အခန်း (၈၁)
Vol. 7 Ch. 81
ချောင်ရှို့ကျီသည် ဤချွေးမ ချန်ချောင်ချောင်ကို သဘောမကျပေ။
သို့သော် သူမက ကိုယ်ကျင့်တရားနှင့် အောက်ခြေစည်းမျဥ်းကို မဖြတ်ကျော်သရွေ့ သူတို့၏ အိမ်ထောင်ရေးကို ဘယ်တော့မှ အနှောင့်အယှက်ပေးမည် မဟုတ်ပေ။
"မင်းရဲ့ နှလုံးသားမှာ ကြိုးထုံးရှိတယ် ဆိုတာ ငါသိတယ်။ မင်းဘယ်လို ဆုံးဖြတ်ချင်လဲဆိုတာ မင်းအဖေနဲ့ ငါက အနှောင့်အယှက် မပေးဘူး။ ဒါပေမယ့် မင်းကို ပြောရမှာက လူတွေရဲ့ ဘဝက အရမ်းရှည်တယ်။ လူတိုင်းက အမှားတွေ လုပ်ကြတယ်။ တစ်ချို့ အမှားတွေက ခွင့်လွှတ်လို့မရဘူး။ တစ်ချို့ အမှားတွေကို ခွင့်လွှတ်လို့ ရတယ်။ ငါတို့က ခွင့်လွှတ်တတ်ဖို့နဲ့ မသိချင်ယောင်ဆောင်တတ်ဖို့ သင်ယူရမယ်။ မဟုတ်ရင် မင်းဘယ်သူနဲ့မှ တစ်သက်လုံး လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး!"
ချောင်ကျန်းမင်သည် လက်သီး ဆုပ်လိုက်သည်။ သူ့လက်နောက်ဘက်ရှိ အပြာရောင်သွေးပြန်ကြောများ ပေါ်လာသည်။ "အမေ... အဖေ ဒီလိုအမှားမျိုးလုပ်ခဲ့ရင် ခွင့်လွှတ်မှာလား?"
ချောင်ရှို့ကျီက ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်ဘူး!"
ချောင်ရှို့ကျီ၏ အမူအရာက 'အမေ ကျွန်တော်နဲ့ ကစားနေတယ်' ဟု ပြောနေသည်..။
ချောင်ရှို့ကျီက သူ့ကို မျက်လုံးလှိမ့်လိုက်သည်။ "မင်းဘာတွေတွေးနေတာလဲ? မင်းအဖေက ဒီလိုအမှားမျိုး မလုပ်နိုင်ဘူးလို့ ဆိုလိုတာ။ မင်းအဖေလို ပြီးပြည့်စုံတဲ့လူကို မင်းနဲ့ နှိုင်းယှဉ်စရာ မလိုဘူး။ နှိုင်းယှဉ်လို့လည်း မရဘူး။ ယှဉ်လေလေ နင်က ပိုပြီးနိမ့်ကျလေလေ၊ ပိုနာကျင်လေလေပဲ!"
ခွေးစာတစ်လုတ်အပြည့် အကျွေးခံလိုက်ရသော ချောင်ကျန်းမင် - "..."
ချောင်ရှို့ကျီက တင်းမာစွာ ပြောသည်။ "ငါ မင်းကို နှစ်ရက် အချိန်ပေးမယ်။ မင်းရဲ့ စိတ်ဓာတ်ကို မြှင့်တင်ထား။ ကလေး ပျောက်သွားရင် ငါတို့ သူ့ကို ပြန်ရှာမယ်။ တစ်လမှာ ရှာမတွေ့ရင် ငါတို့ သူမကို တစ်နှစ်ရှာမယ်။ တစ်နှစ်မှာ သူမကို ရှာမတွေ့ရင် ဆယ်နှစ်ကြာအောင် ရှာရမယ်။ ငါတို့ ချောင်မိသားစုက တစ်ယောက်ယောက်ရှိနေသရွေ့တော့ အောက်ခြေအထိ သွားရှာမယ်"
"အမေ..." ချောင်ကျန်းမင်၏ မျက်လုံးများသည် ယုန်လိုနီရဲနေသည်။ သူ့မျက်ရည်တွေကို ထိန်းမထားနိုင်ပေ။
ယောကျာ်းက လွယ်လွယ်နှင့် မငိုပေ။ ဒဏ်ရာက နှလုံးသားကို မရောက်သေးလို့သာ ဖြစ်သည်။
ဤကာလအတွင်း သူ့နှလုံးသားတစ်ခုလုံးသည် ချောက်ကမ်းပါးအစွန်းတွင် တွဲလောင်းကျနေပုံရသည်။ ပြီးနောက် ငြိမ်းချမ်းရေးဆိုသည်က ဘယ်တုန်းကမှ မရှိခဲ့ပေ။ ဒီအခိုက်အတန့်တွင် သူ့အမေ၏ စကားကို ကြားပြီး ငြိမ်သွားသည်။
အကယ်၍ တစ်နေ့အတွင်း သူမကို ရှာမတွေ့လျှင် တစ်နှစ် ရှာမည်။ တစ်နှစ်အတွင်း သူမကို မတွေ့လျှင် ဆယ်နှစ်ကြာအောင် ရှာမည်။ သူမအသက်ရှင်နေသရွေ့ သူလက်လျှော့မည် မဟုတ်ပေ။
ချောင်ရှို့ကျီက လှည့်ထွက်သွားသည်။ သူ့အတွက် နေရာချန်ထားပေးခဲ့သည်။
သူမထွက်လာသောအခါ ချန်ချောင်ချောင်သည် ခြံဝင်းထဲတွင် ရပ်နေဆဲဖြစ်သည်။ မတ်တပ်ရပ်နေသည့် ပုံစံပင် မပြောင်းလဲပေ။
သူမ၏ မျက်လုံးက တံခါးကို စိုက်ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင် မျှော်လင့်ချက်၊ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများ ရှိနေသည်။
သူမ၏ ယောက္ခမကိုမြင်သောအခါ ချန်ချောင်ချောင်က တုန်လှုပ်သွားပြီး ပြောသည်။ "အမေ၊ ကျန်းမင်..."
"သူအဲဒီမှာခဏနေပါစေ။ နင်ပြန်သွားပြီး ရေချိုးလိုက်။ ကျန်တာတွေ နောက်မှဆက်ပြောမယ်!"
ချောင်ရှို့ကျီ စကားပြီးသောအခါ သာ့ချောင်ကို သွားရှာသည်။
ကလေးလေး ကြောက်သွားပြီလားဟု တွေးလိုက်မိသည်။
အဘွားကြီးကူသည် နံရံဘေးတွင် ပြားပြားဝပ်နေသည်။ သူမ၏ အမူအရာက ဖရဲစေ့များ အပြည့်စားလိုက်ရကြောင်း ပြသနေသည်။
သူမသည် လှေကားမှ အမြန်ဆင်းပြီးနောက် လှေကားကို မထားဘဲ ပြေးထွက်လာသည်။
ပဉ္စမချောင်၏သမီးက ပျောက်နေသည်။
သူမသည် ဤမျှကြီးမားသောကိစ္စရပ်အကြောင်းကို လူတိုင်းအား အမြန်ပြောရန်လိုသည်။
"ဟေး၊ ပဉ္စမချောင်က သူ့အဖေသေသွားသလို ဘာလို့ဖြစ်နေလဲ သိလား? သူ့သမီး ပျောက်သွားလို့ပဲ"
"နင်သိလား? ပဉ္စမချောင်ရဲ့သမီး ပျောက်သွားပြီ။ သူ့မိန်းမလက်ထဲမှာ ပျောက်သွားပုံပဲ!"
"ပဉ္စမချောင်ရဲ့ ဇနီးက သူ့သမီးကို ပျောက်သွားတယ်။ ပဉ္စမချောင်က သူ့မိန်းမနဲ့ ကွာရှင်းဖို့ ဒီတစ်ကြိမ် ပြန်လာတာ။ ကျွတ်စ် ကျွတ်စ် ကျွတ်စ်၊ ချောင်မိသားစု နောက်ဆုံးကွာရှင်းပြီးတာ ဘယ်လောက်ကြာသေးလို့လဲ!"
"ချောင်မိသားစုက ဘာလုပ်ဖို့ ကြိုးစားနေတယ်လို့ ထင်လဲ၊ ကွာရှင်းမှုတစ်ခုက လုံလောက်နေပြီ။ အခု နှစ်ယောက်၊ သုံးယောက်၊ အားလုံး ကွာရှင်းမှာလား? အနာဂတ်မှာ ချောင်မိသားစုကို ဘယ်သူက လက်ထပ်ရဲမှာလဲ?"
အဘွားကြီးဖန်သည် သူမ၏ အဖိုးတန်မြေးများကို တွေ့ရန် သမီးဖြစ်သူ အိမ်သို့ ချိုင်းထောက်ကို မှီပြီး သွားပြီးနေသည်။ ၎င်းကိုကြားသောအခါ သူမက ဝမ်းသာအားရ ခုန်ပေါက်လုမတတ်ပင်။
"သြော် ဟိုတုန်းကတော့ သူတို့က ငါ့အိမ်ကို ပြေးလာပြီး ငါ့သမီးက မကောင်းလို့ လင်မယားနှစ်ယောက် ကွာရှင်းခိုင်းတယ်။ အခု ဘယ်သူက ထူးထူးဆန်းဆန်း ဖြစ်နေလဲ၊ ဘယ်သူက မကောင်းတာလဲ၊ ငါ့သမီးက ဝမ်မိသားစုနဲ့ အိမ်ထောင်ကျသွားပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနေတယ်။ အခုဒီမိသားစုကိုကြည့်ပါ၊ တစ်၊ နှစ်၊ သုံး၊ သုံးယောက်တောင် ကွာရှင်းတော့မယ်!"
သူမ၏ လက်သုံးချောင်းကို မြှောက်လိုက်ကာ လူတိုင်းရှေ့တွင် ပြလိုက်သည်။
"ငါတို့ ဖန်မိသားစုက အဲဒီတုန်းက ကံမကောင်းခဲ့ဘူး။ ဘာကြောင့် ဒီလိုခမည်းခမက်နဲ့ ဆုံခဲ့ရတာလဲ? အဲဒီဘေးဆိုးသာ့ချောင်က ပိုဆိုးတယ်။ သူက ငါတို့ ဖန်မိသားစုကို အခုအချိန်အထိ ထိခိုက်စေတယ်။ အိုး ဟုတ်တယ်။ ငါ့ချွေးမလည်း ဒီဘေးဆိုးကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်။ ငါ ပြန်လိုက်ဦးမယ်..."
စကားမဆုံးခင် အမျိုးသမီးတစ်ဦးက မြစ်ထဲမှ အပြေးအလွှား ပြေးလာပြီး အော်ဟစ်နေသည်။ "အိုး၊ မကောင်းတော့ဘူး။ တစ်ယောက်ယောက် လာကြပါဦး။ ကလေးတွေ ရေထဲ ပြုတ်ကျသွားပြီ!"
ကလေးတွေ ရေထဲကျသွားပြီလား?
ဒီရွာ၌ မြစ်ထဲသွားရသည်အား မကြိုက်သည့် ကလေးတစ်ယောက်မှ မရှိပေ။
နွေဦးတွင် ငါးဖမ်းပြီး နွေရာသီတွင် ရေကူးသည်။ မြစ်ထဲ၌ ရေခဲများက အရည်ပျော်နေပြီ။ မကြာသေးမီက ကလေးများသည် မြစ်ထဲသွားလေ့ရှိသည်။
"အိုး ငါ့ကော်ဝါက မြစ်ထဲသွားတာလား မသိဘူး"
"ငါ့ကော်တန်လည်း မြစ်ထဲသွားနိုင်တယ်။ ငါ အမြန်စစ်ဆေးရမယ်!"
ကလေးများရှိသည့် လူများက မြစ်သို့ ပြေးသွားကြသည်။
အဘွားကြီးဖန်သည် လူတိုင်း အလျင်စလို ပြေးသွားသည်ကို မြင်လိုက်ရသောအခါ စိတ်တိုသွားသည်။
သူတို့အားလုံး ဘာကြောင့် ထွက်ပြေးကြတာလဲ?
သူမ ဒီအကြောင်းကို အချိန်အတော်ကြာအောင် ပြောနိုင်သည်။
ချိုင်းထောက်ကို မှီပြီး အိမ်ပြန်ရန် ပြင်ဆင်ခဲ့သည်။ ထိုအခါ သတင်းပို့သည့် အမျိုးသမီးက သူမလက်ကိုဆွဲကိုင်ပြီး ပြောသည်ကို ကြားလိုက်ရသည်။
"အဘွားကြီးဖန်၊ နင်ဒီမှာဘာလို့ရပ်နေတာလဲ? နင့်မိသားစုရဲ့ ရုံရော့က မြစ်ထဲပြုတ်ကျသွားတယ်။ ငါလာတုန်းကတောင် ကယ်လို့မရသေးဘူး။ မြန်မြန်သွား"
အဘွားကြီးဖန်က အံ့သြသွားသည်။
နောက်အခိုက်အတန့်တွင် သူမသည် ဒေါသဖြစ်ကာ တစ်ဖက်လူကိုရိုက်ရန် လက်ထဲမှ ချိုင်းထောက်ကို မြှောက်လိုက်သည်။
"နင်ပါးစပ်ကွဲနေတဲ့ မိန်းမ၊ ငါ့မိသားစုရဲ့ ရုံရော့ကို ကျိန်ဆဲနေတာလား? ငါ့မိသားစုရဲ့ ရုံရော့ကို ကျိန်ဆဲလေ။ ငါ နင့်ကို သတ်မယ်!"
မကြာသေးမီက သူမ၏ သမီးအိမ်မှ ထွက်လာခဲ့သည်။ အဖိုးတန်မြေးနှစ်ယောက်က မြစ်ထဲ မြန်မြန်ဆန်ဆန် ဘယ်လိုပြေးနိုင်မှာလဲ?
ထို့ကြောင့် ဒီမိန်းမဆိုးက သူမမြေးကို ကျိန်ဆဲနေခြင်း ဖြစ်ရမည်။
အမျိုးသမီးက ချိုင်းထောက်ကို ကိုင်ပြီး ပြန်တွန်းလိုက်တယ်။ "ငါ့ရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်က မကောင်းဘူး ဖြစ်လာတယ်။ နင်မယုံရင် မယုံနဲ့။ နောင်မှာ တစ်ခုခု ဖြစ်ရင် နင်တို့ဖန်မိသားစုကို အကြောင်းကြားဖို့ မမျှော်လင့်နဲ့"
ပြောပြီးသည်နှင့် ကလေးများ၏ မိသားစုများကို အကြောင်းကြားရန် လှည့်ထွက်သွားသည်။
အဘွားကြီးဖန်သည် ထိုအချက်ကို ခဏတာ တွေးနေသော်လည်း မယုံသေးပေ။ သူမ၏ ချိုင်းထောက်ကို အသုံးပြုကာ အိမ်သို့ ပြန်လာသည်။
ချောင်ကျန်းကော်က စိတ်လှုပ်ရှားစွာနှင့် ပြောသည်။ "ဒုတိယညီလေး၊ မင်းဒီလောက် လျှို့ဝှက်ထားမယ်လို့ ငါမမျှော်လင့်ထားဘူး။ မင်း ဒါကို လူတိုင်းဆီက ဖုံးကွယ်ထားတာကြာပြီ!"
ချောင်ကျန်းမင်က သဘောကျနေသည်။ "ကျွန်တော် ဒါကို လူတိုင်းကို ဖုံးကွယ်ဖို့ မရည်ရွယ်ဘူး။ လေ့ကျင့်ပြီး လူတိုင်းကို အံ့အားသင့်အောင် လုပ်ချင်လို့ပါ!"
ချောင်ကျန်းကော်က ဒီကိစ္စကို ဆက်မပြောတော့ပေ။ သူက ရယ်ပြီး ပြောသည်။ "အဖေနဲ့အမေက ညီလေး လမ်းလျှောက်နိုင်တာကို တွေ့ရင် အရမ်းဝမ်းသာနေမယ်"
သူသည် ဒုတိယညီငယ်ကို ညစာစားရန် အိမ်ဟောင်းသို့ ခေါ်ဆောင်ရန် ချောင်အိမ်ငယ်လေးသို့ သွားခဲ့သည်။ ဝင်လာသောအခါ ဒုတိယညီငယ်က အခန်းနံရံကို မှီပြီး လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူ့မျက်လုံးများက မြေပြင်ပေါ်သို့ ကျသွားသည်။
ကလေးတစ်ယောက်က ရေထဲကျသွားသည်ကို လူတိုင်းကြားသည့်အခါ မြစ်ကို ပြေးသွားကြသည်။ ဒီညီအကိုနှစ်ယောက်ကို ဖြတ်သွားကြသည်။ သူတို့က ရုတ်တရက် ရပ်သွားသည်။
ချောင်ကျန်းကျွင်းက အခုပဲ လမ်းလျှောက်နေသည်ကို သူတို့ မြင်လိုက်ပုံရသည်။
မဖြစ်နိုင်ဘူး၊ ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်လား?
ချောင်ကျန်းကျွင်းသည် ထိုအဆင့်အထိ အကြောသေသွားခဲ့သည်။ လမ်းလျှောက်ဖို့နေနေသာသာ မတ်တပ်ရပ်ရတာပင် အဆင်မပြေပေ။ ထို့ကြောင့် သူတို့က အရာများကို မြင်နေရခြင်း ဖြစ်နိုင်သည်။
အားလုံးက နောက်ပြန်လှည့်ကာ အနီးကပ်ကြည့်ပြီး မျက်လုံးများကို ပွတ်သပ်ကာ ပြန်ကြည့်ပြန်သည်။
F*ck၊ အဲဒီလူက တကယ် ချောင်ကျန်းကျွင်းပဲ။
အချို့လူများသည် မူလက ပြဇာတ်ကြည့်ရန် မြစ်ကို လိုက်သွားကြသည်ည်။ သို့သော် ယခု မသွားရန် ဆုံးဖြတ်လိုက်သည်။
ဤနေရာတွင် အတင်းအဖျင်း ပြောခြင်းသည် ပိုသစ်လွင်ပြီး လူကြိုက်များသည်။
သူတို့က ချောင်ကျန်းကျွင်းကို လုံးဝ ဝိုင်းရံထားကြသည်။ "ဒုတိယချောင်၊ မင်းဘာလို့ရုတ်တရက်အဆင်ပြေသွားတာလဲ?"
"ဟုတ်တယ်! ဟုတ်တယ် အာ! ခွဲစိတ်ပြီးရင်တောင် ပျောက်ကင်းမှာမဟုတ်ဘူးလို့ ဆရာဝန်က မပြောဘူးလား?"
"မှန်တယ်၊ အဲဒီတုန်းက ဆရာဝန်ဆီက ကြားခဲ့တာပဲ၊ ဆရာဝန်ကလည်း မင်းတစ်သက်လုံး အိပ်ရာထဲမှာပဲ နေလို့ရတယ်လို့ ပြောခဲ့တယ်!"
အစပိုင်းတွင် ရွာသားအများအပြားနှင့် ထုတ်လုပ်ရေးခေါင်းဆောင်က ချောင်ကျန်းကျွင်းကို မြို့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆရာဝန်ပြောသည်ကို ကြားခဲ့သည်။ ထို့ကြောင့် ယခုသူတို့ အရမ်းတုန်လှုပ်သွားသည်။
ချောင်ကျန်းကျွင်းက သူ့ခေါင်းကို ကုတ်လိုက်သည်။ "ကျွန်တော်လည်း မသိဘူး၊ လွန်ခဲ့တဲ့ တစ်လလောက်က ခါးကျောရိုးမှာ နာကျင်လာတယ်။ ပြီးတော့ ခြေထောက်တွေ တဖြည်းဖြည်း သက်သာလာတယ်။ ကျွန်တော် လမ်းလျှောက်လေ့ကျင့်တာ တစ်လလောက်ရှိပြီ။ ဒါပေမယ့် သိပ်ကြာကြာ လမ်းမလျှောက်နိုင်သေးဘူး"
"လွန်ခဲ့တဲ့ ကာလတစ်ခုက စပြီး ခံစားရတယ်။ အဲဒါက ဘယ်အချိန်လဲ?" ရှားလော့ဟုမ်းနှင့်တူသော ရွာသားတစ်ဦးသည် အမှုအား အဆုံးထိဖြတ်တောက်ရန် စိတ်ထားဖြင့် မေးမြန်းသည်။
ချောင်ကျန်းကျွင်းက ခဏရပ်လိုက်သည်။ "အဲ့ဒါကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး။ နေ့လည်စာ စားချိန်နီးနေပြီ။ ကျွန်တော်တို့ အရင်သွားရမယ်။"
ပြောပြီးသည်နှင့် အစ်ကိုကြီး၏ လက်ကို ကိုင်ကာ ထွက်သွားလေသည်။
ရွာသူရွာသားမျက ကျေနပ်အားရမှု မရှိခဲ့ပေ။
ရှားလော့ဟုမ်းနှင့်တူသည့် ရွာသားက ပြောခဲ့သည်။
"ကျုပ် သခွားသီးကို လောင်းကြေးထပ်မယ်။ ဒုတိယချောင်က ဖန်ရှောင်ကျွမ်းနဲ့ ကွာရှင်းပြီးမှ ပိုကောင်းလာတယ်!"
"မင်းဘယ်လိုသိတာလဲ?"
ရှားလော့ဟုမ်းနှင့် တူသောရွာသားက ပြန်ပြောသည်။ "မင်းမေ့သွားပြီလား? ဒုတိယချောင်နဲ့ ဖန်ရှောင်ကျွမ်းတို့ ကွာရှင်းလိုက်တုန်းက ခုနစ်နှစ်ရှစ်နှစ်လောက် မပွင့်ဖူးသေးတဲ့ ချောင်ခြံဝင်းထဲမှာ သစ်တော်ပင်က ပွင့်တယ်။ သစ်တော်သီးပင်တွေက ဆောင်းရာသီမှာ ပွင့်တယ်။ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်ပဲ!"
"ဒါကို ငါမှတ်မိတယ်။ အဲဒါကိုကြည့်ဖို့ ချောင်အိမ်ငယ်လေးကိုတောင် သွားခဲ့တယ်။ သစ်တော်သီးပွင့်တွေက အရမ်းပွင့်လန်းနေတယ်!"
"ကျုပ်လည်း သွားကြည့်တယ်။ မကြာသေးခင်ကမှ ဖြစ်ထွန်းလာတယ်လို့ ကြားတယ်။ မကြာခင် အသီးတွေ စားနိုင်မယ်ထင်တယ်"
"အဲ့အခါပျရင် သူတို့ဆီက တစ်ချို့တောင်းတဲ့အခါ ချောင်မိသားစုက သဘောတူပါ့မလားမသိဘူး"
"မင်းဘာအိပ်မက်မက်နေတာလဲ?!" ရှားလော့ဟုမ်းနှင့်တူသော ရွာသားက ချောင်းဟန့်လိုက်သည်။
"ဖန်ရှောင်ကျွမ်း ထွက်သွားပြီးမှ လအနည်းငယ်ကြာ ဥမဥရသေးသော ချောင်မိသားစုရဲ့ ကြက်မက ဥပြန်ဥလာတယ်။ ပြီးတော့ သာ့ချောင်ရဲ့ စကားထစ်တာက ပျောက်ကင်းသွားတယ်။ အသားခွဲတဲ့နေ့မှာ ချောင်မိသားစုက ဝက်သား ဂျင်း ၃၀ အပိုကို ရလိုက်တယ်"
ဝက်သားဂျင်းသုံးဆယ်ကို တွေးလိုက်တိုင်း လူတိုင်း၏ တံတွေးများက ထပ်ကျလာတော့သည်။
"ဒါပေမယ့် ချောင်မိသားစုမှာ ဆိုးဆိုးရွားရွားတွေ အများကြီး ကြုံခဲ့ရတယ်။ ကလေးငါးယောက်မှာ နှစ်ယောက်က ကွာရှင်းသွားပြီ။ ပဉ္စမချောင်လည်း အခု ကွာရှင်းတော့မယ်ဆိုတာ ကြားတယ်။ ဘာကောင်းလဲ?"
ရှားလော့ဟုမ်းနှင့်တူသည့် ရွာသားက သရော်လိုက်သည်။ "ဘယ်မိသားစုမှာ အရှုပ်အထွေးမရှိလို့လဲ? ငါ့သဘောအရဆိုရင် ချောင်မိသားစုက ဖန်မိသားစုနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ဉာဏ်အကောင်းဆုံးပဲ။ ကျိုးပဲ့တဲ့ကိစ္စတွေက တစ်ခုပြီးတစ်ခု ဖြစ်နေတာကို နင်တို့လည်း မြင်ဖူးတယ်။ ဝမ်မိသားစုက ဒီလိုကျိုးနေတဲ့ ဖိနပ်ကို ကောက်ယူလိုက်တဲ့အတွက် သူတို့ အနာဂတ်မှာ ဒုက္ခရောက်လိမ့်မယ်!"