← Chapters

ဘိုးဘိုးကြီးဆိုပြီး လက်လွတ်စပယ်ခေါ်လို့ရလို့လား

Vol. 104 Ch. 1443

ဘိုးဘိုးကြီးဆိုပြီး လက်လွတ်စပယ်ခေါ်လို့ရလို့လား

Vol. 104 Ch. 1443

ဖြတ်လမ်းတည်ဆောက်မှုသုံးပြီး နောက်တစ်ခုပြောင်းစီးပြီးသည်နှင့် နောက်ဆုံးတွင် ချူးချန်းမြို့တော်ကိုရောက်လေသည်။ သူတို့ ဝိညာဉ်ရှာဖွေသူ အသင်းမှထွက်လိုက်သည်နှင့် ရှီမာကျိယွင်နှင့် လက်အောက်ငယ်သားများ အပြင်တွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

သူတို့ကိုယ်တိုင် လာကြိုမည်ဟု ရှီမာယူယူနှင့် တခြားသူများ ထင်မထား သဖြင့် အတန်ကြာအောင် မတုံ့ပြန်နိုင်ကြပေ။

“ဟားဟား နောက်ဆုံးတော့ ရောက်လာပြီပဲ” ရှီမာကျိယွင်သည် ရှီမာယူယူကို မြင်သည်နှင့် အူလိုက်သည်းလိုက်ရယ်မောကာ ချက်ချင်းပင် လျှောက်လာပြီး သူမကို ပွေ့ဖက်လေသည်။

သူ့ရဲ့ ပုံမှန် ဟိတ်ဟန်တွေဘယ်ရောက်သွားတာလဲ။

သူ့အနောက်တွင် ရပ်နေကြသော ရှီမာမျိုးနွယ်များသည် သူတို့ အကြီးအကဲမှ ရှီမာယူယူကို နှုတ်ဆက်ပုံမြင်သောအခါ မှင်တက်နေကြသည်။ သူတို့သည် ရှီမာယူယူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး မှိုင်တွေစွာရပ်မိ နေကြချိန်တွင် ရှီမာရှုံ့ချီနှင့်တခြားသူများသည် တဖြည်းဖြည်းသတိဝင်လာကြ သည်။

“ခေါင်းဆောင်” သူတို့သည် သူ့ကိုအရိုအသေပေးကြသည်။

သို့သော် သူသည် သူတို့ကိုလျစ်လျူရှုကာ ရှီမာယူယူကို ပွေ့ဖက်ရင်း ကျယ်လောင်စွာရယ်မောလေသည် “ငါ့ကလေး နောက်ဆုံးတော့ ရောက်လာပြီ ပဲ… ထပ်နောက်ကျနေရင် ငါ လိုက်လာတော့မလို့”

ရှီမာယူယူသည် တင်းကြပ်စွာအဖက်ခံထားရသဖြင့် အသက်မရှုနိုင်ကာ သူ့ပခုံးကိုပုတ်လိုက်သည် “ဘိုးဘိုးကြီး ဒီလောက် ကြပ်ကြပ်ကြီးဖက်ထားတော့ အသက်ရှုလို့မရတော့ဘူး”

ရှီမာကျိယွင်သည် နောက်ဆုံးတွင် သူမကို လွှတ်ပေးလိုက်သည် “ဟားဟား ငါ ပျော်လွန်းလို့ပါ”

ရှီမာယူယူသည် နတ်ဆိုးလက်များမှ လွတ်မြောက်သွားပြီး နောက်ဆုတ် ကာ သူမ ရင်ဘတ်ကို ထိတ်ထိတ်ပျာပျာပုတ်ပြီး ကပ်ဘေးတစ်ခုမှ ရှင်သန်လာ သည့်အလား ကြည့်လေသည်။

ရှီမာလျူရွှမ်သည် ရှီမာကျိယွင် ပျော်ရွှင်နေသည်ကိုကြည့်ပြီး တလေးတစားခေါ်လိုက်သည် “မိသားစုခေါင်းဆောင်”

ရှီမာကျိယွင်၏ အာရုံသည် ရှီမာယူယူဆီမှ သူ့ဆီသို့ တစ်ခါတည်းရောက် သွားသည်။ သူ၏ ငွေရောင်ဆံပင်များကိုကြည့်ပြီး သူ အနည်းငယ်ဝမ်းနည်းမိ သည်။ သူသည် ပခုံးကိုပုတ်ပြီးပြောလိုက်သည် “မင်းပြန်လာတာ ကောင်းတယ်”

ရှီမာလျူရွှမ်သည် ပခုံးမှစီးဆင်းလာသော စွမ်းအားများကိုခံစားမိပြီး ခံစားချက်များစွာ ဖြစ်ပေါ်လာရာ ရိုးရှင်းစွာပင် ပြန်ဖြေလိုက်သည် “ဟုတ်ပါတယ်”

“မိသားစုခေါင်းဆောင် ဘာလို့ဒီရောက်နေတာလဲ” ဟွမ်ရင်ရင်မေးလိုက် သည်။

“ဟုတ်တယ် ဘိုးဘိုးကြီး ဘာလို့ဒီရောက်နေတာလဲ” ရှီမာယူယူသည် လည်း အနည်းငယ်သိချင်နေသည်။

ရှီမာကျိယွင် သူမကို တွေ့ချင်လျှင်တောင် လူအများကြီးနှင့် ဤနေရာ အထိရောက်လာရန် မလိုအပ်ပေ။

ထို့ကြောင့် အကြောင်းအရင်းတစ်ခုရှိရမည်။

“စိတ်ကြီးဝင်နေတာပဲ စည်းကမ်းမလိုက်နာဘဲ မိသားစုအကြီးအကဲကို ဘိုးဘိုးကြီးလို့ ဘယ်လိုလုပ်ခေါ်နိုင်ရတာလဲ” အနောက်မှ အဘိုးကြီးတစ်ဦး သည် ကျယ်လောင်စွာအော်လာပြီး သူမကို ကြိမ်းမောင်းလေသည်။

ရှီမာယူယူသည် အကြောင်းမရှိ ကြိမ်းမောင်းခံလိုက်ရသဖြင့် မျက်နှာကြီး မည်းသွားကာ ဝမ်းနည်းသွားလေသည်။

မိသားစုထဲမှ မည်သူမှ သူမကိုထိုသို့ မငေါက်ငမ်းဖူးပေ။ ထို့အပြင် ထိုလူ သည် သူမ မသိသည့်လူဖြစ်ကာ လူမြင်ကွင်းတွင် သူမကို ထိုအတိုင်း အော်ငေါက်ရဲသည်။ ဟင်း… သူမက လူတိုင်းထိုးလို့ရတဲ့ သဲအိတ်ဖြစ်ဖို့ ပြန်လာ တာမှမဟုတ်တာ။

သို့သော် သူမ မပြောနိုင်ခင်မှာပင် ဟွမ်ရင်ရင်သည် အော်ကာ ထိုအဘိုး ကြီး၏ နှာခေါင်းကိုလက်ညှိုးထိုးပြီး ကျယ်လောင်စွာ ကျိန်ဆဲလေသည် “ရှီမာထူ ဘာတွေလာကိုက်နေတာလဲ”

ရှီမာယူယူ၏ ရင်များဒိန်းခနဲဖြစ်သွားသည်။

ရှီမာထူဟုတ်လား။ သူက အဘိုးအရင်ကပြောခဲ့တဲ့ အဘိုးနဲ့ သိပ်အဆင် မပြေတဲ့လူကြီး မဟုတ်ဘူးလား။

သူသည် မိသားစုတွင် သူမကို အကြိမ်ကြိမ်နှိပ်စက်လိုသော သံသယ အကြီးဆုံးလူလည်းဖြစ်သည်။

ထိုအကြောင်းအား စဉ်းစားမိသည်နှင့် သူမ မျက်လုံးများကျဉ်းမြောင်း လာပြီး သူ့ကို ဂရုတစိုက်ကြည့်လေသည်။

သူမ အဘိုးဖြစ်သူနှင့် သူသည် ဝမ်းကွဲများဖြစ်ကြကာ အလွန်တူကြသည်။ သို့သော် သူမအဘိုးသည် ဂရုမစိုက်သည့်ပုံပေါက်နေချိန်တွင် သူသည် အနည်း ငယ် ကောက်ကျစ်သည့်ပုံပေါက်သည်။

သို့သော် သူမ စိတ်ထဲတွင် ထိုကဲ့သို့အကဲဖြတ်မှုကို ဘာကြောင့် ပေးမိသည်ကိုတော့ သူမကိုယ်တိုင်လည်းမသိပေ။

“ဟွမ်ရင်ရင် မင်းသင်ပေးထားတဲ့ မြေးမ,ကောင်းလေးက အရမ်းကို ပုန်ကန်တတ်တာပဲ၊ သူက မိသားစုခေါင်းဆောင်ကို ဘိုးဘိုးကြီးလို့တောင် ခေါ်ရဲနေတယ်” ရှီမာထူသည် ဟွမ်ရင်ရင်ကို အနည်းငယ်ပင် ကြောက်ရွံ့ခြင်း မရှိကာ ရှီမာယူယူကို ဆက်ပြီးအပြစ်တင်နေသည်။

“မင်း…” ဟွမ်ရင်ရင်သည် သူ့ကို ဆက်ပြီး ကြိမ်းမောင်းချင်သော်လည်း လက်သေးလေးတစ်စုံသည် သူမလက်ကိုဆွဲထားလိုက်သည်။

“ဒီဘိုးဘိုးက အရမ်းအသက်ကြီးပြီးတော့ စဉ်းစားဉာဏ်ရှိတဲ့ပုံပဲ၊ ဒီလို ဉာဏ်ရည်ပြတာကို ဘယ်လိုခေါ်လို့ရမလဲ” ရှီမာယူယူ ပြုံးလိုက်သည်။

သူမ ပြုံးလိုက်သော်လည်း ထိုစကားသည် ကျိန်ဆဲသည့်စကားဆိုသည် ကို လူတိုင်းပြောနိုင်ကြသည်။

“ရာရာစစ” ရှီမာထူဘေးမှ လူငယ်များ အော်လိုက်ကြသည်။

“ဘာလို့လဲ ကျွန်မမှားသွားလို့လား” ရှီမာယူယူ၏ အမူအရာမှာ ရုတ်တရက် မည်းနက်သွားသည် “ကျွန်မက ရှင်တို့ရှီမာမိသားစုကမှမဟုတ်တာ ဘာလို့ မိသားစုစည်းကမ်းကို လိုက်နာရမှာလဲ ပိုပြီးရှင်းရှင်းလင်းလင်းပြောရရင် ကျွန်မကို ဘိုးဘိုးကြီးကဖိတ်ထားတာ အဲဒါကြောင့် ဘိုးဘိုးကြီးတို့ရဲ့ဧည့်သည် လို့ပြောလို့ရတယ် အခုလိုပြောရအောင် အဲဘက်ကဘယ်သူလဲမသိဘူး”

“မင်း…”

ရှီမာထူသည် နီရာလာကာ ငေါက်ငမ်းမည်အပြုတွင် ရှီမာကျိယွင်သည် ရှီမာယူယူ၏ တုံ့ပြန်မှုကိုမြင်သောအခါ သူ့ကို ဟိန်းဟောက်လိုက်သည် “မင်း ပါးစပ်ပိတ်ထားစမ်း ယူယူပြောတာမှန်တယ် ဘေးမှာပဲသွားရပ်နေလိုက်”

“မိသားစုခေါင်းဆောင်…” ရှီမာထူသည် ရှီမာကျိယွင်အား မယုံနိုင်စွာ ကြည့်လေသည်။

သူသည် ဒေါသကြီးတတ်သော်လည်း လူငယ်မျိုးဆက်တစ်ယောက် အတွက်နှင့် ဟိန်းဟောက်ဖူးခြင်းမရှိပေ။

သူမ ပြောသည်မှာမှန်သည်ဆိုသည့်စကားသည် ‘အခုလိုပြောရအောင် အဲဘက်ကဘယ်သူလဲမသိဘူး’ ဆိုသည့်စကားကို ဆိုလိုခြင်းဖြစ်သည်။

“ဘိုးဘိုးကြီး သူတို့က ဒီအခေါ်အဝေါ်ကို မကျေနပ်ဘူးထင်တယ် အဲလိုဆိုရင် ကျွန်မနောက်ကို ရှီမာမိသားစုခေါင်းဆောင်လို့ပဲခေါ်ပါမယ်” ရှီမာယူယူသည် ရှီမာကျိယွင်အား နစ်နာသလိုကြည့်လေသည်။

သူမ တမင်နစ်နာသလို ဟန်လုပ်နေသည်ကို ရှီမာကျိယွင်သိသော်လည်း စိတ်မကောင်းဖြစ်ကာ ရှီမာထူကို ငေါက်ငမ်းလေသည် “မင်းပြန်သွားလိုက် တော့ မင်းကိုအတူခေါ်မသွားနိုင်တော့ဘူး”

“မိသားစုခေါင်းဆောင်”

ကျန်မျိုးနွယ်ဝင်များသည် သူ့ကိုကြံရခက်စွာကြည့်လေသည်။ မိသားစု ခေါင်းဆောင်က ဘာလို့အဲလောက် ဒေါသထွက်နေတာလဲ။ သူမက လူငယ် မျိုးဆက်ထဲက အရည်အချင်းရှိတဲ့သူဖြစ်နေရင်တောင် သူမဆီက စကားလေး တစ်ခွန်းနှစ်ခွန်းကြောင့် မိသားစုအကြီးအကဲကို အဲလိုမျိုးမပြုမူသင့်ဘူးလေ။ ဟုတ်တယ်မလား။

“ဟင်း ငါ့မှာ ဘိုးဘိုးကြီးလို့အခေါ်ခံရဖို့ မနည်းသဘောတူအောင်လုပ် ထားရတာ၊ မဟုတ်တာတွေ ဆက်ပြောနေမယ်ဆိုရင် မျိုးနွယ်ကိုသာ ကျောခိုင်း သွားလိုက်တော့” ရှီမာကျိယွင်သည် ရှီမာထူကိုသာမက တခြားသောမိသားစု ဝင်များကိုပါ ပြောလိုက်ခြင်းဖြစ်သည်။

အားလုံးသည် မှိုင်တွေပြီးနောက် ‘ဟုတ်ကဲ့ပါ’ ဆိုသည်ကို ပြိုင်တူပြော လိုက်ကြသည်။

ရှီမာကျိယွင်သည် ရှီမာယူယူဆီသို့ ပြန်လာသည်နှင့် ချက်ချင်းပင် နှစ်လိုဖွယ်ကောင်းသော အပြုံးဖြစ်သွားလေသည်။

“ယူယူ အကုန်အဆင်ပြေတယ်၊ သူတို့ကို ငေါက်ပြီးသွားပြီ စိတ်မဆိုးနဲ့ တော့နော်”

အားလုံး၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေသည်။ ဒီလို မြှောက်ပင့်ခယမှုတွေ ပြည့်နေတဲ့မျက်နှာနဲ့လူက အခုလေးတင် အားလုံးကို ဒေါသတကြီး ငေါက်ငမ်းလိုက်တဲ့လူနဲ့ တစ်ယောက်တည်းပဲလား။

“ဘိုးဘိုးကြီး အကောင်းဆုံးပဲ” ရှီမာယူယူသည် လျှောက်သွားပြီး ရှီမာကျိယွင်၏ လက်မောင်းကို ဖက်တွယ်ကာ သွားဖြဲပြလိုက်သည်။

ရှီမာကျိယွင်သည် သူမကို ခါထုတ်မည်ဟု တခြားသူများထင်လိုက်ကြ သည်။ လူငယ်မျိုးဆက်ထဲက ဒီလိုရူးသွပ်တဲ့အလုပ်မျိုး တစ်ခါမှမလုပ်ဖူးကြ ဘူး။ ဒီမိန်းမငယ်လေးက အရမ်းကို ရဲတင်းလွန်းတယ်။

သို့သော် ထင်ထားသည့်အခြေအနေဖြစ်မလာပေ။ ထိုအစား ရှီမာကျိယွင် သည် ပိုပင်ပျော်ရွှင်နေသည်။

“ဘိုးဘိုးကြီး ဘာလို့ဒီအထိလာရတာလဲ” ရှီမာယူယူ ထပ်မေးပြန်သည်။

“သမီးကို စောစောတွေ့ချင်လို့ ဒီကိုလာတာလေ” ရှီမာကျိယွင်သည် သူမကို မျက်စိတစ်ဖက်မှိတ်ပြပြီး ပြောလေသည်။

တကယ့်အကြောင်းအရင်းက ပြောလို့မရဘူးလား။

ရှီမာယူယူသည် ချက်ချင်းပင် နားလည်လိုက်သည်။ သူက ပြောလို့မရ မှတော့ ပြန်သွားပြီးမှ ပြောကြတာပေါ့။

“ဘိုးဘိုးကြီးက သမီးရယ် အဖေနဲ့အဘိုးအဘွားတို့ကို လွမ်းနေတာလား စောစောကပြောရင် သမီးစောစောပြန်လာမှာပေါ့” သူမ ပြုံးလိုက်သည် “အိုး ဟုတ်သားပဲ ဘိုးဘိုးကြီး ဒါကသမီးတပည့် မူစစ်ပါ”

“ဒါကမူစစ်ကိုး မဆိုးဘူး မဆိုးဘူး” ရှီမာကျိယွင် ပြောလိုက်သည် “သမီး ရဲ့အဘိုးနဲ့ အစ်ကိုတွေရော…”

“သူတို့ကတောင်ကြားမှာ နေခဲ့ကြပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အတွင်းပိုင်းဒေသက တကယ်ပဲ အပြင်ထက်စာရင် အန္တရာယ်များတယ် အပြင်မှာပဲနေပြီး တောင်ကြားကို ကြည့်ပေးတာ တကယ်ပိုကောင်းတယ်” ရှီမာကျိယွင် ပြောလိုက်သည်။

“သမီးလည်း အဲလိုထင်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

တကယ်တော့ သူမအဘိုးဖြစ်သူနှင့် ဖက်တီးကျူတို့သည် သူမနောက် လိုက်ကာ သည်အထိလာချင်သည်ဟု ပြောခဲ့သည်။ သူတို့ကို ဝန်ထုတ်ဝန်ပိုး တစ်ခုလိုခံစားရပါက သူတို့ဝိညာဉ်စေတီအတွင်းနေပြီး သန်မာလာသည်အထိ စောင့်ပြီးမှ ထွက်လာမည်ဟု ပြောသည်။

သို့သော် သူမသည် အတွင်းပိုင်းဒေသရောက်သည်နှင့် မည်သည့်အရာ များ ရင်ဆိုင်ရမည်ကို မသိသေးသဖြင့် ငြင်းဆန်ခဲ့သည်။ သူတို့သာ အသည်းကွဲ တောင်ကြားတွင် နေခဲ့ပါက ဘေးကင်းပြီး အခြေခိုင်သည်။ အကြောင်းမှာ ထိပ်တန်းတောင်ကြား ဤနေရာသို့ရောက်လာပါက သတင်းများကိုရနိုင်မည် ဖြစ်သည်။

ရှီမာကျိယွင်သည် သူတို့ကို အိမ်တော်ဆီသို့ခေါ်သွားပြီးနောက် နောက်ဆုံးတွင် ရှီမာလျူရွှမ်မေးလိုက်သည်။ “မိသားစုခေါင်းဆောင် ချူးချန်း မြို့မှာ တစ်ခုခုဖြစ်လို့လား”

***

All Chapters