ပြိုင်စရာမလိုဘူး
Vol. 104 Ch. 1444
ရှီမာကျိယွင်သည် ရှီမာလျူရွှမ်ကို ကြည့်လိုက်သည်။
“ကျွန်တော်တို့ ပြန်လာတဲ့လမ်းမှာ လူတွေအများကြီးပဲဆိုတာ သတိထား မိတယ် ဒါပေမဲ့ အနီးကပ်ကြည့်လိုက်တော့ အကုန်လုံးက သူ့အဖွဲ့နဲ့သူတွေ ချည်းပဲ” ရှီမာလျူရွှမ် ပြောလိုက်သည် “ပြီးတော့ လာမယ့်ညီလာခံကြောင့် ပျော်ရွှင်ပြီး လမ်းမှာပုံမှန်စည်ကားနေတာနဲ့မတူဘူး၊ အဲအစား အကုန်လုံးက ပရိယာယ်များတဲ့ အခြေအနေဖြစ်နေတယ်၊ အကုန်လုံးက အရိပ်အခြေကြည့်ပြီး တွက်ချက်နေတာ… အဲဒါကြောင့် မိသားစုခေါင်းဆောင် ဘာဖြစ်တာလဲ”
ထို့အပြင် ရှီမာကျိယွင်သည် လူများခေါ်ကာ လာကြိုခြင်းသည် ရိုးရှင်း သော ကြိုဆိုခြင်းမဟုတ်ဘဲ သူတို့ကိုလာကာကွယ်နှင့်တူသည်။
ရှီမာကျိယွင်သည် ရှီမာလျူရွှမ်ကိုကြည့်လိုက်သည်။ သူသည် ငယ်စဉ် ကတည်းကပင် သတိရှိပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည်။ သူ ဝိညာဉ်ရှာဖွေသူ အသင်းမှထွက်သည်နှင့် ပုံမှန်မဟုတ်သည်ကို တွေ့ရှိလိုက်သည်။
“မင်းမှန်းနိုင်သားပဲ ချူးချန်းမြို့တော်မှာ ကိစ္စတစ်ခုဖြစ်သွားတယ်၊ ဒါပေမဲ့ အခုက ဒီအကြောင်းပြောရမယ့်အချိန်မဟုတ်သေးဘူး” ရှီမာကျိယွင်သည် ရှီမာယူယူအားကြည့်လိုက်သည် “ကလေး ငါတို့မှာ ဒဏ်ရာရထားတဲ့သူတွေရှိ တယ် သူတို့ကိုကူညီပြီး ကုပေးနိုင်မလား”
“သူတို့ ဒဏ်ရာတွေပြင်းထန်ကြလား” ရှီမာယူယူသည် အနည်းငယ် ထိတ်လန့်သွားကာ မေးလိုက်သည်။
“အင်း မိသားစုသမားတော်နဲ့ အဂ္ဂိရတ်ပညာရှင်တွေ ဘာမှမတတ်နိုင်ကြ ဘူး၊ ကံကောင်းလို့ သမီး ဒီတစ်ခေါက်ပြန်လာလို့ပေါ့၊ မဟုတ်ရင် လူလွှတ်ပြီး ရှာခိုင်းရမှာ” ရှီမာကျိယွင် ပြောလိုက်သည်။
သူက တကယ်ပဲ လူလွှတ်ပြီး သူမကိုရှာမလို့လား။ သူတို့ အဲလောက် တောင် ဒဏ်ရာရထားကြတာလား။
“ဒါဆိုလည်း သူတို့ကိုအရင်သွားကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက် သည်။
“ကောင်းပြီလေ”
ရှီမာယူယူ လူနာများကိုမြင်သောအခါ ရှီမာမိသားစု ပူပန်နေရခြင်း အကြောင်းအရင်းကို သိသွားလေသည်။ အဘယ့်ကြောင့်ဆိုသော် အိပ်ရာပေါ် တွင် သတိမေ့လဲနေကြသူများသည် အားလုံး မိန်းကလေးများဖြစ်ကြသည်။
သူမ သိထားသည့်နှစ်ယောက် ရှီမာယိယွင်နှင့် ရှီမာချီချီတို့အပြင် မိန်းကလေး ဒါဇင်နဲ့အထက် လဲလှောင်းနေကြသည်။
“သူတို့အကုန်လုံးက ဒီပြိုင်ပွဲမှာဝင်ပြိုင်ကြမှာပဲ” ရှီမာကျိယွင် ရှင်းပြလေ သည်။
အဲဒါကြောင့်ကိုး…
ရှီမာယူယူသည် အရိပ်အမြွက်ကို သိသွားကာ ပြောလိုက်သည် “သူတို့ကို အရင်စစ်ကြည့်လိုက်ဦးမယ်”
“လုပ်ပါ” ရှီမာကျိယွင် တိုက်တွန်းလိုက်သည်။
ရှီမာယူယူ အားလုံးကို စစ်ကြည့်လိုက်သည်။ အားလုံး၏ အခြေအနေ သည် အလွန်မပြင်းထန်ပေ။ သို့သော် အလွန်အခက်တွေ့နေသည်။
“ယူယူ ဘယ်လိုလဲ” ဟွမ်ရင်ရင်သည် ရှီမာယူယူ မျက်မှောင်ကြုတ်သည် ကိုမြင်သောအခါ စိုးရိမ်တကြီးမေးလေသည်။
သူမ ဖခင်အတွက်ကလွဲပြီး ဟွမ်ရင်ရင်စိုးရိမ်တကြီးဖြစ်သည်ကို မြင်ဖူး သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် ထိုသတိမေ့နေသော မိန်းကလေးများထဲတွင် သူမ ဂရုစိုက်သည့်သူ တစ်ယောက်ယောက်ရှိလိမ့်မည် ဟု ခန့်မှန်းမိသည်။
“အဘွား သူတို့အသက်အန္တရာယ်တော့မရှိတော့ပါဘူး” ရှီမာယူယူ ပြော လိုက်သည်။
“တော်သေးတာပေါ့” ဟွမ်ရင်ရင်သည် စိတ်သက်သာရာရစွာဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။
“သူတို့ဘယ်တော့ နိုးလာမှာလဲ ပြိုင်ပွဲကိုဝင်ပြိုင်နိုင်ကြပါ့မလား” ရှီမာထူ မေးလိုက်သည်။
သူ့အသံမှာ အလွန်ပူပန်နေကာ သူတို့ နေကောင်းသည် မကောင်းသည် ကို ဂရုမစိုက်ဘဲ ပြိုင်ပွဲဝင်နိုင်ရေး မဝင်နိုင်ရေးကိုသာ အလွန်စိုးရိမ်နေသည့်ပုံ ပေါက်သည်။
“သူတို့က သေချာပေါက် သတိပြန်ရမှာပါ၊ ဒါပေမဲ့ ပြိုင်ပွဲကိုဝင်မပြိင်နိုင် မှာကြောက်မိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့လဲ”
“သူတို့ ဘာလို့သတိမေ့ရတာလဲ” ရှီမာကျိယွင် မေးလိုက်သည်။
“သူတို့က အဆိပ်မိထားကြတာ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ သတိပြန်ရလာနိုင်ပေမဲ့ အဆိပ်ထုတ်ဖို့ဆိုရင် တစ်လလောက်ကြာနိုင်တယ်”
ချူးချန်းမြို့တော်ပြိုင်ပွဲသည် စတင်ရန် လတစ်ဝက်ပင်မလိုတော့ပေ။ ပြန်သက်သာရန် လတစ်ဝက်အချိန်လိုသည်ဆိုသဖြင့် ပြိုင်ပွဲကိုသေချာပေါက် ဝင်ပြိုင်နိုင်မည်မဟုတ်ပေ။
“အဆိပ်ဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာထူနောက်တွင်ရပ် နေသောလူသည် မယုံကြည်နိုင်စွာအော်လိုက်သည်။ သူ့အသံမှာ မယုံနိုင်ခြင်း များပြည့်နေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယူသည် နှုတ်ခမ်းမွေး အကွေးနှင့်လူ ကိုကြည့်လိုက်သည်။
သူမအပေါ် မကောင်းသည့်သဘောထားရှိသူသည် တူညီမှုကိုပြန်ခံစားရ လိမ့်မည်။
“သူတို့ အဆိပ်မိတယ်ဆိုရင် ငါကဘာလို့မမြင်နိုင်ရတာလဲ၊ မင်းလို မလောက်လေးမလောက်စားက ဘယ်လိုလုပ်ပြောနိုင်မှာလဲ” သူသည် ခံပြင်းမှု နှင့်အတူ အော်လိုက်သည်။
“ဘာလို့လဲဆိုတော့ ရှင်က အဲလောက်အရည်အချင်းမရှိလို့ပေါ့” ရှီမာယူယူ ခွန်းတုံ့ပြန်လိုက်သည်။ “ရှင်တကယ်တော်တယ်ဆိုရင် ဒီအဆိပ်ကို ဘယ်လိုလုပ် ရှာမတွေ့နိုင်တာလဲ”
“အဆိပ်ကိုရှာမတွေ့တာ ငါတစ်ယောက်တည်းမဟုတ်ဘူး၊ ငါ ဆွေးနွေးတဲ့ အဆိပ်သခင်နေတကလည်း တစ်ယောက်မှမတွေ့ကြဘူး၊ မင်းက ဘယ်လိုဖြစ်ပြီး တွေ့မှာလဲ၊ မိန်းကလေးတစ်ယောက်က အရှိန်အဝါကြီးတဲ့ အဆိပ်သခင်တွေထက် တော်လို့လား” သူ နှာခေါင်းရှုတ်လိုက်သည်။
“မင်းက သူတို့ကိုကုနိုင်လို့လား မဟုတ်ရင် ဒီအတိုင်းမဟုတ်တာတွေ ပြောနေတာလား” လူတစ်ယောက်သည် အော်လေသည်။
“ဟုတ်တယ် မိသားစုခေါင်းဆောင် မိန်းကလေးတစ်ယောက်က ဘယ်လို ဖြစ်လို့ အဲဒီလူတွေထက် တော်မှာလဲ၊ အဲဒီ သမားတော်တွေတောင် အဆိပ်မိ တယ်လို့ မပြောကြဘူး”
ရှီမာကျိယွင်သည် မျက်မှောင်ကြုတ်ကာ ကျိန်ဆဲနေကြသောလူများကို စိုက်ကြည့်ပြီး ဟိန်းဟောက်လိုက်သည် “မင်းတို့အားလုံး ပါးစပ်ပိတ်ကြစမ်း”
ထိုလူများသည် ချက်ချင်းပင် နှုတ်ပိတ်သွားကြသည်။ သူတို့ စကားပြော ရပ်သွားကြသော်လည်း ရှီမာယူယူကို ကြည့်သော မျက်လုံးများသည် လှောင်ပြောင်သည့်အကြည့်များဖြစ်နေကြသည်။
“ယူယူ တကယ်ပဲ တစ်လကြာမှာလား” ရှီမာကျိယွင် မေးလိုက်သည်။
ရှီမာကျိယွင်၏ အမူအရာမှာ တည်တံ့နေသည်ကို ရှီမာယူယူမြင် သောအခါ ဆက်ပြောလေသည် “တစ်ဖက်လူက ပြိုင်ပွဲကိုဝင်မပြိုင်စေချင်တာ နဲ့ပဲ ဒီလိုအဆိပ်ကိုသုံးတာထင်တယ်၊ သူက အသက်အန္တရာယ်မရှိနိုင်ပေမဲ့ အဆိပ်ဖြေတဲ့ လုပ်ငန်းစဉ်ကတော့နှေးတယ် ဘိုးဘိုးကြီး ဒီပြိုင်ပွဲကိုအရမ်း အလေးထားတာလား”
“ဒီပြိုင်ပွဲကိုမဟုတ်ဘူး ဒီပြိုင်ပွဲရဲ့ဆုကိုပဲ နှစ်တစ်သောင်း လနက်ရှိုင်း အသီး” ရှီမာလျူဖန်၏ အသံသည် အပြင်မှထွက်လာကာ ရှီမာလျူယွင်နှင့်အတူ လျှောက်ဝင်လာသည်။
“လနက်ရှိုင်းအသီးဟုတ်လား”
“ဟုတ်တယ်”
“ဒီပြိုင်ပွဲကိုနိုင်ရင် မိသားစုက လနက်ရှိုင်းအသီးနဲ့ ဗုဒ္ဓပြုံးတော်မူအသီး ရမှာ…” ရှီမာလျူဖန်သည် ရှီမာယူယူ၏ အကြည့်များ ပိုစူးရှလာသည်ကို ကြည့် ပြီး ကျန်စကားများကို ပြန်မျိုသိပ်လိုက်လေသည် “ငါ့ကိုဘာလို့ အဲလောက် စူးစူးဝါးဝါးကြည့်နေတာလဲ”
“အဲတုန်းက ဗုဒ္ဓပြုံးတော်မူအသီးယူခိုင်းတုန်းက အဖေက မိသားစုကနေ နှင်ထုတ်ခံရတယ်လို့ ဦးလေးပြောတယ်လေ….” ရှီမာယူယူသည် သူ့ကိုစိုက် ကြည့်လိုက်ရာ သူမ မျက်လုံးများသည် အန္တရာယ်အငွေ့အသက်များ တလက်လက်တောက်ပနေသည်။
“ဟင်း မင်းအဖေက တကယ်ပဲ မိသားစုကနေနှင်ထုတ်ခံရတာပဲ” ရှီမာထူ ပြောလိုက်သည် “မင်းအဖေက ဆွေမျိုးဇယားထဲမှာမပါတော့ဘူး”
ရှီမာယူယူသည် ရှီမာလျူရွှမ်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက် သည်။
အဖေက သူ့ဘာသာ ထွက်သွားတာမဟုတ်ဘူးလား။ ထွက်သွားပြီးတော့ သူမ အဘိုးဖြစ်သူတို့က လူလွှတ်ပြီးရှာခိုင်းလိုက်တာမဟုတ်ဘူးလား။ သူက မိသားစုထဲက နှင်ထုတ်ခံရတာဆိုရင် မိသားစုက ခွင့်ပြုမှာလား။
ရှီမာလျူရွှမ်သည် သူမကို ခေါင်းညိတ်ပြကာ ပြောလိုက်သည် “အဖေက မျိုးစဉ်ဇယားထဲမှာ မရှိတော့ဘူး”
ထိုအဖြစ်အပျက်သည် အပြစ်ပေးခံရသည်ကို ပြသနေသည်။ သူသည် မျိုးစဉ်ဇယားမှ ဖယ်ရှားခံလိုက်ရသော်လည်း မိသားစုခေါင်းဆောင်နှင့် တချို့လူ များသည် သူ့ကို ရှီမာမိသားစုဝင်အဖြစ် သတ်မှတ်တုန်းပင်။
သို့သော် တချို့လူများအတွက်တော့ သူသည် မိသားစုမှ နှင်ထုတ်ပြီးသား လူပင်။
“အဖေက မျိုးစဉ်ဇယားထဲမှာ မရှိတော့ဘူးကိုး” ရှီမာယူယူသည် ပြန်လည်သုံးသပ်လိုက်သည် “အဲလိုဆိုမှတော့ သမီးတို့က ဘာလို့ပြန်လာနေ တာလဲ”
သူမ မတ်တတ်ရပ်ပြီး ထိုလူများကိုကြည့်ကာ ပြောလိုက်သည် “ဒါဆိုရင် ဒီလူတွေအတွက်ကတော့ ထပ်ပြီးကုသပေးဖို့မလိုတော့ဘူးပဲ”
“သမီး မကုသချင်ရင် ပြန်မသွားနဲ့တော့” ရှီမာလျူရွှမ်သည် ပြန်ခြင်း မပြန်ခြင်းအတွက် ထင်မြင်ချက်မရှိဘဲ ပေါ့ပါးစွာပြောလိုက်သည်။
“အိုး ယူယူ စိတ်မဆိုးပါနဲ့ ဒီကောင်တွေပြောတာကို ဘာလို့ အတည်ယူ နေတာလဲ” ရှီမာကျိယွင် ချော့ပြောလေသည် “ဘိုးဘိုးကြီးက သမီးပြန်လာမှာ ကို ညတိုင်းစောင့်နေတာ ဘယ်လိုလုပ် သမီးကိုလွှတ်လိုက်ရမှာလဲ ဒီအဘိုးကြီး ကို အသည်းကွဲပြီး စိတ်ညစ်သွားစေချင်လို့လား”
ထိုနေရာတွင် ရှိနေသောလူများ၏ နှုတ်ခမ်းများတွန့်သွားကြသည်။ မိသားစုခေါင်းဆောင်က ဘက်လိုက်လွန်းတာ။
ရှီမာထူနှင့် တခြားသူများသည် ပို၍ပင် မည်းပြနေကြသည်။ ဒီနေ့ ဒီကောင်မလေးကြောင့် သူတို့ အကြိမ်ပေါင်းများစွာ အဆဲခံရပြီးပြီ။
“မဟုတ်ဘူး သမီးတို့က နှင်ထုတ်ခံရပြီးပြီလို့ ဒီလူတွေပြောနေတာလေ၊ သမီးပြန်မသွားချင်ဘူး၊ အဖေ မသွားနဲ့တော့၊ ဟင်း အဖေက သူတို့နှင်ထုတ်ခံ ထားရမှတော့ သမီးတို့ပြန်မသွားဘူး” ရှီမာယူယူသည် ပြောဆိုရခက်သော အမူအကျင့်ဖြင့် ပြောလေသည်။ မည်သို့ပင်ဖြစ်စေ ထိုလူများမျက်လုံးထဲတွင် သူမသည် ဒေါသကြီးပြီး စိတ်အလိုလိုက်တတ်တဲ့ မလောက်လေးမလောက်စား မိန်းမငယ်လေးတစ်ယောက်ပဲလေ။
သူတို့က မပြေလည်ချင်မှတော့ သူတို့ကို အရင်ခွာလိုက်တာပေါ့။
မထင်မှတ်စွာပင် ရှီမာကျိယွင်သည် ချက်ချင်းပင် ပြန်ဖြေလေသည် “ဟုတ်ပြီ ဟုတ်ပြီ သမီးပြန်လာမှတော့ ဘာမှမလုပ်ပါနဲ့”
“…”
မိသားစု ခေါင်းဆောင် ဒါက လူငယ်မျိုးဆက်ကို ချော့ပြောတဲ့ပုံစံလား။
***