မိသားစုပဲ၊ ကျေးဇူးတင်စကား ပြောနေစရာမလိုဘူး!"

ရွှယ်ချွမ်က သူ့မိန်းမ၏ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး မေးခဲ့သည်။ "မင်းစိတ်ချလို့ရပြီလား?"

ချောင်ရှို့ကျီက သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။

နောင်တွင် ဤကဲ့သို့ ကလေးအနည်းစုက တစ်ယောက်နှင့်တစ်ယောက် ကူညီနိုင်လျှင် သူမနှင့် ရွှယ်ချွမ်ကွယ်လွန်သွားသော်လည်း စိုးရိမ်စရာမရှိပေ။

...

မြစ်ထဲကျသွားသည့် ကလေးငယ်များကို ကယ်ဆယ်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာ ရေနစ်သူ တစ်ယောက်မှ မရှိပေ။

ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပူလာသော်လည်း နွေဦးပေါက်တုန်းပင်။ မြစ်ထဲရှိရေက အရးလွန်အေးသည်။ ရေထဲကျသွားသည့် ကလေးများကို ကယ်ဆယ်ပြီးနောက် တုန်တုန်ယင်ယင်နှင့် နှာချေနေကြသည်။

ကလေးတစ်ယောက်က ရေထဲမှာ ကြာကြာနေခဲ့ရသည်။ ငယ်သေးသဖြင့် ကယ်တင်ခံရပြီး မကြာခင်မှာ အဖျားကြီးလာသည်။

ဒီကလေးက ဖန်မိသားစု၏ ကလေး ဖန်ရုံရော့ ဖြစ်သည်။

ဖန်မိသားစုမှ တစ်စုံတစ်ယောက်မှ မရှိသည်ကို ကယ်ဆယ်ရေးသမားများက မြင်သောအခါ ဒေါသူပုန်ထသွားသည်။

သူက ဖန်ရုံရော့ကို ဖန်အိမ်ဆီသို့ သယ်ပြီး ချထားလိုက်သည်။ ကျေးဇူးတင်စကား နားမထောင်တော့ဘဲ လှည့်ထွက်သွားသည်။

အဘွားကြီးဖန်က သူ့မြေးလေးက စိုနေသည်ကို မြင်ပြီး မျက်နှာက ဖြူဖပ်ဖြူရော်နှင့် အော်ဟစ်နေသည်။ "ငါ့မြေးလေး၊ မင်း ဘာဖြစ်သွားတာလဲ? မင်းကို ရေထဲတွန်းချလိုက်တာ ဘယ်သူလဲ? မြန်မြန်ထပြီး အဖွားကို ပြောပြ။ အဖွားက သူတို့နဲ့ ပြဿနာ သွားရှင်းမယ်!"

ဖန်ရုံရော့၏ တစ်ကိုယ်လုံး တုန်လှုပ်နေပြီး မျက်လုံးမှိတ်ထားသည်။ သူက အေးသည်ဟု အော်နေသည်။ အခြားဘာကိုမှ မပြောနိုင်ပေ။

ဖန်ရုံရော့နှင့် အမြဲခွဲမရသော ဖန်ရုံလျန်သည် ယခုအချိန်တွင် ပျောက်နေသည်။

ထိုအချိန်တွင် ဖန်ဖူကွေ့က ထွက်လာသည်။ သူ့သားအငယ်ကို ထိုသို့ မြင်သောအခါ သူက စိတ်မရှည်စွာနှင့် ပြောလိုက်သည်။ "လုံလောက်ပြီ၊ ဒီအချိန်မှာ အမေဘာလို့ ငိုနေတာလဲ? ဘာလို့ ဆေးခန်း မြန်မြန် မပို့တာလဲ?"

ထိုမှသာ အဘွားကြီးဖန်က သူ့ကို ဆေးခန်းပို့ရန် သတိရသွားသည်။ သို့သော်လည်း သူမသည် ခါးညှပ်ပ်ကာ ကလေးကို လုံးဝမသယ်နိုင်တော့ပေ။ ဖန်ဖူကွေ့သည်လည်း သူ့ခြေထောက်ကြောင့် ကလေးကို မသယ်နိုင်ပေ။

အဘွားကြီးဖန်က အကူအညီတောင်းရန် ဝမ်အိမ်သို့ ချိုင်းထောက်နှင့် သွားရသည်။

ဝမ်မိသားစုသည် ဖန်မိသားစုက ဒုက္ခများသည်ဟု ခံစားမိသော်လည်း သေခြင်းကိစ္စမျိုးကို မငြင်းဆန်ခဲ့ပေ။

နောက်ဆုံးတွင် ဖန်ရုံရော့၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ စုစုပေါင်း ငါးယွမ် ကုန်ကျသည်။

အဘွားကြီးဖန်သည် အသားများ နာကျင်လာသည်။

ချောင်မိသားစုဘက်တွင် ချောင်ကျန်းကျွင်းက မတ်တပ်ရပ်ပြီး လမ်းပြန်လျှောက်နိုင်သည့် သတင်းသည် မကြာခင်မှာပင် ချီလီရွာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။

ဖန်ရှောင်ကျွမ်းသည် ထိုသတင်းကို ကြားသောအခါ အံ့အားသင့်သွားသည်။

ဒုတိယချောင်က မတ်တပ်ရပ်နိုင်တယ်။

မဖြစ်နိုင်ဘူး!

လိမ်နေတာ ဖြစ်ရမယ်။

ဘေးတွင် ရှောင်ချောင်လည်း အလွန်အမင်း ထိတ်လန့်သွားသည်။

သူမအဖေ မတ်တပ်ရပ်နိုင်တာလား? ဒါဆို သူ့အမေ အရင်ကွာရှင်းလိုက်တာက ဘာလဲ?

မူလတုန်းက သူ့အဖေသည် တစ်သက်လုံး အကြောသေသွားလိမ့်မည်ဟု ထင်ခဲ့သဖြင့် သူ့အမေအား အိမ်ထောင်ဖက်ကို ဝမ်ရှင်းရှန်အဖြစ် ပြောင်းရန် တိုက်တွန်းခဲ့သည်။

သူမ စိတ်ကူးထားသလောက် မကောင်းဘူးဆိုတာ ဘယ်သူသိမလဲ? ဝမ်မိသားစုက သူတို့ သားအမိနှင့် ဘာမှ မဆက်ဆံပေ။

သူမသည် ဝမ်အိမ်ရှိ နွားတစ်ကောင်၊ မြင်းတစ်ကောင်နှင့်တူသည်။ သူမသည် အရာအားလုံးကို လုပ်ရသည်။ သူမအဖေက ပိုကောင်းမယ်ဆိုတာ သိခဲ့ရင် ဘာကြောင့် နှမ်းစေ့ကောက်ပြီး ဖရဲသီးကို ဆုံးရှုံးခံမှာလဲ?

ပြေးသွားသော်လည်း သူ့အမေက တားခဲ့သည်။

"ရှောင်ချောင်၊ ဒီကို ပြန်လာပါ။ နင် ဒုတိယချောင်ကို သွားရှာရဲရင် အနာဂတ်မှာ ပြန်မလာနဲ့!"

ဖန်ရှောင်ကျွမ်းက ထိုသို့ပြောသည့်အခါ ရှောင်ချောင်ပြန်မလာမည်ကို မကြောက်ပေ။ သူမက ပုံကြီးကို မြင်ဖူးပြီးသားပင်။ စုန်းမကြီးချောင်ရှို့ကျီက ရှောင်ချောင်ကို ပြန်လာခွင့် မပေးပေ။

ရှောင်ချောင်သည် မုန်းတီးမှုဖြင့် အံကြိတ်ကာ သွားများကို ကြေလုနီးပါးပင်။

မကြာမီ သတင်းအသစ်တစ်ခုက ချီလီရွာတစ်ခုလုံးကို ဗုံးကြဲခဲ့ပြန်သည်။ ချောင်မိသားစုက အောင်သွယ်ကို လင်းမိသားစုထံသွားပြီး လက်ထပ်ခွင့်တောင်းခဲ့သည်။

မေးမြန်းပြီးနောက် မုဆိုးမလင်းဟွေ့ကို လက်ထပ်လိုသော ချောင်ကျန်းကျွင်းဖြစ်သည်ကို လူတိုင်းသိသွားကြသည်။

ဒီတစ်ကြိမ်တွင် ဖန်ရှောင်ကျွမ်းက ငြိမ်မနေနိုင်တော့ပေ။

All Chapters