← Chapters

အခန်း (၉၂)

Vol. 8 Ch. 92

အခန်း (၉၂)

Vol. 8 Ch. 92

ထိုအချိန်တုန်းက ညီမလေးက အမေသည် ပါးစပ်ပျက်ပြီး ငှက်ဥစားချင်သည်ဟု ပြောသည့်အတွက် အနောက်ဘက်သစ်တော၏ ထောင်ချောက်ထဲသို့ ကျသွားသည်။ ငှက်ဥကို ရှာတွေ့ပြီး ပြန်ယူလာနိုင်ခဲ့လျှင် သူမအမေက သူမအပေါ် အမြင်ပြောင်းသွားမှာ သေချာသည်။

ထိုအချိန်တွင် သူမသည် ဘာမှနားမလည်ပေ။ သူမအမေကို အမြင်ကြည်စေချင်ရုံသာ။ ထို့ကြောင့် အနောက်သစ်တောတွင် ငှက်ဥများရှိသည်ဟု ရှောင်ချောင်က ပြောသောအခါ သူမသည် မတွေးဘဲ လိုက်သွားခဲ့သည်။

သူမဝင်ပြီး သိပ်မကြာခင်မှာပင် ရှောင်ချောင်က ပျောက်ကွယ်သွားပြီး သူမက ထောင်ချောက်ထဲသို့ ကျသွားသည်။ လူတိုင်းက သူမကို ရှာတွေ့သည့်အချိန်သည် တစ်ရက်ခွဲလောက်ရှိနေပြီ။

ရှောင်ချောင်သည် လူကြီးများထံ ချက်ချင်းသွားလျှင် သူမ အသက်ရှူမဝလောက်အောင် အေးခဲသွားလိမ့်မည် မဟုတ်ပေ။ ဆေးရုံတက်ရန်လည်း မလိုပေ။ သူမ၏ အဖေက သူမကို ကယ်တင်ရာမှ အကြောသေသွားမည် မဟုတ်ပေ။

သူမအဖေက ယခု လမ်းလျှောက်နိုင်သော်လည်း ဖြစ်စဉ်အတွင်း သူခံစားရသည့် နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများကို စာလုံးနှင့်ဖော်ပြနိုင်မည် မဟုတ်ပေ။

အရင်က ညီမလေးကို တစ်ခါမှ သံသယမ၀င်ခဲ့ပေ။ ထိုအဖြစ်အပျက်ပြီးနောက် သူမသည် ညီမလေးကို နှစ်သက်ဆဲဖြစ်သည်။

သို့သော် ကျောက်စိမ်းပုတီးစေ့ရေကို သောက်လိုက်ရာ သူမ၏ စိတ်သည် ပို၍ ကြည်လင်လာသည်။ သူမ နားမလည်နိုင်သည့် အရာတော်တော်များများကို ရုတ်တရက် နားလည်သွားခဲ့သည်။

ရှောင်ချောင်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူမ၏ လက်ဖဝါးတွင် ချွေးစေးများထွက်နေသည်။

"အစ်မ၊ အဲဒီတုန်းက အစ်မကို ရှင်းပြခဲ့တယ် မဟုတ်ဘူးလား? အစ်မသွားပြီဆိုတော့ ထွက်သွားပြီလို့ ထင်နေတာ။ ညီမလေးက အချိန်အကြာကြီး ဝမ်းနည်းနေခဲ့တယ်။ အစ်မက ထောင်ချောက်ထဲ ကျသွားမယ်လို့ မထင်ခဲ့ဘူး။ သိရင် အဖေနဲ့အမေကို စောစောပြန်ပြီး ပြောပြတာပေ့ါ!"

သာ့ချောင်သည် နက်မှောင်သော မျက်လုံးတစ်စုံဖြင့် သူမကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးက လူတွေ၏ နှလုံးသားကို မြင်နိုင်သလို ကြည်လင်တောက်ပနေသည်။

ရှောင်ချောင်သည် သူမအကြည့်ကြောင့် ကြက်သီးထသွားသည်။ သူမ၏ အသံက တစ်ချက်တည်း စူးရှလာသည်။ "အစ်မ၊ ဘာလုပ်နေတာလဲ? နင်ငါ့ကို သံသယဝင်နေတာလား? ငါက ဘာလို့ဒီလိုလုပ်ရမှာလဲ? အစ်မ မတော်တဆဖြစ်ရင် ငါ့အတွက် ဘာကောင်းမှာလဲ?"

၎င်းက သာ့ချောင်နားမလည်နိုင်သည့်အရာပင်။

သူမနှင့် ရှောင်ချောင်သည် အမွှာညီအစ်မများဖြစ်သည်။ ငယ်ငယ်ကတည်းက ရှောင်ချောင်ကို အရမ်းသဘောကျသည်။ သူတို့သည် အရင်းနှီးဆုံးညီအစ်မများ ဖြစ်သင့်သည်။ သို့သော် အခုချိန်တွင် ညီမလေးနှင့်အတူရှိသည့်အချိန်တိုင်း သူမက အမြဲတမ်းအဆူခံရသူဟု တွေးမိသည်။

ဤအချက်သည် သူမအတွက် စိုးရိမ်စရာဖြစ်သည်။

ပြီးနောက် သူမအဖွားက ညီမလေးနှင့် ဝေးဝေးနေရန် သတိပေးထားသည်။ ထို့ကြောင့် ညီမလေး၏ စကားများသည် ရိုင်းစိုင်းသော ချဲ့ကားခြင်းသို့ ရောက်သွားလျှင်ပင် သူမနှင့်အတူ လိုက်သွားမည်မဟုတ်ပေ။

သာ့ချောင်က စကားမပြောသည်ကို မြင်သောအခါ ရှောင်ချောင်၏ မုန်းတီးမှုက ပိုမို တိုးပွားလာသည်။

ချောင်တုန်းဟယ်နှင့် အခြားသူများ လာပြီးနောက် သာ့ချောင်ကို ခေါ်မသွားနိုင်မည်ကို သူမ က စိုးရိမ်နေသည်။

သူမ၏ မျက်လုံးထဲတွင် ဆိုးသွမ်းသော အရိပ်အယောင်များဖြင့် သာ့ချောင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမကို အနောက်ဘက်တောင်ပေါ်သို့ ခေါ်သွားရန် ကြိုးစားသည်။

သို့သော်...

သာ့ချောင်၏ လက်ကို သူမက မထိခင် သာ့ချောင်က သူမကို ဆုပ်ကိုင်ထားသည်။

သာ့ချောင်က အတင်းဆွဲပြီး ရှောင်ချောင်၏ လက်ကို သူမနောက်တွင် လိမ်လိုက်သည်။

ရှောင်ချောင်က အော်သည်။ "အား... အရမ်းနာတယ်။ အစ်မ၊ အရမ်းနာတယ်။ လွှတ်ပေးလို့ရမလား...sniff sniff..."

လမ်းသွားလမ်းလာများက အခြေအနေကို နားမလည်ပေ။ သာ့ချောင်က ရှောင်ချောင်၏ လက်ကို လိမ်နေသည်ကိုပဲ မြင်ပြီး သူမကို ရိုက်နှက်ပြီး အပြစ်တင်နေသည်ဟု ယူဆကြသည်။

"ဒီအတန်းဖော်၊ လွှတ်လိုက်။ မလွှတ်ရင် ဆရာ့ဆီ သွားတိုင်မယ်"

"ဒါက ပြောင်းလာတဲ့ ကျောင်းသားသစ်မဟုတ်ဘူးလား? သူမက ချစ်စရာကောင်းတယ်လို့ ငါထင်ခဲ့တာ။ ဒီလောက်ရိုင်းစိုင်းမယ်လို့ မမျှော်လင့်ထားဘူး!"

"အဲဒီမိန်းကလေးက သူမကို အစောက အစ်မလို့ ခေါ်တာကြားတယ်။ ဘယ်လိုဖြစ်တာလဲ? သူ့ညီမကို အနိုင်ကျင့်နေတာလား?"

"ဟေး၊ အဲဒါ ကျောင်းရဲ့ ပါရမီရှင် ချောင်ကျောင်းကျောင်း မဟုတ်ဘူးလား?"

"ဟုတ််တယ်။ ဒီက အတန်းဖော်၊ အတန်းဖော်ချောင်ကို လွှတ်လိုက်ပါ ဒါမှမဟုတ် နင်ဘာဖြစ်မယ်ဆိုတာ ကြည့်နေ!"

လူတိုင်း၏ စွပ်စွဲမှုကို ရင်ဆိုင်ရသောအခါ သာ့ချောင်သည် ဝမ်းနည်းလာပြီး ညီမလေး၏ လက်ကို လွှတ်လိုက်သည်။

တကယ်တမ်းတွင် ညီမလေးက သူမကို ဖမ်းဆုပ်ရန် နီးနေပြီဆိုသည်ကို သိလိုက်ချိန်တွင် မသိစိတ်က တန်ပြန်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမသည် အာရုံစိုက်နေသည်။ ဒီခွန်အားလေးက ဘယ်သူ့ကိုမှ လုံးဝမထိခိုက်နိုင်ပေ။ ညီမလေး ဘာလို့ဒီလိုအော်ရတာလဲဆိုသည်ကို သူမ နားမလည်ပေ။

"အစ်မ၊ နင့်ရဲ့အဝတ်အစားအသစ်တွေကို ညစ်ပတ်စေဖို့ ငါဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ငါနင်နဲ့ ခဏလောက်နေချင်ခဲ့တာ။ ငါ့ကို ဒီလောက်မုန်းနေမယ်လို့ မမျှော်လင့်ထားဘူး။ sniff..."

ရှောင်ချောင်သည် သာ့ချောင်ကို လူတိုင်းက ဝေဖန်ကြသည်ကို မြင်သောကြောင့် တမင် ပြုလုပ်သည်။ မျက်နှာပြင်ပေါ်တွင် သူမသည် ကြာဖြူကဲ့သို့ ဟန်ဆောင်သည်။

ရှောင်ချောင်၏ စကားကို နားထောင်ပြီးနောက် အားလုံးက ညီအစ်မနှစ်ယောက်၏ အဝတ်အစားများကို သတိထားမိလိုက်သည်။

သာ့ချောင်သည် အပေါ်တွင် ပန်းများနှင့် တိရိစ္ဆာန်လေးများ ပန်းထိုးထားသည့် သန့်ရှင်းလှပသော အဝတ်အစားအသစ်ကို ၀တ်ဆင်ထားသည်။ ရှောင်ချောင်၏ အင်္ကျီမှာမူ ဖာထေးရာ မရှိသော်လည်း အသစ် မဟုတ်ဘဲ အနည်းငယ် ညစ်ပတ်နေသည်။

တစ်ချက်ကြည့်လိုက်လျှင် ရှောင်ချောင်သည် အိမ်ရှိ ညီအစ်မနှစ်ယောက်အနက် အချစ်ခံရမှု အနည်းဆုံး ဖြစ်သည်။

မိဘများက ကွာရှင်းပြတ်စဲသည်ကို ဘယ်သူမှ မသိခဲ့ကြပေ။ ယခု သူတို့ သဘောကျသည့် ပါရမီရှင်လေးက အိမ်၌ သနားစရာကောင်းလောက်အောင် နေနေရသဖြင့် ပို၍ မတရားမှုများ ခံစားလာရသည်။

"ဘယ်လိုလုပ် ဒီလို အစ်မမျိုးရှိတာလဲ? ထိမိလို့ ဘာဖြစ်မှာလဲ? သေသွားမှာလား?"

"အမှန်ပဲ။ ထိမိရုံနဲ့ ဘာမှဖြစ်မှာ မဟုတ်ဘူး! အစ်မဖြစ်ပြီး နင်က လှလှလေး ဝတ်ထားတယ်။ ညီမလေးက နင်မလိုချင်တဲ့အဝတ်ဟောင်းကို ဝတ်တာ နင် မသနားဘူးလား"

သာ့ချောင်သည် ငိုနေသော ညီမလေးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူမအဖွားက သူမကို ညီမလေးနှင့် ခပ်ဝေးဝေးမှာနေရန် ဘာကြောင့် ပြောလိုက်လဲဆိုသည်ကို ရုတ်တရက် နားလည်သွားသည်။

"ငါ့အစ်မကို မဆူပါနဲ့။ အစ်မက တမင်ရည်ရွယ်တာ မဟုတ်ဘူးဆိုတာ ငါသိတယ်" ရှောင်ချောင်က ကျေနပ်လောက်အောင် ကြည့်ရှူပြီး သာါချောင်ကို စိတ်ရင်းဖြင့် ကူညီဟန်ဆောင်သည်။

သူမကို ဒီလိုမြင်သောအခါ သူမက လှပပြီး ကြင်နာတတ်သူဟု လူတိုင်းက ထင်သွားကြသည်။

"ပါရမီရှင်လေး၊ ငါတို့နဲ့ အတူတူ ပြန်ရအောင်"

"ဟုတ်​တယ်​၊ နင့်အစ်မ ​နောက်​တစ်​​ခေါက်​ ထပ်​မရိုက်​အောင်​နေ!"

ရှောင်ချောင်သည် ထိုအတန်းဖော်များကို ကြည့်ပြီး သူတို့ မည်မျှ ဝတ်စားဆင်ယင်ထားသည်ကို သတိပြုမိသည်။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြီး ပြောသည်။

"ကောင်းပြီ၊ ဒါပေမယ့် ငါ့ကို ပါရမီရှင်လေးလို့ မခေါ်နဲ့။ ရှောင်ချောင် ဒါမှမဟုတ် ကျောင်းကျောင်းလို့ခေါ်"

"ဒါဆို နင့်ကို ရှောင်ချောင်လို့ခေါ်မယ်"

"ကောင်းပြီ!"

ရှောင်ချောင်သည် သာ့ချောင်ကို ဂုဏ်ယူစွာဖြင့် ဖြတ်သွားကာ သူမအား မရည်ရွယ်ဘဲ ဝင်တိုက်ဟန်ဆောင်သည်။

သာ့ချောင်သည် သေချာမရပ်နေသဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။ အနောက်မှ ရောက်လာသော ချောင်တုန်းယင်က သူမကို ထောက်ပံ့ပေးခဲ့သည်။

ချောင်တုန်းယင်သည် ရှောင်ချောင်၏ နောက်ကျောကို စိုက်ကြည့်နေသည်။ သူမ၏ အင်္ကျီလက်ကို လှန်လိုက်သည်။ "ရှောင်ချောင်က ညီမလေးကို ထပ်ပြီး အနိုင်ကျင့်တာလား?"

သာ့ချောင်က ဒုက္ခမပေးချင်ပေ။ သူမက ခေါင်းယမ်းပြီး တိုးတိုးလေးပြန်ဖြေသည်။ "မဟုတ်ဘူး၊ သူက ညီမလေးကိုအနိုင်ကျင့်တာမဟုတ်ဘူး။ ညီမလေးနဲ့ပြန်သွားချင်တယ်၊ ဒါပေမယ့် ညီမလေးက ကတိမပေးလိုက်ဘူး"

မည်သို့ပင်ဆိုစေကာမူ ညီမလေးသည် မည်သို့သောလူစားမျိုးဖြစ်သည်ကို ရှင်းလင်းစွာ မြင်နေရသည်။ သူမသည် အနာဂတ်တွင် သူမနှင့်ဝေးနေလိမ့်မည်။

သူမ၏ အဖေကို ဝမ်းနည်းမနေစေချင်သောကြောင့် အဖြစ်အပျက်များကို ပိုဆိုးအောင် မလုပ်ချင်ပေ။

လက်ဖဝါးနှင့် လက်ဖမိုး နှစ်ခုက အသားများ ဖြစ်သည်။ ညီမလေးနှင့် ကြီးမားသေဟ ပဋိပက္ခဖြစ်လျှင် သူမအဖေက သေချာပေါက် ပေါ်လာလိမ့်မည်။

ချောင်တုန်းယင်က သူမ၏ နူးညံ့သိမ်မွေ့သည့် မျက်နှာလေးကို ညှစ်လိုက်သည်။ "သူမက ညီမလေးကို အနိုင်ကျင့်ရင် ငြိမ်ခံမနေနဲ့။ နားလည်လား"

"နားလည်ပါပြီ အစ်မကြီးယင်" သာ့ချောင်က တိုးတိုးလေး ပြန်ဖြေသည်။

...

အပြန်လမ်းတွင် ရှောင်ချောင်သည် အတန်းဖော်အသစ်များနှင့် ပျော်ရွှင်စွာ စကားပြောလာသည်။

အထူးသဖြင့် သူမသည် လင်းပေါင်ကျူးဟုခေါ်သော အတန်းဖော်မိန်းကလေးနှင့် ပေါင်းသည်။

လင်းပေါင်ကျူးသည် အိမ်နီးချင်း ဟုန်းထိုက်ာန်ထုတ်လုပ်ရေးခေါင်းဆောင်၏ သမီးဖြစ်သည်။ သူမသည် မိသားစုတွင် တစ်ဦးတည်းသော မိန်းကလေးဖြစ်သောကြောင့် သူမကို အလွန်ချစ်ခင်ကြသည်။

ပို၍အရေးကြီးသည်မှာ သူမ၏အမေသည် ရပ်ရွာအမျိုးသမီးများအသင်း၏ လက်ထောက်အကြီးအကဲဖြစ်ပြီး သူမ၏ တတိယဦးလေးမှာ မြို့တော်ဝန်၏အတွင်းရေးမှူးဖြစ်သည်။ သူမသည် စစ်မှန်သောအရာရှိ၏ ဒုတိယမျိုးဆက်ဖြစ်သည်။

ရှောင်ချောင်က သူမကို မျက်နှာသာပေးကာ သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထားသည်။

ရုတ်တရက် နွားရူးတစ်ကောင်သည် မည်သည့်နေရာမှ ပြေးထွက်လာပြီး ကလေးများဆီသို့ ပြေးလာသည်။

ကလေးများ မှင်သက်နေကြသည်။ အနည်းစုက ထိတ်လန့်စွာ မတ်တပ်ရပ်နေကြပြီး အချို့က အော်ဟစ်နေကြသည်။

ရှောင်ချောင်လည်း ထိတ်လန့်သွားသည်။ သို့သော် သူမသည် အလွန်ဆင်ခြင်တုံတရားရှိပြီး လျင်မြန်စွာတုံ့ပြန်သည်။ သူမသည် လင်းပေါင်ကျူးကို ဆွဲကာ ပြေးသွားသည်။

လင်းပေါင်ကျူးသည် အလွန်ထိတ်လန့်သွားပြီး သူမ၏ ခြေထောက်များ အားနည်းသွားသည်။ သို့သော် ရှောင်ချောင်က သူမကို ပြေးရန် ဆွဲလိုက်သည့်အခါ သူမက အရမ်းစိတ်လှုပ်ရှားသွားသည်။

သို့သော် မကြာခင် သူမ မလှုပ်နိုင်တော့ပေ!

နွားရူးက တစ်ခုခုဖြစ်နေပြီ။ ကြောင်အနေသော ကလေးများကို ကျော်သွားကာ သူမတို့၏ နောက်သို့ဒေါသတကြီးဖြင့် လိုက်လာသည်။

လင်းပေါင်ကျူးသည် သေလုမတတ်ငိုတော့မည်။

သူမ ငယ်ငယ်ကတည်းက ဒီလို ကံဆိုးမှုတွေ မကြုံဖူးဘူး။

ရှောင်ချောင်သည်လည်း ထိတ်လန့်သွားသည်။ သူမကို နွားအရူးက ဝင်တိုက်လျှင် သူမ၏ ဘဝတစ်ဝက်လောက် ဆုံးရှုံးသွားလိမ့်မည်။ "ကဲ... သီးခြား ပြေးရအောင်!"

သီးခြားစီပြေးခြင်းဖြင့် သူမသည် လွတ်မြောက်ရန် အနည်းဆုံး 50% အခွင့်အရေးရှိသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူမ၏ စိတ်ထဲတွင် ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ရှိနေသည်။

လင်းပေါင်ကျူးက ခေါင်းညိတ်လိုက်သည်။ နှစ်ယောက်သား လက်ကိုလွှတ်ကာ လမ်းကြောင်းခွဲပြီး ပြေးသွားကြသည်။

ထိုအခါ နွားရူးသည် လုံးဝ တုံ့ဆိုင်းမနေဘဲ ရှောင်ချောင်၏ နောက်သို့ ပြေးသွားသည်မှာ ရှောင်ချောင်က ၎င်း၏ တစ်မိသားစုလုံးကို သတ်လိုက်သကဲ့သို့ပင်။

ရှောင်ချောင်သည် သူမ၏ အနောက်သို့ ပြေးလိုက်သံကို ကြားလိုက်ရသည်။ သူမမှာ ဘာ့ကြောင့် ကြိုတင်သတိပေးချက်ရှိတယ်ဆိုသည်ကို နောက်ဆုံးသိလိုက်ရသည်။

သူမသည် သာ့ချောင်ဆီကို မသွားသင့်ပေ။ ထိုလူထံတွင် ကံကောင်းခြင်းများကို ခိုးယူနိုင်သည့်စနစ်ရှိကြောင်း သူမ မေ့သွားသည်။

အရှေ့ဘက်တွင် လမ်းမရှိတော့ပေ။ နံစော်နေသော မြောင်းတစ်ခုသာ ရှိသည်။ သေသည်အထိ အလိုက်ခံရခြင်းနှင့် နံစော်နေသောမြောင်းထဲသို့ခုန်ချခြင်းကြားတွင် ရှောင်ချောင်သည် ဒုတိယတစ်ခုကို ရွေးချယ်ခဲ့သည်။

ခုန်ဆင်းလိုက်သည်နှင့် အနံ့အသက်ဆိုးများက သူမ၏နှာခေါင်းထဲသို့ ဝင်လာသည်။ သူမသည် နေရာတွင် အန်သည်။

သူမကို ပို၍ပင် ကြေကွဲစေသည်မှာ နံစော်နေသည့် မြောင်းထဲတွင် အဖြူရောင် လောက်များ ရှိနေသည်။

"အိုး……"

နွားရူးက သူမသည် နံစော်နေသည့် မြောင်းထဲသို့ ခုန်ဆင်းသွားသည်ကို မြင်သော်လည်း မထွက်သွားပေ။ အနားတွင် လျှောက်သွားနေသည်။

နွားရူးတစ်ကောင်ရှိနေသောကြောင့် သာ့ချောင်က ရွံရှာစရာကောင်းသည့် မြောင်းထဲ၌ နေသည်။

နာရီဝက်လောက်ကြာသောအခါ နွားရူးက ပြန်ထွက်သွားသည်။

လင်းပေါင်ကျူးနှင့် အခြားသူများက ပြေးသွားကြသည်။ ရှောင်ချောင်၏ အသွင်အပြင်ကို မြင်လိုက်သောအခါ အန်ချင်နေကြသည်။

ရှောင်ချောင်၏ ကံဆိုးမှုကို သာ့ချောင် မသိပေ။ အိမ်ပြန်သည့် လမ်းတစ်ဝက်တွင် ကြက်အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ချက်ချင်းပင် သူမသည် ပေါင်းပင်များကို တွန်းဖယ်လိုက်သောအခါ ပေါင်းပင်များပေါ်တွင် ထိုင်နေသော ကြက်ရိုင်းနှစ်ကောင်ကို တွေ့လိုက်ရသည်။

"ဝမ်းကွဲအစ်မတို့၊ ဝမ်းကွဲအစ်ကို၊ ဒီမှာကြက်တွေရှိတယ်!"

မောင်နှမ သုံးယောက်က ပြေးသွားကြသည်။ သူတို့ မျက်လုံးက ချက်ခြင်း လင်းလာသည်။

အမလေး၊ ဖွံ့ထွားလိုက်တဲ့ ကြက်တွေ။

အန်းပင်းသည် လျင်မြန်စွာ ရွေ့လျားသွားသည်။

ချက်ချင်းဆိုသလို သူ့အဝတ်အစားများကို ချွတ်လိုက်ပြီး ကြက်ပါးစပ်ကို ပေါင်းပင်များနှင့် ချည်ပြီး အဝတ်နှင့် ပတ်လိုက်သည်။ "ပြန်ရအောင်။ အိမ်ပြန်ပြီး ကြက်သားစားရအောင်!"

သူတို့သည် ချောင်အိမ်ဟောင်းသို့ ပြန်လာကြသည်။

ဝမ်ချွမ်ကျီသည် သူမသားက အဝတ်ချွတ်ထားသည်တွေ့သောအခါ ချက်ချင်းပင် ဆူပူသည်။

"တုန်းဟယ်၊ တုန်းယင် နင်တို့နှစ်ယောက်သေနေတာလား? နင်တို့ မောင်လေးက သူ့အဝတ်တွေကို ချွတ်နေတာတွေ့ရင် ဘာလို့မတားတာလဲ? သူက အေးနေရင် ဘယ်လိုလုပ်မလဲ?"

ချောင်တုန်းယင်က မျက်လုံးကို လှိမ့်လိုက်သည်။"ကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ မီးသုံးခု ရှိတယ်။ သူဘယ်လိုလုပ် လွယ်လွယ်နဲ့ အေးမှာလဲ? အမေ တကယ်လို့ စိတ်မကောင်း ဖြစ်နေရင် နောင်တစ်ချိန်မှာ အန်းပင်းနဲ့ပဲနေ!"

ဝမ်ချွမ်ကျီက ဆူပြန်သည်။ "နင်ဘယ်လိုလုပ် ပြန်ပြောရဲတာလဲ?"

ချောင်တုန်းယင်က သူမအမေ၏ လက်ကို ရှောင်လိုက်သည်။ "အမေ၊ သမီးကို တကယ်ရိုက်ရင် ဒီည တောကြက်သားစားဖို့ မစဉ်းစားနဲ့!"

ဝမ်ချွမ်ကျီက အံ့အားသင့်သွားသည်။ "ဘာတောကြက်လဲ?"

ထိုအချိန်တွင် ချောင်ရှို့ကျီနှင့် အခြားသူများသည် အလုပ်မှ ပြန်လာကြသည်။

သာ့ချောင်က ပြေးသွားသည်။ သူမသည် နူးညံ့သိမ်မွေ့သော မျက်နှာကို ​မော့လိုက်ပြီး တိုးတိုးလေးပြောသည်။ "အဖွား၊ အဘိုး၊ တောကြက်နှစ်ကောင်ကို ဖမ်းမိခဲ့တယ်!"

All Chapters