အားနာပါတယ် မင်းတို့နဲ့အတူခရီးမသွားချင်ဘူး
Vol. 103 Ch. 1441
ရှီမာယူယူသည် သူမကိုကြည့်နေသည့် အနက်ရောင်ဝတ်ထားသော မိန်းကလေးကို ခေါင်းညိတ်ပြလိုက်ကာ ဘာမှထပ်မပြောတော့ဘဲ လှည့်ပြီး ထွက်သွားလေသည်။ သူမသည် စင်္ကြံအဆုံးထိလျှောက်သွားပြီး လေးထပ်ကို တက်သွားလိုက်သည်။
လေးထပ်မြောက်တွင် နေသောလူများသည် သာမန်လူများမဟုတ်ကြ ပေ။
“ယူယူ နောက်ဆုံးတော့ထွက်လာပြီပဲ” လန်ကျုံးသည် လျှောက်လာပြီး သူမကို နှုတ်ဆက်သော်လည်း အစောပိုင်းက မြင်ခဲ့သည့် မိန်းကလေး အကြောင်းကို ပြောရန် ရည်ရွယ်ချက်မရှိသည့်ပုံပင်။
ထိုသို့ တိုက်ရိုက်အကဲဖြတ် ကြည့်ရှုခြင်းသည် သူမကို သက်တောင့် သက်သာမဖြစ်စေသောကြောင့် ရိုးရှင်းစွာလွှတ်ပေးလိုက်ရန် ရည်ရွယ်ချက် မရှိ ပေ။ ထိုသည်မှာ သူမကို ဝေဖန်နေခြင်းဖြစ်သည်။
“အဲဒါဘယ်သူလဲ”
“ငါ့မိတ်ဆွေပါ” လန်ကျုံး ပြောလိုက်သည် “မင်းကြောင့် လိမ္မော်သီး မြို့တော်ကနေ ထွက်လာတယ်ဆိုတာကိုသိပြီး မင်းအကြောင်းကို သိချင်နေ တာ”
သိချင်တယ်ဟုတ်လား။ သူမတော့ အဲလိုမထင်ဘူး။ ရိုးရှင်းတဲ့ သိချင်စိတ် မဟုတ်ဘဲ အဲထက်ပိုတဲ့တစ်စုံတရာရှိလိမ့်မယ်။
ဒါက သူပေးနိုင်တဲ့ အကျိုးအကြောင်းအသင့်ဆုံး ရှင်းပြချက်လား။ သူက အဲဒီလူရဲ့ သရုပ်မှန်ကို ထပ်ပြီးပြောဖို့ ရည်ရွယ်ချက်မရှိသေးဘူးလား။
ဒါပေမဲ့ သူမပြောတာနဲ့ သူမကမသိတော့ဘူးလား။ သူမ သိတဲ့လူက သူ တစ်ယောက်တည်းမှမဟုတ်တာ။
“ငါတို့တွေ ပြည်နယ် ၆၄ နယ်နိမိတ်ကိုရောက်နေပြီ” လန်ကျုံး ပြော လိုက်သည် “နေ့တစ်ဝက်လောက်ကာရင် ရောက်လောက်ပြီ”
ပြည်နယ်တိုင်းတွင် ဟောပြင်သင်္ဘောရပ်ရန် နေရာများစွာရှိသည်။ သူတို့သည် ပြည်နယ် ၆၄ ကိုဝင်ပြီးနောက် ပထမဆုံးနေရာကို ရွေးလိုက်ကြ သည်။
နေ့တစ်ဝက်ကြာပြီးနောက်တွင် ဆင်းကြမည့်လူအားလုံးသည် ကုန်းပတ် ပေါ်တက်ကြလေသည်။
လေဟာပြင်သင်္ဘောကုန်းပတ်ပေါ်တွင် တွေ့ခဲ့သော မိန်းကလေးသည် ထပ်ပေါ်လာကာ အားလုံးလက်ထဲမှ သော့ကတ်ကိုပြန်ယူပြီး ကုန်းပတ်ရှေ့သို့ သွားလေသည်။
ကုန်းပတ်ပေါ်မှလူများသည် အပြင်ကိုမမြင်ရပေ။ သို့သော် တုန်ခါမှုကို ခံစားလို့ရသည်။ အပြင်ဘက်တွင် အကာအကွယ်ဖုံးလွှမ်းထားမှု ပျက်ပျယ်သွား ပြီး နောက်ဆုံးတွင် အပြင်မှမြင်ကွင်းကို မြင်လိုက်ရတော့သည်။
ကုန်းပတ်ပေါ်ရှိလူများသည် အစဉ်လိုက်ပင် စတင်ဆင်းကြတော့သည်။ လန်ကျုံးသည် ရှီမာယူယူနောက်လိုက်ရာ ထိုမြင်ကွင်းကို ယန်းရှီမြင်သည်နှင့် မုန်းတီးစွာ အံကြိတ်လေသည်။
ရုတ်တရက်ပင် သူမ အပေါ်ကျရောက်လာသော အကြည့်နှစ်စုံကို ခံစားလိုက်ရာ ခေါင်းမော့ကြည့်လိုက်ချိန်တွင် အနက်ဝတ်ထားသော မိန်းကလေးနှင့် ပန်းရောင်ဝတ်ထားသော မိန်းကလေးနောက်တစ်ယောက်တို့ သည် လေးထပ်မှ သူမကိုကြည့်နေသည်ကို မြင်လိုက်ရသည်။
အနက်ဝတ်နှင့် မိန်းကလေးသည် ရှီမာယူယူ မနက်ပိုင်းက မြင်ခဲ့သည် လူပင်ဖြစ်သည်။ သူမသည် ယန်းရှီအား အေးစက်သော မျက်လုံးများဖြင့် ကြည့် နေသည်။
ပန်းရောင်ဝတ်မိန်းကလေးသည် ပြုံးနေသယောင်ရှိသည်။ ယန်းရှီ ခေါင်းလှည့်လာသည်ကိုမြင်သည်နှင့် ခေါင်းညိတ်ကာနှုတ်ဆက်လေသည်။
“သူတို့ ရောက်နေပြီပဲ” ဘေးမှ လီယောင်သည် ထိုမိန်းကလေးနှစ်ဦးကို မှတ်မိကာ ပြောလိုက်သည်။
“အဲတော့ဘာဖြစ်လဲ” ယန်းရှီသည် ခေါင်းလှည့်သွားပြီး နှာခေါင်းရှုတ်လေ သည်။ “လေဟာပြင်သင်္ဘောပေါ်မှ ဆင်းမှပဲ သတင်းတွေသိရတော့မယ်”
သူမသည် ရှီမာယူယူဆီသို့ အာရုံပြန်ထားလိုက်သည်။ ဟင်း… အခုအချိန် မှာ ဒါကို သူမအဖြေရှင်းချင်ဆုံးလူပဲ။
လန်ကျုံး ရှီမာယူယူကိုပြုံးပြသည်ကို ကြည့်ပြီး ဒေါသများဆူပွက်နေ သည်။
အဲမိန်းမပျက်ကတော့…
ရှီမာယူယူသည် အနောက်မှ လူသတ်မည့်အကြည့်ကို ခံစားရပြီးလျစ်လျူ ရှုလိုက်သည်။ သူမ ခေါင်းမသုံးရဘဲနှင့် ထိုလူကို သိလိုက်သည်။
သူတို့ လေဟာပြင်သင်္ဘောပေါ်မှ ဆင်းသည့်အချိန်တွင် ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့သည် ရင်းနှီးနေသော မြင်ကွင်းကို ပျော်ရွှင်စွာကြည့်ကြလေ သည်။
“နောက်ဆုံတော့ ပြန်ရောက်လာပြီပဲ” ရှီမာလျူရွှမ်၏ မျက်နှာထားသည် ပြောင်းလဲခြင်းမရှိပေ။ သို့သော် သူ၏ ခံစားချက်များဖော်ပြနေသည်ကို ရှီမာယူယူ မြင်နိုင်သည်။
“အဖေ သမီးတို့ ပြန်လာတာမြန်ပါတယ်” သူမ နှစ်သိမ့်ပေးလိုက်သည်။
“ဆယ်စုနှစ်တွေတောင်ကြာခဲ့ပြီ၊ ဒီမှာ ဘယ်လိုတွေရှိလဲဆိုတာတောင် မသိတော့ဘူး”
“ဆယ်စုနှစ်အချိန်လေးပါပဲ သမိုင်းရှည်တဲ့ ဒီလိုနေရာအတွက်ကတော့ သမုဒ္ဒရာထဲက ရေတစ်စက်ပါပဲ၊ ဘယ်လိုလုပ်ပြောင်းသွားမှာလဲ” ရှီမာယူယူ ရယ်မောလိုက်သည် “ပြောင်းလဲသွားပေမဲ့ မပြောင်းလဲပါဘူး”
“အင်း အဖေက ပြန်မလာတာ ဒီလောက်ကြာပြီဆိုတော့ လွမ်းသလို တော့ ခံစားရတယ်” ရှီမာလျူရွှမ် ပြုံးလိုက်သည်။
“ဆရာ ဒီနေရာက ဆရာမွေးတဲ့နေရာလား” မူစစ်မေးလိုက်သည်။
“မဟုတ်ဘူး ငါက ဒီမှာမမွေးဘူး ဒါပေမဲ့ ဒီမှာခဏလောက်တော့ နေခဲ့ တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“သွားမယ် ငါတို့ပြန်လာကြပြီ” ဟွမ်ရင်ရင် ပြောလိုက်သည်။
“ကောင်းပြီ”
“သခင်မလေးရှီမာ” ယန်းရှီနှင့် အပေါင်းအပါများသည် အနောက်မှလိုက် လာကြသည် “ကြည့်ရတာ ကျွန်မတို့တွေ လေဟာပြင်သင်္ဘောကနေ အတူ ဆင်းမိလိုက်ကြပုံပဲ”
“ဟုတ်တယ် ကျွန်မ တို့အိမ်ရောက်ပြီဆိုတော့ အရင်နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် သူမကိုခေါင်းညိတ်ပြပြီး လှည့်ကာထွက်သွားဟန်ပြုလေ သည်။
သို့သော် တစ်ဖက်မှာ သူမကို ထိုအတိုင်းလွှတ်ပေးချင်သည့်ပုံမပေါ်ပေ။
“သခင်မလေးရှီမာ ရှီမာမျိုးနွယ်ကိုပြန်မလို့လား” လီယောင် မေးလိုက် သည်။
“ဟုတ်တယ်”
“တိုက်ဆိုင်လိုက်တာ ကျွန်မတို့လည်း ယဲ့စီရင်စုနယ်ကိုသွားကြမလို့ အဲဒီကို အတူတူခရီးသွားလို့ရတဲ့ပုံပဲ” လီယောင်သည် ပျော်ရွှင်တက်ကြွစွာ ပြော လေသည်။
“ယဲ့စီရင်စုနယ်ကို ဘာလို့သွားကြမှာလဲ”
“ဟိုရက်က ပြောပြီးပါရော် ကျွန်မတို့က ယဲ့စီရင်စုနယ်မှာ ကျင်းပါမယ့် ညီလာခံနဲ့ ပြိုင်ပွဲကိုဝင်ပြိုင်မလို့ပါ” ယန်းရှီ ပြောလိုက်သည်။
“အိုး ဒါပေမဲ့…”
“ဒီလိုတွေ့လာမှတော့ ကျွန်မတို့က တစ်နေရာတည်းကိုသွားမယ့်သူတွေ ဆိုတော့ ရေစက်ပါတယ်လို့ပြောလို့ရတာပဲ၊ ပြီးတော့ ကျွန်မတို့က ပြည်နယ် ၆၄ နဲ့စိမ်းနေကြတာ ကျွန်မတို့အတူခရီးသွားကြတာပေါ့” လီယောင်၏ အသံသည် အနည်းငယ်မြင့်တက်လာရာ အနီးအနားမှလူများ အာရုံစိုက်မိကြပြီး သူတို့ကို ကြည့်ကြလေသည်။
တခြားသာမန်လူသာဆိုလျှင် တစ်ဖက်လူမှ ထိုအတိုင်းပြောပါက ငြင်းဆို ရန်ခက်ခဲမည်။ ထို့အပြင် သူတို့မိသားစု၏ အားအင်သည် ရှီမာမိသားစုထက်ပင် မြင့်သည်။ သူတို့သည် သူမနှင့် အတူခရီးသွားလိုသည်ဆိုသည်မှာ သူမကို အကောင်းဘက်မှ မြင်ထားသည်ဟု ဆိုလိုသည်။
ဒါပေမဲ့ ရှီမာယူယူက သာမန်လူဟုတ်လို့လား။ သူမ အသက်ကိုလိုချင်နေ တဲ့သူကို မပြောနဲ့ သူတို့နဲ့အတူခရီးသွားဖို့ကို စိတ်မဝင်စားဘူးလေ။
“ကျွန်မတို့ တွေ့ဆုံရတာက ရေစက်ဆိုတာ အမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်မ ကလေးကတည်းက သူစိမ်းတွေနဲ့ မနေတတ်ဘူး အဘိုး အဖေ သွားရအောင်”
သူမ ပြောပြီးသည်နှင့် တစ်ဖက်လူစကားပြောခွင့်ကိုပင် မပေးဘဲ လှည့် ထွက်သွားလေသည်။
“ရှီ…” လီယောင်နှင့် တခြားသူများသည် ရှီမာယူယူ သူတို့ကို တိုက်ရိုက် ပင် ငြင်းဆန်လိမ့်မည်ဟု ထင်မထားသဖြင့် မှင်တက်နေကြသည်။
“ဒီမိန်းမပျက်ကတော့” ဖန်ချီသည် ခါးသက်စွာ ကြိမ်းမောင်းလိုက်သည်။
ယန်းရှီသည် သူမကို တိုက်ရိုက် မကျိန်ဆဲသော်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ဒေါသထွက်နေသောမျက်လုံးများသည် လက်ရှိ သူမ၏ ခံစားချက်ကို ပြနေသည်။
“အမလေး အံ့ဩလောက်စရာပဲ၊ သူများက မင်းတို့စကားတွေကို ဂရုမစိုက်ဘူးပဲ၊ ကြည့်ရတာ သခင်မလေးယန်းရဲ့ဆွဲဆောင်မှုက တစ်ကမ္ဘာလုံး ကို လွှမ်းမိုးနိုင်တာတော့ မဟုတ်ဘူးပဲ” ပန်းရောင်ဝတ်မိန်းကလေးသည် အနောက်မှရောက်လာကာ ကပြက်ကချော်ပြောလေသည်။
“အီချင်းယွိ မင်းစကားမပြောရင် မင်းကိုအ,နေတယ်လို့ ဘယ်သူမထင် ဘူး” ယန်းရှီသာ အီချင်းယွိကို ထိုကဲ့သို့ပြောရဲခြင်းဖြစ်သည်။ လီယောင်နှင့် ဖန်ချီတို့သည် ပြည်နယ် ၁၅ ၏အီမျိုးနွယ်ကို ထိုသို့အပြုအမူဖြင့် ပြောရဲသည့် သတ္တိမရှိပေ။
“အိုး ဒါကအများပိုင်းနေရာပဲ လူတွေက စကားပြောလို့မရဘူးလား” အီချင်းယွိသည် ပြုံးပြီးပြောလေသည် “ရင်စူးစူး မဟုတ်ဘူးလား”
လန်ကျုံးကို စကားပြောနေသော အနက်ဝတ်မိန်းကလေးသည် သူတို့ နှစ်ယောက်ကိုကြည့်ပြီး ဘာမှမပြောသလို ထွက်လည်းထွက်မသွားပေ။
သူတို့သုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် သိနေသည်မှာ သိသာသည်။
“ဒီလိုပြိုင်ပွဲမှာ နင်တို့ကဘယ်တုန်းက ဝင်ပြိုင်လို့လဲ” ယန်းရှီ မေးလိုက် သည်။
“သေချာပေါက် ငါတို့မျက်စိကျတဲ့ပစ္စည်းရှိလို့ပေါ့” အီချင်းယွိ ပြောလိုက် သည်။ “ဒါပေမဲ့ နင့်မျက်လုံးနဲ့ဆိုရင်တော့ အဲဒါကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး ဟုတ်တယ်မလား ရင်စူးစူး”
“ငါတို့သွားရအောင်” ရင်စူးစူး တိုက်တွန်းလိုက်သည်။
“ဟားဟားဟား သွားမယ် ငါတို့အတူခရီးသွားဖို့ သဘောတူထားတာပဲ” အီချင်းယွိသည် လှောင်ပြောင်စွာ ပြောလေသည်။
ထို့နောက် သူမသည် ယန်းရှီတို့ကို တစ်ချက်ပင်မကြည့်တော့ဘဲ ရင်စူးစူးအပါအဝင် သူမ၏ကိုယ်ရံတော်များနှင့်အတူထွက်သွားလေသည်။
“လာကြဦး” ယန်းရှီ ခေါ်လိုက်သည်။
“ဟုတ်ကဲ့ သခင်မလေး”
“အဲနှစ်ယောက် ဘာလို့ဝင်ပြိုင်ကြတာလဲဆိုတာ သွားစုံစမ်းလိုက်”
“ဟုတ်ကဲ့ပါ သခင်မလေး”
“သခင်မလေးယန်း ငါတို့ဘာလုပ်ကြမလဲ”
“ယဲ့စီရင်စုနယ်ကိုသွားမယ်”
ထိုမိန်းကလေးနှစ်ယောက်၏ စိတ်ကိုလှုပ်ခတ်နိုင်သည့်အရာမှာ သေချာပေါက် သာမန်ပစ္စည်းမဟုတ်နိုင်ပေ။
သူတို့ ထိုအပြုအမူနှင့် ပြောလိုက်သည်နှင့် သူမ ရပ်သွားမည်မဟုတ်ပေ။ ထိုမိန်းကလေးနှစ်ယောက် လိုချင်သည်နှင့် သူမ ဆုပ်ကိုင်ထားရမည်။
ထို့အပြင် သူသည် ရှီမာယူယူနောက်လိုက်ကာ ယဲ့စီရင်စုနယ်သို့ သွားခဲ့ သည်။ ဖြစ်နိုင်သည်မှာ သူ ပြိုင်ပွဲကိုကြည့်လိမ့်မည်။ သူမ ပြိုင်ပွဲတွင် အနိုင်ရ သည်ကို သူမြင်သွားပါက သူမကို အကောင်းမြင်နိုင်ပြီး လေးစားသွားနိုင်မည် လား။
***