← Chapters

အခန်း (၉၇)

Vol. 8 Ch. 97

အခန်း (၉၇)

Vol. 8 Ch. 97

ထိုအကြောင်းကို တွေးကြည့်လျှင် သာ့ချောင်သည် အရင်က သူမ၏ မွေးနေ့ပွဲကို မကျင်းပဖြစ်ခဲ့ပေ။

အရင်နှစ်များ၏ မွေးနေ့တွင် အဖေက သူမကို ကြက်ဥနီ ချက်ပေးသည်။ သို့သော် ကြက်ဥနီသည် မကြာခဏ သူမ၏ဗိုက်ထဲတွင် အဆုံးမသတ်ပေ။ သူမ၏ အဖေ အလုပ်သွားသည်နှင့် ကြက်ဥကို အမေက ချက်ချင်း သိမ်းသွားသည်။

ညီမလေးက မတူပေ။ ကြက်ဥတင်မကဘဲ စားရန် အညိုရောင် သကြားကိတ်မုန့်လည်း ပါပြီး လှပသည့် အဝတ်အစားအသစ်လည်း ဝတ်ရသည်။

သူမအမေက ညီမလေးကို ပွေ့ဖက်ပြီး အသည်းတုံးလေးဟု ခေါ်သည့် အချိန်တိုင်း မနာလိုဖြစ်မိသည်။

သို့သော် ယခုအခါ ညီမလေးကို မနာလိုဖြစ်စရာ မလိုတော့ပေ။ သူမ၏ မွေးနေ့ကိုလည်း ကျင်းပနိုင်သည်။

မွေးနေ့တွင် သာ့ချောင်သည် အစောကြီး နိုးလာသည်။

မျက်နှာသစ်ပြီးနောက် ဆံထုံးသေးလေးနှစ်ခုကို သူမကိုယ်တိုင် ချည်လိုက်သည်။ သူမ၏ လက်များသည် တိုလွန်းသဖြင့် ဆံထုံးက အပေါ်အောက် ဖြစ်နေသည်။

"ဒေါက်၊ ဒေါက်၊ ဒေါက်..."

တံခါးခေါက်သံနှင့်အတူ အန်တီဟွေ့၏ နူးညံ့သိမ်မွေ့သည့် အသံကို ကြားရသည်။ "သာ့ချောင်၊ သမီးနိုးပြီလား? အဒေါ်ဝင်လာလို့ရမလား?"

"အန်တီဟွေ့ ဝင်လာပါ၊ သမီး နိုးနေပြီ" သာ့ချောင်က တိုးတိုးလေးဖြေသည်။

လင်းဟွေ့သည် တံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်။ သူမမြင်လိုက်ရသည်မှာ ဖက်ထုပ်လေးသည် မှန်ရှေ့တွင် သူမ၏ဆံပင်နှင့် ကစားနေသည်။ သူမ၏ မျက်နှာငယ်လေးက စိတ်ရှုပ်ဟန် ပေါ်နေသည်။

သူမက နှုတ်ခမ်းကို တွန့်ကာ ရယ်မောရင်း ပြောသည်။ "အန်တီဟွေ့က သမီးအတွက် လုပ်ပေးမယ်"

သာ့ချောင်က အန်တီဟွေ့၏ လက်ထဲက အဝတ်များကို စိုက်ကြည့်နေသည်။ သူမ၏ မျက်တောင်ရှည်များက ပုတ်ခတ်နေသည်။ "အန်တီဟွေ့၊ အဲ့ဒီအဝတ်အစားက ဘယ်သူ့အတွက်လဲ?"

လင်းဟွေ့က သူမ၏ နှာခေါင်းကို တို့ပြီး သူမကို စသည်။ "ဒါက အန်တီတို့မိသားစုရဲ့ ချစ်စရာကြီးအတွက်ပဲ!"

သာ့ချောင်၏ မျက်လုံးများက တောက်ပလာသည်။ သူမ၏ မျက်ခုံးများနှင့် မျက်လုံးများသည် ကြည်နူးမှုဖြင့် ကွေးသွားသည်။ "သမီးက သမီးတို့မိသားစုရဲ့ ချစ်စရာကြီးပဲ"

လင်းဟွေ့က ရယ်မောလိုက်သည်။ "ဟုတ်တယ်၊ ချစ်စရာကြီး သမီးကို အန်တီပေးမယ်"

သာ့ချောင်ကို လွန်ခဲ့သည့် ၃ နှစ်ကျော်က တွေ့ဖူးသည်အား မှတ်မိနေသေးသည်။ သူမသည် ကောက်ညှင်းဖက်ထုပ် တိုတိုလေး ဖြစ်နေသေးသည်။

တောင်းသေးသေးလေးကို ထမ်းပြီး အရှေ့ဘက်သစ်တောတွင် ထင်းသွားကောက်သည်။ ထင်းကောက်ရင်း ငိုနေသည်။ သူမ၏ မျက်နှာပေါ်တွင် လက်ဝါးရာ ပေါ်နေသည်။

သူမက မြင်လိုက်ရသောအခါတွင် စိတ်မကောင်းဖြစ်နေမိသည်။

ဒီလောက် သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ကလေး။ ဖန်ရှောင်ကျွမ်းက ဘာလို့ ဒီလောက်ရက်စက်ရတာလဲ?

အကယ်၍ ဖန်ရှောင်ကျွမ်းသည် မိထွေးဖြစ်လျှင် သူမ နားလည်နိုင်သည်။ သို့သော် ဒီကလေးက ကိုယ်ဝန် ဆယ်လအကြာတွင် မွေးဖွားလာသည့် ကလေး ဖြစ်သည်။ သူမ ဘယ်လိုတွေးလဲ နားမလည်နိုင်ပေ။

ထိုအချိန်တွင် သူမကောက်ထားသော ထင်းကို ဖက်ထုပ်လေး၏ ခြင်းတောင်းထဲသို့ ထည့်ပေးလိုက်သောအခါ နူးညံ့ချိုသာသော အသံဖြင့် ကျေးဇူးတင်စကားကို ကြားလိုက်ရသည်။ ထို့နောက် သာ့ချောင်သည် အလွန်ဗိုက်ဆာနေမှန်း သူမမြင်သောအခါတွင် အိမ်သို့ ခေါ်သွားလိုက်သည်။

ထိုနည်းဖြင့် ဆုံကြခြင်းဖြစ်သည်။

တစ်နေ့တွင် သူ အမေဖြစ်လာလိမ့်မည်ဟု မထင်ခဲ့မိပေ။ ယခုအချိန်ထိ အမေဟု မခေါ်သေးသော်လည်း စောင့်နေမည်။ တစ်နေ့တွင် အမေဟု စိတ်ရင်းမှန်ဖြင့် ခေါ်သံကို ကြားရမည်ဟု သူမ ယုံကြည်သည်။

အန်တီဟွေ့က သူမအတွက် ဒီတစ်ခါလုပ်ထားသည့် အဝတ်အစားများက အလွန်လှသည်။ အပြာနုရောင်ဂါဝန် ဖြစ်သည်။ ၎င်းသည် ကြီးမားသော အတွန့်နှင့် လှပသော ပန်းထိုးထားသော အဆင် ဖြစ်သည်။

အပြာရောင်သည် အလွန်ဆွဲဆောင်မှုရှိသောအရောင်ဖြစ်သည်။ အသားအရည် ဖြူသည့်သူများ ၀တ်ထားလျှင် ပိုလှလာသည်။ အသားအရေညိုသည့်သူများက ပိုညိုလာမည်။ သာ့ချောင်၏ အသားအရည်သည် ယခုအခါ နို့ကဲ့သို့ ဖြူစင်နေသည်။ ဤအပြာနုရောင် ၀တ်စုံကို ၀တ်ဆင်ထားရာ သူမ၏ တစ်ကိုယ်လုံး ဖြူစင်လွန်းပြီး တောက်ပနေပုံရသည်။

လှပတဲ့ မြင်ကွင်း။

"အန်တီဟွေ့ သမီးက လှလား?" သာ့ချောင်က လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးကြီးများသည် လခြမ်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ချိုမြိန်စွာ ပြုံးပြနေသည်။

"လှတယ်။ ငါတို့မိသားစုရဲ့ ချစ်စရာကြီးက အလှဆုံးပဲ!"

လင်းဟွေ့၏ နှလုံးသားသည် ပျော့ပျောင်းသွားသည်။ ဒီလို နူးညံ့သိမ်မွေ့သည့် ဖက်ထုပ်လေးကို ကြည့်လိုက်လျှင် သူမကို အရာအားလုံး ပေးချင်နေသည်။

သာ့ချောင်က ရှက်ရွံ့စွာ ပြေးလာကာ အန်တီဟွေ့၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ပြီး ပြောသည်။ "အန်တီဟွေ့၊ ကျေးဇူးတင်ပါတယ်၊ သမီး အရမ်းကြိုက်တယ်"

အန်တီဟွေ့ဟုပဲ ခေါ်နေသေးသည်။

လင်းဟွေ့က အနည်းငယ် စိတ်ပျက်သွားသည်။ မကြာမီ သူမပျော်လာသည်။ "လာပါ အန်တီဟွေ့က သမီးအတွက် ကျစ်ဆံမြီးနှစ်ချောင်း ပြင်ပေးမယ်"

ပြင်ဆင်ပြီးသည်နှင့် သာ့ချောင်က မထွက်လာသေးပေ။ ယိမင်လေးနှင့် တုန်းလင်လေးတို့က ပြေးဝင်လာသည်။ "အစ်မသာ့ချောင်၊ အစ်မအတွက် လက်ဆောင်တစ်ခု ရှိတယ်!"

အပြန်အလှန် အထင်အမြင်သေးပြီးနောက် ဤဖက်ထုပ်ငယ်နှစ်ခုသည် နောက်ဆုံးတွင် ချစ်ခင်မှုအချို့ကြောင့် 'အိပ်' သွားသည်။ ယခု သူတို့သည် ညီအစ်ကိုများ ဖြစ်လာကြ၏။

တုန်းလင်လေးသည် ဖြူစင်သော အပြုံးကို ပြသပြီး ကလေးအသံနှင့် ပြောသည်။ "အစ်မသာ့ချောင်၊ မျက်လုံးတွေကို မှိတ်ထားပေး"

ယိမင်လေးက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ မျက်လုံးမှိတ်ထားပေး"

သာ့ချောင်က သူမ၏ မောင်လေးတွေကို မျက်နှာပေးလိုက်သည်။ သူမက မျက်လုံးကို နာခံစွာမှိတ်ထားပြီး တိုးတိုးလေးပြောသည်။

"ဘာပေးချင်တာလဲ၊ အစ်မသတိပေးထားမယ်နော်။ အစ်မကို ကြောက်အောင် လုပ်ဖို့ ကျိုင်းကောင်တွေသုံးလို့မရဘူး။ ဒီလိုလုပ်ရင် အစ်မ ဒေါသထွက်လိမ့်မယ်"

"မောင်လေးတို့ မလုပ်ဘူး!" ယိမင်သည် ပလုတ်တုတ်ကဲ့သို့ ခေါင်းယမ်းသည်။

တုန်းလင်လေးကလည်း သူ့နောက်က လိုက်ပြီး လုပ်မှာမဟုတ်ဘူးဟု ပြောသည်။ ထို့နောက် သူက သူ့နောက်မှ ပန်းချီကားတစ်ချပ်ကို ထုတ်လိုက်သည်။ "အစ်မသာ့ချောင်၊ မျက်လုံးဖွင့်လို့ရပြီ!"

သာ့ချောင်က မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အော်ရယ်လုမတတ်ပင်။

ပန်းချီကားပေါ်တွင် လူလေးသုံးယောက်ရှိသည်။ လူလေးများမှာ ဦးခေါင်းကြီးပြီး ကိုယ်လုံးသေးလေးတွေရှိပြီး လက်နှင့်ခြေက သူတို့၏ ကြက်မ ကူးကူနှင့် တူသည်။ သူတို့အားလုံးက ခြေသည်း၊ လက်သည်းများ ဖြစ်သည်။

ဆံမြီးနှစ်ချောင်းပါသော သူမကို ကိုယ်စားပြုသော လူလေးကြောင့်သာ မဟုတ်ပါက သူမကိုယ်သူမ မှတ်မိလိမ့်မည် မဟုတ်ပေ။

တုန်းလင်လေးနှင့် ယိမင်လေးတို့သည် မျက်လုံးဖွင့်ပြီး သူမကို စိုက်ကြည့်နေကြသည်။ သူတို့၏ စိတ်လှုပ်ရှားပမာဏက သူတို့၏ အ​ပြုအမူများနှင့် အတူတူပင်။

သာ့ချောင်က စကားမပြောသည်ကို မြင်လိုက်ရသောအခါ တုန်းလင်လေးက လှည့်ကြည့်ပြီး ယိမင်လေးကို အပြစ်တင်သည်။

"အဲ့ဒါက နင်မဆွဲတတ်လို့ပဲ။ အစ်မသာ့ချောင်က မပြုံးတော့ဘူး။ ငါ့လက်ဆောင်ကို ယူသွားတာ ပိုကောင်းတယ်!"

တုန်းလင်လေး ပြင်ဆင်ထားသည့် လက်ဆောင်က အတော်လေးရိုးရှင်းသည်။ ယုန်ဖြူသကြားလုံး ခုနစ်လုံး။ တစ်ခုစီသည် တစ်နှစ်အရွယ်ကို ကိုယ်စားပြုသည်။ အချိန်အတော်ကြာအောင် စုဆောင်းခဲ့ရသည်။

သူမလာခင်တွင် ယိမင်က သူ့လက်ဆောင်သည် အဓိပ္ပါယ်မရှိဟု မှတ်ချက်ပေးသည်။ မကြာသေးမီက အစ်မသာ့ချောင်သည် ယုန်ဖြူသကြားလုံးများကို စားလေ့ရှိသည်။

ဒီစကားကို နားထောင်ပြီးနောက် သူ့လက်ဆောင်က သာမန်ဆန်လွန်းသည်ဟု ခံစားရသည်။ ထို့ကြောင့် ယိမင်လေး၏ လက်ဆောင်ပေးရန် သဘောတူလိုက်သည်။

သူ့လောက် မကောင်းဘူးဆိုတာ ဘယ်သူသိမလဲ။

သာ့ချောင်က ရယ်ချင်စိတ်ကို အောင့်ထားလိုက်သည်။ သူမသည် ပန်းချီနှင့် ယုန်ဖြူသကြားလုံး ခုနစ်လုံးကို ဖယ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် မောင်လေးတို့၊ အစ်မ သဘောကျတယ်"

ယိမင်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ပြိုလဲသွားသည်။ သူ့မျက်လုံးလေးက ရှုပ်ထွေးမှုများနှင့် စိုက်ကြည့်နေသည်။ "အစ်မသာ့ချောင်၊ လက်ဆောင်နှစ်ခုလုံးကို ကြိုက်လား?"

သာ့ချောင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ နှစ်ခုလုံးကို ကြိုက်တယ်!"

မောင်လေးနှစ်ယောက်က သူမကို အရမ်းချစ်ကြပြီး မိသားစုက သူမကို ကောင်းကောင်း ဆက်ဆံသည်။ သူမသည် ပျော်ရွှင်မှုကို အမှန်တကယ် ခံစားခဲ့ရသည်။

အစ်မသာ့ချောင်၏ စကားကိုကြားသောအခါ ယိမင်လေးက နောက်ဆုံးတွင် ရွှင်မြူးလာပြန်သည်။ "မြန်မြန် ထွက်သွားရအောင် အမေက အစ်မအတွက် သက်ရှည်ခေါက်ဆွဲ လုပ်ထားပေးတယ်။ အစ်မစားပြီးရင် အသက်တစ်ရာလောက်ထိ နေနိုင်တယ်!"

လင်းဟွေ့သည် ကလေးများ၏ ကလေးဆန်သော စကားများကို နားထောင်သည်။ ပါးစပ်ထောင့်ရှိ အပြုံးက ပျောက်ကွယ်မသွားပေ။

ချောင်ဟုန်းရှက သာ့ချောင်ကို သက်ရှည်ခေါက်ဆွဲ ပေးလိုက်သည်။

ချောင်ကျန်းကျွင်းက သူ့သမီးကို အလွန်နူးညံ့သိမ်မွေ့သည့် လက်လုပ် သစ်သားသေတ္တာ ပေးသည်။ သူကိုယ်တိုင်လုပ်ထားသည်။ သော့ခတ်နိုင်သည်။

သာ့ချောင်က အလွန် ကြိုက်သည်။

သူမသည် ပျော်ရွှင်မှု ပူဖောင်းများဖြင့် ဝန်းရံထားသလို ခံစားရသည်။ ဝမ်းသာလွန်းသဖြင့် ငိုချင်လာသည်။

...

မနက်စာစားပြီးလျှင် အလုပ်သွားစရာလိုသည့် သူများက သွားကြပြီး အလုပ်သွားစရာမလိုသည့် သူများက အိမ်အလုပ် လုပ်ကြသည်။

မကြာသေးမီက လယ်ယာစိုက်ပျိုးမှု အမြင့်ဆုံးအချိန်ဖြစ်သည်။ အိမ်မှုကိစ္စများလုပ်ရန် အိမ်မပြန်မီ အမျိုးသမီးအများစုက အမည်ကို မှတ်သားထားသည်။

လင်းဟွေ့လည်း ဒီတိုင်းပင်။ လယ်ကွင်း၌ ခဏလောက် အလုပ်လုပ်ပြီးသည်နှင့် အဝတ်လျှော်ရန် သစ်သားဇလုံကို မြစ်သို့ သယ်ပြီး သွားသည်။

မြစ်ကမ်းဘေးတွင် အဝတ်လျှော်နေသည့် အမျိုးသမီး များ ရှိနေပြီ။

လင်းဟွေ့ရောက်လာသည်ကို မြင်သောအခါ တစ်စုံတစ်ယောက်က သူမအတွက် နေရာဖယ်ပေးသည်။ "ဒုတိယချောင်ရဲ့ဇနီး၊ ဒီမှာလာလျှော်။ ဒီမှာ နေရာ ရှိတယ်"

လူတိုင်းက သူမကို 'ဒုတိယချောင်ရဲ့ဇနီး' ဟု ခေါ်သံကြားသောအခါ လင်းဟွေ့က နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ၏ပါးပြင်များသည် ပါးနီခြယ်ထားသကဲ့သို့ နီရဲနေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲတွင် ချိုမြိန်မှု အနည်းငယ် ခံစားလိုက်ရသည်။

တစ်ဖက်စွန်းတွင် အဝတ်လျှော်နေသည့် ဖန်ရှောင်ကျွမ်းက ဒီခေါ်သံကို ကြားလိုက်ရပြီး အသက်ရှုကြပ်သွားသည်။ သူမလက်ထဲရှိ အဝတ်လျှော်တုတ်က ပြုတ်ကျသွားသည်။

"အား..."

ရှင်းဟွားက သနားစရာကောင်းစွာ အော်လိုက်သည်။ "ဖန်ရှောင်ကျွမ်း၊ မင်း ဘာလုပ်နေတာလဲ၊ မင်းငါ့လက်ကို လာထိတယ်!"

ရှင်းဟွား လျှော်ဖွပ်နေသည့်အဝတ်အစားများသည် ချက်ချင်းရေပြင်ပေါ်တွင် လွင့်မျောသွားသည်။ သူမသည် ကမန်းကတန်း လိုက်ဖမ်းသည်။

၎င်းကို ဖမ်းပြီးနောက် သူမက မတ်တပ်ရပ်လိုက်ချိန်တွင် ဖန်ရှောင်ကျွမ်း၏ တုတ်က သူမအပေါ်သို့ ရိုက်ချလိုက်သည်။

F*ck မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ လက်များက ဝက်ခွာကဲ့သို့ ရောင်သွားသည်။

ဖန်ရှောင်ကျွမ်းက သူမ၏ လက်ကို မြင်ပြီး တောင်းပန်စကားပြန်ပြောသည်။ "ငါ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူး။ အဲဒီမိန်းမကို ရွံရှာလွန်းလို့။ နင့်ကို ကြက်ဥနှစ်လုံးကို ငါပေးမယ်"

"နင်ပြောနေတာက လင်းဟွေ့အကြောင်း​ မဟုတ်လား?"

ကြက်ဥနှစ်လုံးအတွက် ရှင်းဟွားက ဖန်ရှောင်ကျွမ်းကို အာဃာတမထားရန် ဆုံးဖြတ်လိုက်သည်။

ရှင်းဟွားသည် နောက်ဆုံးအကြိမ်က ယောက္ခမဖြစ်သူ၏ သင်ကြားခြင်း ခံရပြီးနောက်တွင် ခဏတာ ထိန်းသိမ်းသိမ်းခဲ့သည်။ သို့သော် သူမက ဖန်ရှောင်ကျွမ်းနှင့် ခဏအကြာတွင် လက်တွဲကြပြန်သည်။

အခြားသူများနှင့် မပေါင်းသင်းနိုင်ဘူးဟု အမြဲခံစားရသည်။ သူမဘာပဲပြောပြော သူမကိုနားလည်ပေးနိုင်သည့်သူက ဖန်ရှောင်ကျွမ်းသာ ဖြစ်သည်။

ရှင်းဟွားသည် စာအုပ်တစ်အုပ်ကို တစ်ခါမျှ မလေ့လာဖူးသောကြောင့် လိုက်ဖက်သော အနံ့ဆိုးများက အတူရှိသည်ဟူသော အသုံးအနှုန်းကို မသိပေ။

သူမနှင့် ဖန်ရှောင်ကျွမ်းသည် အနံ့တူသည်ဟု ဆိုနိုင်သည်။

ဖန်ရှောင်ကျွမ်းက အံကို ကြိတ်လိုက်သည်။ သူမ၏ လေသံက ချဉ်နေသည်။ "အဲ့ဒီမိန်းမပဲ၊ ငါမလိုချင်တဲ့ တစ်ပတ်ရစ်ပစ္စည်းတွေ ကောက်ရတာ ဘာဂုဏ်ယူစရာ ရှိလို့လဲ"

တကယ်တမ်းတွင် သူမသည် မနာလိုစိတ်ဖြင့် ရူးသွပ်နေသည်။

လင်းဟွေ့ လက်ထပ်ပြီးသောအခါတွင် သူမ၏ ပုံစံသည် သစ်ပင်သေတစ်ပင်က နွေဦးပုံစံအဖြစ် ပြန်လည်ရှင်သန်လာပြီး တောက်ပလာကြောင်းကို မျက်စိရှိသူတိုင်း မြင်နိုင်သည်။

အရင်တုန်းက လင်းဟွေ့သည် မီးခိုးရောင်အဝတ်အစားများကို အမြဲဝတ်သည်။ သူမ၏ ရောင်ဝါတစ်ခုလုံး မီးခိုးရောင် ဖြသည်။ တစ်နှစ်ပတ်လုံး သူမ၏ မျက်နှာတွင် အပြုံးတစ်ပွင့်က ရှားသည်။ သူမသည် ငယ်ရွယ်သော်လည်း သေလူတစ်ယောက်လိုပင်။

ယခုမူ သူမက လန်းဆန်းနေသေးသည်။ သူမ၏ မျက်လုံးများက တောက်ပနေပြီး မျက်နှာက ပန်းနုရောင်သန်းနေသဖြင့် ဘဝကို ကောင်းကောင်းဖြတ်သန်းနေပုံရသည်။

လင်းဟွေ့၏ နီမြန်းနေသော မျက်နှာသည် မျက်လုံးဆီသို့ ဆူးတစ်ခုလို ဖြစ်နေသည်။ ဖန်ရှောင်ကျွမ်းကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။

ချောင်ကျန်းကျွင်းနှင့်ကွာရှင်းပြီးလျှင် ပိုကောင်းလာမည်ဟု သူမထင်ခဲ့သည်။ ချောင်ကျန်းကျွင်းသည် တစ်သက်တာလုံး အိပ်ရာထဲတွင်သာ အိပ်နေရပြီး ဆီးသွားသည့်အခါတွင် လူများသယ်ဆောင်ရမည့် အကြောသေသော အမှိုက်ပင် ဖြစ်လေသည်။

ချောင်ကျန်းကျွင်းက မတ်တတ်ရပ်ပြီး လမ်းပြန်လျှောက်နိုင်မယ်ဆိုတာ ဘယ်သူသိမလဲ။ ထို့အပြင် သူသည် သူမ၏ အမုန်းဆုံးလူ လင်းဟွေ့ကို လက်ထပ်ခဲ့သည်။

တစ်ဖက်တွင်မူ သူမကိုယ်တိုင်က နောက်အိမ်ထောင်ပြုပြီးကတည်းက ကောင်းသောနေ့မရှိခဲ့ပေ။

ဝမ်ရှင်းရှန်သည် သေသည်အထိ ပျင်းရိသည်။ အိမ်ထောင်ကျပြီးကတည်းက တစ်ပြားတစ်ချပ်မှ အိမ်ပြန်မယူလာခဲ့ပေ။

အစားအသောက်နှင့် သောက်စရာအတွက် မိဘယောက္ခမများ၏ အကူအညီကို မှီခိုအားထားကြသည်။

All Chapters